Pages

Wednesday, April 30, 2008

သူငယ်ချင်းများအတွက် လောင်ဆက်...

သူငယ်ချင်းတွေအတွက် ပါလာတဲ့လက်ဆောင်နော် မလုကြနဲ့နော်... ဖြည်းဖြည်းယူကြ

ဆရာကြီး မင်းသိင်္ခ ကပ်ကင်းရိုက်ထားတဲ့ အဆောင်တဲ့ဗျား ကြိုက်တဲ့အကောင်သာ ယူသွားကြတော့...
နောက်တခုကတော့ ဘလော့ဂ်ဂါ မမတွေအကြိုက် ခရုဆွဲကြိုးလေးတွေ တင်ပေးမလို့ပဲ ရှိသေးတယ် ကိုးနတ်ရှင်က မိုးမိနေတယ် ထင်ပါရဲ့ နှာစေးချောင်းဆိုးဖြစ်နေလို့ နောက်နေ့မှ ဆက်တင်ပေးမယ်နော်...

လာပြီ မမတွေအတွက် ခရုဆွဲကြိုး


နောက်တခုက ကိုကို မမတွေအတွက် ဟန်းချိန်းနဲ့ ကီးချိန်းလှလှလေးတွေ...

ဒါကတော့ ဘလော့ဂ်ဂါ မမတွေအတွက်...

တယ်ရင်းတွေအတွက် လတ်လတ်ဆတဆတ် သင်္ဘောသီးတွေ... ထိုးဆေး၊ ဓာတ်မြေသြဇာ ဘာမှသုံးထားဘူးရှင့်... ကြိုက်သလောက်ခူး....

မီးလေးတောင် နှစ်လုံးခူးထားသေး...

ဒါက ဇရပ်ဖြူမှာ ညစာဖိတ်လို့ သွားစားရင်းနဲ့ အလှူအောင်ပွဲ ပွဲရှိတယ်ဆိုလို့ သွားကြည့်ရင်းက တယ်ရင်းတွေ သတိရလို့ ရိုက်လာတဲ့ မုန့်မုန့်....

အ၀သာစား မလောက်ရင် ထပ်ကြော်ခိုင်းလိုက်မယ်...

မီးလေး ခရီးသွားမှတ်တမ်း - ၁

မီးလေး ၂၇ရက်နေ့ ည ၁၀နာရီ၁၅မိနစ်မှာ ရန်ကုန်ဘူတာကြီးကို ဆိုက်ရောက်၍ ရန်ကုန်ရွှေမြို့တော်ကြီးကို ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ… ခရီးစဉ်တလျှောက် ပျော်စရာများ၊ စိတ်ညစ်စရာများအား အပိုင်းလိုက် ဖော်ပြပေးသွားမည် ဆိုသည့်အကြောင်း အသိပေးလိုက်ပါတယ်… မီးလေးရဲ့ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း ဘလော့ဂ်ဂါများအတွက် လက်ဆောင်တွေနဲ့ မုန့်တွေပါလာတယ်… ကိုးနတ်ရှင် ကောင်းရင်တော့ အမြန်ဆုံး တင်ပေးမယ်နော်… ကိုးနတ်ရှင်ကောင်းဖို့ ၀ိုင်းဆုတောင်းပေးကြပါဦး…

မတ်လ ၃၀ရက်နေ့ ညနေ ၅နာရီမှာ နယူးမန္တလာထွန်း- ရန်ကုန် မန္တလေးကားနဲ့ ရန်ကုန်ရွှေမြို့တော်ကို လက်ပြနှုတ်ဆက်ရင်း ကျောက်ဆည်မြို့ကို ထွက်ခွာခဲ့ကြပါတယ်… မိုးတွေကြားထဲမှာ ပဲခူးမြို့ကို ဖြတ်ခဲ့ကြပါတယ်… ပဲခူးမှာပဲ ကျန်းမာရေးအတွက် ၁၅မိနစ်နားခဲ့ကြပါတယ်… ထိုမှတဆင့် ခရီးဆက်လက် ထွက်ခွာလာခဲ့ကြပါတယ်… တလမ်းလုံး ဗွီဒီယို ကြည့်လိုက်၊ အမ်ပီသရီးနားထောင်လိုက်၊ အိပ်လိုက်၊ ညအလှတွေ ခံစားရင်းနဲ့ လယ်ဝေးကို ည၁၂နာရီအကျော်လေးမှာ ရောက်သွားပါတယ်… ထုံးစံအတိုင်း နေပြည်တော် ၀င်ကာနီးမှာ မှတ်ပုံတင်နဲ့ လူနဲ့ စစ်ဆေးပါတယ်… ကားပေါ်မှာ ပါလာသမျှ ခရီးသည်တွေအားလုံးကို ဆင်းခိုင်းပါတယ်… ကလေးအိပ်ပျော်နေလို့ ဆင်းရခက်တဲ့ ကလေးအမေတယောက်ကို ကြည့်ရတာ စိတ်မသက်သာလို့ မီးလေးလျှာဝင်ရှည်လိုက်သေးရဲ့… ကလေးအမေတွေမဆင်းလည်းရတယ် မဆင်းနဲ့လို့လေ… သိလို့တော့ မဟုတ်ပါဘူး… ဟိုတခေါက် ရွှေမန်းသူနဲ့သွားတုန်းက ကလေးအမေကလွဲလို့ အားလုံးဆင်းဖို့ ပြောတာကြုံဘူးလို့ပါ… ဒါပေသိ ကားဆရာတော်ပါတယ် ကားမီးမှိတ်ပြီး ဂိတ်ကို ဖြတ်ပေးပါတယ်… အချို့ကားတွေ မီးမပိတ်ထားလို့ ကားပေါ်ကျန်တဲ့သူတွေကို ဆင်းခိုင်းပါတယ်… ကားပေါ်ပြန်တက်လာတော့ ကလေးအမေက ကျေးဇူးတွေတင်လို့…

ကားပေါ်မှာ လူစုံပေမဲ့ ကားကအတော်နဲ့ မထွက်နိုင်သေးပါဘူး… ဘာလို့လည်းပေါ့ နောက်တော့မှ သိလိုက်တာက လမ်းတ၀က်ကတက်လိုက်လာတဲ့ ကုလားလင်မယားနှစ်ယောက် မှတ်ပုံတင်မပါလာလို့ အဲလင်မယားနှစ်ယောက်နဲ့ ကားစပါယ်ယာနဲ့ ဂိတ်မှာခေါ်ထားပြီး ဘာတွေ ရှုပ်နေတယ်တော့ မသိပါဘူး မိနစ်၂၀ လောက်စောင့်နေလိုက်ရတယ်… သူတို့ပြန်တက်လာတော့မှ ခရီးအစဉ်ကို ဆက်လက် ထွက်ခွာခဲ့ပါတယ်… အဲဒီ့လင်မယားနှစ်ယောက် မီးလေးတို့ခုံဘေးက အလယ်ခုံမှာ တယောက်၊ ရှေ့အလယ်ခုံမှာ တယောက် ထိုင်ကြပါတယ်… ထိုင်တာ ပြဿနာမဟုတ်ပေမဲ့ အနံ့တခုကြောင့် အတော်မွန်းကြပ်ခဲ့ရပါတယ်… အဲအနံ့ကတော့ ကွမ်းယာနံ့ပဲ ဖြစ်ပါတယ်… စားလိုက်တဲ့ကွမ်းကလည်း ပြောမပြောချင်တော့ပါဘူး… မီးလေးက အနံ့တွေ allergicရှိလို့ အသက်တောင် မနည်းဝအောင်ရှုနေရတယ်… တော်သေးတယ် အိပ်ပျော်သွားလို့ သက်သာတာ… နို့မို့ဆို မတွေးဝံ့တော့ဘူး…


လမ်းမှာ နှစ်ခါထပ်နားပြီးလို့ ၆နာရီ ၅၀လောက်မှာတော့ ကျောက်ဆည်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို ဖြတ်လာပြီး မြို့ထဲကို ၀င်လာခဲ့ပြီး ၇နာရီ ၁၀မိနစ်မှာရောက်ရှိခဲ့ပါတယ်… မန္တလေးကားတွေထဲမှာ အစောဆုံးနဲ့ ပထမဦးဆုံး ၀င်ခဲ့တာ အဲယားကွန်းကလည်း တလမ်းလုံးအေးလို့ အတော့်ကို အဆင်ပြေခဲ့လို့ အပြန်အထွက် ဘိုကင်ပေးခိုင်းလိုက်ပါတယ်… ကားစပါယ်ယာက သူတို့လှမ်းဆက်ပေးမယ် ဒါပေမဲ့ လက်မှတ်တော့ ညနေသွားဖြတ်ဖို့ ပြောပါတယ်… ကားပေါ်ကဆင်းလာတဲ့အခါ တည်းမဲ့သူငယ်ချင်းအိမ်က သူ့အမေလာကြိုတာကို တွေ့လိုက် ရပါတယ်… သူတို့က ၀မ်းသာအားရနဲ့ နွေးထွေးစွာကြိုဆိုခဲ့ကြပါတယ်… မီးလေးတို့ မနက်ပိုင်းနားပြီး ညနေပိုင်းမှာ ကျောက်ဆည် ရွှေသာလျောင်းတောင် တက်မယ်ဆိုပြီး Plan ဆွဲထားတာ နေ့လည်ပိုင်းလောက်မှာပဲ ကိုရွှေမိုးက မီးလေးတို့ သူငယ်ချင်းတွေကို ကြိုဆိုလိုက်တာ ညနေထိ မိုးမတိတ်လို့ အိပ်ယာထဲမှာပဲ တနေကုန် ဇိမ်ခံနေလိုက်ကြပါတယ်… ဒါနဲ့ပဲ ဧပရယ်ဖူးဒေးလ်ကို ကျော်ဖြတ်ခဲ့ရပါတယ်… ဧပရယ်ဖူးဒေးလ်ကို ဘလော့ဂ်ဂါမောင်နှမ သူငယ်ချင်းတွေကို မစလိုက်ရဘူး… နောက်နှစ်မှပဲ ဧပရယ်ဖူးလ်လုပ်တော့မယ်…

ဒုတိယနေ့မှာတော့ မီးလေးသူငယ်ချင်းက မန္တလေးမှာ ဘွဲ့ယူသွားမှာမို့ ကျောက်ဆည်ခဏပြန်ရင်း စင်္ကာပူသွားတော့မှာမို့ မိသားစုတွေ နှုတ်ဆက်ဖို့ ပြန်တာမို့ မန္တလေးကို ဘွဲ့ဝတ်စုံထုတ်ဖို့ မန်းကို တက်ခဲ့ကြပါတယ်… ကျောက်ဆည်-မန်းကားက ဓာတ်ငွေ့ဖြည့်ဖို့ စီအန်လ်ဂျီဆိုင်မှာ တန်းစီလိုက်ပါတယ်… ဒါပေမဲ့ ကားက ရှေ့လည်းမတိုး နောက်လည်းမဆုတ် နောက်တော့မှ ဆိုင်တံခါးပိတ်ထားတာ တွေ့တယ်… ဆိုင်ပိတ်ထားတာ ဘာလို့တန်းစီစောင့်နေတာလဲပေါ့… နာရီဝက်လောက်ကြာတော့ စိတ်မရှည်တော့လို့ ဂိတ်ကို သွားမေးလိုက်တော့မှ တရားခံတွေ့တော့တယ်… ဂက်စ်မရှိလို့ ဖြည့်နေတာ မရသေးဘူးတဲ့… ရတော့ ရတော့မယ် အမတို့ကားအထိဆို မိနစ်၂၀လောက်ပဲ စောင့်ရတော့မှာပါတဲ့… အင်း သူတို့လက်ထဲမှာပဲဆိုတော့ စောင့်ရတော့တာပေါ့… တော်သေးတယ် ခဏနေတော့ ဆိုင်ဖွင့်ပြီး တန်းစီထားတဲ့ ကားတွေကို ဖြည့်ပေးရင်း တဖြည်းဖြည်း မီးလေးတို့ ကားအလှည့် ရောက်လာပါတော့တယ်… သြော် စီအန်လ်ဂျီ ဒုက္ခ xxx

လမ်းမှာ နိုင်ငံခြားသားဧည့်သည်တွေက ဓာတ်ပုံရိုက်ဖို့ပြောလာတာနဲ့ တပျော်တပါး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်… မတတ်တခေါက် စပိကင်လေးနဲ့ မိတ်ဆက်ကြပါတယ်… အရမ်းခင်ဖို့ကောင်းတဲ့ ရုရှားအမျိုးသားပြတိုက်မှ နိုင်ငံခြားသားများကို နှုတ်ဆက်ရင်း မန်းဘွဲ့နှင်းသဘင်ကို လျှောက်လာခဲ့ကြပါတယ်… ဘွဲ့နှင်းသဘင်ဘေးက လမ်းကို ၀င်ဝင်ချင်းမှာပဲ ၀တ်စုံသွားထုတ် မယ်ဆိုရင် ကျောင်းသားတွေ တအားကြပ်လို့ တိုးနိုင်မှာမဟုတ်ဘူး… ချလံပေးခဲ့ ညနေကျရင်လာယူ သူတို့ယူထားပေးမယ်ဆိုပြီး ၀ိုင်းပြောလိုက်ကြတာ နောက်ဆုံး ကျွန်မတို့က ခုပြန်ရမှာမို့ ကိုယ်ဘာသာပဲ သွားယူလိုက်တော့မယ်လို့ ပြောတော့ သွားယူ… သွားယူ… ဒီလောက်လူတွေအများကြီးကိုဆိုပြီး ဆောင့်အောင့်ပြီး ပြောဆို ကျန်ခဲ့ကြလေရဲ့… မီးလေးတို့လည်း မကြားချင်ယောင်ဆောင်ပြီး ထွက်လာခဲ့ကြပါတော့တယ်… ၀တ်စုံထုတ်တဲ့နေရာကို ရောက်လာချိန်မှာတော့ သူတို့ပြောသလောက်လည်း လူမကြပ်ပါဘူး… လူတွေကို ရှင်းလို့ သြော် ဒုက္ခ ဒုက္ခ…

ဒီလိုနဲ့ ဟိုနားသွားလိုက် ဒီနားသွားလိုက် ဟိုနား ပိုက်ဆံသွင်းလိုက် ဒီနားပိုက်ဆံသွင်းလိုက်နဲ့ စားပွဲခုံပေါင်းများစွာကို ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်ရင်း ဘွဲ့ဝတ်စုံရခဲ့ပါတယ်… ရန်ကုန်နဲ့ ကွာခြားချက်တွေကတော့ ဘွဲ့ဝတ်စုံကို တရက်ကြိုပြီးသာ ထုတ်ပေးခြင်း၊ ရီလ်ဟာဆယ် တက်မယူ၍ရခြင်း၊ ရီလ်ဟာဆယ် ရန်ကုန်မှာ တက်ယူရတယ်ဆိုတာ ကားဝင်လက်မှတ်၊ မိဘတွေအတွက် ထိုင်ခုံလက်မှတ်၊ ကျောင်းသာထိုင်ရမယ့် ခုံလက်မှတ်တွေ ပေးတာမို့ ယူကြရပါတယ်… မန်းမှာကြတော့ ဘွဲ့ဝတ်စုံရယ်၊ ကားဝင်လက်မှတ်၊ မိဘတွေအတွက် ထိုင်ခုံလက်မှတ်၊ ကျောင်းသာထိုင်ရမယ့် ခုံလက်မှတ်တွေကို သီးသန့် ထုတ်ပေးခြင်းကြောင့်ပဲ ဖြစ်ပါတယ်…

ပြန်ထွက်လာချိန်မှာတော့ မန်းရဲ့ ရက်စက်လှတဲ့ နေပူဒဏ်၊ လေပူဒဏ်ကြောင့် တကိုယ်လုံးချွေးတွေနဲ့ ရေငတ်လို့နေပါတယ်… ဒါနဲ့ပဲ ဘွဲ့နှင်းသဘင်ရှေ့ လမ်းတဘက်ခြမ်းက ဆိုင်တဆိုင်ကို ၀င်ထိုင်လိုက်ကြပါတယ်… မီးလေးရယ်၊ မီးလေးသူငယ်ချင်းရယ်၊ သူမရဲ့အမေရယ် သုံးယောက်က ရွှေရင်အေး အေးအေးလေးသုံးခွက်နဲ့၊ နောက်သူငယ်ချင်းတယောက်က မြီးရှည်မှာလိုက်ကြပါတယ်… ရွှေရင်အေး အရင်လာချပေးပါတယ်… ကြည့်လိုက်တော့ မုန့်လက်ဆောင်းဖက်တောင်မပါ တပန်းကန်လုံး အုန်းနို့ရည်နဲ့ ရေခဲချဉ်းပဲ… ကျောက်ကျောလေး သုံးတုံးလောက်နဲ့ နောက်ပန်းရောင် ဘာခေါ်လည်းတော့ မသိဘူး အဲဒါလေးနည်းနည်းနဲ့ အုန်းသီးနဲ့… မီးလေးကလည်း ဂျီးထူထူနဲ့ဆိုတော့ ဒါလား ရွှေရင်အေးပေါ့ မြီးရှည်မှာတဲ့ သူငယ်ချင်းက ပေါင်မုန့်ထည့်ဖို့ သူတို့မေ့နေလား မသိဘူးတဲ့… မီးလေးတို့လည်း ရေဆာဆာ၊ နေပူပူနဲ့ ရေခဲတုံးတွေပဲ တကျွတ်ကျွတ် ၀ါးလိုက်တာပေါ့… အားလုံးစားသောက်ပြီးလို့ ရှင်းမယ်ဆိုပြီး ခေါ်လိုက်ပါတယ်…

ရွှေရင်အေး သုံးခွက်က နှစ်ထောင့်တစ်ရာ မြီးရှည်က ငါးရာ အားလုံး နှစ်ထောင့်ခြောက်ရာတဲ့… ဒါနဲ့ မီးလေးလည်း မနေနိုင်တော့ဘူး ထပြောဖြစ်ကော… မြီးရှည်က အများကြီးလည်းရတယ် ဒါကျ ငါးရာပဲကျပြီး ရွှေရင်အေး ဘာမှမပါတာကျတော့ ခုနစ်ရာဟုတ်လားလို့လည်း ပြောလိုက်ရော မီးလေး သူငယ်ချင်းက“အေးလေ… ပေါင်မုန့်လည်း မပါဘူး”လို့ ၀င်ပြောတယ်… ကျေးဇူးရှင်က ဘာပြန်ပြောတယ်ဟုတ် ပေါင်မုန့်က ရွှေရင်အေးမှာ မထည့်ရဘူး… မုန့်လက်ဆောင်းတို့၊ ရေခဲသုပ်တို့မှာမှ ထည့်တာတဲ့လေ… “ထားပါတော့ ပေါင်မုန့်မပါရင်တောင် တခြားနည်းနည်းပါးပါးတော့ ပါသင့်တာပေါ့” လို့ပြောတော့ သူတို့ ရွှေရင်အေးက သူများနဲ့မတူဘူး အုန်းနို့နဲ့လုပ်ထားတာ အုန်းနို့က ဈေးကြီးတယ်တဲ့… “အမ်… ဘယ်လို ဘယ်လို ရွှေရင်အေးကို အုန်းနို့နဲ့ မသောက်လို့ ဘာနဲ့သောက်ရမှာလဲ”မေးပြီး ဆက်မပြောချင်တော့လို့ အောင့်သီးအောင့်သက်နဲ့ ပိုက်ဆံရှင်းပြီး ပြန်လာခဲ့တော့တယ်… ထားပါတော့ အုန်းနို့ဈေးကြီးလည်း တခြားဟာပါရင် တော်သေး… ပါတော့ပါပါရဲ့ ရေခဲတုံးတွေချည်း… ရန်ကုန်မြို့ထဲ ဗိုလ်ချုပ်ဈေးနားမှာ သောက်ရင်တောင် မုန့်လက်ဆောင်း၊ ကျောက်ကျော၊ သာကူ၊ ကောက်ညှင်း၊ အုန်းနို့၊ အုန်းသီး၊ ကျောက်ကျောရောင်စုံ၊ ပေါင်မုန့် အားလုံးပါတာမှ ငါးရာပဲ ပေးရတာ… တခြား မြို့နယ်တွေထဲမှာတောင် နှစ်ရာ၊ သုံးရာပဲ ပေးရတယ်…အုန်းနို့ ဈေးကြီးတဲ့အကြောင်းနောက်မှ ဆက်ပြောပြမယ်… မန်းက အသိတွေပြောပြတော့ နင်တို့ကို နှပ်လိုက်တာတဲ့၊ ငါတို့ လာမခေါ်လို့ဖြစ်တာဆိုပြီး ၀ိုင်းနောက်ကြပါရောလား…

မီးလေးတို့လည်း အနှပ်ခံရတောင်နည်းသေးတယ်… မီးလေးတို့ လူတိုင်း ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဈေးမေးပြီးမှ ၀ယ်တတ်ကျပါတယ်… လူတိုင်း တခုကို ၀ယ်ရင်တော့ ဈေးမမေးကြပါဘူး… အဲဒါဘာလဲဆိုတော့ စားသောက်တဲ့ ကိစ္စမှာပါပဲ… ဈေးနှုန်းရေးထားတဲ့ ဆိုင်တွေမှာသာ ဘယ်ဟာ ဘယ်ဈေးဆိုပြီး ရေးထားတာတွေ့လို့ ကို့ပါတဲ့ ပိုက်ဆံနဲ့ ချိန်ပြီး သင့်တော်ရာ မှာစားကြပါတယ်… မရေးထားတဲ့ ဆိုင်တွေဆို မှာချင်တာမှာပြီး စားပြီးမှသာ ဘယ်လောက်ကျလဲ မေးတတ်လေ့ ရှိကြပါတယ်… မနက်မိုးလင်းလို့ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်တာနဲ့ ကိုယ်ကြိုက်တာမှာပြီး စားပြီးမှ မတန်လိုက်တာဆိုပြီး ပြောကြတဲ့ အသံမကြာခဏဆိုသလို ကြားနေရပါတယ်… စားပြီး မတန်ရတာမျိုး မဖြစ်ရအောင် ဈေးမေးပြီးမှ စားသင့်ပါကြောင်း ပြောကြားရင်း ပထမပိုင်းကို ဒီမှာတင် ရပ်နားလိုက်ပါတယ်… လက်ဆောင်တွေကိုလည်း အချိန်ရရင် ရသလို တင်ထားပေးပါမယ်နော်… အမှားပါရင်လည်း ခွင့်လွတ်ပေးကြပါလို့… အထူးသဖြင့် မန်းသူ/သားများ အားလုံးကို ကြိုတင်ပြီး တောင်းပန်ပါရစေ… မီးလေးကြုံခဲ့ရတာတွေ တင်ပြခြင်းဖြစ်၍ နားလည်ခွင့်လွတ်ပေးကြပါနော်…


Thursday, April 17, 2008

မင်္ဂလာနှစ်သစ်

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ သာယာအေးချမ်းပြီး ကျန်းမာချမ်းသာ၊ လိုရာဆန္ဒအအ၀၀ ပြည့်စုံနိုင်ကြပါစေ...

မီးလေးက ခရီးဆက်နေတုန်းနော်၊ အိမ်ပြန်အရောက်သေးဝူး..ဟီးဟီး
ပြန်ရောက်မှ post တွေ အတိုးချပြီး တင်တော့မယ်နော်..
လာအားပေးကြဦးနော်..

မီးလေးအားလုံးကို သတိရနေပါတယ်...