Pages

Thursday, February 28, 2008

စကားဝိုင်း

မီးလေး ကောင်ဆယ်လင်းလုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ ?
ကောင်ဆယ်လင်းဆိုတာ မြန်မာလိုတော့ တိုက်ရိုက်အတိကျတော့ ဘာသာမပြန်နိုင်သေးဘူး သဲလေးရဲ့... ဒါပေသိ နှစ်သိမ့်ဆွေးနွေးပညာပေးလို့တော့ ခေါင်းစဉ်တပ်ကြတရ်ကွ...

ဒါဆို ပြဿနာတွေကို ဖြေရှင်းပေးတာပေါ့ ?
အဲလိုလည်း မဟုတ်သေးဘူး သဲလေးရဲ့... ခုမီးလေးတို့ တက်တဲ့ VCCT Counselling ဆိုတာ HIV/AIDSနဲ့ ပတ်သက်တဲ့ Voluntary Confident Counselling & Testing ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေရန်၊ ကိုယ်တိုင် ဆုံးဖြတ်ချက်ချလာနိုင်ပြီး မိမိဆန္ဒအလျောက် သွေးစစ်ခြင်းကိုခေါ်တာသဲရဲ့.... ပြဿနာကို ဖြေရှင်း ပေးတရ်ဆိုတာထက် ပြဿနာကို သုံးသပ်နိုင်အောင် နှစ်သိမ့်ဆွေးနွေးပေးတရ်လို့ သုံးရင် ပိုမှန်တရ်ကွ...

ဘာကိုကြည့်ပြီး ကောင်ဆယ်လင်းလို့ သတ်မှတ်တာလဲ ?
အင်း... ပြောမယ်ဆို အပိုင်းလေးပိုင်းရှိတယ်ကွ... ကလိုင်းရင့်လာတရ်ဆို ပြဿနာရှိလို့လာတာလေ ကိုက ကလိုင်းရင့်ခံစားနေရတဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ဖြေရှင်းပေးမှာလား ဒါမှမဟုတ် ပြဿနာကို ဖြေရှင်းပေး မှာလားဆိုတဲ့ အချက်တွေပေါ် မူတည်တရ်... ဥမပါ အဲလေ ဥပမာ ဆိုကြပါစို့ လူတဦးက အကြွေးတွေ ယူထားတရ်၊ ခုချိန်မှာ ပြန်မဆပ်နိုင်ဘူး၊ ကြွေးရှင်ကလည်း ပြန်မဆပ်ရင် တရားစွဲတော့မယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ... စိတ်ဖိစီးမှုတွေများနေတဲ့ လူကို စိတ်သက်သာရာရအောင် ဖြေရှင်းမှာလား... ဒါမှမဟုတ် အကြွေးဘယ်လိုဆပ်ရမလဲဆိုတာ ဖြေရှင်းမှာလား...

အဲမှာ အပိုင်းလေးပိုင်းကွဲသွားတရ်
၁. ပြဿနာကို အဓိကထားမရ် အခြားလူကို ဖြေရှင်းခိုင်းမယ်ဆိုရင် ပြောဆိုကူညီတရ်လို့ ခေါ်တရ် ကောင်ဆယ်လင်း မဟုတ်ဘူး။
ကလိုင်းရင့်က အမျိုးသမီးဆိုပါစို့...
ကောင်ဆယ်လာ - အမတို့ဆွေမျိုးသားချင်းတွေထဲမှာ ပိုက်ဆံအသင့်အတင့်ရှိတဲ့လူရှိလား။
ကလိုင်းရင့် - ဦးလေးတယောက်တော့ရှိတရ်။
ကောင်ဆယ်လာ - ဒါဆို ဦးလေးကို အကျိုးအကြောင်းပြောပြကြည့်ပြီး ငွေချေးကြည့်လိုက်ပါလား။
ကလိုင်းရင့် - ကျွန်မဦးလေးကို ပြောကြည့်လိုက်မရ်လေ။
ကလိုင်းရင့်က ပြန်သွားတရ် ဒါပေမဲ့ ပြဿနာကို ကလိုင်းရင့် ဦးလေးကို ဖြေရှင်းကြည့်ဖို့ပြောလို့ ပြောဆိုကူညီတဲ့ အပိုင်းကို ရောက်သွားတရ်...

၂. ပြဿနာကို အဓိကထားပြီး ကာယကံကိုယ်တိုင် ဖြေရှင်းခိုင်းမယ်ဆိုရင် အကြံဥာဏ်ပေးတဲ့ အပိုင်းကို ရောက်ပါတရ်။
ကောင်ဆယ်လာ - အမမှာ ပိုက်ဆံမရှိရင် ပစ္စည်းလေး ဘာလေး မရှိဘူးလား
ကလိုင်းရင့် - မူးရင်တောင် ရှုစရာမရှိပါဘူး ဆရာမရယ်၊ မင်္ဂလာဆောင်တုန်းက ခန်းဝင်ပစ္စည်းအနေနဲ့ ပေးလိုက်တဲ့ ဟောနားကပ်ပဲရှိတရ်။
ကောင်ဆယ်လာ - ဒါဆို အဲနားကပ်ကို ပေါင်ပြီး အကြွေးဆပ်လိုက်ပေါ့။ နောက်ကိုယ်အဆင်ပြေမှ တဖြည်းဖြည်း ချင်း ပြန်ရွေးပေါ့။
ကလိုင်းရင့် - အင်းလေ ဒီလိုမှ မလုပ်လည်း မရနိုင်တာကိုး။ ဒီတော့ ပေါင်ရတော့မှာပေါ့။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာရှင်းသွားတရ်ပြောနိုင်ပေမဲ့ သူကိုယ်တိုင်ဆုံးဖြတ်တာလား ဆိုတော့ မဟုတ်ဘူး။ ကိုယ်အကြံပေးလို့ သူလုပ်မှာ ဒါကြောင့် အကြံဥာဏ်ပေးတရ်ဆိုတဲ့ အပိုင်းပဲရောက်တယ်၊ ကောင်ဆယ်လင်းကို ပီပီပြင်ပြင် မလုပ်နိုင်ဘူး။

၃. လူကို အဓိကထားပြီး အခြားလူကို ဖြေရှင်းခိုင်းမယ်ဆိုရင် ကြိုးကိုင်ဖြေရှင်းတရ်လို့ ခေါ်တရ်။
ကောင်ဆယ်လာ - အမခု ဘယ်လိုခံစားနေရလဲ
ကလိုင်းရင့် - စားလို့လည်း မ၀င်ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အိပ်ပျော်ပြန်ရင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး ခဏခဏလန့်လန့်နိုးတရ်။ ခုတလော ဒီကိစ္စအတွက်ကိုပဲ စိတ်သောကများနေရတယ် ဆရာမရယ်။ ကောင်ဆယ်လာ - အမမှာ ကြွေးရှင်တွေကို နားပေါက်အောင် ပြောနိုင်တဲ့ လူလေးဘာလေး မရှိဘူးလား။
ကလိုင်းရင့် - ဒေါ်ကြီးတော့ ရှိတရ်
ကောင်ဆယ်လာ - ဒါဆို ဒေါ်ကြီးကတဆင့် ထပ်စောင့်ပေးဖို့ ကြွေးရှင်တွေကို ပြောခိုင်းလိုက်ပါလား။
ကလိုင်းရင့် - ဆရာမပြောသလို ကျွန်မဒေါ်ကြီးကို သွားပြောခိုင်းတော့မယ်။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာတော့ မရှင်းနိုင်ပေမဲ့ စိတ်သက်သာရာတော့ ရသွားတရ်... သူကိုယ်တိုင် မရှင်းတဲ့အတွက် ကြိုးကိုင်ဖြေရှင်းတဲ့ အပိုင်းပဲရောက်တယ်၊ ကောင်ဆယ်လင်းကို ပီပီပြင်ပြင် မလုပ်နိုင်သေးဘူး။

၎. လူကို အဓိကထားပြီး မိမိကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နှစ်သိမ့်ဆွေးနွေးတရ်လို့ ခေါ်တဲ့ ကောင်ဆယ်လင်း အပိုင်းပါ။
ကောင်ဆယ်လာ - အမခု ဘယ်လိုခံစားနေရလဲ
ကလိုင်းရင့် - စားလို့လည်း မ၀င်ဘူး၊ အိပ်လို့လည်း မပျော်ဘူး၊ အိပ်ပျော်ပြန်ရင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး ခဏခဏလန့်လန့်နိုးတရ်။ ခုတလော ဒီကိစ္စအတွက်ကိုပဲ စိတ်သောကများနေရတယ် ဆရာမရယ်။ ကောင်ဆယ်လာ - အမမှာ ကြွေးရှင်တွေကို နားပေါက်အောင် ပြောနိုင်တဲ့ လူလေးဘာလေး မရှိဘူးလား။
ကလိုင်းရင့် - ဒေါ်ကြီးတော့ ရှိတရ်။ သူက ကြွေးရှင်တွေနဲ့ ရင်းနှီးတော့ သူ့ကို သွားပြောခိုင်းရင်တော့ ရနိုင်တရ်။
ကောင်ဆယ်လာ - ပိုက်ဆံကိစ္စကို ဖြေရှင်းဖို့အတွက် အမဘယ်လိုလုပ်မလဲ။
ကလိုင်းရင့် - ပြေလည်သွားရင်တော့ အကောင်းဆုံးပေါ့ဆရာမရယ်။ ကျွန်မရပ်ကွက်ထဲမှာ အ၀တ်လျှော်ရင် တော့ ပိုက်ဆံစုမိမယ်။ ဒါပေမဲ့ ကျွန်မအဲလိုလုပ်ရမှာ ရှက်တယ် ဆရာမရဲ့။
ကောင်ဆယ်လာ - အ၀တ်လျှော်တာ ရှက်စရာမဟုတ်ဘူး အမရဲ့။ သမာအာဇီဝနဲ့လုပ်တဲ့ ဘယ်အလုပ်ကိုမဆို လုပ်ကိုင်စားသောက်တဲ့ သူမှန်သမျှ ရှက်စရာမလိုဘူးလေ အမရဲ့။ တကယ်ရှက်ရမှာက သူများပစ္စည်းခိုးတဲ့သူ၊ မဟုတ်တာမှန်သမျှလုပ်တဲ့သူတွေသာ ရှက်ရမှာ။
ကလိုင်းရင့် - အမပြောတာမှန်ပါတရ်။ ကျွန်မပိုက်ဆံမြန်မြန်ပြန်ဆပ်နိုင်ဖို့ အ၀တ်ပဲလိုက်လျှောက်တော့မယ် အမရယ်။
ကလိုင်းရင့်ပြန်သွားတရ့်အချိန်မှာ ပြဿနာကိုလည်း ဖြေရှင်းနိုင်မရ် စိတ်သက်သာရာလည်း ရသွားတရ်... သူကိုယ်တိုင်လည်း ဖြေရှင်းတရ်။ သူ့ခေါင်းထဲမှာရှိပြီးသား ရုတ်တရက်ဆိုတော့ မစဉ်းစားနိုင်တာ ကိုယ်က သူစဉ်းစားလာနိုင်အောင် မေးခွန်းလေးတွေမေးမယ်၊ သူပြောတာကို စိတ်ဝင်တစားနားထောင်ပေးမယ်၊ အကောင်း အဆိုးလေးတွေ ပြောပြမယ်၊ ကလိုင်းရင့်က သူ့ဘာသာသူ ဆုံးဖြတ်ချက်ချပြီး ပြန်သွားမှသာ ကောင်ဆယ်လင်းဖြစ်တယ်လို့ ပြောလို့ရပါတရ်။

ခုဒီဖြစ်ရပ်ပေါ်မှာရေးထားတာက ကောင်ဆယ်လင်းကို တိုတိုနဲ့ပေါ်လွင်အောင်ရေးခြင်းဖြစ်ပါတရ်။ ဒီအပေါ်မှာ မှားတာတွေ အများကြီးရှိနေနိုင်ပါတရ်။ နောက်များမှ HIV/AIDSရောဂါနဲ့ ကောင်ဆယ်လင်းကို ပို့စ်တင် ပေးပါ့မရ်။

ဆုတောင်း

စာရေးသူ တူမလေး အပြင်ဆေးရုံကနေ ကလေးဆေးရုံကြီးသို့ ပြီးခဲ့တဲ့သောကြာနေ့ ည၁၀နာရီခွဲမှာ ပြောင်းခဲ့ရပါတရ်... ဆေးရုံရောက်ရောက်ချင်း ဆရာမတွေက cannula ထိုးပြီး လက်ကို ပတ်တီးနဲ့ စည်းပေးထားကြပါတရ်... သွေးတွေလည်း စစ်ရပါတရ်... သွေးဖြူဥများနေလို့ သွေးကို ပိုးမွေးပြီး စစ်ထားတာ အဖြေက ၂၉ရက်နေ့မှ ရမရ်... ခုလောလောဆယ် Becef I.V, Amikacin Inj ကို မနက်တချိန်၊ ညတချိန် ပိုးသတ်ဆေးအကောင်းစားတွေ သွင်းတာတောင် ညနေပိုင်းဆို အဖျားက ၁၀၁၊ ၁၀၂လောက် တက်နေပါသေးတရ်... မနေ့ကတော့ အဖျား မတက်ဘူး၊ ၀မ်းသွားနေတာ ၁၀ခါမကတော့ဘူး... အိမ်က လူကြီးတွေလည်း ပင်ပန်းနေကြပီလေ... မီးလေး တူမလေး အမြန်နေကောင်းပြီး ဆေးရုံက အမြန်ဆင်းလာနိုင်ပါစေလို့ ဆုတောင်းရင်း......

Friday, February 22, 2008

မအားပါ

လတ်တလော အခြေအနေအရ လုံးဝမအားပါ... စာရေးသူရဲ့ တူမလေး အဖျားကြီးပြီး တက်သွားပါသဖြင့် ၂၀ရက်နေ့ညတည်းက ဆေးရုံတင်ထားရပါတရ်... ကနေ့အထိ အဖျားက လုံးဝကွန်ထရိုး ကောင်းကောင်း မရသေးပါ... ခုမနက်တင် အဖျားက ၁၀၃.၆ ဖြစ်နေပါတရ်... ဒါကြောင့် စာရေးသူရဲ့အိမ်လေးကို ခေတ္တပြစ်ထားရပါလိမ့်မည်... ဒီအတောတွင်း ပို့စ်အသစ်တင်နိုင်မှာ မဟုတ်ကြောင်း၊ မည့်သည့်ဘလော့ဂ်မှ လည်ပတ်နိုင်မှာ မဟုတ်တဲ့အကြောင်း၊ လာရောက်လည်ပတ်ကြသော ဧည့်သည်များ၊ ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း အလေးထားကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတရ်။

အင်တာနက်ပေါ်ရောက်ရှိချိန်၌ စာရေးသူ၏ စီပုံးတွင်ရှိသော လင့်များအား အလွယ်တကူသွားရောက် လည်ပတ်နိုင်ခဲ့သည်ရှိသော် အခြားညီအစ်ကိုမောင်နှမ၊ ဧည့်သည်များမှ နားလည် ခွင့်လွတ်ပေးကြပါရန် ပန်ကြားအပ်ပါတရ်ရှင်.....

Wednesday, February 20, 2008

ပူစရာမလိုပါ...

ဘောလုံးကန်ရန်အတွက် ချိန်းပွဲတပွဲပြုလုပ်ခဲ့ပါတရ်... ယှဉ်ပြိုင်ကြမဲ့ အသင်းတွေက ကောင်းကင်နဲ့ မြေကြီး အသင်းတွေပဲ ဖြစ်ပါတရ်....

“ငါတို့ ကောင်းကင်အသင်းက အနိုင်ရမှာသေချာတရ်... ဘာလို့လဲဆိုတော့ အားလုံးက လက်ရွေးစင်အားကစားသမားတွေ ချည်းပဲ”

“ကိစ္စမရှိပါဘူး... ဒိုင်တွေအားလုံး ကျုပ်တို့ လူတွေကြီးပဲ”

ဟိုက်

Saturday, February 16, 2008

သူငယ်ချင်းသို့...

Pသူငယ်ချင်း...
လူတွေက တိရစ္ဆာန်တွေလောက် သစ္စာမရှိကြဘူးတဲ့
သတ္တ၀ါတွေတောင် လိုက်မမီအောင် သစ္စာရှိတဲ့သူ
ငါတွေ့ထားတရ်ကွ ...

သူငယ်ချင်း...
သူကလေ ပွစိပွစိမပြောတတ်ဘူး...

သူငယ်ချင်း...
သူကလေ စိတ်မကောက်တတ်ဘူး...

သူငယ်ချင်း...
သူကလေ စိတ်လည်း လုံးဝမဆိုးတတ်ဘူး...

သူငယ်ချင်း...
သူကလေ ရင်ဖွင့်သဗျ အားလုံးကို လက်ခံပေးတတ်တရ်...

သူငယ်ချင်း...
သူကလေ ကဗျာတွေကို ခံစားပေးတရ်...

သူငယ်ချင်း...
သူကလေ ရန်မဖြစ်တတ်သလို စကားလည်း မများတတ်ဘူး...

သူငယ်ချင်း...
သူကလေ ငါငိုရင် လိုက်ငိုတတ်သလို
ငါရီရင်လည်း လိုက်ရီတတ်တရ်ကွ...

သူငယ်ချင်း...
ငါ့အနားမှာ ဘယ်သူမှ မရှိတော့ဘူးဆိုရင်တောင်
သူက ငါ့နားမှာ အမြဲရှိနေတတ်တရ်ကွ...

သူငယ်ချင်း...
ပန်းပိတောက်တွေတောင် သစ္စာဖောက်လာကြပြီ
ဒါပေမဲ့ သူကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး....

သူငယ်ချင်း...
သူ့အတွက် ရဲရဲကြီး အာမခံတရ်
သူဘယ်တော့မှ သစ္စာဖောက်သွားမှာ မဟုတ်ဘူး...

သူငယ်ချင်း...
သူဘယ်သူလဲဆိုတာ မင်းသိချင်သိနေမှာပါ
တော်တော်များများလည်း သိကြပါတရ်...

သူငယ်ချင်း...
သူက ရင်ဘတ်ထဲက အားလုံးအားလုံးကို
ထပ်တူခံစားပေးနေတဲ့ အရမ်းချစ်စရာကောင်းတဲ့
ဘလော့ဂ်လေးတွေပါပဲ....
***********************

Friday, February 15, 2008

Valentine's Day!

HAPPY VALENTINE DAY!!!!!!!!!!!!!!!!!!
မီးလေး ဒီနှစ် valentine's dayလက်ဆောင်ရတာလေးတွေ ပြရဦးမရ်(အမှန်တော့ ကြွားမလို့)... ဘယ်မှတော့ မသွားဖြစ်ပါဘူး... အမေရိကန်ဗွီးရှင်းမှာ မျက်မှန်ပါဝါစမ်းရင်းနဲ့ ဆေးခန်းပြတရ်... ပြီးတော့ Signatureမှာ နေ့လည်စာစားပြီး ပြန်လာတရ် ဒီလောက်ပါပဲ... ကိုမင်းယွန်းတို့ဆီတောင် မသွားဖြစ်ခဲ့ဘူး တူမလေး ဆေးခန်းသွားပြရင်း ရှေ့ကနေပဲ ဖြတ်သွားနိုင်တရ်... သုံးနာရီကျော်နေပြီဆိုတော့ ဆေးခန်းပိတ်သွားမှာ စိုးလို့လေ... မီးလေးလက်ဆောင်ရတာလေးတွေကို ကိုပြည့်စုံရေ ကွေကွင်းနေရတဲ့ချစ်သူတွေအတွက် လက်ဆောင် ပြန်မျှဝေလိုက်တရ်နော်... မုန့်မုန့်တွေလည်း စားရင်းပေါ့ (မုန့်ကျွေးပီး ကြွားတာ)...

ဒါလေးက ပန်းစည်း... ပန်းစည်းနဲ့ ပန်ဒါရုပ်ကလေးရတာ အရုပ်က ဖုန်းကင်မရာနဲ့ ရိုက်ထားလို့ ၀ါးနေလို့ တင်တော့ဘူး...

ဒါလေးကတော့ ဆင်တူဝယ်လိုက်တဲ့ စိန်လက်စွပ်... မီးလေးချစ်သူ စင်္ကာပူသွားတုန်းက ကြိုဝယ်လာတာလေ(:P ကြွားနေပီ)... လှတရ်မှတ်လား...

သူငယ်ချင်းတွေကိုလည်း မုန့်မုန့်ကျွေးမရ်လေ...
ဒါလေးက ဘိန်းမုန့် (ရေကျော်က အရမ်းကောင်း)

ဒါကတော့ ထမင်းနဲ (စားလက်စတော့ ဖြစ်သွားတရ်)

ဒါက ရွှေပုဇွန်က ဆန်းဒ၀ှစ်

မနေ့က ချစ်သူများနေ့ဖြစ်သလို တရုတ်ရိုးရာ မိုးဘုရားရှိခိုးတဲ့နေ့လည်းဖြစ်ပါတရ်... ဒါလေးက ကုန်းတောင်

ဒါကတော့ အန်ကူးနီနီလေးတွေ

အ၀စားသွားကြနော်...
ဒီနေ့တော့ ဘလော့ဂ်ရော chattingရော တက်နိုင်မှာ မဟုတ်ဘူးထင်တရ် မီးလေးစက် format ပြန်ချရမှာမို့ နောက်နေ့မှပဲ အတိုးချပြီး လည်တော့မရ်နော်..............

စွံပြီးသားသူများအတွက်
ချစ်တဲ့သူနဲ့ ဘ၀တလျှောက်လုံး ပျော်ရွှင်စွာ လက်တွဲသွားနိုင်ကြပါစေ...

မစွံသေးသူများအတွက်
မြန်မြန်စွံပြီး နောက်နှစ် ချစ်သူများနေ့ကို အများနည်းတူ ဆင်နွှဲနိုင်ပါစေ...

Tuesday, February 12, 2008

အရူးလုပ်ခံရသူများ

မီးလေးတို့များ နေမကောင်းပါဘူးဆိုပြီး ရေးလိုက်တဲ့ပို့စ်လို့တော့ မထင်လိုက်ပါနဲ့.. အသိပေးစရာလေးရှိလို့ပါ.. ကိစ္စက အရူးလုပ်ခံရတာ :D... အရူးလုပ်သူများကတော့ ကိုခနဲ့ အပေါင်းပါ မီးလေးတို့ရဲ့ အကိုတော်ကြီး စစ္စတာ မင်းယွန်း (ကျီစားလိုက်တာ ဟီ ဟိ)တို့ တသိုက်ပဲဖြစ်ပါတရ်... အရူးလုပ်ခံရသူများကတော့ မီးလေးအပါအ၀င် ကိုမွန်ကြီးမေပျိုမမစိန်မကိုအောင်မျိုးဟန်၊ နှင့်တကွ Chatting ၀င်ရင်း ကြေညာပေးလို့ အရူးလုပ်ခံရသူများကတော့ အလွမ်းအိမ်၊ ခေးရော့စ်စသဖြင့်ပေါ့လေ ဒါက မီးလေး သိသလောက်ပါ တော်တော်များများလည်း သိနေကြမှာပါ... မီးလေးစီပုံးထဲမှာရော အတော်များများစီပုံးထဲမှာရော စစ္စတာကြီး ရေးထားတာက -
မင်းယွန်း: အားလုံးပဲ ကျနော့်တို့ ဘလောက့်ကာ စီးရီးအတွက် ဗယ်လင်တိုင်းဖူး ပို့စ်လေး လာဖတ်စေလိုပါတယ် သယ်ရင်းတို့ရေ.
ဧကန်ထ Tag gameဆော့တာ အားမရလို့ Fool gameပါ ဆော့လိုက်ပုံပဲ... ဂိမ်းခေါင်းစဉ်လေးကိုလည်း နာမည်လှလှလေးပေးထားလေရဲ့ ဗယ်လင်တိုင်းဗူးတဲ့... ကိုကြီးမင်းယွန်း ချိတ်ချိုးနဲ့နော်... အလကားစတာ၊ အတည်နောက်တာပါ... ကိုကြီးမင်းယွန်းရေးထားတဲ့ပို့စ်လေး ကူးထားပါတရ်... ဆက်ဖတ်ကြည့်လိုက်နော် အားလုံးရှင်းသွားပါလိမ့်မရ်...

ကျွန်တော့်ကို စိတ်မဆိုးကြပါနဲ့နော်၊ ကျွန်တော်တို့ဘလောက်ဂါဘ၀ တေးစီးရီးဟာ တကယ်တော့ မဖြန့် ဖြစ်သေးပါဘူး၊ အမှန်လဲကျွန်တော်တို့ သီဆို ဖြန့်ချီသွားမှာပါ ခင်ဗျာ။ ကျန်နေသေးတဲ့ အခက်အချို့ကြောင့် ကြာနေသေးတာပါ။ ကိုဂေါက်ရယ် ၊ကိုမျက်စိရယ်၊ ကျွန်တော် ကိုတိုင်ရယ် ကိုယ်တိုင်ရေး ၊ သီဆိုထားတဲ့ သီချင်းများကို အခုလုပ်နေတဲ့ www.zawzaw.com ကနေ အခမယ့် ဖြန့်ချီသွားမှာပါ။ ဓါတ်ပုံ၊ အမ်တီဗွီနဲ့ ၊ ဒီဇိုင်းတွေကို မောင်ခနဲ့ နန္ဒ တို့နဲ့အတူ ကိုစိုးဇေယျတို့က ရိုက်ကူး တင်ဆက်ကာ အခမယ့် ဖြန့်ချီသွားဖို့ စီစဉ်ထားပါတယ်။
ကျွန်တော်နဲ့ မောင်ခက စိတ်စော ပြီး ကျွန်တော်တို့ ဖြစ်ချင်တာလေး တွေကို ဘလောက်မှာ ပြသရင်း၊ ဧပြီဖူး အစား ဗယ်လင်တိုင်းဖူး လုပ်မိတာပါ။ ကျွန်တော်တို့ ကိုတကယ့်စိတ်ရင်းနဲ့ အားပေးကြတဲ့ မိတ်ဆွေတွေကို အရူးလုပ်မိတယ် ဆိုအားနာပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ကို အခုတောင် အားပေးနေတဲ့ ပရိတ်သတ် ရှိနေတာ တွေ့ရတော့ အရမ်းလဲ ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းမှုဟာ မကြာခင် ပြည့် စုံတော့မှာပါ။ အဲဒီလို ပြီးတာနဲ့ ချစ်မိတ်ဆွေများကို ဘလောက်အရောက် ၊ မေးအရောက် လိုက်လံဝေငှရင်း ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲက ခံစားချက်တွေနဲ့ သီချင်းများ ကို လက်ထဲအရောက် ထည့်ပေးပါ့မယ်နော်။ အခုတော့ လာမယ့် ၁၄ ရက်နေ့မှာ ဘလောက်ဖော် ဘလောက်ဖတ် မိတ်ဆွေများ ကန်ဘောင်မှာ ဆုံတွေ့ရင်း ပျော်စရာ သီချင်းလေးတွေ တူတူ ဟစ်ကြအောင်လို့ ဖိတ်ခေါ် ပါတယ်နော်။
ကျွန်တော့ကို ချိတ်ချိုး ကြပါနဲ့ နော် - - - ဟတ် ဟတ်

ကန်ဘောင်မှာ ဆုံတွေ့ရင်း သီချင်းဆိုမှာတော့ အရူးလုပ်တာ ဟုတ်လောက်ဖူးထင်ပါရဲ့... ဆုမွန်ကောင်းလည်း တောင်းပေးပါတရ်... အကိုတို့မှန်းထားသလို အဆင်ပြေပြေနဲ့ ဈေးကွက်ဖြန့်နိုင်တဲ့အဆင့် ဖြစ်ပါစေဗျား... ဆန္ဒနဲ့ ဘ၀တထပ်တည်း ဖြစ်ပါစေသတည်း... ကြိုးပမ်းမှုကြီး အောင်မြင်ပါစေသားးးးးးးးးးးး

ကူညီကြပါဗျို့...

မီးလေး ခုရက်ပိုင်း ချွေးထွက်လွန်ပြီး နှာစေး၊ လည်ချောင်းနာပြီး ဖျားနေတာ ခုဆို နှစ်ရက်ရှိသွားပါပြီ။ မနေ့က အဲလောက်မဟုတ်ပေမဲ့ ဒီနေ့တော့ တော်တော်ဆိုးဆိုးဝါးဝါးပဲ ခေါင်းတွေပါ လေးပြီး မူးနေတာ ဘလော့ဂ်တောင် လျှောက်မလည်ဖြစ်ဘူး။ တော်တော်ဆိုးတာလဲ မပြောနဲ့လေ မနေ့ညက ချွေးတွေ တအားထွက်လာတာ မခံနိုင်လို့ ည၁၁နာရီလောက် ရေချိုးလိုက်တာကိုး။ ဒါပေမဲ့ ရေမချိုးခင်ကလောက် နှာမမွန်တော့ဘူးဗျ။ ခုခေါင်းမူးလည်း သက်သာသွားရော သူငယ်ချင်းတွေ ဘလော့ကို လျှောက်သွားတော့တာပါပဲ။ လျှောက်သွားရင်းနဲ့ မမလုလုဆီရောက်တော့ စီပုံးထဲမှာ အိုကီဆုရေးထားတဲ့ စာအချို့တွေ့လိုက်တာ လန့်ဖြန့်သွားတာပဲ။

အိုကီဆုလေး ရေးထားတာက
OkIsU: မရေ နှုတ်ဆက်ခဲ့ပါတယ်။ ကျနော့ဘလောခ့် ဆက်ရေးဖစ်မှာ မဟုတ်တော့ဘူး။ မဆီကိုလည်း နောက်ရောက်ချင်မှ ရောက်ဖစ်တော့မှာ .... ကျနော့ကိုစာရင်းကထုတ်လိုက် ပါတော့။ .... ပျော်ရွှင်ပါစေမ... ဆာယိုနာယာ

ဒါနဲ့ တခြားစီပုံးတွေမှာလည်း အဲလို လိုက်နှုတ်ဆက်ထားတာတွေ့တယ်။ ဒါနဲ့ပဲ မီးလေး ဆုလေးအိမ် ကမန်းကတန်းသွားရတာပေါ့။ မခွဲချင်ဘူးလေ ဘလော့ဂ်ဂါတိုင်း အားလုံးအားလုံးကို ပို့စ်တွေရေးနေတာပဲ မြင်စေချင်တယ်လေ။ တွေ့ပါပြီ ဆုလေး နှုတ်ဆက်ရတဲ့အကြောင်းရင်းကို

OkIsU
: ကျနော်မလုပ်တတ်တော့ဘူးဗျ။ ဘယ်လိုလုပ်ရမလဲမသိဘူး။ မနေ့ကစိတ်ညစ်ညစ်နဲ့ ထိုင်ပြီးငိုနေမိတယ် :cry:
OkIsU: ကျနော့်ဂျီတော့လည်း ၀င်လို့မရတော့ဘူး။ parssword ကလည်း ဘာမှန်းမသိဘူး။ password ပြောင်းတဲ့အချိန် မှားပြီးစာလုံးပေါင်းမိတာ ။ ပြန်ဝင်ကြည့်တော့ ၀င်လို့မရတော့ဘူး။ မေးကလည်း ကျနော့အဖေမေးပြောင်းထားတော့ မေးကနေ
OkIsU: parssword တောင်းလို့မရဘူး။ စိတ်ညစ်ပါတယ်ဗျာ..။ အကူတောင်းမလို့ ဆိုတော့လည်း သူငယ်ချင်းတွေကဂျီတော့ထဲမှာ တစ်ယောက်မှမေးလိပ်စာမမှတ်မိတော့ဘူး ဘယ်လိုလုပ်ရမလဲဗျာ နည်းနည်းလောက် အကြံပေးကြပါဦး kitty hot
OkIsU: ကျနော်ကြိုးစားကြည့်ပါမယ် လောလောဆယ်ကျနော့ကို ဆက်သွယ်ချင်ရင်တော့ okisu.dj@gmail.com ကနေဆက်သွယ်နိုင်ပါတယ်... :biggrin:

အိုကီဆုလေး ပိုစ်တွေပြန်ရေးနိုင်အောင် ၀ိုင်းပြီး ကူပေးကြပါဦးလို့ပြောကြားရင်း ဆုလေး အဆင်ပြေပြီး ပို့စ်တွေ ပြန်ရေးနိုင်ပါစေ။ သူကလေးရဲ့ ဆီပုံးထဲမှာလဲ တော်တော်များများ အကြံပေးထားကြလေရဲ့။ သိတဲ့သူများ ရှိလျှင် မီးလေးတို့ရဲ့ ဘလော့ဂ်ဂါဆုလေးကို ကူညီပေးကြပါနော်... နော်...............

Monday, February 11, 2008

ဟာဒယရွှင်ဆေး

လူရွှင်တော် ၁ - မင်းကို ငါဥာဏ်စမ်းတခုမေးမယ်
လူရွှင်တော် ၂ - မေးပါ...မေးပါ
လူရွှင်တော် ၁ - ဟိုလေကွာ စူပါကော်ဖီမစ် ကြေညာတာလိုမင်းကိုမေးမယ်။ မနေ့က ဗုဒ္ဓဟူးရဲ့ မနက်ဖြန်၊ မနက်ဖြန်က တနင်္ဂနွေနေ့ရဲ့ မနေ့က ဆိုရင် ဒီနေ့ဘာနေ့လဲ ?????
လူရွှင်တော် ၂ - မနေ့က ဗုဒ္ဓဟူးရဲ့ မနက်ဖြန်၊ မနက်ဖြန်က တနင်္ဂနွေနေ့ရဲ့ မနေ့.. သိပြီ...သိပြီ ဒါလေးများ လွယ်လွယ်လေး ကလေးတောင်သိတယ် သော...ကြာ....နေ့...
လူရွှင်တော် ၁ - ဟယ်...တော်လိုက်တာတော့။ နောက်တခုထပ်မေးမယ်
လူရွှင်တော် ၂ - မင်းလူလည်မကျနဲ့ ငါမေးကလှဲ့ကွ
လူရွင်တော် ၁ - မေးပေါ့ ငါတို့က မျိုးနဲ့ရိုးနဲ့ ပညာတတ် လာမစမ်းနဲ့
လူရွှင်တော် ၂ - စမ်းတော့ ဘာဖြစ်လဲ
လူရွှင်တော် ၁ - စမ်းစမ်းပါကွ ဘယ်နားစမ်းစမ်း......................... နံရိုးကြီးပဲ
အင်န်
လူရွှင်တော် ၂ - မေးပီကွာ။ မနေ့က အင်္ဂါနေ့ရဲ့ မနက်ဖြန်၊ မနက်ဖြန်က စနေနေ့ရဲ့ မနေ့ကဆိုရင် ဒီနေ့ ဘာနေ့တုန်း????
လူရွှင်တော် ၁ - အင်္ဂါနေ့ရဲ့ မနက်ဖြန်က ဗုဒ္ဓဟူး၊ စနေနေ့ရဲ့ မနေ့က သောကြာ... သြော်.. သိပြီ... သိပြီ ကြာသပတေးနေ့
လူရွှင်တော် ၂ - ကဲဟာ (ဖတ်)၊ မှားတယ်... မှားတယ်
လူရွှင်တော် ၁ - ဘာဖြစ်လိုကတုန်းမှန်တယ်လေကွာ
လူရွှင်တော် ၂ - ငတုံး၊ ငအ၊ ငထူ မသေမချင်းမှတ်ထား မနေ့က အင်္ဂါနေ့ရဲ့ မနက်ဖြန်၊ မနက်ဖြန်က စနေနေ့ရဲ့ မနေ့ကဆိုရင် ဒီနေ့က ချစ်သူများနေ့ကွ

မီးလေးခရီးသွားမှတ်တမ်း-၂

ကားလမ်းအတိုင်း လူခုနှစ်ဦး ပြည့်သိပ်ပြီးလိုက်လာတဲ့ကားလေးဟာ လူးလှိမ့်လို့ နေပါတော့တယ်။ ကားနောက်ဖုံး တွင်းပါလာတဲ့ ပစ္စည်းတွေဟာ ဆိုရင်ဖြင့် စည်းချက်တီးနေသလား ထင်မှတ်မှားလောက်အောင် ခလုန်း၊ ခလွတ်ဖြစ် နေပါတော့တယ်။ လမ်းဆိုးဆုံးကာနီးမှာ လမ်းကောင်းကို အဝေးက လှမ်းမြင်ရပါတယ်။ လမ်းကောင်း ရောက်တော့မှာဆိုတော့ ၀မ်းသာအားရနဲ့ပေါ့ ။ အနားလည်းရောက်ရော လမ်းကောင်းရဲ့ အဆုံးကို လှမ်းမြင် နေရတယ်။ ဒီလိုနဲ့ပဲ အကောင်းတဖြတ် အဆိုးတဖြတ်ဖြစ်တဲ့လမ်းကို မောင်းလာလိုက်တာ ကျိုက္ကလွန်ဗွန်း ဘုရားနားကို ရောက်ပါရော။ တလမ်းလုံးလည်း ကားမှန်ကို တင်လိုက်၊ ချလိုက်လုပ်ရတာ စာရေးသူရဲ့ လက်မနဲ့ လက်ညှိုးကြားက အသားတွေဆို အထိမခံနိုင်အောင် ရဲတွတ်နေပြီလေ။ မှန်မတင်လို့လည်း မရဘူးလေ။ ကိုယ်ပိုင်ကားလေးတွေ ဖြတ်သွားရင် ကိစ္စမရှိပေမဲ့ ဘုရားဖူး ကားကြီးတွေ ဟိုင်းလတ်ကားတွေ မောင်းသွားရင်တော့ ဖုန်တွေအလိပ်လာတတ်လာပြီး ကားလမ်းတောင် မမြင်ရတော့ဘူး။

စာရေးသူစိတ်ထဲတောင် ကားလမ်းနဲ့ လှည်းလမ်း မှားလာလားတောင် ထင်မိပါတရ်။ လမ်းကောင်းစဉ်က ကျော်တက်လာသမျှကားတွေတောင် စာရေးသူတို့ကားကို ကျော်တက်လို့ သွားကြပါပြီ။ သဲလမ်းပေါ်က ဂျိုင့်ခွက်ကြီးတွေက အပြည့်ပါပဲ။ ဂျိုင့်ခွက်ကြီးတွေမှ ကားပြေပြေဆင်းလို့ရမယ့်နေရာကို ရွေးပြီးမောင်းသွား ရပါတရ်။ နို့်မဟုတ်ရင် ကားဗိုက်နဲ့ ဂျိုင့်ထဲက အချွန်အတက်တွေနဲ့ သွားသွားဆောင့်နေလို့ပါပဲ။ ဂျိုင့်ခွက်ပေါင်းများစွာကို ၄၅မိနစ် တနာရီနီးပါး မောင်းသွားပြီး လောက်မှာတော့ ဂ၀ံလမ်းတလှည့် ကတ္တရာလမ်း တလှည့် လိမ့်လိမ့်သွားရပါတရ်။ ရန်ကုန်ကနေ ဗိုလ်မြတ်ထွန်းတံတားအထိ ၃၆မိုင်ကို ၄၅မိနစ်လောက် မောင်းသွားပေမယ့် ဗိုလ်မြတ်ထွန်းတံတားကနေ ဇလွန်မြို့ထိ ၃၃မိုင်ကို ၂နာရီခွဲ၊ ၃နာရီနီးပါးလောက် မောင်းခဲ့ရပါတယ်။

ဇလွန်မြို့ထဲမှ ပြည်တော်ပြန်ဘုရားထိ ၁မိုင်မောင်းရပါတယ်။ ကား၊ ဆိုက်ကား၊ ဒေါ်လှကြည်(ထော်လာဂျီ)တွေ ရှုပ်ယှက်ခတ်နေပေမဲ့ ကားလမ်းက နှစ်လမ်းသွားပဲဖြစ်လို့ ရောက်ယှက်ခတ်နေပါတော့တယ်။ ဒီကြားထဲ လမ်းတခြမ်းက ပြင်နေတော့ ပိုဆိုးပေါ့။ ကားလမ်းတလျှောက်လုံး ဇလွန်မြို့တွင်း လမ်းပြင်တာ အပါအ၀င် သုံးလေးခုပဲ တွေ့ခဲ့ရပါတရ်။ စာရေးသူတို့ ရန်ကုန်မှာ စီမံကိန်းနဲ့ ပျက်နေတဲ့လမ်းတွေကို နေ့ချင်းပြီး ကတ္တရာလမ်းခင်းတာ တွေ့ရပါတရ်။ ဒီစီမံကိန်းလေးသာ ဇလွန်သွားတဲ့လမ်းကို ခင်းပေးမယ်ဆိုရင် ဘယ်လောက်များ ကောင်းမလဲလို့ တွေးမိပါသေးတယ်။ ပြင်တဲ့နေရာတွေ ပြင်ထားပေမဲ့လည်း ကိုယ်ထူ ကိုယ်ထ လုပ်ကြတယ်ထင်တာပဲ စာရေးသူတွေးမိတာပါ(ပြင်တဲ့နေရာက နည်းတာမို့)။ တချို့နေရာမှာဆို ကားလမ်းကို မြေကြီးပဲ ခင်းတာတွေ့ရတရ်။ ဘုရားရင်ပြင်တော် ရောက်ရောက်ချင်း လမ်းမြန်မြန် ကောင်းပါစေလို့ အပြေးလေး ဆုတောင်းမိပါရဲ့။

ဇလွန်ပြည်တော်ပြန်ဘုရားကို တော်တော်များများ သွားဖူးကြပါတရ်။ အမြဲလည်း စည်ကားနေပါတရ်။ ခုလို လမ်းကြမ်းပုံမျိုးနဲ့ဆို အသက်ကြီးတဲ့သူတွေ ဘုရားဖူးချင်တယ်ဆိုတောင် ဖူးဖို့ မလွယ်ပါဘူး။ ပိုက်ဆံချမ်းသာပြီး ဇိမ်ခံကားစီးနိုင်တဲ့သူလောက်သာ အေးအေးဆေးဆေးသွားနိုင်မှာဖြစ်ပြီး၊ ကားမရှိတဲ့သူဆို ကားဆောင့်တာနဲ့ တင်ခရီးပန်းပြီး ရောဂါရနိုင်ပါတရ်။ ဘုရားဖူးယာဉ်နဲ့သွားဖို့ဆိုတာကလည်း မလွယ်လှပါဘူး။ အခေါက်ရေ ပြည့်ဖို့အတွက် မောင်းလိုက်ကြတာ လေယာဉ်တောင် အရှုံးပေးရမယ်။ ခရီးလမ်း ဘယ်လောက်ကြမ်းကြမ်း၊ ဘယ်လောက်ပင် ဝေးစေကာမူ မြတ်စွာဘုရားရဲ့ ဆင်းတုတော်ကို ဖူးတွေ့လိုက်ရရင်ဖြင့် ရင်ထဲကို အေးပြီး ငြိမ်းချမ်းသွားခဲ့ရပါတရ်။ ဒါကြောင့် ဘုရားရိပ်၊ တရားရိပ် အေးချမ်းတရ်လို့ ပြောကြတာ။

ဘုရားကြီးကို တပတ်ပတ်ပြီး ဘုရားအနောက်ဖက်က ဈေးတန်းလေးမှာ ၀ယ်ချင်တာလေးတွေနဲ့ လက်ဆောင်လေးတွေ ၀ယ်ဖို့ဆင်းလာခဲ့ကြပါတရ်။ စာဖတ်သူတို့အတွက်လည်း လက်ဆောင်တွေ ပါတရ်နော်။ နောက်နေ့မှပုံတွေတင်ပေးတော့မယ်။ ဘုရားဝန်းထဲမှာလည်း ဘုရားဖူးလာကြတဲ့ ဧည့်ပရိတ်သတ်တွေဟာ ဆိုရင်ပဲ ဟိုနားတစု ဒီနားတစု ထမင်းစားတဲ့သူကစား၊ စကားပြောနေတဲ့သူကပြောကြနဲ့ ဘုရားလာဖူးတာထက် ပျော်ပွဲစားထွက်နေကြသလား ထင်မှတ်မှားရအောင်ကို စည်ကားနေပါတော့တရ်။

စာရေးသူတို့လည်း ထမင်းစားပြီးတော့ ဘုရားကို နောက်တခေါက်ထပ်ဖူးပြီး ညနေ ၃နာရီလောက်မှာ ပြန်လာခဲ့ ကြပါတရ်။ လမ်းဆိုးကို ၄၅မိနစ်ကြာအောင်မောင်းပြီး လမ်းကောင်းကို မိနစ် ၂၀လောက်မောင်းလိုက်ပြီးရင်ဖြင့် ကျိုက္ကလွန်ဗွန်းဘုရား သွားတဲ့လမ်းကို ရောက်ပါတရ်။ လမ်းမှာတွေ့ရတာတွေကတော့ သံဝေဂရစရာတွေပါပဲ။ ကျောင်းဆင်းချိန်နဲ့တိုးလို့ လမ်းလျှောက်တဲ့သူကလျှောက် စက်ဘီးစီးပြီး ပြန်တဲ့သူကပြန်နဲ့ ရှုခင်းလေးကို ပို၍ လှပနေစေပါတရ်။ စာရေးသူတို့မှာ ကားဖြတ်သွားရင် ဖုန်တွေဝင်မှာစိုးလို့ ကားမှန်ပိတ်ကျပေမယ့်၊ သူတို့လေးတွေကတော့ ဖုန်တွေကို အံတုပြီး သွားလာနေကြပါတရ်။ စာရေးသူတို့မြို့မှာ မီးအချိန်နဲ့ပေးတာကို ရည်းစားမျှော်သလို မျှော်နေကြရပေမဲ့။ သူတို့လေးတွေ နေထိုင်တဲ့နေရာကျတော့ မီးမရှိကြပါဘူး။ အနည်းငယ်သာ ဘတ္ထရီနဲ့ ထွန်းကြတာ တွေ့ရပါတယ်။ ကျိုက္ကလွန်ဗွန်းဘုရားရောက်ခါနီး အအေးဆိုင်တခုမှာ အအေးရမလားမေးတော့ ကျွန်တော်တို့ဆီမှာ မီးရှိပေမဲ့ မီးကအမြဲမလာတော့ အအေးဆိုတာ မရနိုင်ပါဘူး မမလေးရယ်တဲ့။

ကျိုက္ကလွန်ဗွန်းဘုရားမှာ ရွှေသင်္ကန်းကပ်ကြပါတရ်။ ထိုဘုရားမှာရှိတဲ့ ကျောက်စိမ်းဘုရား၊ စိန်ဘုရား၊ မြဘုရားတို့ဟာလည်း အလွန်တရာမှ ကြည်ညိုဖွယ်ကောင်းလှ ပါတရ်။ ကျိုက္ကလွန်ဗွန်းဘုရားဟာ စပါးကြီး၊ စပါးအုန်းမြွေ ၂၈ကောင် လာရောက်ဖူးမြော်ကြောင်း
ဂျာနယ်ထဲမှာ ထူးခြားဖြစ်စဉ်အနေနဲ့ ပါခဲ့ဖူးပါတရ်။ ထိုမြွေများကိုလည်း တွေ့ခဲ့ရပါတရ်။ မြွေတွေများတဲ့အတွက် သံဇကာနဲ့ အိမ်ဆောက်လုပ်ပေးထားပါတရ်။ မြွှေတွေအထွေးလိုက် နေနေကြတာကလည်း စာရေးသူတို့ အသည်း ယားစရာပင်။ မြွေတကောင် အရေခွံလဲနေတာတောင် တွေ့ခဲ့ရပါတရ်။ ဘုရားက ထွက်လိုက်တယ်ဆိုလျှင်ပဲ အုန်းစိမ်းရည် ရောင်းတဲ့ဆိုင်တွေကို တွေ့ခဲ့ရပြီး အုန်းစိမ်းရည်တွေလည်း သောက်ခဲ့ကြပါတရ်။

ထူးထူးခြားခြား ဆိုင်းဘုတ်လေးကတော့ ငွေသောင်ယံသို့ လှေဖြင့်ပို့သည်တဲ့။ နောက်ကျနေလို့ ငွေသောင်ယံလဲ မသွားခဲ့ရပါဘူး။ “ငွေသောင်ယံ သဲပွင့်လေးထဲမှာ အချစ်ရေ ပြေးကစားမယ်...”ဆိုတဲ့ သီချင်းတောင် နားထဲကြားယောင်မိပါရဲ့။ ထိုဘုရားကထွက်လာတော့ ညနေ ငါးနာရီထိုးနေပါပြီ။ စာရေးသူတိုက အိမ်ပြန်ရောက်တော့ ည၁၀နာရီခွဲနေပါပြီ။ အိမ်ရောက်ရောက်ချင်း မီးကပျက်နေပြန်တော့ အင်ဗက်တာနဲ့ တီဗွီဖွင့်ဖို့ ကမန်းကတန်းပြင်ဆင်ရပြန်ရော။ ဒီနေ့က အကယ်ဒမီပေးတဲ့နေလေ ဘယ်သူတွေ ရသွားကြတရ်ဆိုတာ နောက်နေ့ဆို သူများတွေ ပြောနေကြတာ ကြားနေ၊ သိနေပေမဲ့ ကိုယ်တိုင်ကိုယ်ကျ သိချင်၊ ကြားချင်တာကြောင့်ပါ။ ဖွင့်လိုက်တော့ ဆုရတဲ့သူတွေကို ဆုပေးဖို့ စင်မြင့်ကို ဖိတ်နေပီလေ။ ဒီတော့ ဒီနှစ်အကယ်ဒမီ ဘယ်သူတွေရကြတရ်ဆိုတာတော့ သိသွားတာပေါ့။ ဟီ ဟိ :P

သရုပ်ဆောင်တွေထဲက အကယ်ဒမီများရှင် ရန်အောင်နဲ့ အကယ်ဒမီ နန္ဒာလှိုင်၊ အကယ်ဒမီ မေသဉ္ဇာဦးတို့ပဲ ဖြစ်ကြပါတယ်။ သူတို့ပဲရှိတယ် ထင်ပါရဲ့။ ဇာတ်ပို့သရုပ်ဆောင် ဖိုးကျော်ပဲ အသစ်ပါတရ်ရှင့်။ ဒါရိုက်တာကတော့ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ကြီး ရသွားလေရဲ့။ ဒီမှာမရှိတဲ့ ဘော်ဘော်တွေ အတွက်နော်...

Friday, February 8, 2008

မီးလေးခရီးသွားမှတ်တမ်း-၁

တရုတ်နှစ်သစ်ကူးနေ့ ညနေမှာ အလုပ်ကပြန်ရောက်ရောက်ချင်း ဖုန်းတလုံးဝင်လာပါတရ်။ စာရေးသူရဲ့ ယောက်မ (မီးဖိုချောင်သုံး မဟုတ်ပါ၊ အကို၏မိန်းမ)က တရုတ်ဆိုတော့ နှစ်ဆန်းတရက်နေ့ကို ဇလွန် ပြည်တော်ပြန်ဘုရားသွားမလို့ လိုက်မလားတဲ့။ စာရေးသူလည်း မရောက်ဖူးတဲ့နေရာဆို သိပ်သွားချင်တာ ဒါနဲ့အလုပ်ကို ခွင့်ယူကြည့်မယ် ရရင် လိုက်မယ်လို့ ပြောလိုက်ပြီး အလုပ်ကို ခွင့်လှမ်းတိုင်တော့ စာရေးသူတို့ ကံကောင်းချက် အလုပ်ရှင်ကလည်း တရုတ်ဖြစ်လေတော့ ခွင့်ပေးလိုက်ပါတရ်။ ဒါနဲ့ အားရ၀မ်းသာ ဖုန်းပြန်ဆက် လိုက်မယ်ဆိုရင် မနက်၃နာရီ သွားမှာမို့ သူတို့ လာခေါ်မယ်ပြောပါတရ်။ လိုအပ်မယ့် ပစ္စည်းပစ္စယတွေထည့်ပီး လာခေါ်တာကို စောင့်နေလိုက်တရ်။

စာရေးသူရဲ့အကိုအိမ်ရောက်တော့ ည၉နာရီခွဲနေပြီ။ မနက်သွားဖို့လာဖို့အတွက် မုန့်တို့၊ ဟင်းတို့ပြင်ဆင် (ရှိခိုးထားသည့် ဟင်းများ :P)၊ အသီးအနှံတွေလှီးနဲ့ ည၁၁နာရီထိုးပါရောလား။ အားလုံးအဆင်သင့်ပြင်ထားပြီး အိပ်ယာတွေ ခင်းပြီး တန်းစီအိပ်ကြပါတရ်။ စာရေးသူရဲ့ အမေနဲ့ အဒေါ်က ထိုအိမ်မှာပင် နှစ်မကူးခင် တရက်က သွားနေတာမို့ သုံးယောက်က ခြင်ထောင်တခု၊ စာရေးသူရဲ့ ယောက်မဘက်က အကိုလင်မယားနှယောက်က ခြင်ထောင်တခု၊ မီးလေးတို့ အကိုလင်မယားနဲ့ တူမလေးကတော့ အိပ်ခန်းထဲမှာပေါ့ ၀င်အိပ်ကြပါတရ်။

စာရေးသူရဲ့နားထဲမှာ အိပ်မက်လိုလို တကယ်လိုလို အသံတခုကြားလိုက်ရပါတရ်။ ငါးနာရီတောင် ထိုးနေပြီဟ။ ထကြ ထကြဆိုပြီး စာရေးသူအဒေါ်ရဲ့အသံပါ။ အဲတော့မှ အကုန် ၀ရုန်းသုန်းကားနဲ့ အသီးသီးထလာကြတရ်။ မီးငယ်(စာရေးသူရဲ့တူမလေး)ကလွဲရင်ပေါ့။ နောက်များမှ မီးငယ်လေးအကြောင်း ပြောပြရဦးမယ်။ ခုမီးငယ်က တနှစ်နဲ့သုံးလအရွယ်ပါ။ မသိတဲ့သူများက မီးငယ်လေးကို သုံးနှစ်လို့ ထင်ကြပါတရ်။ အဲ...ပြန်ဆက်ရအောင် အိမ်သာနဲ့ ရေချိုးခန်းမှာ လူခုနှစ်ယောက်ဆိုတော့ တန်းစီနေတော့တာပေါ့။ အားလုံးပြင်ဆင်ပြီး အိမ်ကထွက်တော့ ၆နာရီခွဲနေပြီ။

စထွက်လာပြီး ဘုရင့်နောင်တံတားကိုကျော်၊ Toll Gateကို ဖြတ်ပြီး ကားလေးက ကတ္တရာလမ်းအတိုင်း (၂လမ်းသွား) ပြေးနေစဉ်မှာပဲ လှပတဲ့ မြင်ကွင်းတခုကို တွေ့လိုက်ရတရ်။ ကားလမ်းတဖက်အခြမ်းက မြူတွေနဲ့ပိတ်ပြီး တခြမ်းက လင်းနေတရ်။ မြူတွေက တချို့နေရာတွေမှာ မီးဖွင့်မောင်းရအောင် ပိတ်နေသလို တချို့နေရာမှာကျပြန်တော့လည်း လင်းထိန်နေပြန်ရော ခုလိုမနက်ခင်းမျိုးကို ပထမဦးဆုံးမြင်ရခြင်းမို့ အရမ်းကို ကြည်နူးပျော်ရွှင်မိပါတရ်။ များသောအားဖြင့် မြူတွေပိတ်ပြီဆိုလည်း နေရာတိုင်းမှာ ပိတ်နေတာပဲ မြင်နေရတာမို့ တကယ့်ကို ပျော်စရာလေးပါပဲ။ ဒါပေမဲ့တော့ အန္တာရာယ်တော့ အများသား။ လမ်းက မြွေလိမ် မြွေကောက်လမ်း၊ ဘယ်ကိုကွေ့လိုက် ၂မိနစ်လောက်မောင်းပြီးရင် ညာကိုကွေ့လိုက်နဲ့၊ ပြီးဘယ်ကွေ့နဲ့ တလှည့်စီကွေ့ရတဲ့အတွက် ကားအက်ဆင့်ဒက်ဖြစ်မှာတောင် စိုးရပါတရ်။ ဒါကြောင့် ကြည်နူးပျော်ရွှင်တဲ့ထဲမှာ ကြောက်စိတ်လေးလည်း ပါတာပေါ့။ ဘုရားစာကို ပါးစပ်ကမချဘဲ ရွတ်ပြီးလိုက်လာတာ စာရေးသူပေါ့။ လေနုအေးများကလည်း စာရေးသူကို လှောင်သယောင် ကြည်စယ်လို့နေပါရဲ့။

တံတားတခုကို ဖြတ်ပြီးတဲ့အချိန်မှာတော့ စားသောက်ဆိုင်မှာ မနက်စာ ၀င်စားကြပါတရ်။ အဲဒီ့ဆိုင်မှာလည်း ဘုရားဖူးသွားမည့် ကားတွေတန်းစီနေတာပဲ။ ကိုယ်ပိုင်ကားရော၊ ဘုရားဖူးကားတွေရော လူတွေစီနေတာပါပဲ။ အများစုကတော့ တရုတ်တွေပေါ့ သူတို့ရက်ကိုး။ စားသောက်ပြီးတော့ စထွက်တယ်ဆိုရင်ပဲ ဇာတ်လမ်းက စပါပြီ ဆိုးလိုက်တဲ့လမ်း ကတ္တရာလမ်းခင်းတဲ့အခါမှာ ဂ၀ံကျောက်ကိုခင်းပြီး သဲနဲ့ကျောက်စလစ်ခဲ့ရောပြီး အပေါ်ကို ခင်းပါတယ်။ ပြီးမှ ကတ္တရာစေးကို လောင်းတာကို စာရေးသူတို့လမ်းမှာ လမ်းခင်းတုန်းက တွေ့ဖူးပါတယ်။ ဒါပေမဲ့လမ်းက ကတ္တရာစေး မလောင်းထားတဲ့ အကြမ်းထည်လမ်းပုံစံ ဂ၀ံကျောက်တွေက ဆူးချွန်လေးတွေ ထောင်နေသလိုလို ဆူးချွန်လေးတွေ ထောင်နေတဲ့အပေါ် ဘောလုံးလွတ်လိုက်ရင် ခုန်ဆွ ခုန်ဆွနဲ့ သွားနေသလို ကားကလည်း ဘောလုံးလို ဖြစ်နေပါတော့တရ်။ ၀မ်းသာစရာစကား တခုကြားလိုက် ပါရဲ့။ ရှေ့ကျရင် လမ်းက ဒီ့ထက်ပိုးဆိုးမယ်တဲ့။ ဘယ်လောက်ဝမ်းသာစရာ ကောင်းလိုက်ပါလိမ့်။

ဆက်ရန်
**********************************************************

Blogger Life

funny news01

မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက်တွေကို သီချင်းအေးအေးတွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြအုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခုတော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စနဲ့ သွားပြီးတိုက်ဆိုင်ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။

(img alt="funny" src="http://artofkha.files.wordpress.com/2008/02/funny-news01 .jpg"/)

လက်သဲကွင်းများ နေရာတွင် '<' နှင့် '>' တို့အစားထိုးရန်

(ဤပို့စ်လေးအား စာဖတ်သူများလည်း ဘလော့ဂါများ၏သံစဉ်များအား အားပေးနိုင်ရန် အကိုတော်ကြီး မစ္စတာမင်းယွန်းထံမှ ထပ်ဆင့် ကြော်ငြာပေးခြင်း ဖြစ်ပါသည်။)

Wednesday, February 6, 2008

မွေးနေ့ပွဲလေး

ခုတလော မီးလေးအလုပ်မအားတာကြောင့် ဘလော့ဂ်အိမ်ယာလေးနဲ့ ခေတ္တဝေးနေခဲ့ပါတရ်... ဘလော့ဂ်လေးနဲ့ ဝေးနေပေမဲ့ စိတ်ထဲတော့ အမြဲမပျက်နေရာယူထားဆဲပါပဲ... ဒီအတောအတွင်းမှာ မွေးနေ့ပွဲလေးလုပ်ပေးဖို့ စိတ်ကူးထားပေမဲ့ မလုပ်ပေးနိုင်ခဲ့ဘူး... ပြန်ရောက်ရောက်ရောက်ချင်းပဲ မွေးနေ့ပွဲလုပ်ဖို့ ချက်ချင်းစီစဉ်ရတာပေါ့.. တယောက်တည်းလုပ်ရတာဆိုတော့ သိပ်အများကြီးလည်း မလုပ် ပေးနိုင်ဘူးလေ... စိတ်ထဲမှာတော့ အများကြီးလုပ်ပေးချင်နေတာ အမှန်ပါ ယုံနော်(မယုံရင်တော့ ပုံပြင်လို့မှတ်)... မွေးနေ့ရှင်လေးက ဘယ်သူဖြစ်မယ်ထင်လဲ....
သူလေးကတော့ ၀က်သားတုတ်ထိုးတွေ ဗန်းလိုက်ကျွေးလိုက်၊ တော်ကြာ တမျိုးလုပ် ကျွေးလိုက်နဲ့... မီးလေးနဲ့သူနဲ့ chattingလုပ်တုန်းက မီးလေးမွေးနေ့ကို ဒီဇင်ဘာလို့ ရိုက်လိုက်မိတာ(မီးလေးကိုယ်တိုင်လည်း မှားမှန်းမသိပါ)... ဒီဇင်ဘာလ ၂၂ရက်နေ့မှာ မီးလေးမွေးနေ့ပွဲလေးကို မှတ်မှတ်ရရ လုပ်ပေးထားလို့ ၀မ်းသာကြည်နူးဖြစ်ခဲ့ရပါတရ်... အဲတော့မှ Chat Mail ပြန်စစ်မှ မှားရိုက်ထားမှန်းသိခဲ့ရတရ်... မီးလေးမွေးလ စက်တင်ဘာလို့ ပြန်ပြောင်းပြောရင်း ရင်ထဲမှာ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရပါသေးတရ်... သူလေးက ခုတလော နိုင်ငံပြောင်းသွားလို့ နေသားမကျသေးတာကြောင့် ပို့စ်လေးတွေ ဝေးနေပေမဲ့ မှန်မှန်ရေးနေတဲ့ ချစ်ညီမလေး အလွမ်းအိမ်ရဲ့ မွေးနေ့ပွဲလေးပဲ ဖြစ်ပါတရ်...

ကဲ စလိုက်ကြရအောင်နော်... အင်ထရိုတွေများနေပီ... မီးလေးနဲ့အတူတူ ၀ိုင်းဆုတောင်းပေးကြရအောင်နော် ... ဒါလေးက ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ရှင်လေး အလွမ်းအိမ်အတွက် မွေးနေ့ကိတ်


ဒါကတော့ မွေးနေ့လက်ဆောင်ဘာပေးရင် ကောင်းမလဲ... ၀က်ဝံရုပ်လေးပဲ ပေးတော့မယ်နော်...


နောက်လက်ဆောင်တခုက ခုတယောက်တည်းဖြစ်နေတဲ့ အလွမ်းအိမ်လေး အဖော်ရအောင်လို့ စီစဉ်ထားတာ...


မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စိတ်နှင့် ဆန္ဒတထပ်တည်းကျ၍ ကျန်းမာပျောရွှင်စွာဖြင့် လိုရာပန်းတိုင်သို့ ရောက်လှမ်းနိုင်ပါစေ...

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Saturday, February 2, 2008

စကားနှစ်ခွန်းမပြောတတ်ပါ...

ရုံးတရုံး၌ ၀န်ထမ်းသစ်တဦးအား ၀န်ထမ်းဟောင်းမှ မှာကြားနေသည်မှာ -
ဝန်ထမ်းဟောင်း - ငါတို့အထက်အရိရှာ ဂျာကြီးက အပေါက်လည်း စိုးတရ်။ တအားလည်း ဆူတရ် ကြည့်သာနေ မင်းက လူသစ်မို့ပြောပြတာ သူ့မျက်စိကျအောင် နေရင်နေ မနေလို့ကတော့ မင်းဒီအလုပ်မှာ မြဲလိမ့်မယ် မထင်နဲ့
ဝန်ထမ်းသစ် - ခုလိုပြောပြတာ ကျေးဇူးတင်တယ်ဗျာ နို့မဟုတ်ရင် ခက်ခက်ခဲခဲရထားတဲ့အလုပ် ပြုတ်သွားရင် ဒုက္ခရောက်မှာဗျ..
တီ…တောင်…
ဝန်ထမ်းဟောင်း - ဂျာကြီးအခန်းကခေါ်နေပြီ မြန်မြန်လာကွ

မန်နေဂျာ - ငါပြောထားတဲ့ လုပ်ငန်းစဉ်အကြောင်းတွေ ပြောထားပြီးပြီလား
ဝန်ထမ်းဟောင်း - ဟုတ်ကဲ့ ပြောပြီးပါပြီ ဂျာကြီး… ဂျာကြီး ဘယ်လိုတော်ကြောင်း၊ သဘောကောင်းကြောင်း၊ စိတ် စိတ်
မန်နေဂျာ - တော်..တော်..တော် မင်းတို့လုပ်စရာရှိတာ သွားလုပ်တော့
“ဟုတ်ကဲ့ ဂျာကြီး”
ဝန်ထမ်းသစ် - ခုနက ပြောတုန်းကနဲ့ ဂျာကြီးရှေ့မှာ ပြောတာနဲ့ တူလည်း မတူဘူး…
ဝန်ထမ်းဟောင်း - ငါက စကားတခွန်းကို နှစ်ခါထပ်မပြောတတ်ဘူးကွ