Pages

Wednesday, May 9, 2012

သူတပါးထိခိုက်အောင် ဝေဖန်ခြင်း ကင်းဝေကြပါစေ...

Facebook ပေါ်မှာ သင်္ကြန်တုန်းက သရုပ်ဆောင် မင်းသမီးတယောက်ရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ ပတ်သက်လို့ တော်တော်လေး ပျံ့နှံ့ပြီး ရှုံ့ချခဲ့ကြပါတယ်... ထိုသရုပ်ဆောင် မင်းသမီးကလည်း မျက်စိပိတ် နားပိတ်မှ မဟုတ်တာ သူ့သတင်းတွေ ပျံ့နှံ့နေတာ သိမှာပါ... နောက်ဆုံး ရုပ်ရှင်အစည်းအရုံး  ဥက္ကဌ ဦးဇင်ဝိုင်းမှ ခေါ်ယူသတိပေးတယ်လို့ ဂျာနယ် တစောင်မှာ ဖော်ပြထားတာ တွေ့ရပါတယ်... ပြန်စဉ်းစားသုံးသပ်ကြည့်ရင် ထိုမင်းသမီးမှ မဟုတ်ပါဘူး တခြားအမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေဟာလည်း Facebook ပေါ်မှာ ပလူပျံနေတာကို တွေ့ကြရမှာပါ... သရုပ်ပျက် အ၀တ်အစားနဲ့ အမျိုးသမီးတွေ တော်တော်များများရဲ့ ဓာတ်ပုံကို ဘယ်လို Message ပေးချင်လို့ တင်လည်း ကျွန်မနားမလည်ပါ... အဲ့ဒီဓာတ်ပုံတွေ တင်တဲ့သူရဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းထဲက အမျိုးသမီးတွေ အဲ့လိုများ ၀တ်စားထားရင် Facebook ပေါ်တင်ကြမှာပါလား... ဒါမှမဟုတ် သူများက ရိုက်ပြီး ဒီလို Social Networking Websiteဆိုဒ်တွေမှာ တင်ထားမယ်ဆို ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်... ကျွန်မ ကာယကံရှင်တွေအစား နာလို့ ဒီပို့စ်ကို ရေးရတာ မဟုတ်ဘူးဆိုတာ ပြောပြပါစေ... ဓာတ်ပုံရိုက်တဲ့သူက သရုပ်ပျက်ဝတ်စားထားတာကို ရွေးပြီးရိုက်မယ်ဆိုရင် သရုပ်ပျက်အ၀တ်အစားနဲ့ ပျော်ပါးနေတဲ့သူတွေပဲ တွေ့မှာပါ... သင်္ကြန်မှာ သရုပ်ပျက်အ၀တ်အစား မ၀တ်ဘဲ ပျော်ကြတဲ့သူတွေလည်း ရှိပါတယ်... အဲလိုပုံတွေကော ဘယ်ချောင်ရောက်နေသလဲ...  တရားစခန်းမှာ သင်္ကြန်တွင်း တရားဝင်ကြတဲ့ လူငယ်တွေ၊ ဥပုသ်သတင်းစောင့်တဲ့ လူငယ်တွေ၊ စတုဒီသာကျွေးတဲ့နေရာတွေမှာ ကူညီနေကြတဲ့ လူငယ်တွေ သွားကြည့်ပါ ဒုနဲ့ဒေး အများကြီးတွေ့ပါလိမ့်မယ်... သင်္ကြန်မဏ္ဏပ်မှာ သရုပ်ပျက်အ၀တ်အစားဝတ်ပြီး လူငယ်တွေ ပျော်နေကြတယ်လို့ မထင်လိုက်ပါနဲ့... ရေကစားမဏ္ဏပ်အချို့မှာ ပိုက်ဆံပေးငှားပြီး အဖော်အချွတ်ဝတ်ပြီး တက်ကခိုင်းတာတွေ ရှိပါတယ်... ဒါလေးတွေကိုလည်း သတိချပ်စေချင်တာပါ...

Facebook ဆိုတဲ့ Social Networking Website က အရမ်းထိရောက်မှုရှိပါတယ်... ဘယ်လောက်ထိ ထိရောက်လဲဆို ခုနောက်ပိုင်း ဂျာနယ်သတင်းတချို့တွေမှာ Facebook ပေါ်က ဆောင်းပါးတွေ ဓာတ်ပုံတွေ အများစု တွေ့နေရလို့ပါပဲ... တချို့ဂျာနယ်တွေမှာဆို Facebook မှာ တော်တော်ပျံ့နှံ့ပြီး ကြာပြီဖြစ်တဲ့ သတင်းဆောင်းပါးတောင် ပါလာတာကို တွေ့ရပါတယ်... ခုဆို သင်္ကြန်အဖော်အချွတ် အ၀တ်အစားနဲ့ ပျော်ခဲ့ကြတဲ့ သရုပ်ဆောင် မင်းသမီးနဲ့ အခြား အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို စီးပွားရှာသူ လူတစုက အခွေထုတ်ပြီး မီးပွိုင့်တွေမှာ ရောင်းနေတာတွေ့တော့ အခွေထုတ်ရောင်းတဲ့သူရဲ့ စိတ်ဓာတ်ကို တော်တော်လေးရှုံ့ချမိပါတယ်... မင်းသမီးဆိုတာ သူများနဲ့မတူဘူး ကောင်းတာလုပ်တာရော မကောင်းတာလုပ်တာရော ပရိတ်သတ်သိတယ် သူ့ထိုက်နဲ့ သူ့ကံသွားလိမ့်မယ်...ဒါကို အခွေထုတ်စီးပွားရှာတာတော့ မကောင်းပါဘူး... ဒါအပြင် အခြားကာယကံရှင်တွေရဲ့ မိဘဆွေမျိုးအသိုင်းအ၀ိုင်းများ မြင်ရင် ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကလေးများ တွေးမိရင် ဒီလိုအခွေထုတ်အမြတ်ရှာစရာ မလိုပါဘူး... ကျွန်မ အခွေမြင်တည်းက ပြောချင်ပေမဲ့ မျက်စိမှိတ်နေလိုက်မိတယ်... ခုတော့ သတင်းတခုဖတ်လိုက်မိတဲ့အချိန်မှာ အခွေထုတ် အမြတ်ရှာတဲ့ လူတစုကော ဒီသတင်းကို ဖတ်လိုက်ရရဲ့လားလို့ မေးချင်နေမိပါတယ်...

ဂျာနယ်တခုရဲ့ Status မှာ တွေ့လိုက်ရတာပါ... သင်္ကြန်တွင်းမှာ အဖော်အချွတ်အ၀တ်စားနဲ့ နာမည်ကြီးနေတဲ့ သရုပ်ဆောင် မင်းသမီးရဲ့ ဖခင် ကိုယ့်ကိုယ်ကို သေကြောင်းကြံ... အိမ်သားများ စောလျှင်စွာ သိ၍ အသက်မသေ... ထိုသတင်းအား အတည်ပြုချက် မရရှိသေးဆိုပြီး ဖတ်လိုက်ရတော့ တော်တော်လေး စိတ်ထိခိုက်မိပါတယ်... ဓာတ်ပုံရိုက်တဲ့သူတွေရော၊ စီးပွားရှာတဲ့သူတွေကတော့ ပြောကြပါလိမ့်မယ် သူ့ဘာသာ သေကြောင်းကြံတာ ငါနဲ့ မဆိုင်ဘူးဆိုပြီး ဘယ်သူနဲ့ ဆိုင်တယ် မဆိုင်တယ် မပြောချင်ပေမဲ့ ကိုယ်သာ ဖခင်တယောက်နေရာမှာဆို ဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာကြည့်စေချင်တာပါ...

No comments: