Pages

Thursday, December 6, 2007

ပို့စ်တရာပြည့် အထိမ်းအမှတ်

မီးလေးဘလော့ဂ် ပို့စ်၁၀၀ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ဘာလုပ်ရမလဲဆိုပြီး စဉ်းစားနေတာကြာပြီ။ နောက်ဆုံး တရုတ်အစားအစာနဲ့ကျွေးမယ်လို့စီစဉ်ပြီး ခုလိုအပြေးအလွှားစီစဉ်လိုက်ရတယ်။ တယောက်တည်းဆိုတော့ သိတယ်ဟုတ် စုံစုံလင်လင် သိပ်မဖြစ်တာတော့ခွင့်လွတ်နော်။ အ၀စားရုံမက ပါဆယ်ထုပ်သွားလည်း ရတယ်နော်။

အီသွားပီလား အချိုပွဲစားလိုက်ဦးနော်...

12 comments:

FunFlakes said...

Happy 100th! Congratulation ! ဟက်ပီးရာပြည့်ပါ မီးလေး... ဆာနေတာနဲ့အတော်ပဲ အ၀လဲစားတယ်၊ ပါဆယ်လဲယူသွားတယ်၊ အကုန်ကောင်းတယ်၊ သူများတွေအတွက်လဲချန်ခဲ့ပါတယ်။
ပို့တွေအများကြီးဆက်လက်ရေးနိုင်ပါစေ။ ကျေးကျူးပါ... :)

ထွန်း said...

တယောက်တည်းလုပ်ရပေလို့ ဘဲ များလှချည့်လား ဟင်းတွေ (ဒါနဲ့ ဘယ်က ဒေါင်းထားတာလဲဟင်) :-P
ကျေးဇူးပါ ပိုရ်ျကွေးနိုင်ပါစေ.
နောက်ဆိုရင် ပို့ ၁၀ခုအသစ်တိုးတိုင်းကျွေးနော်

Yan said...

ဩော်... ဘာလိုလိုနဲ့ မီးလေးတောင် ပို့စ် ၁၀၀ ပြည့်သွားခဲ့ပြီနော်..

ဘလော့ဂ်ခရီးမှာ အောင်အောင်မြင်မြင် ပျော်ရွင်စွာ ခရီးဆက်နိုင်ပါစေဗျာ.

ဒီညတော့ ဒီဘလော့ဂ်လေးမှာပဲ အိပ်တော့မယ်ဗျာ. အ၀စားပြီး ဗိုက်လေးသွားလို့.. ဟတ်ဟတ်

ခင်မင်လေးစားလျက်

ရန်အောင်

Anonymous said...

အပြေးအလွှားစီစဉ်ထားတဲ့ အစားအသောက်တွေကို အပြေးအလွှားပဲ လာရောက်စားသောက်သွားပါပြီ။ ပို့စ်တစ်ရာပြည့်မှသည်... ပို့စ်ပေါင်းထောင်သောင်းမက ဆက်ပြီးပို့စ်နိုင်ပါစေနော်။

အောင်မျိုးဟန် said...

ကဲ Post 100 ပြည့်သွားပြီ
Post 100 ကနေ နောင် 1,0000000000000000000000
အထိ အဓွန့်ရှည်ကြာစွာရေးနိုင်ပါစေဗျာ။

BarNyar said...

ဟေး.. ပိုစ့်တစ်ရာမြောက်မှသည် တစ်ထောင်မြောက် တစ်သောင်းမြောက်အထိ ဆက်၍ ဆက်၍ ဘလောက်နိုင်ပါစေ ညီမလေး..

MELODYMAUNG said...

မီးလေးရေ ပို့စ်တစ်ရာပြည့်တာ မြန်တယ်ကွ ဘာပဲဖြစ်ဖြစ် ပို့စ်ထောင်သောင်းလဲ ဖတ်စရာတွေ စုံစုံလင်လင်နဲ့ မြန်မြန်ပြည့်ပါစေနော် တလက်စတည်းလဲ အ၀အပြဲ တွယ်လိုက်ပီ ဒါပေသိ အီပါတယ် ဆိုမှ အချိုပွဲတဲ့ အဟဲ ကော်ကော်ပဲ သောက်သွားပီ နှစ်ခွက်တောင်နော် အဟဲဟဲ

နှင်းသဇင် said...

တရုတ်အစားအစာဆို သိပ်ကြိုက်တာ အကုန်စားသွားပြီနော် နောက်လည်း အခုလို ကျွေးနိုင်မွေးနိုင် ဘလော့ဂ်နိုင်ပါစေ :)

Anonymous said...

အသိနောက်ကျသွားတယ်။
ဒါပေမယ့် မကုန်သေးပါဘူးနော်။
အကုန်စားသွားတယ်ဗျ။
နောက်လည်း
၁၀၀ တိုင်းကျွေးနိုင်ပါစေ။
၁၀၀၀ လည်း မြန်မြန်ရောက်ပါစေနော်။
နှင်းဆီနီနီ။။

Unknown said...

စားစရာကျန်သေးရဲ့လားဟင်....နောက်ကျသွားလို့ :)

MM said...

တစ်ရာတောင်ပြည့်သွားပြီ။ မြန်တယ်နော်။ အစ်မရေ အခုဒီတစ်ရာပြည့်ကနေစပြီး နောက်လည်း ဒီ့ထက်ပိုရေးနိုင်ပါစေ။ ဘလော့ရေးရင်းလည်းပျော်ရွှင်ပါစေ။ ကူညီနိုင်မယ့်သူများနဲ့လည်းတွေ့နိုင်ပါစေ လို့ဆုတောင်းပေးပါတယ်။

Anonymous said...

မီးမီးလေး .. လာလည် ဂုဏ်ပြုသွားတယ်နော်။ နောင်လည်း ပို့စ်ကောင်းကောင်းလေးတွေ ရေးရင်း တစ်ထောင်မြောက်ပို့စ် တွေ ပေါ်လာပါစေ.။