ခုလတ်တလော မီးလေး ဖြစ်နေတာတွေနဲ့ တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတယောက်ပို့ပေးတဲ့ Forward မေးလ်ကို ပြန်လည်မျှဝေလိုက်ပါတယ်...
ထိုင်ဝမ်လေဒီယိုလိုင်း hinet က ထုတ်လွှင့်ခဲ့ဖူးတဲ့ "အကောင်းဖက်ကို တွေးပါ" ဆိုတဲ့ ကစားနည်း အစီအစဉ်ဖြစ်ပါတယ်။ ကစားနည်းက အောက်ပါအတိုင်းဖြစ်ပါတယ်။
မေမေ.... ဒီနေ့ကျောင်းတက်တော့ အိတ်ထဲက ပိုက်ဆံ(၁ဝ) မတွေ့တော့ဘူး။ အကောင်းဖက်ကို တွေးပါ။
သား...... တော်သေးတယ်.. ပိုက်ဆံ (၁ဝဝ) မဟုတ်လို့..
ဖေဖေ.... ကောက်ရတဲ့သူတော့ ပျော်နေမှာပဲ
မေမေ.... ကျောင်းဆင်းခါနီး မိုးကြီးကြီးရွာချလာတယ်။ အကောင်းဖက်ကို တွေးပါ
သား...... တော်သေးတယ်။ ဦးလေးအိမ်က ကျောင်းနဲ့နီးလို့
မေမေ.... စာတွေအသင့်ပြင်ပြီး ကြိုးစားဖြေခဲ့တဲ့ စာမေးပွဲက ထင်သလောက်
အမှတ်မကောင်းခဲ့ဘူး။ အကောင်းဖက်ကို တွေးပါ။
သား...... တော်သေးတယ်။ အတန်းတင် စာမေးပွဲ မဟုတ်ခဲ့လို့
ဒီကစားနည်းက စိတ်ဝင်စားစရာကောင်းသလို နားထောင်သူ ရင်ကိုလည်း ကြည်နူးစေတယ်။ အဖြစ်အပျက်တစ်ခုမှာ ကောင်မလေးတစ်ယောက် သူနှစ်သက်တဲ့ နာရီပျောက်သွားခဲ့လို့
မစားနိုင်၊ မအိပ်နိုင်၊ စိတ်ထဲတနုံနုံနဲ့ မပျော်နိုင်ဖြစ်ခဲ့တယ်။
အဲဒီမှာ ဖာသာတစ်ဦးက "တကယ်လို့ တနေ့မှာ မတော်တဆ ငွေ(၁)သိန်း ကျပျောက်သွားတယ် ဆိုပါစို့။ နောက်ထပ် (၂) သိန်း အပျောက်ခံဦးမလား"လို့ ကောင်မလေးကို မေးတော့ သူက "အပျောက်မခံတော့ပါဘူး"လို့ ဖြေတယ်။
ဖာသာက ဆက်ပြီး "ဒါနဲ့များ ဘာဖြစ်လို့ နာရီတစ်လုံးပျောက်တာနဲ့ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို (၂)ပတ် အပျောက်ခံလိုက် ရသလဲ? ပြီးတော့ ကိုယ့်ကျန်းမာရေးပါ အဆစ်ပေးလိုက်ရသလဲ" လို့ မေးခဲ့တယ်။
အဲဒီအချိန်ကျမှ ကောင်မလေးက အိပ်မက်က လန့်နိုးလာသူတစ်ယောက်ကို ကုတင်ပေါ်က အမြန်ခုန်ချပြီး "ဟုတ်တယ်.. ကျွန်မထပ်နစ်နာလို့ မဖြစ်တော့ဘူး။
ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေ အပျောက်ခံလို့ မရတော့ဘူး။ နာရီနောက်တစ်လုံး ထပ်ဝယ်နိုင်အောင် ကြိုးစားမယ်" လို့ ပြောခဲ့တယ်။
ဘဝက ဒီလိုပါပဲ!
ရှုံးတဲ့အချိန်ရှိသလို နိုင်တဲ့အချိန်လည်းရှိတယ်။ မှန်မှန်ကန်ကန်နဲ့ ရှင်သန်မယ်။
ဒါမှ ဘဝပီသတယ်။ လူတစ်ချို့က အမှန်တကယ် ဖြစ်ပျက်တာကို လက်မခံနိုင်တတ်ကြဘူး။
အဲတာကြောင့်ပဲ ရှုံးပြီးရင်း ရှုံးခဲ့ကြရတယ်။
Positive thinking က လူအများကို အပြစ်တင်စရာမလိုဘူး။
Positive thinking က စိုးရိမ်ကြောင့်ကျမှုတွေ မခံစားစေဘူး။
Positive thinking က ပျော်ရွှင်ခြင်းကို အနားကမခွါစေဘူး။
Positive thinking က ပူဆွေးသောကကို လမ်းကြောင်းလွဲပေးတယ်။
Positive thinking က ညှိုးနွမ်းတဲ့စိတ်ကို လန်းဆန်းမှုတွေပေးတယ်။
Positive thinking က ပြုံးရွှင်ဖော်ရွေတဲ့ အကျင့်စရိုက်ကိုပေးတယ်။
Positive thinking က အသစ်တစ်ဖန် ထရပ်ဖို့ အင်အားတွေပေးတယ်။
Positive thinking က အဆုံးမရှိတဲ့ မျှော်လင့်ချက်တွေပေးတယ်။
အားလုံးကို ကစားနည်းလေး ဝေမျှလိုက်ပါတယ်။ ကိုယ်နေထိုင်တဲ့ဘဝ၊ ရောက်နေတဲ့အရပ်က
အခက်အခဲတွေကို ဒီကစားနည်းကို ကစားရင်း နေ့သစ်များနဲ့ ပွေ့ဖက်နိုင်ပါစေလို့...
(စာကြွင်း.... မနိုင်းနိုင်းစနေထံမှ ကူးယူဖော်ပြပါသည်)
Showing posts with label တွေးမိတွေးရာ. Show all posts
Showing posts with label တွေးမိတွေးရာ. Show all posts
Sunday, August 23, 2009
စိတ်ပျော်ရွှင်တဲ့ ကစားနည်း
Labels:
တွေးမိတွေးရာ
Sunday, August 9, 2009
ရောက်တတ်ရာရာ
မနက်အိပ်ယာက နိုးပြီဆိုတာနဲ့ မထခင် အရင်ကောက်ကိုင်လိုက်တာက ဖုန်းပါ..."Mei Lay now get up and Good Morning!" လို့ မနက်တိုင်း ပုံမှန် တာဝန်ထမ်းဆောင်ပေးနေတဲ့ SMS Service က အလုပ်မလုပ်ဘဲ phone screen မှာ Sending Failed ဆိုပြီး လာပေါ်နေတယ်... ဖုန်း Memory ကလည်း ပြည့်တော့မယ်ဆိုတော့ အဲဒါကြောင့် ထင်ပြီး Inbox က မေးလ်တွေဖျက်၊ မေးလ်တွေသာ အကုန်ကုန်သွားတယ် မေးလ်ကပို့မရသေးဘူး... Sending Failed
က တောက်လျှောက် ပေါ်နေတာပေါ့ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိဘူး...
တနေကုန် ပို့သမျှ SMS တွေ အဲလိုချည်း ဖြစ်နေတော့ အတော်လေး စိတ်ပျက်သွားတယ်... နောက် သူငယ်ချင်းတယောက်ဆီက ဖုန်းဝင်လာတယ်.... မီးလေးရေ SMS စင်တာ နံပါတ်တွေ ပြောင်းလို့ SMS ပို့လို့မရဘူးတဲ့... ပြောင်းသွားတဲ့နံပါတ်တော့ မသိသေးဘူး နင်သိရရင် ငါ့ကို ပြန်ပြောပေးပါဟာတဲ့...ဒွတ်ခပဲ ( ကိုယ့်ဘာသာတောင် ပို့လို့မရလို့ စိတ်ညစ်နေတာ ) သူ့ကို ပြောဖို့ဆို ပိုဝေးပြီပေါ့... အမှန်ဆို စင်တာနံပါတ်ပြောင်းတယ်ဆိုလည်း ကြေငြာပေးရမှာပေါ့... ခုတော့ ကိုးနတ်ရှင်တွေ အဲလေ ကော်နက်ရှင်တွေ ပျက်ကုန်ပါပီ...
အီး အီး အိ
ခုချိန်ထိတော့ မက်စေ့စင်တာချိန်းသွားတဲ့ နံပါတ်ခုထိ သိရသေးပါဝူး... သိရရင် ပြောပြပေး ကြပါဦးနော်... ဒီနေ့ကို ဘာဖြစ်နေမှန်းမသိတာ တကယ်ပါ... မီးလေးအစ်ကိုရဲ့ မိန်းမက လွန်ခဲ့တဲ့ ၃ပတ်က ကလေးမွေးပါတယ် (ယောင်္ကျားလေး)... မီးလေးအစ်ကိုက ကျောက်မြောင်းမှာ နေတာပေါ့... ခုတော့ သူ့မိန်းမကလေးမွေးလို့ မီးလေးတို့နဲ့ လာနေတယ်လေ... မီးလေးက ကျွန်းသူလေ ကျွန်းမှာနေတယ်... ဟတ် ဟတ်
တာမွေရောက်မှ အိမ်သော့ကျန်ခဲ့လို့ဆိုပြီး ပြန်လာရတယ်... အိမ်မှာ နားမီးပူးတိုက်စိုးလို့ ငြိမ်ကုပ်ပြီး နေရတယ်... သြော်-ဆူတယ်ဆိုတာက အစ်ကို့မိန်းမက အစ်ကို့ကို နားမီးပူတိုက်တာကို ပြောတာနော်... မီးလေးအစ်ကိုက အိမ်ရောက်ရင် ဘာမှမပြောနဲ့ ငြိမ်ငြိမ်နေတဲ့ မီးလေးကို ပါးစပ်ပိတ်ခဆိုပြီး ခေါက်ဆွဲသုပ် (၃၀၀တန်) ၀ယ်ကျွေးတယ်... ခေါက်ဆွဲစားတာ မှားပါတယ် ကြည့်ပါဦး မသာကာ ကြေးအိုးလောက်ဆို တော်သေး (ရှုး...တိုးတိုးကိုစိတ်ထွက်ပေါက် သွားမပြောနဲ့ ကြေးအိုးဝယ်ကျွေးခိုင်းတာ ခုထိဝယ်မကျွေးသေးလို့ဆိုပြီး လာသတ်လိမ့်မယ်...
) ... သြော်-မီးလေး မီးလေး နင်ကြောက်ရမယ့်သူတွေကလည်း များလှချည်လား...
တော်ပြီ အိပ်တော့တာပဲ ကောင်းတယ်...![]()
![]()
![]()
![]()
![]()
Labels:
တွေးမိတွေးရာ
Tuesday, January 27, 2009
မီးလေး ပြန်ရောက်ပီ
မီးလေးခုတလော ပျောက်ချက်သားကောင်းဆို ဇန်န၀ါရီလ ၄ရက်နေ့ထဲက စီပုံးတွေကော ပို့စ်တွေကော တင်မရ၊ ရိုက်မရဖြစ်နေတယ်လေ... လွတ်လပ်ရေး နေ့အတွက် ရေးထားတဲ့ပို့စ်တောင် မတင်လိုက်ရဘူး။ Publish post လုပ်လိုက်တာနဲ့ ERROR 403 ပဲ တက်တက်လာပြီး ဘာမှ လုပ်မရခဲ့ဘူး။ စီပုံးမှာ ရေးပြီး post လုပ်ပြန်တော့ ERROR 403ပဲ နှစ်ရက်သုံးရက်ဆက်တိုက် ပို့စ်ကြိုးစားပြီး တင်ကြည့်သေးတယ်။ ဒါပေမဲ့ ထူးမလာဘူး။ ဒါနဲ့ မီးလေးလည်း ပစ်ထားလိုက်တယ်။ သူငယ်ချင်းတွေရဲ့ အိမ်ကို ရောက်ပါတယ်။ ဒါပေမဲ့ စီပုံးမှာ ရိုက်မရလို့ အသံမပေးဘဲ ပြန်လာခဲ့ရတာပါ။ ဦးလေး နာရေးကိစ္စနဲ့ အောင်လံကို သွားပြီးပြန်ရောက်တော့ ရမရ ၀င်ကြည့်လိုက်ပါဦးမယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင်ပြီး မီးလေးရဲ့ စီပုံးမှာ စာရိုက်ကြည့်တယ်။ post ခလုတ်ကို နှိပ်ပြီးချိန်ကစပြီး ဘုရားစာတွေ တောက်လျှောက်ရွှတ်နေမိတယ်။ posting ဆိုတာမြင်နေရင်းပေါ့ ကံကောင်းစွာနဲ့ စီပုံးမှာ စာလေးတက်သွားတော့ ပို့စ်တင်ဖို့ ကြိုးစားကြည့်မယ်ဆိုပြီး ဒီပို့စ်လေးနဲ့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။ “အားလုံး မင်္ဂလာပါ”
ပို့စ်ပြန်တင်လို့ရပြီဆိုတော့ ပို့စ်တွေ ပုံမှန်အတိုင်း ပြန်တင်သွားဖို့ရှိပါတယ်။ မတင်ဖြစ်သေးတဲ့ ပို့စ်တွေရောပေါ့။ အားလုံးက သတိတရနဲ့ လာလည်ကြလို့ ၀မ်းသာကြည်နူးမိသလို အားလုံးကို ကျေးဇူးတင်ပါတယ်။ မီးလေးကို စိုးရိမ်တကြီး နေမကောင်းဘူးလားလို့ မေးတဲ့သူတွေအတွက် မီးလေးနေကောင်းပါတယ်။ နေမကောင်းတာက Web Browser လို့ ပြောရမလိုဖြစ်နေတယ်... connection ကောင်းကောင်းနဲ့ error မတက်ဘဲ အဆင်ပြေပြေ ပို့စ်တင်နိုင်ဖို့ ဆုတောင်းရင်း.....
Labels:
တွေးမိတွေးရာ
Sunday, August 31, 2008
တစ်နှစ်ပြည့်ပြီ...
မီးလေးဘလော့ဂ် ဘာလိုလိုနဲ့ Aug 21က တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ...
မီးလေးဆီကို လာလည်ကျတဲ့ ဘလော့ဂ်ဂါ အကို၊ အမ၊ ညီလေး၊ ညီမလေးများ အားလုံးနဲ့ သည်းခံပြီး လာဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံးကို ဦးစွာပထမ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်...
ဒီဘလော့ဂ်လေး ဖန်တီးခဲ့စဉ်က မအားတဲ့ကြားက အစစအရာရာ ကူညီပံ့ပိုးပေးတဲ့ မီးလေးရဲ့ ချစ်သူ...
ဒီကြားထဲမှာ မအားတော့လို့ ဘလော့ဂ်ကို သိပ်မသွားဖြစ်၊ ပို့စ်တွေလည်း သိပ်မရေးဖြစ် ဖြစ်ခဲ့ချိန်မှာ မီးလေးက ဘလော့ဂ်လေးကို ဖျက်ဖို့စဉ်းစားနေခဲ့စဉ် သူရဲ့ အားပေးကူညီမှုကြောင့် ဒီနေ့ အထိ ဘလော့ဂ်သက်တမ်း ရှိလာခဲ့တာပါ...
ဒါကြောင့် မီးလေးရဲ့ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်...
ဘလော့ဂ်စရေးစဉ်အခါက မြန်မာစာဖောင့်မရေးတတ်လို့ မတောက်တခေါက် အင်္ဂလိပ်လိုနဲ့ စတင်ရေးခဲ့ချိန်မှာ မြန်မာစာဖောင့်ရေးနည်းနှင့်တကွ လိုအပ်ချက်များအား လမ်းညွှန်ပြောပြပေးတဲ့ zeRoTraSh ကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း...
ကိုရန်အောင်၊ ကိုမောင်လှတို့ရဲ့ ဘလော့ဂ်တွေကနေ ဘလော့ဂ်ရေးနည်းတွေ သိမှတ်ခဲ့ရ လို့လည်း ဒီနေ့ဒီလိုဖြစ်လာရတာပါ...
ပညာတွေဖြန့်ဝေပေးတဲ့ ဘလော့ဂ်များအားလုံးလည်း အားလုံးထက်သာတဲ့ ပညာရှင်ကြီးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...
ဘလော့ဂ်လေး အဆင်ပြေချောချောမွေ့မွေ့ဖြစ်အောင် ၀ိုင်းဝန်ပံ့ပိုးပေးကြသော ဘလော့ဂ်ဂါများ အားလုံးနှင့်တကွ ကျန်ရှိနေသေးသော ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင် ရှိပါကြောင်း...
နောက်များလည်း ဆက်လက်အားပေးကြပါဦး...
ဆက်၍ကြိုးစားပါဦးမည်....
Labels:
တွေးမိတွေးရာ
Monday, December 10, 2007
မီးလေးနဲ့ ဒုက္ခပေါင်းများစွာ
သြော်...ဒုက္ခ...ဒုက္ခ
မီးလေးမှမဟုတ်ပါဘူး လူတိုင်းလူတိုင်းခံစားရမယ်ထင်ပါတရ်။ မနေ့က Seminar တခုမှာ MC လုပ်ပေးဖို့ရှိလို့ ကမန်းကတန်း အပြေးအလွှား ရေချိုးမယ်လည်း လုပ်ရော အေးစက်နေတဲ့ရေက ကျနေတဲ့ မြူတွေကို ပြောင်နေ သယောင်.... ဒါနဲ့ အချမ်းပြေအောင် ရေတင်ပြီးချိုးမယ်ဆိုပြန်တော့လည်း မီးကပျက် တော်သေးရဲ့ ညက ရေတင်ထားလို့ နို့မဟုတ်ရင် ခ်ျိုးစရာရေတောင်ရှိမှာမဟုတ်ဘူး။ နောက်ဆုံးတော့လည်းရှိတဲ့ ရေပဲချိုးရတော့ တာပေါ့။
ဆောင်းတွင်းနံနက်ခင်းမှာ မီးမလာလို့ ညသိပ်ရေကို ချိုးရတဲ့ဒုက္ခ...
Seminar က ပြန်ထွက်လာတော့ နေ့လည် တစ်နာရီ တီးပြီးပြီလေ။ မနက်ပိုင်းမီးပျက်ရင် နေ့လည် ၁၁နာရီ မီးပြန်လာမှာကိုး။ အိမ်အပြန်မှာ အိမ်ရောက်ရင် ဘယ်ကားကြည့်ရင်ကောင်းမလဲပေါ့။ အိမ်တောင်မ၀င်ရ သေးဘူး တလမ်းလုံးတိတ်ဆိတ်နေတာပဲ။ နို့မဟုတ်ရင် တနင်္ဂနွေနေ့လည်ဆို အိမ်တိုင်းက မြန်မာအသံဖွင့်လို့ ရုပ်ရှင်လာသံကြားနေကြလေ။ အိမ်လည်းရောက်ရော မီးမလာသေးဘူးတဲ့။ မေမေက မီးလေး ရေချိုးသွားတာ ရေကုန်ကာနီးနေပြီမို့ သူတောင် ရေမချိုးရသေးဘူးတဲ့လေ။ ဘယ်လိုဖြစ်တာတုန်း ၁၁နာရီထိုးလာရမှာ။ စိတ်ကိုဒုန်းဒုန်းချပြီး တီဗွီမကြည့်ရလည်း MP3နားထောင်မယ်ဆိုပြီး earphoneကို နားမှာတပ်ပြီး ဖွင့်လိုက် ရင်ပဲ ဘာသံမှ မကြားရဘူး။ ဘာဖြစ်တာလဲပေါ့ သေချာလည်း ကြည့်လိုက်ရော charging ကုန်သွားတော့ ဒေါင်း သွားပြီလေ။ စိတ်ပျက်လက်ပျက်နဲ့ပဲ ကုတင်ပေါ်လှဲချလိုက်တာ အိပ်ပျော်သွားပါလေရော။
မီးမလာရင် သိပ်ပျင်းစရာကောင်းတာပဲ ဘာမှလုပ်လို့မရတဲ့ဒုက္ခ...
အိပ်ရာကနိုးတော့ ၄နာရီထိုးပြီးသွားပြီ မီးလာလားလို့ ကမန်းကတန်း မီးဖွင့်ကြည့်လိုက်တော့ ၀မ်းနည်းစရာ ကောင်းစွာပဲ မီးကလင်းမလာခဲ့။ တီဗွီရှေ့ကိုရောက်တော့ မီးမလာတာ ငါအနားရတယ်ကွလို့ လှောင်နေသ ယောင်။ ဒါနဲ့ မျက်နှာသစ်၊ အပြင်ထွက်ပြီး မုန့်စား၊ လုပ်စရာမရှိတော့ အိမ်လျှောက်လည်တာပေါ့။ ညနေ ၆နာရီ ၁၀မိနစ်မှာမီးပြန်လာတယ်။ ဒါနဲ့ အဒေါ်အိမ်ကနေ အိမ်ကို အပြေးအလွှားပြန်လာတာပေါ့။ မီးလေးတို့အိမ်နဲ့က မျက်စောင်းထိုးပါ။ အိမ်ပေါ်ရောက်ရောက်ချင်း ရေအရင်တင်မယ်ဆိုပြီး ပလတ်ထိုးရုံပဲရှိသေးတယ် မီးပျက်သွား ပါလေရော။ နေ့လည် ၁၁နာရီလာရမှာ ညနေ၆နာရီကျော်မှလာတယ်။ လာတောင်မလာသေးဘူး ပြန်ပျက်သွား တယ် ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ။ အပြင်မှာ ဆူညံဆူညံအသံကြားလို့ထွက်ကြည့်တော့။ မီးလေး တို့နားက အိမ်တွေပဲပျက်တာ တစ်လမ်းလုံးအကုန်လာပြီး မီးလေးတို့နားပဲ ပျက်တာဆိုတော့ ခဏစောင့်ကြည့် လိုက်တယ်။ နောက်မနေနိုင်တဲ့အဆုံး EPC ကို ဖုန်းဆက်ရတော့တာပေါ့။ လေးခါလောက်ဆက်ပြီးမှ ၆နာရီ ၅၀မှာ မီးပြန်လာတယ်။ ဖြူးစ်ပျက်သွားလို့ပါတဲ့ မီးလေးသာ မဆက်ရင် သူတို့လည်း စစ်ဖြစ်မှာ မဟုတ်ဘူး။ ဒါဆို ဘယ်အချိန်ထိအောင် ပျက်မလဲမသိဘူး။ ဒါနဲ့ မီးပြန်လာတော့ EPCရုံးကို ပြန်ဆက်ရတာပေါ့။ ကျေးဇူး တင်ကြောင်း ဘာညာသာတကာပေါ့။
မီးပျက်တိုင်း EPCကို ခဏခဏဆက်ရတဲ့ ဒုက္ခ... မီးလေးကို သူတို့တွေ အသံတောင် မှတ်မိနေလောက်ပြီ... :)
ဒီနေ့မနက် ရုံးသွားဖို့ အိပ်ရာကထတော့ ထုံးစံအတိုင်း မီးကပျက်နေလေရဲ့ အမှန်ဆို ဒီနေ့မနက်က လာရမယ့် အလှည့်ပါ။ ဒါနဲ့ပဲ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး အေးစက်နေတဲ့ရေကို အံတုချိုးပြီး ရုံးကို ထွက်လာခဲ့တယ်။ ရုံးရောက်ရောက်ချင်းပဲ ဘလော့ဂ်ကို သွားမယ်ဆိုပြီး ဖွင့်လိုက်တာ Fail connectတဲ့ ကိုင်း ဘာလုပ်သင့်သလဲ။ တော်ကြာနဲ့ ကွန်နက်ရှင် ပြန်ရပြန်ပြီ ၀င်လိုက် ပြုတ်လိုက်နဲ့ သံသရာလည်နေတာ ခုညနေထိဆိုပါတော့။ ဘလော့ဂ်မရပြန်တော့လည်း တော့ပ်ရတော့ သယ်ရင်းတွေနဲ့ လေပစ်မလားအောက်မေ့တယ်။ စာရိုက်လိုက် စာတွေအနီပြောင်းသွားလိုက် ဘာလဲဟပေါ့ ကျေးဇူးရှင်ကွန်နက်ရှင်က connection ဆိုပြီး ခဏခဏ ပြန်လုပ်နေလေရဲ့။
ကွန်နက်ရှင်ခဏခဏပြုတ်သွားလို့ စိတ်ညစ်ရတဲ့ဒုက္ခ...
ဘလော့ဂ်အိမ်လေးကို မသွားနိုင်တဲ့ဒုက္ခ...
ညလေးက မီးလေးtagထားတာ ဖြေပြီးပြီဆိုလို့ သွားကြည့်ပါတယ်။ သူကော်ဖီစက်ဝယ်ထားတယ် သောက် သွားပါဦးဆိုတော့ ထုံးစံအတိုင်း သောက်တာပေါ့ ပြီးလဲပြီးရော ငိုရမလို၊ ရီရမလို ဖြစ်ပြီးပြန်လာရတာ။ သူဝယ် ထားတဲ့ ကော်ဖီစက်က ဒီမှာ လူတိုင်းသွားသောက်နိုင်တယ်နော်။ အကြွေစေ့မပါမှာစိုးလို့။ အဆင်သင့် လုပ်ပေး ထားတယ်။ သူကပေးထားတာ။ ကြိုက်သလောက် သောက်နိုင်အောင်တဲ့။ နောက်ပြီး ကောင်းမကောင်း ပြောသွားပါဦးတဲ့ ဟင့်ဟင့်ဟင့်။ ကိုအောင်မျိုးကတော့ ပါဆယ်တောင် စွဲသွားတယ်ဆိုပဲ။
ငိုရမှာလား၊ ရီရမှာလား၊ မြိုပဲချရတော့မလား၊ ထွေးပဲထုတ်ရတော့မလားနဲ့ ခံရခက်တဲ့ဒုက္ခ... ချိတ်ချိုးနဲ့နော် နောက်တာ
သယ်ရင်းတွေရဲ့ စီပုံးမှာ ခြေရာချန်မယ်ဆိုပြီး စာရိုက်ထည့်လိုက်ရင်ဖြင့် connectionပြုတ်ပြုတ်သွားလို့ ခြေရာချန်မရတဲ့ဒုက္ခ...
အင်း ဒီဒုက္ခများစွာကို ဘယ်တော့များမှ လွတ်မြောက်နိုင်မှာပါလိမ့်...
ကူညီနိုင်မယ့်သူများရှိရင် ကူညီကြပါဦး........
Labels:
တွေးမိတွေးရာ
Subscribe to:
Posts (Atom)
"Mei Lay now get up and Good Morning!" လို့ မနက်တိုင်း ပုံမှန် တာဝန်ထမ်းဆောင်ပေးနေတဲ့ SMS Service က အလုပ်မလုပ်ဘဲ phone screen မှာ Sending Failed ဆိုပြီး လာပေါ်နေတယ်... ဖုန်း Memory ကလည်း ပြည့်တော့မယ်ဆိုတော့ အဲဒါကြောင့် ထင်ပြီး Inbox က မေးလ်တွေဖျက်၊ မေးလ်တွေသာ အကုန်ကုန်သွားတယ် မေးလ်ကပို့မရသေးဘူး... Sending Failed
က တောက်လျှောက် ပေါ်နေတာပေါ့ ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိဘူး...

