Pages

Showing posts with label စားသောက်ဖွယ်ရာ. Show all posts
Showing posts with label စားသောက်ဖွယ်ရာ. Show all posts

Wednesday, February 6, 2008

မွေးနေ့ပွဲလေး

ခုတလော မီးလေးအလုပ်မအားတာကြောင့် ဘလော့ဂ်အိမ်ယာလေးနဲ့ ခေတ္တဝေးနေခဲ့ပါတရ်... ဘလော့ဂ်လေးနဲ့ ဝေးနေပေမဲ့ စိတ်ထဲတော့ အမြဲမပျက်နေရာယူထားဆဲပါပဲ... ဒီအတောအတွင်းမှာ မွေးနေ့ပွဲလေးလုပ်ပေးဖို့ စိတ်ကူးထားပေမဲ့ မလုပ်ပေးနိုင်ခဲ့ဘူး... ပြန်ရောက်ရောက်ရောက်ချင်းပဲ မွေးနေ့ပွဲလုပ်ဖို့ ချက်ချင်းစီစဉ်ရတာပေါ့.. တယောက်တည်းလုပ်ရတာဆိုတော့ သိပ်အများကြီးလည်း မလုပ် ပေးနိုင်ဘူးလေ... စိတ်ထဲမှာတော့ အများကြီးလုပ်ပေးချင်နေတာ အမှန်ပါ ယုံနော်(မယုံရင်တော့ ပုံပြင်လို့မှတ်)... မွေးနေ့ရှင်လေးက ဘယ်သူဖြစ်မယ်ထင်လဲ....
သူလေးကတော့ ၀က်သားတုတ်ထိုးတွေ ဗန်းလိုက်ကျွေးလိုက်၊ တော်ကြာ တမျိုးလုပ် ကျွေးလိုက်နဲ့... မီးလေးနဲ့သူနဲ့ chattingလုပ်တုန်းက မီးလေးမွေးနေ့ကို ဒီဇင်ဘာလို့ ရိုက်လိုက်မိတာ(မီးလေးကိုယ်တိုင်လည်း မှားမှန်းမသိပါ)... ဒီဇင်ဘာလ ၂၂ရက်နေ့မှာ မီးလေးမွေးနေ့ပွဲလေးကို မှတ်မှတ်ရရ လုပ်ပေးထားလို့ ၀မ်းသာကြည်နူးဖြစ်ခဲ့ရပါတရ်... အဲတော့မှ Chat Mail ပြန်စစ်မှ မှားရိုက်ထားမှန်းသိခဲ့ရတရ်... မီးလေးမွေးလ စက်တင်ဘာလို့ ပြန်ပြောင်းပြောရင်း ရင်ထဲမှာ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရပါသေးတရ်... သူလေးက ခုတလော နိုင်ငံပြောင်းသွားလို့ နေသားမကျသေးတာကြောင့် ပို့စ်လေးတွေ ဝေးနေပေမဲ့ မှန်မှန်ရေးနေတဲ့ ချစ်ညီမလေး အလွမ်းအိမ်ရဲ့ မွေးနေ့ပွဲလေးပဲ ဖြစ်ပါတရ်...

ကဲ စလိုက်ကြရအောင်နော်... အင်ထရိုတွေများနေပီ... မီးလေးနဲ့အတူတူ ၀ိုင်းဆုတောင်းပေးကြရအောင်နော် ... ဒါလေးက ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ရှင်လေး အလွမ်းအိမ်အတွက် မွေးနေ့ကိတ်


ဒါကတော့ မွေးနေ့လက်ဆောင်ဘာပေးရင် ကောင်းမလဲ... ၀က်ဝံရုပ်လေးပဲ ပေးတော့မယ်နော်...


နောက်လက်ဆောင်တခုက ခုတယောက်တည်းဖြစ်နေတဲ့ အလွမ်းအိမ်လေး အဖော်ရအောင်လို့ စီစဉ်ထားတာ...


မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စိတ်နှင့် ဆန္ဒတထပ်တည်းကျ၍ ကျန်းမာပျောရွှင်စွာဖြင့် လိုရာပန်းတိုင်သို့ ရောက်လှမ်းနိုင်ပါစေ...

Monday, January 21, 2008

သွားရည်ကြကျမရ်...

ကိုအောင်မျိုးဟန်က Summit Park View မှာ စားလာတာတွေ ကျွေးဖို့ တောင်းဆိုလာလို့ အားလုံးစားရအောင် တင်ပေးလိုက်ပါတရ်နော်... ကျွေးဖို့အစီအစဉ်ကရှိပြီးသားပါ မီးလေးပျင်းနေတာရယ်၊ မအားတာရယ်ကြောင့် မတင်ဖြစ်သေးတာ အကိုတော်ကြီးက Chattingမှာ တနင်္လာနေ့ကျရင်ကျွေးဆိုလို့ အမိအရ တင်ပေးလိုက်ပါတရ်...
ဒါက ထောပတ်ထမင်းနဲ့ ကော်ရည်ဟင်းချို သင်တန်းဒုတိယရက်မှာ ကျွေးတာပေါ့...
နည်းနည်းတော့ မှောင်သွားတရ်... အရိုးမပါလို့ စားလို့ရမယ်ထင်ပါ့...
လာမယ်နောက်တမျိုး။ ဒါက မဆလာမွှေးမွှေးလေးနဲ့ချက်ထားတဲ့ ကြာက်သားဟင်း....

တတိယရက်မှာက မြန်မာအစားအစာ ကျွေးတယ်ဗျ... သင်တန်း၅ရက်မှာ အစားကောင်းဆုံးနေ့ပဲ...
ခရမ်းသီးချက်နဲ့ တို့စရာ၊ ဂေါ်ဖီပန်းပွင့် ကြက်သား၊ ဆိတ်သား...

နောက်ဆုံးနေ့က က တရုတ်အစားအစာ ဟီး သူများတွေ သွားရည်ကျအောင်လုပ်နေတာ.....

နောက်တမျိုးက ငါးမှန်း၊ ကြက်သားမှန်းမသိအောင် ချက်ထားတဲ့ ငါးဟင်း ...

ဟင်းတွေကတော့ ရိုက်လာတာ အီကုန်ပဲ... ကျန်တဲ့ဟင်းတွေလည်း အများကြီးရှိသေးတယ်...
နောက်ထပ်ရှိသေးတယ်၊ ထမင်းစားပြီးရင် တည်းဖို့ အချိုပွဲ၊ အချိုပွဲကတော့ နည်းနည်းပဲ ရိုက်လာခဲ့ရတယ်... များများရိုက်လာရင် သွားရည်ပိုကျမှာစိုးလို့... :D

ကဲ ပုံတွေတော့ကုန်ပြီ... ဖြည်းဖြည်းကြည့်နော်... သွားရည်ကျကုန်လိမ့်မယ်... ဟီ ဟိ
ချိတ်ချိုးနဲ့နော်... တူများက ရှစ်လို့ နောက်တာ...

Monday, December 31, 2007

New Year Party!








New Year Party ကို ကြွရောက်ချီးမြှင့်ပေးကြတဲ့ နက်လှိုင်းပေါ်က သူငယ်ချင်းအားလုံးမင်္ဂလာပါ....
နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားကြရအောင်...........
နှစ်သစ်မှာ အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ...
ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ကြပါစေ....
နှစ်သစ်မှာ နက်ကြီးလည်း နှာစေး၊ ချောင်းဆိုး၊ ကြက်ငှက်တုတ်ကွေးမဖြစ်ပဲ ကောင်းကောင်းသုံးရပါစေ...
နှစ်သစ်မှာ ကွန်ကြီးလည်း ခဏခဏမပျောက်ဘဲ အမြဲပေါ်နိုင်ပါစေ....

ပြင်ထားတာတွေကအများကြီးပဲ အ၀စားကြနော်...
ခွင့်တောင်းလာတဲ့ အကိုတော်တွေ အတွက်... မူးပြီးမှ ပြန်ရမယ်နော်...
ခွင့်မတောင်းလာတဲ့သူတွေနဲ့ မိန်းကလေးတွေအတွက် အချိုရည် စက်လိုက်ချထားပေးတယ်နော် ကြိုက်သလောက်သောက် မမူးစေရဘူး...

ကဲသောက်လည်းသောက် စားလည်းစားပေါ့နော်... အစိမ်းတွေနော် ကင်ရသေးဝူး... ကင်ပေးမဲ့လူ ခေါ်ထားတယ်...




Saturday, October 27, 2007

သီတင်းကျွတ် ကန်တော့မယ်...

ဒီနှစ်သီတင်းကျွတ်က သစ်သီးတွေပေါတယ်ထင်တယ်။ တော်တော်များများ သစ်သီးခြင်းတွေ ကန်တော့ကြတယ်။ မီးလေးလည်း ကိုယ့်ရဲ့ စီနီယာကျတဲ့ ဘလော့ဂ်ဂါမောင်နှမတွေနဲ့ မီးလေးဘလော့ဂ် အတွက် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြတဲ့ မောင်နှမများနဲ့ ဘလော့ဂ်သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေကိုလည်း သစ်သီးခြင်းတွေနဲ့ ဂါရ၀ပြုလိုက်ပါတယ်နော် ...


Saturday, September 22, 2007

မွေးနေ့ပွဲ

ဒီနေ့ကမီးလေးရဲ့ မွေးနေ့လေးပါ။ မီးလေးရဲ့မွေးနေ့ပွဲကို သူငယ်ချင်းတွေပို့ပေးတဲ့(ပုံတွေမှာ တကယ့်ကိတ် က ခဏနေမှရောက်မယ် အချိန်မီရင် တင်ပေးမယ်နော်) ကိတ်တွေနဲ့ မွေးနေ့ပွဲလုပ်ထားပါတယ်။
တိုက်ဆိုင်တာလေးတစ်ခုပြောရဦးမယ်။ ဒီနေ့ဟာ မီးလေးရဲ့ နှစ်ဆယ့်တစ်နှစ်မြောက် မွေးနေ့ဖြစ်သလို၊ ဘောလုံးသမား ရောနယ်လ်ဒိုရဲ့ သုံးဆယ့်တစ်နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့က friendship day လည်းဖြစ်ပါတယ်။ ဒါကြောင့် ဘလော့ဂ်ညီအစ်ကို မောင်နှမများနဲ့ အတူတူ မွေးနေ့ပွဲကျင်းပဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။ မွေးနေ့ပွဲကို တက်ရောက်ကြသော ညီအစ်ကို မောင်နှမများအား ကျေးဇူး အထူးပင်တင်ရှိပါသည်။ အချိန်မရ လိုက်ပါသဖြင့် ဖိတ်ကြားဖို့ ကျန်ခဲ့တဲ့သူများအားလည်း တောင်းပန်ပါတယ်။ အ၀စားကြနော်။ မလောက်ရင် ထပ်ကျွေးမယ်။ နင်နေမှာစိုးလို့ ရေခဲမုန့်လည်း စားသွား၊ အသီးတွေလည်း စားသွားကြနော်။ ပြီးရင် မကောင်းဘူးတော့ မပြောပါနဲ့နော်။ ဆုလည်းတောင်းပေးဦး။ ဟီး ..ဟီး