Pages

Friday, June 4, 2010

ဘ၀သစ်ပြင်ဆင်မှုအတွက် အမှတ်တရနေ့လေးများ

ကိုယ်တိုင် မင်္ဂလာပွဲလုပ်မှပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့(အချိန်ပိုင်း ၂နာရီ)အတွက် ဘယ်လောက်ထိ ပင်ပန်းရတယ်ဆိုတာ သိလာရပါတယ်... လူပင်ပန်းတယ် ဆိုတာထက် စိတ်ပင်ပန်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်... မင်္ဂလာပွဲနီးလာလေ လုပ်စရာတွေလည်း များလာလေပါပဲ... ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားခဲ့ပေမဲ့ အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပျော်ရွှင်မှုနဲ့အတူ ဒွန်တွဲလို့ ပါလာခဲ့ပါတယ်... သတို့သား၊ သတို့သမီး ၀တ်စုံကိုတော့ သင်္ကြန်မတိုင်ခင် ကတည်းက ရွေးထားပြီးသားဖို့ အဲ့အလုပ်တော့ မရှိတော့ပေမဲ့ လက်ဖွဲ့ပြန်ကမ်းဖို့အတွက် စိတ်သောက များရပါသေးတယ်... (ပြန်ကမ်းတဲ့ လက်ဆောင် အတွက် လူပန်း စိတ်ပန်းခံပြီး ကူညီပေးခဲ့တဲ့ ဘလော့ဂါ အစ်ကိုတော် Breeze နှင့် မီးလေး လောသမျှကို စိတ်ညစ်ခံပြီး အချိန်ပေးပြီး ပစ္စည်းမှာတာက အစ ပစ္စည်းပို့ပေးတဲ့အထိ အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ မမ မမီးလေးဇာကိုလည်း ကျေးဇူးတင်မိပါတယ်... )