Pages

Wednesday, February 24, 2010

ကလေးအဖေ

အိမ်ထောင်သက် နှစ်၅၀မြောက် ကျင်းပသော ပါတီပွဲ တခုတွင်ဖြစ်သည်…
ယောက်ျား            -           ဒီနေ့ဟာ တို့တွေရဲ့ အိမ်ထောင်သက်ဟာ နှစ်၅၀တိုင်ခဲ့ပြီ… တို့တွေရဲ့ အိမ့်ဆည်းလည်းတွေကလည်း ခုဆို ၇ယောက်ရှိခဲ့ကြပြီ… ထူးခြားတာ တခုက သားသမီး ၇ယောက်ထဲက တယောက်က အခြားကလေးတွေနဲ့ မျက်နှာပုံစံတခြားစီ ဖြစ်နေတယ်… ငါမေးရင် မင်း အမှန်အတိုင်းပြောမလား…
မိန်းမဖြစ်သူက ဖြေပါ့မယ်လို့ ပြောလိုက်တယ်…
ယောင်္ကျား            -           အဲ့ကလေးက တခြားတယောက်နဲ့ မွေးတဲ့ ကလေးလား…
မိန်းမဖြစ်သူက မ၀င့်မရဲနဲ့ ခေါင်းညိတ်ရှာတယ်… ယောင်္ကျားလုပ်သူက အဲ့ဒီသူက ဘယ်သူလဲ ငါသိပါရစေကွာလို့ ပြောတော့ မိန်းမဖြစ်သူ ၀မ်းနည်းကြေကွဲတဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပုံက
မိန်းမ                  -           အဲဒီ့သူက ရှင်ဖြစ်နေလို့လေ…
တွေးပြီးမှပြုံးပါ...

Implementing and Administering a Standardized Network

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
"Implementing and Administering a Standardized Network"

သင်တန်းပို့ချမည်

            သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) နှင့် Assembler, Compu-Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် "Implementing and Administering a Standardized Network"  သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ e-Learning Center တွင် မတ်လ(၄)ရက်နေ့ မှ မတ်လ(၈)ရက်နေ့အထိ နံနက်(၉း၀၀)နာရီ မှ ညနေ(၅း၀၀) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
            အဆိုပါသင်တန်းတွင် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Infosecurity, WAN Technologies, Server Managements များ စာတွေ့၊လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူ ရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မတ်လ (၂)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။


သင်တန်းဖွင့်မည့်ရက်     -   မတ်လ (၄) ရက်နေ့ မှ (၈)ရက်နေ့အထိ။
သင်တန်းအမည်           -  Implementing and Administering a Standardized Network
သင်တန်းနေရာ            -  Myanmar Info-Tech , e-Learning Center.
သင်တန်းအချိန်           -  နံနက် (၉း၀၀)နာရီ မှ (၅း၀၀)နာရီအထိ
သင်တန်းကြေး           -  ၉၀၀၀၀ ကျပ် ( သင်တန်း ၅ ရက်အတွက် နေ့လည်စာနှင့် Tea Break ပါဝင်သည်။)
                                 (မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ ၅ % Discount ပေးပါမည်။)

Tuesday, February 23, 2010

သံဝေဂ

သေရွာကာလ၊ ရောက်ကြသောအခါ
ကိုယ့်နောက်ကိုကား၊ ဘာများပါမှာ
ပစ္စည်းစုစု၊ တစ်ခုမပါ
ကိုယ်ပြုထား ကံများပါမည်သာ။

အထုပ်ကလေး တစ်ပြင်ပြင်
ကိုယ့်နောက်ပါမည်ထင်
အထုပ်ရှင် သေလို့သွား
ကျန်တဲ့သူတွေ ဝေလို့စား
အထုပ်ရှင်မှာ အလကား
ဘာကမှလည်း ပါမသွား
သေရွာကျတော့ အပါယ်လား
နိဗ္ဗာန်ရောက်ဖို့ အခက်သား။  ။
(တိပိဋကဓရဆရာတော် ဦးကောသလ္လ)

မှတ်ချက် - မေတ္တာရှင်(ရွှေပြည်သာ)၏ ထေရ၀ါဒမှတ်ကျောက် စာအုပ်မှ ကြိုက်နှစ်သက်သော သံဝေဂလင်္ကာ