Pages

Monday, December 10, 2007

မီးလေးနဲ့ ဒုက္ခပေါင်းများစွာ

သြော်...ဒုက္ခ...ဒုက္ခ

မီးလေးမှမဟုတ်ပါဘူး လူတိုင်းလူတိုင်းခံစားရမယ်ထင်ပါတရ်။ မနေ့က Seminar တခုမှာ MC လုပ်ပေးဖို့ရှိလို့ ကမန်းကတန်း အပြေးအလွှား ရေချိုးမယ်လည်း လုပ်ရော အေးစက်နေတဲ့ရေက ကျနေတဲ့ မြူတွေကို ပြောင်နေ သယောင်.... ဒါနဲ့ အချမ်းပြေအောင် ရေတင်ပြီးချိုးမယ်ဆိုပြန်တော့လည်း မီးကပျက် တော်သေးရဲ့ ညက ရေတင်ထားလို့ နို့မဟုတ်ရင် ခ်ျိုးစရာရေတောင်ရှိမှာမဟုတ်ဘူး။ နောက်ဆုံးတော့လည်းရှိတဲ့ ရေပဲချိုးရတော့ တာပေါ့။
ဆောင်းတွင်းနံနက်ခင်းမှာ မီးမလာလို့ ညသိပ်ရေကို ချိုးရတဲ့ဒုက္ခ...

Seminar က ပြန်ထွက်လာတော့ နေ့လည် တစ်နာရီ တီးပြီးပြီလေ။ မနက်ပိုင်းမီးပျက်ရင် နေ့လည် ၁၁နာရီ မီးပြန်လာမှာကိုး။ အိမ်အပြန်မှာ အိမ်ရောက်ရင် ဘယ်ကားကြည့်ရင်ကောင်းမလဲပေါ့။ အိမ်တောင်မ၀င်ရ သေးဘူး တလမ်းလုံးတိတ်ဆိတ်နေတာပဲ။ နို့မဟုတ်ရင် တနင်္ဂနွေနေ့လည်ဆို အိမ်တိုင်းက မြန်မာအသံဖွင့်လို့ ရုပ်ရှင်လာသံကြားနေကြလေ။ အိမ်လည်းရောက်ရော မီးမလာသေးဘူးတဲ့။ မေမေက မီးလေး ရေချိုးသွားတာ ရေကုန်ကာနီးနေပြီမို့ သူတောင် ရေမချိုးရသေးဘူးတဲ့လေ။ ဘယ်လိုဖြစ်တာတုန်း ၁၁နာရီထိုးလာရမှာ။ စိတ်ကိုဒုန်းဒုန်းချပြီး တီဗွီမကြည့်ရလည်း MP3နားထောင်မယ်ဆိုပြီး earphoneကို နားမှာတပ်ပြီး ဖွင့်လိုက် ရင်ပဲ ဘာသံမှ မကြားရဘူး။ ဘာဖြစ်တာလဲပေါ့ သေချာလည်း ကြည့်လိုက်ရော charging ကုန်သွားတော့ ဒေါင်း သွားပြီလေ။ စိတ်ပျက်လက်ပျက်နဲ့ပဲ ကုတင်ပေါ်လှဲချလိုက်တာ အိပ်ပျော်သွားပါလေရော။
မီးမလာရင် သိပ်ပျင်းစရာကောင်းတာပဲ ဘာမှလုပ်လို့မရတဲ့ဒုက္ခ...

အိပ်ရာကနိုးတော့ ၄နာရီထိုးပြီးသွားပြီ မီးလာလားလို့ ကမန်းကတန်း မီးဖွင့်ကြည့်လိုက်တော့ ၀မ်းနည်းစရာ ကောင်းစွာပဲ မီးကလင်းမလာခဲ့။ တီဗွီရှေ့ကိုရောက်တော့ မီးမလာတာ ငါအနားရတယ်ကွလို့ လှောင်နေသ ယောင်။ ဒါနဲ့ မျက်နှာသစ်၊ အပြင်ထွက်ပြီး မုန့်စား၊ လုပ်စရာမရှိတော့ အိမ်လျှောက်လည်တာပေါ့။ ညနေ ၆နာရီ ၁၀မိနစ်မှာမီးပြန်လာတယ်။ ဒါနဲ့ အဒေါ်အိမ်ကနေ အိမ်ကို အပြေးအလွှားပြန်လာတာပေါ့။ မီးလေးတို့အိမ်နဲ့က မျက်စောင်းထိုးပါ။ အိမ်ပေါ်ရောက်ရောက်ချင်း ရေအရင်တင်မယ်ဆိုပြီး ပလတ်ထိုးရုံပဲရှိသေးတယ် မီးပျက်သွား ပါလေရော။ နေ့လည် ၁၁နာရီလာရမှာ ညနေ၆နာရီကျော်မှလာတယ်။ လာတောင်မလာသေးဘူး ပြန်ပျက်သွား တယ် ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ။ အပြင်မှာ ဆူညံဆူညံအသံကြားလို့ထွက်ကြည့်တော့။ မီးလေး တို့နားက အိမ်တွေပဲပျက်တာ တစ်လမ်းလုံးအကုန်လာပြီး မီးလေးတို့နားပဲ ပျက်တာဆိုတော့ ခဏစောင့်ကြည့် လိုက်တယ်။ နောက်မနေနိုင်တဲ့အဆုံး EPC ကို ဖုန်းဆက်ရတော့တာပေါ့။ လေးခါလောက်ဆက်ပြီးမှ ၆နာရီ ၅၀မှာ မီးပြန်လာတယ်။ ဖြူးစ်ပျက်သွားလို့ပါတဲ့ မီးလေးသာ မဆက်ရင် သူတို့လည်း စစ်ဖြစ်မှာ မဟုတ်ဘူး။ ဒါဆို ဘယ်အချိန်ထိအောင် ပျက်မလဲမသိဘူး။ ဒါနဲ့ မီးပြန်လာတော့ EPCရုံးကို ပြန်ဆက်ရတာပေါ့။ ကျေးဇူး တင်ကြောင်း ဘာညာသာတကာပေါ့။
မီးပျက်တိုင်း EPCကို ခဏခဏဆက်ရတဲ့ ဒုက္ခ... မီးလေးကို သူတို့တွေ အသံတောင် မှတ်မိနေလောက်ပြီ... :)

ဒီနေ့မနက် ရုံးသွားဖို့ အိပ်ရာကထတော့ ထုံးစံအတိုင်း မီးကပျက်နေလေရဲ့ အမှန်ဆို ဒီနေ့မနက်က လာရမယ့် အလှည့်ပါ။ ဒါနဲ့ပဲ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး အေးစက်နေတဲ့ရေကို အံတုချိုးပြီး ရုံးကို ထွက်လာခဲ့တယ်။ ရုံးရောက်ရောက်ချင်းပဲ ဘလော့ဂ်ကို သွားမယ်ဆိုပြီး ဖွင့်လိုက်တာ Fail connectတဲ့ ကိုင်း ဘာလုပ်သင့်သလဲ။ တော်ကြာနဲ့ ကွန်နက်ရှင် ပြန်ရပြန်ပြီ ၀င်လိုက် ပြုတ်လိုက်နဲ့ သံသရာလည်နေတာ ခုညနေထိဆိုပါတော့။ ဘလော့ဂ်မရပြန်တော့လည်း တော့ပ်ရတော့ သယ်ရင်းတွေနဲ့ လေပစ်မလားအောက်မေ့တယ်။ စာရိုက်လိုက် စာတွေအနီပြောင်းသွားလိုက် ဘာလဲဟပေါ့ ကျေးဇူးရှင်ကွန်နက်ရှင်က connection ဆိုပြီး ခဏခဏ ပြန်လုပ်နေလေရဲ့။
ကွန်နက်ရှင်ခဏခဏပြုတ်သွားလို့ စိတ်ညစ်ရတဲ့ဒုက္ခ...
ဘလော့ဂ်အိမ်လေးကို မသွားနိုင်တဲ့ဒုက္ခ...

ညလေးက မီးလေးtagထားတာ ဖြေပြီးပြီဆိုလို့ သွားကြည့်ပါတယ်။ သူကော်ဖီစက်ဝယ်ထားတယ် သောက် သွားပါဦးဆိုတော့ ထုံးစံအတိုင်း သောက်တာပေါ့ ပြီးလဲပြီးရော ငိုရမလို၊ ရီရမလို ဖြစ်ပြီးပြန်လာရတာ။ သူဝယ် ထားတဲ့ ကော်ဖီစက်က ဒီမှာ လူတိုင်းသွားသောက်နိုင်တယ်နော်။ အကြွေစေ့မပါမှာစိုးလို့။ အဆင်သင့် လုပ်ပေး ထားတယ်။ သူကပေးထားတာ။ ကြိုက်သလောက် သောက်နိုင်အောင်တဲ့။ နောက်ပြီး ကောင်းမကောင်း ပြောသွားပါဦးတဲ့ ဟင့်ဟင့်ဟင့်။ ကိုအောင်မျိုးကတော့ ပါဆယ်တောင် စွဲသွားတယ်ဆိုပဲ။
ငိုရမှာလား၊ ရီရမှာလား၊ မြိုပဲချရတော့မလား၊ ထွေးပဲထုတ်ရတော့မလားနဲ့ ခံရခက်တဲ့ဒုက္ခ... ချိတ်ချိုးနဲ့နော် နောက်တာ
သယ်ရင်းတွေရဲ့ စီပုံးမှာ ခြေရာချန်မယ်ဆိုပြီး စာရိုက်ထည့်လိုက်ရင်ဖြင့် connectionပြုတ်ပြုတ်သွားလို့ ခြေရာချန်မရတဲ့ဒုက္ခ...
အင်း ဒီဒုက္ခများစွာကို ဘယ်တော့များမှ လွတ်မြောက်နိုင်မှာပါလိမ့်...
ကူညီနိုင်မယ့်သူများရှိရင် ကူညီကြပါဦး........

3 comments:

Anonymous said...

မင်္ဂလာပါ မီးလေးရေ....
ဟီးးး ချောတီးပါ အစ်မလေးရယ် နောက်တာပါ ညလေးလဲ ခံလိုက်ရတာကိုး ပျော်စေချင်တာလေး တစ်ခုပါ။ ဟီးးးးးးး တကူးတက လာရောက် သောက်သုံးသွားပြီး ဘလော့ဂ်ထိအောင် သယ်သွားတာ ကျေးဇူးပါ။ :P

မျှားပြာ said...

မီးပျက်ရင် ဖယောင်းတိုင်ထါန်းပြီး ချစ်သူကို လွမ်း
စာအုပ်နဲ့ ခဲတံကို ရှေ့ချပြီး ကဗျာလေးတွေေ၇း
ဆေးလိပ်လေး ဖါာပြီး ကြည်တွေကို ထိုင်ကြည့်လိုက်ဗျာ
မီးပျက်တာကို မေ့သွားအောင်ပါး)

မင်းကျန်စစ်။ said...

ဒီဒုက္ခတွေနဲ့ ရီမော ပျော်ရွှင်နေနိုင်ပါစေ ညီမလေးရေ။ ဆီပုံး ဘယ်ရောက်သွားပါလိမ့်။ ဈေးကြီးလို့ ဝယ်နိုင်တော့ဘူးလားး)