Pages

Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Sunday, June 15, 2008

သံသရာ

“အူဝဲ…အူဝဲ”
လူ့လောကထဲကို ခေတ္တတဖြုတ်ရောက်ချိန်
ဖေဖေ၊ မေမေတို့ရဲ့ အိမ့်ဆည်းလည်းလေးဖြစ်ခဲ့တဲ့ ကျွန်တော်
ဘိုးဘိုး၊ ဘွားဘွားတို့ရဲ့ အသည်းကျော် ကျွန်တော်…

တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့
ဥယျာဉ်မှူးနဲ့တူတဲ့ ဖေဖေ
ရေလောင်းပေါင်းသင်း ပြုစုရှာ
အိမ်မှုကိစ္စတွေကြား မငြီးငြူရှာ
အရိပ်တကြည့်ကြည့်နဲ့ မေမေပါ…

ထူးချွန်ထက်မြက် သားသမီးအနာဂတ်
မိဘနှစ်ဖြာရဲ့ အိပ်မက်
လူတကာထက် သာဖို့အရေး
အလုံးစုံကို ထောက်ပံ့ပေး…

ဤလောက၀ယ်
ကြီးမားမေတ္တာတုမမီတာ မာတာပီတု မိဘပါ
ကျွန်တော့်ဘ၀မှာ ပထမဆုံး
ဖေဖေ၊ မေမေ အချစ်ရဆုံး…
ပညာစုံခါ အတောင်ပေါက်လာ
ချစ်ရမဲ့သူ တွေ့သောအခါ
မိဘတားမြစ်သည်ကား အလေးအနက်မထား
ဆင်ကန်းတောတိုး မျက်ကန်းပါ…

မိဘစကား မြူမှုန်အလား
နားမထောင်ခဲ့တဲ့ သားမိုက်ဟာ
မိဘတို့ကို စွန့်ခွာ ထွက်ပြေးကာ
ကိုယ့်အိုးကိုယ့်အိမ် တည်ထောင်ခဲ့တဲ့ ကျွန်တော်…

ကျွန်တော့် ဘ၀မှာ ဇနီးသည်သာ ပထမ
မိဘတို့သည် ဒုတိယ
သားရလာသောအခါ ကျွန်တော့်မှာ
သားသည်သာ ပထမ…

ခုချိန်မှာ ကျွန်တော့ အားလုံးကို နားလည်ခဲ့ပါပြီ ဖေဖေနဲ့ မေမေ
ကလေးဘ၀မှာသာ ဖေဖေ၊ မေမေက အရေးကြီးဆုံးဖြစ်ပေမဲ့
အိမ်ထောင်ကျလာတဲ့အခါ အလိုလို နေရာရွေ့ခံခဲ့ရတာ ဖေဖေနဲ့ မေမေပါ
သားသမီးတို့ရသောအခါ ဖေဖေ၊ မေမေက နောက်ဆုံးနေရာ…

ကျွန်တော်လည်း မကြာခင်ဝဋ်လည်တော့မှာပါ
ဖေဖေ၊ မေမေတို့ ရောက်နေတဲ့ နောက်ဆုံးနေရာ
ကျွန်တော်လည်း မကြာခင် ရောက်ရတော့မှာပါ
အဲဒီ့နေရာအတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ရတော့မယ်ဗျာ….

Saturday, February 16, 2008

သူငယ်ချင်းသို့...

Pသူငယ်ချင်း...
လူတွေက တိရစ္ဆာန်တွေလောက် သစ္စာမရှိကြဘူးတဲ့
သတ္တ၀ါတွေတောင် လိုက်မမီအောင် သစ္စာရှိတဲ့သူ
ငါတွေ့ထားတရ်ကွ ...

သူငယ်ချင်း...
သူကလေ ပွစိပွစိမပြောတတ်ဘူး...

သူငယ်ချင်း...
သူကလေ စိတ်မကောက်တတ်ဘူး...

သူငယ်ချင်း...
သူကလေ စိတ်လည်း လုံးဝမဆိုးတတ်ဘူး...

သူငယ်ချင်း...
သူကလေ ရင်ဖွင့်သဗျ အားလုံးကို လက်ခံပေးတတ်တရ်...

သူငယ်ချင်း...
သူကလေ ကဗျာတွေကို ခံစားပေးတရ်...

သူငယ်ချင်း...
သူကလေ ရန်မဖြစ်တတ်သလို စကားလည်း မများတတ်ဘူး...

သူငယ်ချင်း...
သူကလေ ငါငိုရင် လိုက်ငိုတတ်သလို
ငါရီရင်လည်း လိုက်ရီတတ်တရ်ကွ...

သူငယ်ချင်း...
ငါ့အနားမှာ ဘယ်သူမှ မရှိတော့ဘူးဆိုရင်တောင်
သူက ငါ့နားမှာ အမြဲရှိနေတတ်တရ်ကွ...

သူငယ်ချင်း...
ပန်းပိတောက်တွေတောင် သစ္စာဖောက်လာကြပြီ
ဒါပေမဲ့ သူကတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး....

သူငယ်ချင်း...
သူ့အတွက် ရဲရဲကြီး အာမခံတရ်
သူဘယ်တော့မှ သစ္စာဖောက်သွားမှာ မဟုတ်ဘူး...

သူငယ်ချင်း...
သူဘယ်သူလဲဆိုတာ မင်းသိချင်သိနေမှာပါ
တော်တော်များများလည်း သိကြပါတရ်...

သူငယ်ချင်း...
သူက ရင်ဘတ်ထဲက အားလုံးအားလုံးကို
ထပ်တူခံစားပေးနေတဲ့ အရမ်းချစ်စရာကောင်းတဲ့
ဘလော့ဂ်လေးတွေပါပဲ....
***********************

Monday, January 7, 2008

မိုးချစ်သူသို့လက်ဆောင်....

မိုးရွာတိုင်းမှာ သတိရနေမယ့် မိုးချစ်သူရဲ့ နှုတ်ဆက်ခြင်းအတွက် လက်ဆောင်ပေးချင်လို့ ဒီကဗျာလေးကို ရေးဖြစ်တာပါ... ကဗျာမရေးတတ်တော့ ကာရံမညီခဲ့ရင် ခွင့်လွတ်ကြပါနော်... မိုးချစ်သူတယောက် ဘလော့ဂ်အိမ်ယာလေးကို ပြန်လာနိုင်ဖို့ မျှော်လင့်ပါတရ်... ပြန်လာခဲ့ရင်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုကြမှာပါ....
အမှတ်မထင်
ရင်းနှီးကျွမ်းဝင်ကြတဲ့
သူငယ်ချင်းများစွာ...

နက်လှိုင်းပေါ်မှာ
ဟိုဒီလျှောက်သွား
မအားရပါ...

အားငယ်နေက
အားပေးကြဖို့ အသင့်ရှိကြတဲ့
သူငယ်ချင်းများစွာ...

တဦးကိုတဦး
လက်တွဲကူလို့
ခင်မင်ကြတာ...

ကံကြမ္မာက
မုန်တိုင်းပမာ
ခွဲရက်လိုက်တာ...

ထိုကာလများ
ပြန်ရချင်ငြား
မရတော့ပါ....

တယောက်သွားသော်
တယောက်ပေါ်
ပေါ်ပြန်သော်ငြား
မေ့မရပါ
သူငယ်ချင်းများစွာ...

တွေ့ဆုံခြင်းက
ခွဲခွာဖို့ဆို
မဆုံပါနဲ့လား ကံကြမ္မာ...

ပြန်လည်ဆုံဆည်းဖို့ရာ
မျှော်လင့်လျက်ပါ
သူငယ်ချင်းရာ...

နွေးထွေးလက်များ
လက်ကမ်းကြိုမှာ
မင်းယုံပါ...

Friday, January 4, 2008

အငြင်းဝါကျများ...

ဒီဇင်ဘာလထုတ် စရဏမဂ္ဂဇင်းထဲမှာ မောင်ခင်မှိုင်း၊ ချောက် ရေးသားထားတဲ့ ကဗျာလေးပါ.... မီးလေးကြိုက်တယ် ဆိုပါတော့... စာဖတ်သူများလည်း ဖတ်ပြီးရင်ဖတ်ပြီးကြမှာပါ မဖတ်ရသေးတဲ့သူတွေ ဖတ်ဖို့နဲ့ ဖတ်ပြီးသား လူတွေပြန်အမှတ်ရသွားအောင် တင်ပေးလိုက်တယ်နော်... ခေါင်းစဉ်လေးက

“အငြင်းဝါကျများ”

ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...

ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...

မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...

ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...


အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...

ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။


အားလုံးပျော်ရွှင်ကြပါစေ...

Thursday, December 20, 2007

Christmas Wish...


God give you blessings at Christmas time;
Stars for your darkness, sun for your day,
Light on the path as you search for the Way,
And a mountain to climb.

God grant you courage this coming year,
Fruit for your striving, friends if you roam,
Joy in your labor, love in your home,
And a summit to clear.

Christmas Wish to You

May the Love, Peace, and Joy of Christmas be yours always.
Love came down on Christmas Day so many years ago and
brought the greatest happiness the world would ever know...
Peace came down on Christmas Day to fill the hearts of men
with all the sweet tranquility each Christmas brings again...
Joy came down on Christmas Day as angels came to earth
heralding the miracle of our Messiah's birth.

Friday, December 14, 2007

မီးလေးကြိုက်တဲ့ကဗျာ

မီးလေးက ကဗျာကောင်းကောင်းမရေးတတ်ဘူးရှင့်။ ဒါကြောင့် ကိုကြီးဆိုးသွမ်းဆီက သဘောကျလို့ ကူးယူ ဖော်ပြထားတာပါ။ ကိုဆိုးသွမ်းရေ ချိတ်ချိုးနဲ့နော်။ ခွင့်ပြု၊ မပြုတော့ သိဝူး ရေးပြီးသွားပြီ။ မီးလေးဆီ လာလာလည်ကျတဲ့ ဘော်ဘော်တွေလည်း ဒီကဗျာလေးကို ကြိုက်ကျမယ်ထင်ပါတယ်။ ပြီးတော့ ကိုကြီး ဆိုးသွမ်းဆီမှာ Christmas card လှလှလေး တွေရှိတယ်။ မီးလေးတောင် သွားယူပြီးပြီ။ ယူချင်ရင် ကိုဆိုးသွမ်း ဆီမှာ သွားရောက်တောင်းယူနိုင်ပါတယ်။ အဲ...ခုမှစမှာနော် ကဗျာက။ ကဗျာလေးရဲ့ နာမည်က

စာကြောင်းတခု

သူမ က ကျွန်တော့်ရဲ့ Subject
ကျွန်တော်ကသူမရဲ့  Object
အချစ်ကတော့ Main Verb ပေါ့
သစ္စာနဲ့ မေတ္တာ က Helping Verb
သံယောဇဉ်က Conjection
ကောင်းမွန်သော ကံတရားကသာ Situation ဖြစ်မယ်ဆိုရင်
အနာဂတ် အတွက် လုံလောက်တာမို့  Full Stop....

Wednesday, November 21, 2007

သူငယ်ချင်းသို့ ...

သူငယ်ချင်း
မင်းဘာတွေစိတ်ညစ်နေလဲ???
မင်းပတ်ဝန်းကျင်က လူတွေ စကားကြောင့်
စိတ်ညစ်နေရတယ်ဆိုရင် ဖြစ်သင့်သလား???

သူငယ်ချင်း...

မင်းသိထားဖို့က ပတ်ဝန်းကျင်ဆိုတာ
ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါကွာ
အဲဒါတွေ ခေါင်းထဲထည့်နေမယ်ဆိုရင်
မင်းအတွက် နေစရာဆိုတာ ရှိလာမှာမဟုတ်ဘူး

သူငယ်ချင်း...
မင်းကောင်းစားတုန်းက သူတို့ဘာပြောကြသလဲ???
အဲဒီ့အပေါ်မှာ မင်းသာယာနေခဲ့တယ်
အဲအချိန်မှာ မင်းသူငယ်ချင်းတွေကို မေ့နေခဲ့တယ်
မင်းကျွေးသမျှ စားပြီး မင်းကိုချီးမွမ်းကြတယ်
ဘာဆန်းလဲကွာ

သူငယ်ချင်း...
မင်းခုဒုက္ခရောက်တော့ သူတို့ဆီက
အကူအညီဘာရသလဲ???
စကားတောင် မပြောကြတော့ဘူး
မင်းဘေးနားမှာ ဘယ်သူတွေရှိနေသလဲ???

သူငယ်ချင်း...
မင်းပြန်စဉ်းစား သုံးသပ်ကြည့်ပါ
ပြီးမှ ဆုံးဖြတ်ပါ
မင်းအမှန်တရားကို တွေ့မြင်ခဲ့ပြီဆိုရင်
မင်းဒုက္ခရောက်နေတဲ့အချိန် မင်းနဲ့အတူ ရင်ဆိုင်တဲ့သူတွေသာ
ပတ်ဝန်းကျင်ဆိုတာ သိလာလိမ့်မယ်

သူငယ်ချင်း...
မင်းအတွက် စစ်မှန်တဲ့
ပတ်ဝန်းကျင်ရဖို့ ငါလေအမြဲ
ဆုတောင်းပေးနေလျက်ပါကွာ။

Monday, September 17, 2007

သူငယ်ချင်းသို့… 2

သူငယ်ချင်း ငါတမ်းတတာ
မာယာမဟုတ်
ဖြူစင်တဲ့ မေတ္တာတရား

သူငယ်ချင်း ငါလိုချင်တာ
ကျောက်မျက်ရတနာမဟုတ်
စစ်မှန်တဲ့ ခင်မင်မှု

သူငယ်ချင်း ငါမက်မောတာ
စည်းစိမ်မဟုတ်
အကြင်နာနဲ့ ဂရုဏာ

သူငယ်ချင်း ငါလောဘကြီးတာ
ရွှေငွေမဟုတ်
အမှန်တရားနဲ့ သစ္စာတရား …

Saturday, September 15, 2007

သူငယ်ချင်းသို့... 1

သူငယ်ချင်း ငါသာတန်ခိုးရှင်ဖြစ်ရင်လေ
မင်းကို လိုတရဖန်မီးအိမ်လေး ဖန်ဆင်းပေးချင်တရ်
မင်းလိုအပ်တဲ့အခါ လိုချင်တဲ့အခါ အဆင်သင့်ဖြစ်စေဖို့ ...

သူငယ်ချင်း ငါသာဖန်ဆင်းရှင်ဖြစ်ရင်လေ
မင်းကို တောင်ပံလေးတစ်စုံ တပ်ပေးချင်တရ်
မင်းကောင်းကင်မှာ လွတ်လပ်စွာ ပျံနိုင်ဖို့ ...

သူငယ်ချင်း ငါသာမှော်ဆရာဖြစ်ရင်လေ
မင်းကြောက်တဲ့အကြောင်းအရာတွေ ဖျောက်ဖျက်ပေးချင်တရ်
မင်းလောကကြီးကို ကောင်းကောင်းရင်ဆိုင်နိုင်စေဖို့ ...

သူငယ်ချင်း ငါသာဂျိုကာဖြစ်ရင်လေ
မင်းအမြဲပြုံးနိုင်ဖို့ ရီစရာတွေပြောပေးချင်တရ်
မင်းအတွက် ပျော်ရွှင်မှုတွေ ထာဝရပေးနိုင်ဖို့ ...

သူငယ်ချင်း ငါတို့တွေ ခိုင်မြဲမှုတွေ၊ ကြံ့ကြံ့ခံမှုတွေ၊ အချစ်မေတ္တာတွေ၊
လုံ့လ၀ီရိယတွေ၊ သစ္စာရှိမှုတွေနဲ့ ဘ၀ကို ပျော်ရွှင်စွာ
ဖြတ်သန်းသွားကြပါစို့ ....