Pages

Tuesday, April 24, 2012

နေလောင်ထားသောအသားအရည် ပြန်လည်ပြုပြင်နည်း

သင်္ကြန် ၅ရက်လုံး လျှောက်လည်ကြပြီး အသားအရည်ပျက်စီးထားတဲ့ ကိုကို မမတွေအတွက် ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှ “ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုပြုပြင်ကြမယ်” ဆိုတဲ့ ဆောင်းပါးလေးထဲမှ ပြန်လည်ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်... မွဲခြောက်မဲပြာသွားတဲ့ အသားအရေကို အရင်လို စိုစိုဝင်းဝင်းလေးပြန်ဖြစ်ဖို့ ပိုက်ဆံမကုန်တဲ့ နည်းလေးတွေပါတဲ့...

၁။ အပွေးမရှိတဲ့ သနပ်ခါးတုံး - အပွေးမရှိတဲ့ သနပ်ခါးတုံးကို သွေးပြီး တစ်ကိုယ်လုံး လိမ်းနိုင်ပါတယ်တဲ့။ အရေပြားကို အေးစေပြီး မိတ်ဖုတွေကိုလည်း သက်သာစေပါတယ်။

၂။ ဂျုံမှုန့် - ဂျုံမှုန့်ကို ပိုပြီး မှုန့်ညက်သွားအောင် ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့အမှုန့်နဲ့ တစ်ကိုယ်လုံး ပွတ်တိုက်ပေးပါ။ ရှိသမျှချေးတွေ ပြောင်ပြီး အရေပြားချောပြောင်သွားပါလိမ့်မယ်။


Saturday, April 14, 2012

အတာစားတဲ့ တနင်္လာ

၂၀၂၁ သင်္ကြန်မှာ တနင်္လာသား/သမီးတွေ အတာစားပါတယ်တဲ့... အတာစားတဲ့ တနလာင်္သား/သမီးတွေဟာ တနင်္လာနေ့ မနက် ၇နာရီနှင့် ၉နာရီကြားမှာ ရေချိုးသန့်စင်ပြီး အင်္ကျီအဖြူဝတ်ဆင်ကာ အရှေ့အရပ်ကို မျက်နှာမူ၍ ထမင်းဖြူတစ်ဆုပ် တင်းတင်းဆုပ်ပြီး ၀ါးစားပါ။ ထို့နောက် သဗ္ဗဇယမင်္ဂလာ ဘုရားရှိခိုးနှင့် ဘုရားရှိခိုးပြီး ကောင်းကျိုးလိုရာ ဆုတောင်းပါလေ...


oAÁZ,r*Fvm bk&m;&Sdcdk;

ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိစန္ဒိမာ၊
သန္နဒ္ဓေါ ခတ္ထိယော တပတိ၊
ဈာယီ တပတိ ဗြာဟ္မဏော။
အထသဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ သာဒရံ
နမက္ကာရာ နုဘာဝေန၊ သောတ္ထိမေ ဟောတု သဗ္ဗဒါ။

အနက်

အာဒိစ္စော - ရောင်ခြည်တထောင် အလင်းဆောင်သည့် ထွန်းပြောင်ပ၀င်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌ လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။

Thursday, April 12, 2012

၂၀၁၂ သင်္ကြန်အကြိုနေ့

“အတာကူးတဲ့ တန်ခူးလချိန်ခါ နှစ်ကူးသင်္ကြန်မှာ သူလေးနဲ့တွေ့ရပုံမှာ မေ့လည်းမမေ့နိုင်စရာ...” သီချင်းအစား “ကိုကြီးကျော် ကိုကြီးကျော် ကျော်ကျော်ကျော်ကျော် တို့ကိုကြီးကျော်...”ဆိုတဲ့ ဟိုဘက်ရပ်ကွက်က ဖွင့်ထားတဲ့ သီချင်းသံနဲ့အတူ အိပ်ရာက နိုးလာခဲ့ပါတယ်။ အင်း ကိုကြီးကျော်လည်း တောင်ပြုံးချိန်ပဲ မြူးရတာ ပျင်းနေတယ်ထင်ပါတယ်လို့ စိတ်ထဲက ညဉ်းနေမိတယ်။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်ခင်းလုပ်စရာရှိတာတွေ အစသတ်လိုက်ပြီး မနက်စာစားလိုက်တယ်။ အဲ့အချိန်ထိ ကိုကြီးကျော်က ကိုကြီးကျော်တုန်း... :)
သိကြားမင်းကို အတာအိုးနဲ့ ကြိုတယ်... ခုချိန်ထိ ဘာကြောင့် အတာအိုး (ခုနစ်နေ့နံပါတဲ့ အညွှန့်တွေနဲ့ သင်္ကြန်ပန်း)တွေနဲ့ ကြိုရတယ်ဆိုတာ မီးလေးတကယ်ကို မသိသေးဘူး... ငယ်ငယ်တုန်းက သူများတွေ သိကြားမင်းဆင်းမယ်ပြောတော့ မေမေ့ကို သိကြားမင်းက ဘယ်လိုဆင်းတာလည်း မေးခဲ့ဖူးတယ်... အဲ့တုန်းက မေမေက မနက်ဖြန် ဆင်းမှာ လေဆိပ်မှာ ဦးခင်ညွှန့်တို့ သွားကြိုမယ်လို့ ပြန်ဖြေတော့ သိကြားမင်းဆိုတာ လေယာဉ်နဲ့ဆင်းလာတဲ့ ပုဂ္ဂိုလ်ပါလားလို့ ထင်ခဲ့ဖူးပါတယ်... ခုချိန်ထိ သိကြားမင်းက ဘယ်ကိုဆင်းပြီး ဘယ်မှာတည်းတယ် မသိသေးပါဘူး... တည်းတဲ့နေရာများသိရင် လက်တို့ကြပါဦး မြင်ဖူးချင်လို့ပါ... :))
ပြောရင်းနဲ့ စကားတွေက ချော်တောငေါ့နေပြီ ပြန်တည့်ဦးမှ။
သိကြားမင်းကြိုတဲ့ အတာအိုး