Pages

Tuesday, November 27, 2007

ကြားဖူးခဲ့သမျှ...

ဒီပို့စ်လေးက မီးလေး သူငယ်ချင်းတဦးကို ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတရ်။ သိပ္ပံခေတ်ဖြစ်ပေမယ့်လည်း တချို့အရာတွေက မယုံနိုင်စရာ ကြုံတွေ့တတ်တရ်ဆိုတာ ပြောပြချင်တာပါ။ ယုံခြင်း၊ မယုံခြင်းနဲ့မဆိုင်ပါဘူး။ ဗမာတွေမို့ ဟိုဟာလည်း အယူသည်းလိုက်၊ ဒီဟာလည်း အယူသည်းလိုက်လို့ တချို့ကထင်ကြပါတရ်။ ပြောမယ်ဆိုရင် အကောင်အထည်မပြနိုင်တဲ့ ကိစ္စတွေကိုတော့ ပြောရတာခက်တရ်။ ဒါပေမဲ့ကြုံတဲ့သူက တကယ်ကြုံရပါတရ်။ ကိုရန်အောင် သရဲအကြောင်း tagတုန်းကတော့ သရဲလိုက်ခံရတဲ့အကြောင်း ပို့စ်တင်ထား ဖူးပါတရ်။ ဒီတစ်ခါကတော့ သရဲလိုက်တဲ့အကြောင်း မဟုတ်တော့ပါဘူး။ ရက်လည်ပြီးတဲ့နေ့ရဲ့ ည၁၂နာရီမှာ သေဆုံးသူ အိမ်ပြင်ထွက်တရ်ဆိုတာကို မီးလေးသူငယ်ချင်းက သူ့အယူအဆနဲ့ သူရှိတာပါ။ ဟုတ်မဟုတ် ဘယ်သိမလဲတဲ့။

အဲဒီဇာတ်လမ်းအစက မီးလေးတို့ နောက်လမ်းကအိမ်မှာ နာရေးတစ်ခုဖြစ်တရ်။ မီးလေးတောင် အသုဘ လိုက်ပို့လိုက်သေးတရ်။ သေဆုံးသူရဲ့သားက အိမ်နှစ်အိမ်ရှိတရ်။ ရပ်ကွက်တော့မတူဘူး။ နည်းနည်းလှမ်းတရ်။ အသုဘချတဲ့နေ့ကလည်း အိမ်နှစ်အိမ်လုံး ကားစီစဉ်ထားတရ်။ ဒီအထိက တော်တော်များများ ဖြစ်တတ်လို့ ဘာမှမဖြစ်ကြသေးဘူး။ ရက်လည်ကို နှစ်အိမ်လုံးမှာ ကျွေးမှာဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ အိမ်ရှင်အနေနဲ့ လည်း ဧည့်ခံရတာလူခွဲရမရ်။ သေတဲ့သူကကော ဘယ်အိမ်မှာ တရားနာမှာလဲ။ မီးလေးတို့က အဲမှာ စခန်းထ တာ။ မီးလေးက ည၁၂ကျရင် ဘယ်အိမ်က ထွက်မလဲမသိဘူးလို့ ပြောမိလိုက်တရ်။ မီးလေး သူငယ်ချင်းက မဆိုင်ပါဘူး။ ကိုယ့်အယူနဲ့ဘဲဆိုင်တရ်တဲ့။ သူပြောတော့လဲ မှန်ပါတရ်။ ဘာလို့လဲဆိုတော့ တရုတ်မို့ပါ။ သူတို့က အိမ်မှာ မွေးထားတာကိုး(မှားတာရှိ ၀န်တာမိပါ)။ ဒါကြောင့် တစ္ဆေကြီး ရှိခိုးတရ်ဆိုပြီး သေဆုံးသွားတဲ့ အဘိုးအဘွားတွေကို ကန်တော့တဲ့ရက်ရှိပါတရ်။ ဗမာတွေကတော့ အိမ်တွင်းအဖေကြီးရှိတရ်။


ဒါကြောင့် သေသွားတာနဲ့ အိမ်တွင်းအုန်းကို စွန့်ကြတဲ့။ ဒါမှ အိမ်ထဲကို ၀င်ထွက်နိုင်တာတဲ့လေ။ သေတဲ့သူ ကလည်း ရက်လည်တဲ့နေ့မှ သူသေသွားပြီဆိုတာ သိတရ်လို့ ဆိုလိုပါတရ်။ ဒါကြောင့် ရက်လည်ပြီး နောက်နေ့ မှာ အိမ်တွင်းအုန်းကို အသစ်ပြန်လဲကြပါတရ်။ အိမ်တွင်းအဖေကြီးက မကောင်းဆိုးဝါးတွေ မ၀င်အောင် တားတရ်လို့ ပြောကြတာပဲ။ နေ၀င်ရင် အိမ်တွင်းလိုက်ကာကို ပိတ်ကျတရ်။ မီးလေးတို့အိမ်မှာကောပဲ။ ရက်လည်သွားတဲ့နေ့မှ သိလိုက်တာက နောက်ဆုံးနေသွားတဲ့အိမ်မှာ အလှူလုပ်ပြီး။ နောက်နေ့မှာ နောက်တစ်အိမ်မှာ ရက်လည်ထပ်လုပ်တယ်ဆိုတာပါပဲ။ ဘာဖြစ်နေမှန်းကို မသိတာ မီးလေးတို့ အိမ်ရှေ့က အန်တီကြီးကနေ စသေတာ။ မီးလေးတို့လမ်း၊ ရှေ့လမ်း၊ နောက်လမ်းပတ်ပြီးတော့သေတာ ငါးလောင်းရှိနေပြီ။ တော်သေးတယ် ခုတော့ ရပ်သွားပြီ။ နင့်မို့ဆို အသက်ကြီးတဲ့ အိမ်တိုင်း မျက်ခုံးလှုပ်နေကြတရ်။ မီးလေးတို့ လမ်းက တလောင်းနဲ့ ဘယ်တော့မှ မပြီးဘူး။

ခုမှဇာတ်လမ်းစမှာနော်... လွန်ခဲ့တဲ့ ငါးနှစ်လောက်က မီးလေးတို့အိမ်ကို လူတစ်ယောက်ရောက်လာပြီး သုံးခွမှာနေတဲ့ အဒေါ်ဆုံးသွားလို့ မီးလေးကြီးတော်ကို လာခေါ်လို့ လိုက်သွားလေရဲ့။ မီးလေးတို့ ပြန်လာမှ သိရတာပါ။ ရက်လည်တဲ့နေ့ပေါ့ အကုန်လုံး ပင်ပန်းကြပြီဆိုတော့ တံခါးတွေပိတ်ပြီး အိပ်ပျော်နေတဲ့သူက အိပ်ပျော်နေကြတဲ့။ စကားပြောနေတဲ့သူက ပြောပေါ့။ အဲမှာ အိပ်နေတဲ့သူက အိပ်နေရင်းနဲ့ မျက်စိပေကလပ် ပေကလပ်နဲ့ ပြီးတော့ စကားထိုင်ပြောတဲ့သူတွေကလည်း တယောက်ပြီး တယောက်ဖြစ်နေကြတရ်။ ဒါနဲ့ ကြီးကြီးကို လာနှိုးကြတရ်။ ထပါဦး ဘာဖြစ်နေလဲမသိဘူးပေါ့။

ကြီးကြီးလည်း အိပ်ချင်မူးတူးနဲ့ထပြီး လာခေါ်တဲ့သူ နောက်လိုက်လာတရ်။ ကြီးကြီးရောက်တော့ အိပ်နေတဲ့ သူက မျက်စိပေကလပ် ပေကလပ်ဖြစ်နေတရ်။ ဒါနဲ့ ကြီးကြီးက လှမ်းရိုက်ပြီး နင်ဘာဖြစ်နေတာလဲ မေးတော့ အိပ်ချင်မူးတူးနဲ့ ထလာပြီး ဘာဖြစ်တာလဲ မေးတော့ ကြီးကြီးက ဘာမှပြန်မပြောလိုက်ဘူးတဲ့။ နောက်ထိုင် နေတဲ့ သူတွေဆီ လှည့်ဖြစ်နေပြန်ရောတဲ့။ ကြီးကြီးက ဒါဆိုရင်တော့ မဟုတ်တော့ဘူး။ ပေါက်စ နင်တို့ တံခါး တွေ ဖွင့်ထားလားလို့ လှမ်းမေးလိုက်တရ်။ မဖွင့်ထားဘူး အမလို့ပြောတော့ ကြီးကြီးက နင်တို့တွေ ဖြစ်တာ တောင်နည်းသေးတရ်။ သူထွက်စရာ နေရာမရှိလို့ ဟဲ့ နောက်ဖေးတံခါးသွားဖွင့်ချည်လို့ ပြောလိုက်တရ်။ ဘယ်သူမှ မသွားရဲကြပဲ သူသွားငါသွား လုပ်နေကြတရ်။ ကြီးကြီးအော်လိုက်မှပဲ ကုပ်ကုပ်နဲ့ တယောက် ထသွားတရ်။ ၀မ်းကွဲမောင်နှမတွေ ဆိုပေမဲ့ ကြီးကြီးက အကြီးမို့ အားလုံးက ကြောက်ကြတရ်။ သွားဖွင့်တရ် လူကလည်း ဘယ်လောက်တော်တယ် မှတ်လဲ၊ ဖွင့်ပြီး ပြန်ပိတ်လိုက်သတဲ့။

“အား...ခြေထောက်ညှပ်နေတရ်”လို့ ထအော်သံကြားလို့ ကြည့်တော့ ခြံထောင်ထဲက အိပ်နေတဲ့လူက ခြေထောက်ကြီး မြှောက်လို့အော်နေလေရဲ့။ ဒါနဲ့ကြီးကြီးလည်း အကုန်လုံးကို ဆူတော့တာပေါ့။ သွားဖွင့် ဆိုတော့ ခုဏကထက် ပိုဆိုးတရ်။ ဘယ်သူ့မှ မသွားရဲကြဘူး။ နောက်ဆုံး ဦးပေါက်စက သွားဖွင့်လိုက် တော့မှ ခြံထောင်ထဲက အိပ်တဲ့လူလည်း အသံတိတ်ပြီး ခြေထောက်ပြန်ချသွားတရ်။ မနက်လည်း မိုးလင်းရော သူ့ပြော တော့ မသိဘူးတဲ့။ မနက်ကျမှ အားလုံး ပြောပြောပြီး ရီလိုက်ကြတာ သေးတောင်ထွက်တဲ့လူက ထွက်လို့တဲ့။ ကြီးကြီး အိမ်ပြန်ရောက်လို့ ပြောပြတော့မှ မီးလေးတို့က သိရတာ။ ခုထိ အမျိုးတွေစုံရင် သုံးခွက လူတွေပါရင် ပေါ့လေ ခုထိ ပြောစမက်ဖြစ်နေတုန်းပါပဲ။

ရှိသေးတရ်။ နောက်အားမှ ရေးပြီးပို့စ်တင်လိုက်မရ်နော်။ ပို့စ်ရေးခြင်းကို လကုန်ပြီးမှ ပြန်လည်ရေးသားမှာ ဖြစ်ပါတယ်။ လောလောဆယ် လကုန်ခါနီးရက်မို့ မအားသေးလို့ပါ။ လာလည်ကြတဲ့ မိတ်ဆွေသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတရ်။ ဒီရက်ပိုင်းအတွင် လာမလည်နိုင်ခဲ့တာရှိခဲ့လျှင်လည်း နားလည်ခွင့်လွတ် ပေးကြပါလို့ တောင်းပန်ရင်း....

စာဖတ်သူများအားလုံး မျက်စိအညောင်းခံပြီးဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်လျက်...

Monday, November 26, 2007

သေရွာပြန်...

စိတ္တဇဆေးရုံတွင် သူနာပြုဆရာမသည် ကော်ရစ်တာအတိုင်း လမ်းလျှောက်လာစဉ် ဓားကိုမြှောက်ကိုင်လျှက် ဝေဒနာရှင် တစ်ဦး နောက်မှလိုက်လာလေသည်။ နောက်သို့လှည့်ကြည့်လိုက်ရာ ဓားနှင့်လိုက်လာသည်ကို မြင် လျှင် ကြောက်လန့်တကြား ထွက်ပြေးလေသည်။ နောက်ကလည်း ပြေးလိုက်လာသည်။ နီးလာလေလေ ဇောချွေး တွေလည်း ထွက်လေလေ။ သူနာပြုဆရာမမှာလည်း တအားမောနေလေပီ နောက်ကလည်း တဖြည်းဖြည်းနဲ့ နီးလာပီဖြစ်သဖြင့် ခြေကုတ်သုတ်ရာဝယ်
“ဖုန်း” သူနာပြုဆရာမ မှောက်လျက်လဲကျသွားစဉ် ငါတော့ အသက်မရှင်နိုင်တော့ဘူး။ မျက်စိကို မှိတ်ထား လိုက်သည်။ နောက်ကလိုက်လာတဲ့ လူက ဓားကိုမြှောက်လျက် ခေါင်းပေါ်မိုး၍ ပြောလိုက်ပုံမှာ-
“ဆရာမ...ပန်းသီး...ပန်းသီးကို...ဘယ်လို ခွဲရမှာလဲ” ဟု မောဟိုက်သည့် လေသံဖြင့် မေးလိုက်လေသည်။

တားသင့်တရ်...

တရားခွင်တွင် တရားသူကြီးက တရားခံကို -
“မင်းခိုးမှုကျူးလွန်တာမြင်ကြောင်း ဆယ်ဦးသက်သေထွက်သွားတရ်... မောင်မင်းအနေနဲ့ဘာများပြောချင်ပါလဲ” ဟုမေးရာတွင် တရားခံက အောက်ပါအတိုင်း ပြောလိုက်လေသည်။
“အဲဒီ့ဆယ်ဦးက မြင်တယ်ဆိုလျှင် ကျွန်တော့်ကို ဘာလို့မတားကြတာလဲ”

Saturday, November 24, 2007

ဘယ်လိုလူမျိုးလဲ?

ဒီပို့စ်လေးကို ရေးဖြစ်တာကတော့ chatting ၀င်ရင်း ကိုဇော်သက်က လင့်တစ်ခုပေးလို့ သွားဝင်ကြည့်ရင်းနဲ့ မီးလေးကိုယ်တိုင်ကလည်း စိတ်ဝင်စားလို့ မီးလေးဆီလာလည်တဲ့သူတွေလည်း စမ်းကြည့်လို့ရအောင် တင်ပေးလိုက်ပါတရ်... အားလုံးလည်း စိတ်ဝင်စားမယ်လို့ထင်ပါတရ်။ ကာယကံရှင်တော့ ခွင့်တောင်း ရသေးဘူး... multiply account ရှိမှ စာချန်လို့ရလို့... တွေ့ရင် ချိတ်ချိုးနဲ့နော်... ခွင့်လွတ်ပေးပါလို့။ အဲဒီပို့စ်လေးကို သွားချင်ရင် ဒီကိုနှိပ်ပြီး သွားလို့ရပါတရ်... အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ...
LOOK UP YOUR BIRTHDAY AND SEE WHAT YOU ARE

January 01 - 09 ~ Ass
January 10 - 24 ~ Slug
January 25 - 31 ~ Cockroach

February 01 - 05 ~ Parasite
February 06 - 14 ~ Bullfrog
February 15 - 21 ~ Skunk
February 22 - 28 ~ Snake

March 01 - 12 ~ Ape
March 13 - 15 ~ Cockroach
March 16 - 23 ~ Slug
March 24 - 31 ~ Parasite

April 01 - 03 ~ Ass
April 04 - 14 ~ Snake
April 15 - 26 ~ Slug
April 27 - 30 ~ Skunk

May 01 - 13 ~ Slug
May 14 - 21 ~ Bullfrog
May 22 - 31 ~ Cockroach

June 01 - 03 ~ Slug
June 04 - 14 ~ Skunk
June 15 - 20 ~ Ass
June 21 - 24 ~ Ape
June 25 - 30 ~ Parasite

July 01 - 09 ~ Slug
July 10 - 15 ~ Ass
July 16 - 26 ~ Bullfrog
July 27 - 31 ~ Parasite

August 01 - 15 ~ Ape
August 16 - 25 ~ Slug
August 26 - 31 ~ Skunk

September 01 - 14 ~ Bullfrog
September 15 - 27 ~ Parasite
September 28 - 30 ~ Ass

October 01 - 15 ~ Ape
October 16 - 27 ~ Skunk
October 28 - 31 ~ Snake

November 01 - 16 ~ Cockroach
November 17 - 30 ~ Parasite

December 01 - 16 ~ Ass
December 17 - 25 ~ Ape
December 26 - 31 ~ Bullfrog


If you are an Ass: A very loyal and sweet person. Your loyalty can never be doubted. You are quite honest and sincere when it comes to your attitude towards working. You are a very simple person, indeed. Absolutely hassle free, humble and down-to-earth!! That explains the reason why your friends cling on to you! You have a good taste for clothes. If your wardrobe is not updated with what is trendy, you sure are depressed. Popular and easy-going. You have a little group of dignified friends, all of them being quality-personified.


If you are a Slug: Always up to some sort of a mischief! The mischievous gleam in your eyes is what makes you so cute and attractive to everyone. You are an extremely fun-to-be-with kind of person. No wonder people seek for your company and look forward to include you for all get-together's. However, you are sensitive which is a drawback. People need to select their words while talking to you. If someone tries to fiddle around and play with words while dealing with you, it is enough to invite your wrath. God bless the person then!

If you are a Cockroach: Quite contradictory to your name, you are a peace loving person. You best try to avoid a situation wherein you are required to fight. An outdoor person, you dislike sitting at one place for a long duration. You are a born leader, and have it in you how to tactfully derive work from people. You love being loved, and when you receive your share of limelight from someone, you are all theirs!!!! Well, well... hence some people could even take an advantage, flatter you to the maximum and get their work done. So be careful.....

If you are a Parasite: An extremely lovable, adorable person, sometimes shy, with a passion for quick wit. At times, you prefer quietness. You love exploring various things and going into depth of each thing. Under normal circumstances you're cool but when given a reason to, you are like a volcano waiting to erupt. You're a fashion bird. People look forward to you as an icon associated with fashion. Basically, you mingle along freely but don't like talking much to strangers. People feel very easy in your company. You observe care in choosing your friends.

If you are a Skunk: You are near to perfect and nice at heart. The examples of your kindness are always circulated in groups of people. You too, love peace. You wouldn't like to retaliate even to a person who is in the wrong. You are loved due to this. You do not wish to talk behind one's back. People love the way you always treat them. You can give, give and give love, and the best part is that you do not expect it back in return. You are generous enough. Seeing things in a practical light is what the best trait of you guys remains.

If you are a Bullfrog: You symbolize a very happy-go-lucky approach in life. Whatever the surroundings may be, grim or cheerful, you remain unaffected. In fact, you spread cheer wherever you go. You are the leader of your group of friends and good at consoling people in their times of need. You dislike hypocrisy and tend to shirk away from hypocrites. They can never be in your good books, no matter what. You are very methodical and organized in your work. No amount of mess, hence, can ever encompass you. Beware; it is easy for you to fall in love....

If you are a Snake: You are mysterious. You are someone who can handle pressure with ease, and can handle any atmosphere without going berserk. You can be mean at times, and love to gossip with your selected group. Very prim and proper. You like all situations and things to be in the way you desire, which, sometimes is not possible. As a result, you may lose out in some relationships. But otherwise, you love to help people out from difficult and tight spots when they really need you.

If you are an Ape: Very impatient and hyper!!! You want things to be done as quickly as possible. At heart, you are quite simple and love if you are the center of attraction. That way, you people are unique..You would like to keep yourself safe from all the angles. Shall your name be dragged or featured in any sort of a controversy, you then go all panicky. Therefore, you take your precautions from the very beginning. When you foresee anything wrong, your sixth sense is what saves you from falling in traps. Quite a money minded bunch you people are!

Friday, November 23, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...ဇာတ်သိမ်း

“ကိုဘုန်း ဒါကဘယ်လဲ နေလည်း ကောင်းတာမဟုတ်ဘဲနဲ့ ပြန်ဖျားနေဦးမယ်... သွား သွား အထဲဝင်နေ”
“ဟဲ့ သမီး ကျောင်းသွားတော့မလို့လား အစောကြီးရှိသေးတယ်”
“မတွေ့ချင်တဲ့လူ တွေ့နေရမှာစိုးလို့”
“ဟဲ့ သမီး ဘယ်လို ပြောလိုက်တာလဲ” “တော်ပါတော့ မိန်းမရယ် သမီး လွတ်လွတ်လပ်လပ်နေပါစေ”
“မိန်းမ မိန်းမနဲ့ နားခါးလိုက်တာ”
“ပုလဲ ပြောလေကဲလေပါလား ဟမ်”
“မမြရေ မမြ... သြော် ဧည့်သည်ရောက်နေတာကိုး”

“ဘာကိစ္စလဲ အစန်း”
“ကျွန်မသမီးလေး ၀မ်းသွားနေလို့ ဓာတ်ဆားထုပ်လေး ရောင်းပေးစမ်းပါဦး”
“သြော်... အေး... သားရေ မာမီ့ကို ဆိုင်သော့လေး ယူလာပေးပါဦး”
“ရော့...မာမီ”
“သား ဒက်ဒီ့အတွက် မနက်စာပြင်ပေးထားလိုက်...”
“ဒါမမြယောက်ျားလား...”
“ဟုတ်တယ် အစမ်း... လာ ဓာတ်ဆားထုပ်ပေးမယ်”
“မမြတို့က အိမ်ထောင်ကွဲနေတာလား... ကျွန်မက မမြကို မုဆိုးမအောက်မေ့နေတာ”
“ဟုတ်တယ်...အစမ်းရဲ့ ကလေးတို့အဖေပဲလေ”

“မှုတ်ဖူး... မှုတ်ဖူး... ကျွန်မအဖေမဟုတ်ဘူး”
“သမီး... သမီး...” ကျွန်မနောက်က ဘာလို့ ဒီလူကြီး ပြေးလိုက်လာတာလဲ။
“မလိုက်လာနဲ့... ကျွန်မနဲ့ ဘာမှမတော်ဘူး၊ ဘာမှမဆိုင်ဘူး မလာနဲ့”
“မလာနဲ့ဆို မလာပါဘူး သမီးရယ် မပြေးပါနဲ့တော့”
“သမီး”
“ကိုဘုန်း သတိထား”
“အွန့်”
“ကျွီ”
ကျွန်မမျက်လုံးတွေ ပြာဝေသွားတယ်။ ကျွန်မသေပြီထင်ပါရဲ့။
“လာကြပါဦးဟဲ့... ဒီမှာလူတယောက်ကားတိုက်သွားလို့”
“ကိုဘုန်း...ကိုဘုန်း...”
“ဒက်ဒီ...ဒက်ဒီ...”
“သ...သ...သမီး”
“ဟင့်...ဟင့် ဘာမှမဖြစ်ဘူး ကိုဘုန်း သမီးရှိတယ်”
“ခေါ...ခေါ်ပေးပါလား...မြရယ်” ပြောရင်း ကိုဘုန်းဝဏ္ဏ လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ပါပြီ။
“သမီးမိုက်...ပုလဲ... နင့်မုန်းတဲ့ နင့်ဒက်ဒီက နင့်ကို အသက်နဲ့ရင်းပြီး ကယ်တင်သွားတာ...ငါ့မှာ နင့်လို သမီးမျိုး ရှိတာ ငါရင်နာတယ်...ငါ့မှာ ဒီလိုသမီးမျိုးမရှိဘူး နင်သွားချင်ရာ သွားတော့... သွား... ထွက်သွား” ကျွန်မရင်ထဲ အောင့်ခနဲဖြစ်သွားတယ်။ မာမီက ငါ့ကို သမီးမိုက်တဲ့ ငါတကယ်ပဲ မိုက်ခဲ့တာလား။ ဟင့်အင်း ငါမမိုက်ပါဘူး။ ဒါပေမဲ့ ငါမှားခဲ့တယ်။
“ပုလဲတောင်းပန်ပါတယ် မာမီရယ် ပုလဲမသွားပါရစေနဲ့။ ပုလဲမာမီကိုရော မောင်လေးကိုရော မခွဲနိုင်ဘူး မာမီရဲ့”
“သမီးကိုခွင့်လွတ်ပါ မာမီ။ သမီးမှားသွားပါတယ်။ သမီး ဒက်ဒီကိုလည်းတောင်းပန်ပါ့မယ်”
“စိတ်လျော့လိုက်ပါ မမြရယ်။ သမီးလည်း သူ့အမှားကို သိသွားပြီပဲ...”
“သမီးကို မနှင်ထုတ်ပါနဲ့ မာမီရယ်...နော်...နော်...ဟင့်...ဟင့်...ဟင့်”

“ဒက်ဒီအပေါ် ပြုမူပြောဆိုမိတာတွေ အားလုံးကို သမီးတောင်းပန်ပါတယ်။ သမီးကို ခွင့်လွတ်ပါနော်” ကျွန်မပြောနေပေမဲ့ အချိန်ကား နှောင်းသွားခဲ့ပါပြီ။ ကျွန်မပြောနေတာတွေ ဒက်ဒီ့မှ ကြားပါလေစ။ ဒက်ဒီ ကျွန်မအပေါ် ခွင့်လွတ်နိုင်ပါ့မလား။

အရင်က ကျွန်မတို့ မိသားစုပျော်ရွှင်ခဲ့ကြတယ်။ ဒက်ဒီက သူ့အမှားတွေသိလို့ ပြန်လည်ထူထောင်ဖို့လာ တောင်းပန်တုန်းက လက်ခံခဲ့ရင် ယခုလို ဆုံးသွားခဲ့မှာ မဟုတ်ဘူး။ အချိန်တွေကိုသာ ပြန်လှည့်လို့ ရမယ်ဆိုရင် ဒက်ဒီဟာ ကျွန်မတို့ အပေါ်မှာ ဘယ်လောက်ပဲ ဆိုးသည်ဖြစ်စေ ပြုစုစောင့်ရှောက်ချင်ပါတယ်။ ယခုဆိုလျှင် ကျွန်မလိုချင်တဲ့မိသားစုဘ၀မျိုး ဘယ်တော့မှ ပြန်လည်ရရှိမည် မဟုတ်တော့ပါ။ ပျော်ရွှင်နေခဲ့ကြ သည့်တိုင် ပြည့်စုံတော့မည်မဟုတ်တော့ပါ။ ကျွန်မကြောင့် ကွက်လပ်လေးဖြစ်ခဲ့တဲ့ ဒက်ဒီ့ရဲ့နေရာကို ဘယ်လိုမှ အစားထိုး ၍ မရနိုင်တော့ပါ။ ယခုအချိန်မှာ ကျွန်မရင်ထဲ၊ နှလုံးသားထဲမှာ နောင်တကြီးစွာ ရနေမိပါတယ်။ ကျွန်မရဲ့ ပြင်လို့မရတဲ့နောင်တတွေကို ထွေးပိုက်ရင်း မိသားစုပျော်ရွှင်စွာ နေထိုင်ခဲ့ကြတဲ့ ရက်တွေကို ပြန်လည်တမ်းတ ရင်း ကျွန်မရဲ့ အနာဂတ်လမ်းမှာ ဘာတွေဖြစ်ဦးမယ်ဆိုတာ၊ ဘာတွေကြုံဦးမယ်ဆိုတာ မသိနိုင်ပါ။ ဒက်ဒီအပေါ် တင်နေတဲ့ အကြွေး ကျွန်မဆက်ရဦးမည်ထင်ပါရဲ့။

မိဘတိုင်းဟာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မိဘဟာမိဘပါပဲ။ ကျွန်မလို အမှားမျိုး လူတိုင်းမမှားမိကြ စေဖို့ ဆုတောင်းရင်း....


စောင့်မျှော်ဖတ်ရှုပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတရ်... လိုအပ်သည်များရှိခဲ့ ရင်လည်း ဝေဖန်ပေးကြပါဦးလို့...

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၃

သူငယ်ချင်းတွေနဲ့ ကျောင်းကပြန်လာရင်း ကားမှတ်တိုင်မှာ လမ်းခွဲပြီးပြန်လာခဲ့တယ်။ ဒီနေ့တနေလုံး စိတ်တွေ လေးလံနေတယ် ဘယ်လိုဖြစ်လဲ မသိပါဘူး ငြီးစီစီနဲ့...
“တောက်” စိတ်ထဲမှာလေးလံနေပါတယ်ဆိုမှ မတွေ့ချင်တဲ့လူနဲ့ လာတွေ့နေတယ်။ ငါတို့လမ်းထိပ်ကို ဘာလာ လုပ်တာလဲ ဧကန်တ မာမီနဲ့တွေ့သွားပြီလား။ ငါတို့နေတဲ့အိမ်ကို သိသွားပြီလား။ ရင်ထဲမှာ လားမေးခွန်းပေါင်း များစွာနဲ့ ရင်ထဲမှာ တင်းကျပ်လို့လာပါတယ်။

“သမီး...ပုလဲ နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး”
“ပုလဲဘာမှမဖြစ်ပါဘူး မာမီ။ နေမကောင်းချင်သလို ဖြစ်နေလို့ ခဏနားလိုက်ရင် ကောင်းသွားမှာပါ”
“အေး..အေး သမီးနားလိုက် မာမီ ဆိုင်သွားစောင့်လိုက်ဦးမယ်နော်” မာမီဆိုင်ထိုင်နေတုန်းများ ဟိုလူကြီး လာရင် ဘယ်လိုလုပ်ရပါ့မလဲ... စဉ်းစားရင်း အိပ်ပျော်သွားပါတော့တယ်။ ဘယ်အချိန်ထိ အိပ်ပျော်သွားတယ် မသိ အသံတခုကြားမှပဲ ရုတ်တရက်လန့်နှိုးလာတော့တယ်။

“အိ..အိ” ဘာသံပါလိမ့်။ “မာမီ... မာမီရေ... မာမီ” “ဟေ သမီး ဘာလိုလို့လဲ မာမီဒီမှာလေ”
“မာမီ ခုဏက အသံတခုကြားလိုက်လို့ ဘာသံလည်းမသိဘူး မာမီကြားသေးလား”
“ကြားတော့ ကြားလိုက်မိတယ် သမီးရဲ့ မာမီက သမီးငြီးနေတာ မှတ်လို့”
“ဟော မာမီ အသံက ပိုကျယ်လာတယ် ကြားလား လိုက်ရှာလိုက်ဦးမယ်”
“အမေ့” အေးစက်စက်အထိအတွေ့ကြောင့် ကြောက်လန့်တကြားအော်ပြီး မာမီ့ဆီကို ပြေးသွားမိတယ်။
“သမီး ဘာဖြစ်တာလဲ”
“ဘာကြီးလဲ မသိဘူးမာမီ လှေကားအဆင်းနားမှာ အေးစက်စက်နဲ့ မီးကလည်း ပျက်သွားတော့ မမြင်ရဘူး ပုလဲလည်း ကြောက်လို့ ပြေးလာတာ”
“ကဲ ကဲ ရေတခွက်လောက်သောက်လိုက်ဦး အသည်းကလည်းငယ်ပါ့... မာမီသွားကြည့်လိုက်ဦးမယ်...”
“မာမီ ပုလဲလည်းလိုက်မယ်”
“မာမီနဲ့ မမ ဘာဖြစ်နေကြတာလဲဗျာ... စာကျက်လို့မရဘူး”
“နင့်ဘာသာ စာကျက်... သွားသွားသွား နင်စာညံ့လို့ မဖြစ်ဘူးနော် စားသွားကျက်ချေ”
“ကျက်မှာပါဗျာ အိမ်သာသွားမလို့ ဆင်းလာတာ”
“ကဲပါ သမီးရယ် လာပါ သားလည်း စာကြိုးစားတာပဲ ထားလိုက်ပါ မာမီ့ရဲ့ သမီးနဲ့သားက လိမ္မာကြလို့ မာမီ ၀မ်းသာတယ်၊ ကျေနပ်တယ်” မာမီက စကားတွေ တတွတ်တွတ်ပြောပြီး ဘေးက လိုက်လာတယ်။

“ရှင်ဘယ်သူလဲ... ဘာလို့ သူများအိမ်ထဲလာ လဲနေတာလဲ။ သွားသွား”
“မိန်း...မိန်း..မိန်းမ” ခေါင်းတဖြည်းဖြည်းနဲ့ မော့လာတယ်။
“ဟင်... ကိုဘုန်း... ရှင်... ရှင်ဘယ်လိုလုပ် ရောက် လာတာလဲ”
“ဦးဘုန်းဝဏ္ဏ ရှင်ဘာလာလုပ်တာလဲ ရှင်လာစရာမလိုဘူး ခုချက်ချင်း ကျွန်မတို့ ခြံထဲက ထွက်သွားပါ”
“သမီး ကိုယ့်ဒက်ဒီကို ဒီလိုမပြောရဘူးလေ မသိရင် မာမီ မဆုံးမထားဘူးလားလို့ သူများ အပြောခံရဦးမယ်”
“သမီးတို့ ဒက်ဒီမဖြစ်ထိုက်တဲ့သူကို ပုလဲ သဘောမထားနိုင်ဘူး မာမီ”
“ပုလဲ ပြောရင်း ပြောရင်း တော်တော်ရိုင်းလာပါလား... ဒီအကျင့်တွေ ဘယ်ကရလဲ... မာမီကတော့လေ ငါ့သမီး လေး တော်လှ တော်လှနဲ့ ငါ့သမီးလို့ ပြောရမှာတောင် ရှက်တယ်”
“ဟင် မာမီ... မာမီက သမီးတော်ရမှာရှက်တယ် ဟုတ်လား။ ဒီလူကြီးကျတော့ မရှက်ဘူးပေါ့”
“ဖြန်း” မာမီတခါမှ ကျွန်မကို မရိုက်ဘူးပါ။ ရိုက်ဖို့မပြောနဲ့ အော်တောင်မအော်ဖူးပါ။ ခုဒီလူကြီးနဲ့မှ ကျွန်မရဲ့ ပါးကို ရိုက်တယ်။ မာမီအမြတ်တနိုးနဲ့ နမ်းခဲ့တဲ့ပါးကို ရက်စက်စွာနဲ့ ရိုက်ရက်လေသလားမာမီရယ်။ အိမ်ခန်းထဲ ပြေးဝင်လာခဲ့တယ်။

“သားရေ...သား လာပါဦး မင်းတို့ဒက်ဒီ အဖျားတွေတက်ပြီး မထနိုင်ဘူး... မာမီ့ကို လာကူပါဦး”
“ဟုတ်ကဲ့ မာမီ... မမကော”
“ဒက်ဒီကို သယ်ဖို့လုပ်ပါဦး”
“ဘယ်ကို သယ်မှာလဲ” “ဘုရားခန်းထဲကို သယ်မယ် သားက ခြေရင်းကမှ ဟုတ်လား”
“ဟုတ်ကဲ့... မာမီ” ကျွန်မ ၀မ်းနည်းစွာနဲ့ ငိုနေမိတယ်။
“သမီး... သမီးပုလဲ... အိပ်ပြိလား” မာမီကျွန်မကို လှမ်းခေါ်နေတယ် ကျွန်မအိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဟိုလူကြီးကို ပြုစုလို့ အားမှ ကျွန်မကို လာမေးဖို့ သတိရတဲ့အတွက် ဟိုလူကြီးကို စိတ်တိုမိပါတယ်။ မာမီ ကျွန်မဘေးနားမှာ ကျွန်မမျက်နှာလေးကို ကြည့်ပြီး ငိုနေတယ်။ ကျွန်မ မသိချင်ယောင်ဆောင်နေလိုက်တယ်။

အိပ်ယာနိုးတော့ မိုးလင်းနေပြီ။
“သမီး” “ကျွန်မကို သမီးလို့ မခေါ်ပါနဲ့ ရှင်ပြန်ပါတော့ နောက်ဘယ်တော့မှ ဒီကိုမလာပါနဲ့”
“ဒက်ဒီမှားပါတယ်သမီးရယ်။ ဒက်ဒီအမှားတွေကို သိလို့ သမီးတို့ကို လိုက်ရှာပါသေးတယ်။ ဒက်ဒီအမှားတွေကို ခွင့်လွတ်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမဲ့ သမီးတိုနဲ့ ပြန်နေပါရစေ။ ဒက်ဒီကို အချိန်ပဲ ပေးပါ။ ဒက်ဒီပြင်ပါ့မယ်”
“တော်ပါတော့ရှင်... ခုမှလာပြောမနေပါနဲ့ ကျွန်မကျောင်းက ပြန်လာရင် လုံးဝမတွေ့ချင်ဘူး။ ရှင်ပြန်ပါ”
“ဟို” “ဘာလဲ မာမီပြန်လာစောင့်နေတာလား ရှင့်ကို ဆွဲထားအောင်...မကြားပါရစေနဲ့တော့ နားခါးလို့ပါ” ကျွန်မ ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်။ မာမီဈေးကပြန်မလာခင် ဒီလူကြီး ပြန်မှဖြစ်မယ်။

နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ သိမ်းတော့မှာပါ..ဟီး

ကထိန်အာနိသင်ငါးမျိုး...

ရှေ့မှာ ကထိန်အကြောင်းသိကောင်းစရာ ဆိုတဲ့ပို့စ်လေး အလွမ်းအိမ်အတွက် ရေးခဲ့ပေးဖူးပါတရ်။ ယခုကတော့ စာဖတ်သူတွေရဲ့ တောင်းဆိုချက်နဲ့ နောက်ဆက်တွဲ ကထိန်အာနိသင်ငါးပါးကို ဆက်လက်ရေးသား ဖော်ပြခြင်း ဖြစ်ပါတရ်။ ကထိန်ခင်းခြင်းကြောင့် ရရှိနိုင်သောအကျိုးတရားများကို “ကထိန်အာနိသင်”လို့ ခေါ်ပါတရ်။ ၄င်း အာနိသင်ကို ပုရိမ၀ါကပ်၍ ပထမ၀ါကျွတ်ပြီးတဲ့ ရဟန်းတိုင်း ကထိန်ခင်းပြီး ရရှိခံစားပိုင်ခွင့်ရှိပါတရ်။ ၄င်းအာနိသင် များကတော့ -
၁။ အနာမန္တစာရ
၂။ အသမာဒါနစာရ
၃။ ယာဝဒတ္ထစီဝရ
၎။ ဂဏ ဘောဇန
၅။ ယော စ တတ္ထ စီဝရုပ္ပါဒ တို့ပဲဖြစ်ပါတရ်။


၁။ အနာမန္တစာရ - ဒါယကာ၊ ဒါယိကာမတို့က ရဟန်း၊ သံဃာတော်တို့အား “ထမင်းစားကြွပါ၊ မုန့်စားကြွပါ” စသဖြင့် သာသနာတော်ဝေါဟာရနဲ့ မအပ်စပ်တဲ့စကားတို့ဖြင့် ဆွမ်းစားဖိတ်မန်ခဲ့သော် အနီးရှိ ရဟန်းတို့ကို မပန်ကြား၊ မပြောဆိုဘဲ၊ မြို့ထဲ၊ ရွာထဲသို့ ကြွသွားနိုင်ခြင်း။
(ကထိန်ခင်းပြီး၍သာ သွားနိုင်ခွင့်ရှိခြင်းဖြစ်ပါတရ်။ ကထိန်မခင်းရသေးပဲ အသိပေး၊ ပြောဆိုပန်ကြားခြင်း မရှိဘဲ ကြွသွားပါက ပါစိတ်အာပတ် သင့်ပါတရ်။ ကထိန်အာနိသင် ရလျှင် ပါစိတ်အာပတ် မသင့်တော့ပါ)

၂။ အသမာဒါနစာရ - တိစီဝရိတ် အဓိဠာန်တင်ထားသောသင်္ကန်းကို သွားလေရာ မယူဆောင်ဘဲ သွားလိုရာသို့ လှည့်ပတ်သွားလာနိုင်ခြင်း၊ ၄င်းသင်္ကန်းနှင့် ညစဉ် အနီးအနား၌ မဆောင်ထားဘဲ ညဥ့်ကင်း၍ နေနိုင်ခြင်း
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍မရပါ။ ထိုသို့နေခဲ့လျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါ တရ်။ ကထိန်အာနိသင်ရလျှင် ညဥ့်ကင်းသော်လည်း အာပတ် မသင့်တော့ပါ)

၃။ ယာဝဒတ္ထစီဝရ - ရရှိသမျှ သင်္ကန်းတို့အား အဓိဌာန် ၀ကပ္ပနာမပြုဘဲ အလိုရှိသလို ထားရှိသုံးဆောင်နိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲပါက နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတရ်။ ကထိန် အာနိသင်ရလျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲသော်လည်း အာပတ်မသင့်တော့ပါ)

၎။ ဂဏဘောဇန - မအပ်စပ်သော တောင်းခံခြင်း၊ ဖိတ်မန်ခြင်းမျိုးဖြင့် တောင်းခံပင့်ဖိတ်အပ်သောဆွမ်းဖြစ် လျက် လေးပါးနှင့် အထက်လွန်၍ စုပေါင်းခံယူ စားသုံးနိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသို့ မအပ်စပ်သော ဆွမ်းကို စုပေါင်းခံယူ စားသုံးပါက သုဒ္ဓပါစိတ် အာပတ် သင့်ပါတရ်။ ကထိန် အာနိသင်ရသဖြင့် သုဒ္ဓပါစိတ် အာပတ်မသင့်တော့ပါ)

၅။ ယော စတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကိုကထိန်အာနိသင် ရသော ရဟန်း၊ သံဃာတော်တို့သာ သုံးစွဲခွင့်ရနိုင်ခြင်းတို့ ဖြစ်ပါတရ်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးငါးပါးတို့ကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက် သာဓု အနုမောဒနာပြုသော ရဟန်းတို့သာ ရယူခံစားခွင့်ရှိကြပါတရ်။ ခံစားနိုင်ခွင့်ကာလကတော့ ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်နေ့အထိဖြစ်ပါတရ်။

Thursday, November 22, 2007

ဆုတံဆိပ်ကြီး...

ကိုအောင်မျိုးဟန်ပေးတဲ့ ဆုတံဆိပ်ကြီး ကြွားတာဟုတ်ဝူးနော်... ပြတာ...

The Funny Blogger Award

မမူးပါ...

“ရွှီ...ရွှီ...ရွှီ” ယာဉ်ထိန်းရဲတဦးရဲ့ ၀ီစီမှုတ်သံပါ...
“ကျွီ” ကားတစင်း ထိုးရပ်သွားတော့ အနားကို ယာဉ်ထိန်းရဲ ရောက်လာတယ်...
“အရက်မူးပြီး ကားမမောင်းရဘူးဆိုတာ မင်းနားမလည်ဘူးလားကွ... ပေး လိုင်စင်”
“ကျွန်တော် မသောက်ပါဘူးဗျာ... မယုံရင်ကျွန်တော်ကို စမ်းသပ်ကြည့်လို့ရတယ်”
“ကောင်းပြီလေ... မင်းသောက်ထား မထား စမ်းကြည့်မယ်... ဒီဘောလုံးကို မှုတ်ပြ”
“ဖူး...ဖူး ရပြီ”
“မင်းမူးနေတယ်... ပေး ဒဏ်ငွေ ဒေါ်လာ ၁၀၀” ဒဏ်ငွေဆောင်ပြီး မောင်းထွက်သွားတယ်။
နောက်တစီးကို ၀ီစီမှုတ်ပြီး ရပ်ခိုင်းလိုက်တယ်။
“မင်းအရက်မူးပြီး ကားမောင်းတယ်”
“ကျွန်တော် မမူးပါဘူး ဆရာရယ်”
“မူး မမူး ဒါကို မှုတ်ပြ”
“ဖူး...ဖူး...တွေ့လား ကျွန်တော် မမူးဘူးမှုတ်ပြနိုင်တယ်”
“မင်းကောင်းကောင်းမှုတ်နိုင်တယ်။ မင်းတော်တော်မူးနေတာပဲ။ ဒဏ်ငွေ ဒေါ်လာ၃၀၀ဆောင်ရမယ်”
“ဗျာ”
နောက်တစီးကို ၀ီစီမှုတ်ပြီး ထပ်ရပ်ခိုင်းပြန်တယ်။
“မင်း အရက်မူးပြီး ကားမောင်းတယ်... လိုင်စင်ပေး”
“ကျွန်တော် မမူးဘူးဗျ”
“ဒါဆို ဒီဘောလုံးကို မှုတ်ပြ”
“ဟာ... မူးနေတာက ကျွန်တော်မဟုတ်ဘူးဗျ။ ခင်ဗျား။ ဒါဘောလုံးမှမဟုတ်တာ x@?#xx(အကာအကွယ်ပစ္စည်း) ပဲဗျ”
“အင်း... မင်းမသောက်ထားဘူး သွားနိုင်ပြီ”

Wednesday, November 21, 2007

သူငယ်ချင်းသို့ ...

သူငယ်ချင်း
မင်းဘာတွေစိတ်ညစ်နေလဲ???
မင်းပတ်ဝန်းကျင်က လူတွေ စကားကြောင့်
စိတ်ညစ်နေရတယ်ဆိုရင် ဖြစ်သင့်သလား???

သူငယ်ချင်း...

မင်းသိထားဖို့က ပတ်ဝန်းကျင်ဆိုတာ
ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါကွာ
အဲဒါတွေ ခေါင်းထဲထည့်နေမယ်ဆိုရင်
မင်းအတွက် နေစရာဆိုတာ ရှိလာမှာမဟုတ်ဘူး

သူငယ်ချင်း...
မင်းကောင်းစားတုန်းက သူတို့ဘာပြောကြသလဲ???
အဲဒီ့အပေါ်မှာ မင်းသာယာနေခဲ့တယ်
အဲအချိန်မှာ မင်းသူငယ်ချင်းတွေကို မေ့နေခဲ့တယ်
မင်းကျွေးသမျှ စားပြီး မင်းကိုချီးမွမ်းကြတယ်
ဘာဆန်းလဲကွာ

သူငယ်ချင်း...
မင်းခုဒုက္ခရောက်တော့ သူတို့ဆီက
အကူအညီဘာရသလဲ???
စကားတောင် မပြောကြတော့ဘူး
မင်းဘေးနားမှာ ဘယ်သူတွေရှိနေသလဲ???

သူငယ်ချင်း...
မင်းပြန်စဉ်းစား သုံးသပ်ကြည့်ပါ
ပြီးမှ ဆုံးဖြတ်ပါ
မင်းအမှန်တရားကို တွေ့မြင်ခဲ့ပြီဆိုရင်
မင်းဒုက္ခရောက်နေတဲ့အချိန် မင်းနဲ့အတူ ရင်ဆိုင်တဲ့သူတွေသာ
ပတ်ဝန်းကျင်ဆိုတာ သိလာလိမ့်မယ်

သူငယ်ချင်း...
မင်းအတွက် စစ်မှန်တဲ့
ပတ်ဝန်းကျင်ရဖို့ ငါလေအမြဲ
ဆုတောင်းပေးနေလျက်ပါကွာ။

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၂

“အူဝဲ...အူဝဲ”
လောကထဲကို လူသားတဦးမွေးဖွားလာခဲ့ပါတယ်။ ကျွန်မမှာ မောင်လေးတယောက် ရလာတဲ့အတွက် အရမ်း
ပျော်နေမိပါတယ်။ မပျော်နိုင်တဲ့သူကတော့ မာမီပါ။ မာမီမွေးခါနီး ဗိုက်နာတာတောင် ဒက်ဒီ့ပြန်မလာခဲ့ပါ။
တော်သေးတာက လွန်ခဲ့တဲ့ နှစ်ပတ် လောက်မှာ ဒရိုင်ဘာခန့်ထားလိုက်လို့သာ အချိန်မီ ဆေးရုံရောက်သွားနိုင်
ခဲ့တာပါ။ ခုဆို မာမီဆေးရုံတက်တဲ့ သုံးရက်အတွင်း တစ်ခေါက်မှ လာဖော်မရတဲ့ ဒက်ဒီ။
ဘာလေးမွေးလဲတောင်
ဖုန်းလေးတစ်ချက်ဆက်ပြီး မေးဖော်မရတဲ့ ဒက်ဒီ။ ကျွန်မရင်ထဲက
အမုန်းမီးတွေကလည်း အရှိန်အဟုန်ကောင်း
လာဆဲပါပဲ။ မာမီဆေးရုံတက်နေစဉ်အတွင်း ဒက်ဒီသည် အပြင်မှာ
သောက်ရုံမက အိမ်ထဲမှာပင် ပုလင်းထောင် တဲ့အဆင့်ကို ရောက်ခဲ့တယ်။


“ပုလဲ... ဟိုမှာ နင့်အဖေကားဖြတ်သွားတယ်” ပုလဲလှမ်းမကြည့်ချင်၍ သူငယ်ချင်းဘက် လှည့်လိုက်စဉ်မှာပဲ
“သူ့အဖေက မူးရင် သွေးဆိုးတယ်ဟ”လို့ လက်တို့ပြီး ပြောတာ တွေ့လိုက်ရတယ်။ ကျွန်မမကြားအောင်
တိုးတိုးပြောပေမဲ့ ကြားလိုက်ရတယ်။ ကျွန်မ မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့တယ်။ ထိုစကားသံတွေ
ကြားတိုင်းတော့ အမုန်းမီးများက တောက်လောင်ဆဲပါပဲ။ ဒီလိုနဲ့ ကျွန်မမောင်လေး ကျောင်းတက်ရမဲ့အရွယ်
ရောက်လာခဲ့ပါတယ်။ ကျွန်မမောင်လေးကို သူများတွေနောက်တိုင်း ကျွန်မကတော့ ဂျက်မပေါ့။ မောင်လေး
ထူးဝဏ္ဏကို အနိုင်ကျင့်တဲ့သူတိုင်း ကျွန်မကို ကြောက်သဖြင့် နောက်ပိုင်း မည်သူမှ မစမနောက်ကျတော့ပါ။
ကျောင်းသွားအတူ၊ ကစားအတူ၊ စားအတူနှင့် ကျွန်မအပျော်ဆုံးကတော့ ကျွန်မမောင်လေးနဲ့ ကျွန်မမွေးနေ့ပွဲ
လုပ်တိုင်း ကျွန်မပျော်ခဲ့ပါတယ်။

ကျွန်မဆယ်တန်းနှစ်၊ မောင်လေးထူးဝဏ္ဏ လေးတန်းတုန်းက တညနေ ကျောင်းကပြန်လာမှာတော့-
“ဟင့် ဟင့် ဟင့်” ကျွန်မခြေလှမ်းတွေ မြန်လာပါတယ်။ ဒက်ဒီ့ မာမီကိုဘာလုပ်ပြန်ပြီလဲ ဒေါသနဲ့အတူ ခြေလှမ်း
ကျဲကြီးနဲ့ အိမ်ထဲဝင်လိုက်စဉ်မှာပဲ မာမီကြမ်းပြင်တွင် ပုံလျက်သားငိုနေတာကို တွေ့လိုက်ရတယ်။ မာမီက
ဒက်ဒီနဲ့ပြဿနာဖြစ်တိုင်း ကျွန်မတို့ကို အဝေးတွင် နေခိုင်းလေ့ရှိပါတယ်။ လူကြီးတွေကြောင့် ကလေးတွေကို
စိတ်မဆင်းရဲစေချင်သောကြောင့်ဖြစ်ပါတယ်။ ခုအခါမှာတော့ မာမီက ကျွန်မတို့မောင်နှမကို မြင်သည်နှင့်ဖက်
၍ ငိုပါသည်။ ကျွန်မစိတ်ထဲထင့်သွားသည်။ မာမီတခါမှ ယခုလို မပြုမူဖူးသောကြောင့်လည်းပါတယ်။
မာမီနဲ့
အတူ ကျွန်မတို့ ရောငိုမိကြပါသည်။ ပြဿနာအကြောင်းရင်းကိုတော့ မသိပါ။ သိလိုက်တဲ့အချိန်မှာတော့
ကျွန်မမငိုတော့ပါ။ ဒက်ဒီ့က မာမီကို ကွာရှင်းဖို့ပြောသည်တဲ့။ ကျွန်မမိဘတွေ ကွဲတာ ကျွန်မ
ဘာကြောင့်ပျော်
ပျော်သလဲ၊ ကျွန်မမှာ အဖေရှိလျက်နှင့် ပညာရည်ချွန်ဆုပေးပွဲသွားတိုင်း ဒက်ဒီမလိုက်ခဲ့ပါ။
ကျွန်မလည်း သူများ
တွေလို မိဘနှစ်ပါးနဲ့အတူ ဆုပေးပွဲတက်ချင်ခဲ့ပါသည်။ ကျောင်းပိတ်ရက်တိုင်း မိသားစုနှင့်
အတူ ပျော်ပျော်
ပါးပါး ခရီးထွက်ချင်ခဲ့ပါသည်။ ခုတော့ အဲလိုမဟုတ်သည့်အပြင် ဒက်ဒီ့ကြောင့် ကျွန်မတို့အရှက်ရကြရသည်၊
စိတ်ညစ်ရသည်။

ဒက်ဒီနဲ့မာမီကွဲပြီးနောက်ပိုင်းမှာတော့ မာမီ့၌ရှိသည့် ပိုက်ဆံလေးဖြင့် သင့်တော်သည့် အိမ်တလုံးဝယ်ပြီး အိမ်
ဆိုင်လေးဖွင့်ရင်း ကျွန်မတို့ဘ၀ကို စတင်ရုန်းကန်ခဲ့ရပါသည်။ ကျွန်မအဆင်မပြေမှုကြုံတိုင်း၊ အထည်ကြီးပျက်
တွေလို့ ပြောခံရတိုင်း ဦးဘုန်းဝဏ္ဏကို မုန်းတီးနာကြဉ်း စက်ဆုပ်မိပါသည်။ မာမီနဲ့ကွဲလိုက်ပေမယ့်
ကျွန်မတို့
မောင်နှမအတွက် ဦးဘုန်းဝဏ္ဏကို အဖေဟု မသတ်မှတ်နိုင်ပါ။ လမ်းတွေ့ရင်တောင် မတွေ့အောင်ရှောင်သွားခဲ့
ပါသည်။ ဒီလိုနဲ့ ပုလဲဆယ်တန်းကို ဂုဏ်ထူး လေးဘာသာနှင့် အောင်မြင်ခဲ့ပါသည်။ မာမီက
စီးပွားရေး
တက္ကသိုလ် တက်စေချင်၍ ကျွန်မ စီးပွားရေးတက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
“ပုလဲ... နင့်နောက်က လူတယောက်လိုက်လာတယ်ဟ”
“ဟုတ်လား” ပြောရင်း လှည့်ကြည့်လိုက်စဉ်မှာတော့ “ဟင်...ဦးဘုန်းဝဏ္ဏ” “ပုလဲနင်အသိလား”
“မဟုတ်ပါဘူးဟာ... သူတို့က ဆင်းရဲတော့ ပိုက်ဆံလာတောင်းတာနေမှာပေါ့”
“အဲဒါဆိုလည်း ပိုက်ဆံပေးလိုက်လေဟာ”
“အိုး ဘာလို့ပေးရမှာလဲ သူ့မှာလည်း ခြေကောင်းလက်ကောင်းနဲ့ လာပါဟာ ဂရုစိုက်မနေစမ်းပါနဲ့” မမှတ်မိ
လောက်အောင် ပြောင်းလဲသွားခဲ့တဲ့ ဦးဘုန်းဝဏ္ဏပုံစံက ကျွန်မတွေးတောင် မတွေးမိတဲ့ ပုံစံမျိုးနဲ့ ကိုယ်ပေါ်က
အ၀တ်တွေကလည်း စုတ်ပြတ်လို့။ ကျွန်မယခင်နေခဲ့တဲ့ အိမ်လေးကို မာမီမသိအောင် သွားကြည့်ခဲ့တယ်။

အိမ်နီးနားချင်းတွေ ပြောပြချက်အရ နောက်မိန်းမယူပြီး အရင်လိုမူးရူးနေတော့ ယူထားတဲ့မိန်းမက မိန်းမလည်
ချူစားတဲ့ မိန်းမ၊ ယောက်ျားလုပ်တဲ့သူက မူးရူးပြီး ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်မိန်းမလုပ်တဲ့သူက
ယောက်ျား
မရှိခင် အိမ်မှာတင် ဖောက်ပြန်၊ ဂေါ့(ဖ်)ရိုက်တာကလည်း ရှုံး၊ နောက်ဆုံးတော့ နောက်မိန်းမက အိမ်ပေါ်ကနှင်
ချလိုက်တယ်ဆိုပဲ။ ဂေါ့(ဖ်)ကြွေးတင်တာကလည်း နောက်မိန်းမရဲ့ လင်ငယ်ဆီမှာ အဲတော့စည်းစိမ်ဥစ္စာလည်း
ရှုံး မယားလည်းရှုံးတဲ့။ ကြားရတဲ့ သတင်းကတော့ အကောင်းဆို၍ ကုန်းကောက်စရာတောင်မရှိ။


“ခွမ်း” မာမီ့ကို ဦးဘုန်းဝဏ္ဏအကြောင်း ပြန်ပြောပြလိုက်တာ မာမီ့လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တောင်
လွတ်ကျတယ်။ မာမီ့ ဒက်ဒီ့ကို မမေ့နိုင်သေးဘူးကိုး။ ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတယောက်အပေါ်
မာမီမေ့ပစ်သင့်ပါသည်။ ကျွန်မနောက် ဘာလို့ တကောက်ကောက် လျှောက်လိုက်နေရတာလဲ။ရှက်ဖို့
ကောင်း လိုက်တာနော်။

နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ စောင့်လက်စနဲ့ စောင့်ဦး (ထီးဆိုင် မဟုတ်ပါ)

Tuesday, November 20, 2007

ချစ်စရာ့အရွယ်

ပုံထဲက ဘယ်သူပါလိမ့်???? သြော်... အိပ်စရာရှားလို့

Monday, November 19, 2007

ဆယ့်တစ်ပွဲ ဟာသ...

မီးလေးတို့ သူငယ်ချင်းတသိုက် အအေးဆိုင်မှာ အအေးထိုင်သောက်နေတုန်း

“ဟဲ့ ဟဲ့ ဟိုမှာ ဟိုမင်းသမီးလေဟယ်”

“ဘာတုန်း ဘယ်မှာလဲ နင့်ဟာက အဆုံးမရှိ အစမရှိ”

“အော် အေးတွေ့ပြီ၊ သူ့နံမည်တောင် မေ့နေတယ်”

မီးလေးတို့ အဖွဲ့ထဲမှာ ချောက်သူ တစ်ယောက်ပါတယ်။ သူ့ကို စန္ဒာက

“အခွေတွေထဲမှာ အမြဲပါတယ်လေဟာ။ ဆရာမ သမီးဗိုက်အောင့်အောင့် နေတယ် ဆိုတာလေ”လို့ ပြောတော့ ချောက်သူအားရပါးရ ပြန်ပြောလိုက်တာ တဆိုင်လုံးပွဲကျသွားတော့တယ်။
“သိတယ်သိတယ်... ဒါပေမဲ့ အဲနေရာရောက်ရင် ကျော်လိုက်လို့ မသိဘူး” တဲ့ ကောင်းရော။ အိမ်ပြန်ရောက်တဲ့ အထိ ဗိုက်ကြောတွေ နာတုန်းပဲ။
နောက်တစ်ခါက ကျတော့ ဖြူးသူ- သူမဘေးက Rဇာနည် တစ်ယောက်လုံးရပ်နေတာ စကားပြောကလည်း တအားပွင့်လင်းတော့ အားလုံးဝိုင်းရီစရာလိုဖြစ်နေတာပေါ့။ သူပြောပုံကလည်းကြည့် “ဟယ် Rဇာနည်နဲ့ တူတယ်တော့”တဲ့ Rကြီး ခင်ဗျာ တော်တော်နေရခက်မှာပဲ ပြုံးစိပြုံးစိနဲ့ မီးလေးတို့ကတော့ ကြိတ်ရီနေရတာ ဗိုက်ကြောတွေတောင်နာတယ်။ နောက်မနေနိုင်တော့တဲ့အဆုံး ပြောပြလိုက်ကြပါလို့ ပြောလိုက်ရတယ်။ “အမအဲဒါ Rကြီးပဲလေ”ပြောလိုက်တော့ နောက်တစ်ခေါက်သွားပြန်ကြည့်လေရဲ့။ အဲလောက်ထိကို ဗရုတ်ကျ ချတာ ပြီးတော့ နောက်တစ်ခုရှိသေးတယ် ဗဟုသုတပေါ့ သူတို့ကို ရည်းစားထားမိလို့ကတော့ “ချစ်တယ်”လို့ တသက်လုံးပြောခံရမှာ မဟုတ်ဘူး။
(စာကြွင်း။ ။ ချနဲ့ရှ စကားသံမပီလို့ ချစ်တယ်ပြောတိုင်း ရှစ်တယ်လို့ပဲ အသံထွက်ကြပါတယ်)
ရီပြီးမှပြန်နော်...

Friday, November 16, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၁

ညနေခင်းတစ်ခုရဲ့ လှပတဲ့ နီယွန်မီးတွေ ဆင်မြန်းထားတဲ့ ခြံကြီးတစ်ခြံ၌ ဧည့်ပရိတ်သတ်တွေရဲ့ အလယ်မှာ ဂါဝန်အဖြူလေးကို ၀တ်ဆင်လျက် ခေါင်းတွင် သရဖူဆောင်းထားတဲ့ ကောင်မလေးတယောက် ...
မျက်နှာပေါ်မှာလည်း အပြုံးရိပ်တွေနဲ့ ပျော်ရွှင်နေတဲ့ ကောင်မလေး ...

ခြံထဲမှာရှိတဲ့ ဧည့်ပရိတ်သတ်တွေကလည်း ဂုဏ်သရေအသိုင်းအ၀ိုင်းမှ လူကုံတံတွေ... ခြံရှေ့ရပ်ထားတဲ့ ကားတွေကလည်း အကောင်းစားတွေ... ခြံရဲ့အလယ်ခေါင်တည့်တည့်မှာတော့ မွေးနေ့ကိတ်... ပျော်တပြုံးပြုံးနဲ့ ဧည့်ခံနေကြတဲ့ မွေးနေ့ရှင်ရဲ့ မိဘနှစ်ပါး... ပြီးတော့ ညီအစ်ကိုမောင်နှမတွေ...

ကျွန်မသူ့မကို အားကျနေမိတရ်။ ကျွန်မလို ကိုယ့်ဘ၀ကို မသေချာတဲ့လူအဖို့ ယခုလိုပွဲမျိုး ကျွန်မရတော့မည် မဟုတ်တော့ဘူးဆိုတာ ကျွန်မမှလွဲ၍ မည်သူ့မှ မသိနိုင်ပါ။


မာမီက ကျွန်မကို ငယ်ငယ်က အသားဖြူပြီး အိမ်ရဲ့ဆည်းလည်းလည်းဖြစ်ပြီး ချစ်မြတ်နိုးတဲ့အတွက် ပုလဲဖြူလို့ နာမည်ပေးခဲ့ပါတရ်။ ပြီးတော့ ကျွန်မကို မွေးပြီးတဲ့နောက် ဒက်ဒီရဲ့ အလုပ်တွေ အဆင်ပြေပြီး မိသားစု စားဝတ်နေရေး ချောင်လည်တဲ့အပြင် ငွေပိုငွေလျှံရှိလာပါသဖြင့် မာမီ၌ ရွှေတွေဝင်းနေခဲ့ပါတရ်။ ထို့ကြောင့် ဒက်ဒီနဲ့မာမီက ကျွန်မကို ပို၍တိုး၍တိုး၍ ချစ်ကြပါတရ်။

ကျွန်မသုံးနှစ်သမီးအရွယ်မှာတော့ လက်ရှိအိမ်ကနေ ပြောင်းပြီး ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ ဆောက်ထားပြီး လှပတဲ့တိုက်လေးမှာ ပြောင်းနေခဲ့ကြပါတရ်။ ကျွန်မရဲ့ မွေးနေ့ပွဲကိုလည်း ထိုခြံကြီးထဲမှာပင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတရ်။

ကျွန်မငါးနှစ်သမီးအရွယ်မှာတော့ မာမီ့မှာ နောက်ထပ်ကိုယ်ဝန်ရှိခဲ့ပါတရ်။ တဦးတည်းသောဖြစ်တဲ့ ကျွန်မအဖို့ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ပါတရ်။ ကျွန်မအတွက် မောင်လေး ဒါမှမဟုတ် ညီမလေးရမှာ ပျော်ပေမဲ့ ဒက်ဒီနဲ့မာမီ ထံမှ အချစ်လျော့သွားမလားဆိုတဲ့ အတွေးနဲ့စိုးရိမ်ပြီး ၀မ်းနည်းမိခဲ့ပါသေးတရ်။ ဒါပေမဲ့ ကျွန်မအတွက် အဖော် ရမှာမို့ ၀မ်းသာမိပါတရ်။

ကျွန်မ တခါမှမစဉ်းစားမိသော အရာတွေ၊ ၀မ်းနည်းစရာ ဖြစ်ရပ်တွေ ကျွန်မဘ၀ထဲကို ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။ ဒက်ဒီက စီးပွားရေးလည်း အဆင်ပြေ၊ လူကုံတံအသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်ခဲ့တော့ လူကုံတံအများစု ထုံးစံအတိုင်း အစပိုင်းမှာတော့ ဘီယာလေးတမြမြ၊ နောက်ပိုင်းမှာတော့ အရက်လေးတမြမြ အလုပ်အကြောင်း ပြပြီး နေ့စဉ်လိုလို မူးပြီးမှ ပြန်လာတတ်နေခဲ့ပါပြီ။ အလုပ်အားနေခဲ့လျှင်လည်း အလုပ်ဗန်းပြပြီး ဂေါ့(ဖ်)သွား ရိုက်တတ်ပါတရ်။ ဂေါ့(ဖ်)ရိုက်တာ ပြဿနာမဟုတ်ပေမဲ့ လောင်းကြေးနဲ့ ရိုက်၊ ပြီးရင် ဘီယာဆိုင်သွား၊ အိမ်ကို ညဉ့်နက်သန်းခေါင်မှ မူးပြီးပြန်လာတတ်တရ်။

“ကိုဘုန်းရယ်...ကျွန်မမှာလည်း မပေါ့မပါးကြီးနဲ့ ရှင့်မှာလဲ အိမ်ကိုကပ်တယ်မရှိဘူး။ အလုပ်အားတဲ့ ရက်လေး မိသားစုကို အချိန်ပေးမယ်ကိုမရှိဘူး”

“အေ့... ငါအလကားသွားနေတာ မဟုတ်ဘူးကွ။ မင်းတို့တွေ ခုလိုနေနိုင်အောင်ရှာကျွေးနေတာ ဒီကောင်ပါကွ။ ခုမင်းတို့ ဘာလိုလဲ။ လိုလေသေးမရှိ ငါထားခဲ့တာပဲ။ အေ့... ငါ့ကို ဆရာလာလုပ်စရာ မလိုဘူးကွ အေ့”

“ဒုန်း”

အသံတွေ ဆူညံနေလို့ ကျွန်မ အိပ်ယာမှ လန့်နိုးသွားတရ်။ အိပ်ခန်းတံခါးကို ဖွင့်လိုက်စဉ်မှာပဲ ဒက်ဒီနဲ့မာမီ စကားများသံကို ကြားလိုက်ရတရ်။ ကျွန်မ မအံ့သြတော့ပါ။ ဒက်ဒီမူးလာတိုင်း မာမီနဲ့ တိုးတိုးဖြစ်စေ၊ အော်၍ ဖြစ်စေ စကားများ၊ ရန်ဖြစ်နေကြ။ ယခင်က ကျွန်မတို့ မိသားစုကို အားကျနေကြသော ပတ်ဝန်းကျင်ကို ကျွန်မ ရင်မဆိုင်ချင်ပါ။ သူများတွေက “အေးချမ်းလိုက်တာ စကားများသံတောင်မကြားရဘူး။ ဦးဘုန်းဝဏ္ဏတို့များ စီးပွားလည်း အရှာကောင်းပါရဲ့။ မိသားစုအပေါ်မှာလည်း သစ္စာရှိတယ် ဒေါ်မြသီတာတို့များ လင်ကံကောင်းလိုက်တာ။”ဆိုတဲ့ စကားသံများ ကျွန်မကို ခြောက်လှန့်လို့နေပါတယ်။
“ပုလဲတောင်ကျောင်းက ပြန်လာပြီပဲ၊ သမီးရေသွားချိုး။ မာမီထမင်းစားဖို့ပြင်ထားလိုက်မယ်နော်” မာမီ ပြောပြီး ထမင်းစားခန်းထဲ ၀င်သွားပါသည်။ မာမီ မျက်ဝန်းထဲမှာ မျက်ရည်စတွေကို မြင်ရပါတယ်။ ဒက်ဒီနဲ့မာမီ စကားများကြပြီ ထင်ပါရဲ့။ မာမီက ကျွန်မမမြင်အောင် စိတ်ကို ချုပ်တီးထားပုံပါပဲ။ ဒါပေမဲ့ ကျွန်မ မြင်ခဲ့ရတရ်။
“သမီး စာတွေလုပ်နေတာ သိပ်ညဥ့်မနက်စေနဲ့ဦး မာမီနွားနို့ ပူပူလေးလုပ်ပေးထားတယ် သောက်လိုက် ဦးနော်” “ဟုတ်ကဲ့ မာမီ”
“ဒုန်း...ဒုန်း...ဒုန်း”
“မိန်းမရေ...အေ့ မိန်းမ၊ ဒီမိန်းမ ဘယ်သွားသေနေလဲ”
“ကိုဘုန်း ရှင်မူးလာလည်း အေးအေးနေပါ။ သမီးလေးစာကြည့်နေတုန်းရှိသေးတရ်။ မအိပ်သေးဘူး။ သမီး ကြားသွားရင် မကောင်းဘူး။ ကျွန်မသမီးကို စိတ်ဒဏ်ရာတွေ မပေးစမ်းပါနဲ့ရှင်။ သမီးကို သူ့အဖေက အရက်သမားလို့ မမြင်စေချင်ဘူး။”
“ဒီမှာ ငါအိမ်ထောင်ဦးစီး မင်းဘာမှပြောစရာမလိုဘူး၊ မင်းထက် ငါပိုနားလည်ဆိုတာ မင်းခေါင်းထဲမှာ စွဲနေအောင် မှတ်ထားလိုက်စမ်းပါကွာ အေ့”
“သမီးရေ သမီး...အေ့”
“ပုလဲ...သမီးရေ အေ့”
“ရှင် ဘာဖြစ်လို့ ကလေးကို ခေါ်နေတာလဲ။ ရှင်ဒီပုံစံမျိုးနဲ့ ကျွန်မသမီးနား မသွားပါနဲ့။ တခြားဟာတွေသာ ခွင့်လွတ်ချင် ခွင့်လွတ်မရ်။ သမီးနဲ့ ပတ်သက်လာရင်တော့ ရှင့်ကို လုံးဝခွင့်မလွတ်ဘူး”
“မင်းက ဘာမို့လို့လဲကွ။ ငါ့သမီးဆီ ငါသွားတာ ဘာဖြစ်လဲကွ”
“ကျွန်မတောင်းပန်ပါတယ်ရှင်။ ရှင်မသွားပါနဲ့ သမီးကို အရက်နံ့နဲ့ မရင်းနှီးစေချင်လို့ပါ။ တောင်းပန်ပါတယ်။ လာပါ ကျွန်မတို့ အခန်းကို ၀င်ရအောင်ပါ”
ကျွန်မအခန်းထဲမှာ အံကြိတ်ပြီး ငိုနေမိပါတယ်။ မာမီ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မစိတ်ထဲမှာလည်း မလာပါ စေနဲ့လို့ ဆုတောင်းနေခဲ့တယ်။ ကျွန်မချစ်တဲ့ ဒက်ဒီက ယခုလို ပုံစံမျိုးနဲ့ မဟုတ်ပါ။ အရက်မူးပြီး ပြန်လာ၊ မိသားစုကို ပြဿနာရှာတတ်တဲ့သူ မဟုတ်ပါ။ ကျွန်မ ဒက်ဒီ့ကို ယနေ့ကစပြီး မချစ်တော့ပါဟု သံဓိဌာန် ချလိုက်ရ်။ ဟုတ်တရ် ဒက်ဒီ့ကို ကျွန်မ ဒက်ဒီပါလို့ သူငယ်ချင်းတွေရှေ့ပြောရမှာ ကျွန်မသိပ်ရှက်တယ်။
နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်

မီးလေးရဲ့ အမြင်

“သားတို့ရေ အမေ မုန့်ဖက်ထုပ် ၁၀ထုပ်ဝယ်လာတရ်။ သားတို့ မောင်နှမ၅ယောက် မျှစားလိုက်ကြနော်။”
“ဟုတ်ကဲ့...အမေ ကျွန်တော်တို့မောင်နှမတွေ ဝေစားလိုက်ပါမယ်”လို့ အကြီးဆုံးသားဖြစ်တဲ့ မောင်နီက ပြန်ပြောလိုက်တရ်။ အမေက မုန့်တွေပေးပြီး အပြင်ထွက်သွားပါတရ်။ မောင်နီက မောင်နှမတွေ အကုန်လုံးကို ခေါ်ပြီး
“မုန့်တွေကို အကိုအကြီးဆုံးဖြစ်တဲ့ ငါက ဝေပေးမယ်”လို့ ပြောလိုက်တယ်။ မုန့်က-၁၀ခု တဦးနှစ်ခုစားလို့ရရဲ့ ဘယ်လို ဝေဦးမှာလဲပေါ့။ ဒါပေမဲ့လည်း အကိုကြီးဆိုတော့ မပြောရဲကြဘူးပေါ့။
“ကဲ မောင်ဖြူ မင်းအတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မောင်မဲ မင်းအတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မကြီး နင့်အတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မငယ် နင့်အတွက် ၁ခု၊ ငါ့အတွက် ၁ခု” ကျန်မောင်နှမတွေ အားလုံးကို ဝေပြီးတဲ့အချိန်မှာ မောင်နီက သူ့အတွက် ၆ခု၊ ကျန် မောင်နှမတွေက ၁ခုစီပဲရသတဲ့။ မောင်နီက ဒီလိုပဲ လူလည်ကျနေကြမို့ ကျန်မောင်နှမ တွေက မကျေနပ်ဖူးပေါ့။ ဒါနဲ့ ရွာက ကျောင်းထိုင်ဆရာတော်ကို သွားတိုင်ကြတရ်။ ဒါနဲ့ ဆရာတော်က “မောင်နီကို ခေါ်လာခဲ့စမ်း... ငါဆုံးမတော်မူမယ်” လို့ ပြောပြီး မောင်နီကို ခေါ်ခိုင်းလိုက်တရ်။ မောင်နီကလည်း သိပြီးသား။ ဆရာတော်ဆီကို မုန့်ဖက်ထုပ်လေး နှစ်ထုပ်ကို ကိုင်ပြီး ဆရာတော်ထံကို လာခဲ့တယ်။
“အရှင်ဘုရား...တပည့်တော်တို့အမေက တပည့်တော်တို့ မောင်နှမတွေအတွက် မုန့်ဖက်ထုပ်ဝယ်လာပါတရ် ဘုရား... တပည့်တော်က ဆရာတော်အတွက် ဖယ်ပြီး လာကပ်တာပါဘုရား” ဆိုတော့ ဆရာတော်ခင်ဗျာ ဘာမှ မပြောနိုင်ရှာဘူးတဲ့။
အဲဒီအကြောင်းလေးက ဆရာတော် ဦးကောဝိဒ တရားထဲက အမှတ်တမဲ့ ကြားလိုက်တာကို ကျန်တဲ့စာဖတ်သူတွေကို ပြန်ဖြန့်ဝေတာပါ။ ဆရာတော်ကတော့ မြတ်စွာဘုရားက အဆင်းရဲဆုံးဒုက္ခဟာ ဆာလောင် မွတ်သိပ်ခြင်းလို့ ဟောကြားတော်မူခဲ့တာနဲ့ ပတ်သက်ပြီး ဟောထားတဲ့ တရားလေးပါ။

မီးလေးကတော့ နောက်တစ်မျိုးအနေနဲ့ ခေါင်းဆောင်ရယ်၊ အကြီးရယ်လို့ ဖြစ်လာရင် မောင်နှမထဲမှာ၊ အလုပ်ထဲမှာ နာယကဂုဏ်ခြောက်ပါးနဲ့ ပြည့်စုံဖို့လိုတဲ့အကြောင်းကို စဉ်းစားမိပါတယ်။ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခု လို့ဆိုတဲ့
နာယကဂုဏ်ခြောက်ပါးနဲ့ လူတိုင်းပြည့်စုံကြမရ်ဆိုရင် တဦးနဲ့တဦး မကျေနပ်ခြင်း၊ မနာလို ၀န်တိုခြင်း၊ ပုန်ကန်ခြင်း စတဲ့ ဆန့်ကျင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ မြင်ပါတရ်။

စာဖတ်သူများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင် ....

Wednesday, November 14, 2007

What is Love?

What is Love? ဆိုပြီး သီချင်းတော့ မထင်လိုက်ပါနဲ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ထွက်ပေါက်ပါဆိုပြီးတော့ ကြွေးကြော်နေတဲ့ အစ်ကိုတော် ကိုအောင်မျိုးဟန်က တက်လိုက်တာလေ အချစ်ဆိုတာဘာလဲတဲ့။ ဒါကြောင့် သီချင်းခေါင်းစဉ်နဲ့ သွားတူသွားတာ :P ....

အဲဒါမှ ဒုက္ခပဲ အကိုရေ... မီးလေးက အချစ်အကြောင်း သိပ်မသိဘူးကွဲ့။ အချစ်ဆိုတာ ဘာသာစကားတမျိုးလို့ ထင်တယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာမှမဟုတ်ပါဘူး။ အချစ်ကို လူတိုင်းလူတိုင်းက အဓိပ္ပယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။
အဆိုတော် မခိုင်(ထွန်းအိန္ဒြာဗိုလ်)က အချစ်ကို ဒီလိုဖွင့်ဆိုခဲ့ပါတယ်။
“အချစ်ဆိုသည်မှာ လူသားတိုင်းအတွက် ဆန်းကြယ်သော အရာ...”
“အချစ်ဆိုသည်မှာ ၀မ်းနည်းတဲ့အခါ နေမင်းကုဋေကုဋာ...”
“အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် မျက်ရည်တို့ရဲ့ ကဗျာ...”
“တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ... အချစ်ဟာ အဖြေရှာ မရတဲ့ ပုစ္ဆာ... ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိ တော့ပါ... တကယ်ဆိုရင် အချစ်ဆိုတဲ့အရာနဲ့ ဆုံစည်းလိုက်ချင်ရဲ့...”
ဒီသီချင်းထဲမှာ အဖြေပါသွားပြီလေ။

အချစ်ကို တချို့က ချိုမြိန်တရ်...
အချစ်ကို တချို့က ခါးသက်တရ်...
အချစ်ကို တချို့က ကြည်နူုးဖို့ကောင်းတရ်...
အချစ်ကို တချို့က ကစားစရာလို့ထင်တရ်...
အချစ်ကို တချို့က မျှဝေခံစားတရ်...
အချစ်ကို တချို့က ....
အချစ်ကို .....

မီးလေးကတော့ အချစ်ဆိုတာ ကိုယ်က ချစ်လို့ပဲဖြစ်ဖြစ်၊ သူများက ကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်၊ တဦးနဲ့တဦး ချစ်လို့ပဲဖြစ်ဖြစ် သောကမရှိတဲ့အချိန်မှာတော့ အေးချမ်းမရ်၊ ပျော်စရာကောင်းမရ်၊ အဲဒီအချိန်တွေလောက် တန်ဖိုးရှိတဲ့အချိန်ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ချင်ထင်မရ်။ သနားတဲ့စိတ်နဲ့ ဖြစ်တည်လာတဲ့ အချစ်နဲ့၊ တဦးနဲ့တဦး နားလည်နိုင်ကြမယ်ဆိုရင် အခိုင်မြဲဆုံးသော အချစ်ကို ရလိမ့်မယ်လို့ မီးလေးထင်တရ်။ ချစ်ပဲချစ်တတ်ပြီး နားလည်မှုမရှိရင်၊ အချိန်ပြည့် သ၀န်တိုနေရင်၊ ကြားစကားနားယောင်တတ်ပြီး လွယ်လွယ်ယုံလွယ်တတ်ရင်၊ ယောက်ျားလေးဘက်ကပဲဖြစ်ဖြစ်၊ မိန်းကလေးဘက်ကပဲဖြစ်ဖြစ် စိတ်မရှည်တော့လို့ ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခုခေတ်ဆိုရင် ချစ်ဖို့ ပိုတောင်ကြောက်ဖို့ကောင်းသေး လူရိုးဆိုတာ သင်္ချိုင်းမှာတောင် မရှိတော့ဘူးကိုး။
အကိုအောင်မျိုးဟန်ရေ ဒီလောက်ပဲတော်ပြီနော် ရေးတတ်ဖူး... အကို့တော်ကတော့ ရေးတတ်မှာပေါ့ လွမ်းနေတာကိုး ဟီး ဟီး

Monday, November 12, 2007

ကထိန်အကြောင်း တစေ့တစောင်း

ချစ်ညီမလေး အလွမ်းအိမ်က မီးလေး စီပုံးမှာ ကထိန်ခင်းလို့ မရဘူးဆိုတာ လာမေးထားတော့ မီးလေးသိသမျှ၊ ဖတ်သမျှတွေနဲ့ ဦးဏှောက်ထဲက ညစ်ထုတ်၊ စာအုပ်တွေရှာပြီး ရေးပေးလိုက်ပါတယ် ညီမရေ။ အရှင်အာစာရာ လင်္ကာရရေးသားတော်မူတဲ့ ကထိန်အကြောင်း သိကောင်းစရာများထဲစာအုပ်များထဲမှာ ကောက်နုတ်ရေးသားထားပါတယ်။

ဂေါတမဘုရားလက်ထက်တော်၌ ပါဝေယျတိုင်းသားဖြစ်ကြသော ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့ကို အကြောင်းပြု၍ ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်တယ်လို့ သိရှိခဲ့ပါတယ်။ ထိုညီနောင်သုံးကျိပ်တို့သည် သာသနာ၌ ထင်ရှားသော စစ်ဘုရင် “ပသေနဒီ ကောသလ” မင်းကြီးနှင့် ညီအစ်ကို တော်စပ်ကြသူများ ဖြစ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တော်မူခါစ ဗာရာဏသီပြည်မှ “ဥရုဝေလ” တောအုပ်သို့ ကြွတော်မူရာ တစ်ခုသော တောအုပ်ဝယ် မိန်းမပျောက် ရှာဖွေစဉ် ဘုရားရှင်နှင့်တွေ့၍ ဧဟိဘိက္ခုရဟန်းဖြစ်ကာ တရားထူး ရခဲ့ကြသူများလည်း ဖြစ်ကြပါတယ်။

ထိုရဟန်းသုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမြော်ရန်လာရာ ၀ါဆိုအမီ မရောက်နိုင်ခဲ့ကြသဖြင့် သာကေတမြို့၌ ၀ါကပ်ဝါဆိုခဲ့ကြရလေသည်။ ၀ါလကင်းလွတ် သီတင်းကျွတ်၍ ပ၀ါရဏာပြုပြီးသောအခါ သာဝတ္ထိသို့ ဆက်လက်ကြွချီတော် မူကြရာတွင် ၆ယူဇနာ(၄၂မိုင်ခန့်) ဝေးကွာပါတယ်။ လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ရေ၊ ရွှံ့ညွှန်တို့ဖြင့် စိုစွတ်လျက် ဘုရားရှင်အား ဖူးမြော်ကြရပါတယ်။ ကထိန်အာနိသင်ငါးမျိုးအနက် “အသမာဒါန စာရ” အကျိုးဟုခေါ်သော သင်္ကန်းသုံးထည်လုံးကို ဆောင်ယူဖွယ်မလိုခြင်း လွတ်လပ်ခွင့်ရသဖြင့် ဘဒ္ဒ၀ဂ္ဂီရဟန်းများဟာ ခုလိုဒုက္ခမျိုးကို မတွေ့ကြုံနိုင်တော့ပေ။ မြတ်စွာဘုရားသည် ခွင့်မပြုရသေးသော ရဟန်းတော်များ ဆင်းရဲဒုက္ခရောက်ကြရ သည်ကို မြော်မြင်တော်မူကာ ပထမ၀ါ(ပုရိမ၀ါ)ကျွတ်ပြီးသော ရဟန်းတို့အား အကျိုးငါးမျိုးကိုပြ၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးအာနိသင်ငါးပါးကို ကထိန်ခင်းသောရဟန်းနှင့် နှုတ်မြွက် သာဓုအနုမောဒနာပြုသော ရဟန်းတို့သည် ကထိန်ခင်းသောနေ့မှစပြီး တပေါင်းလပြည့်နေ့တိုင်အောင် ရယူခံစားနိုင်ခွင့်ရှိကြပါတယ်။ ကထိန်ခင်းနိုင်ခွင့်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းသာ ခင်းခွင့် ရှိပါတယ်။ မီးလေးတို့ အခုအခါမှာ ကထိန် ခင်းတယ်လို့ ပြောဆိုနေကြသည်မှာ အမှန်မဟုတ်ပါ။ ဒါယိကာ၊ ဒါယိကာမတို့ အနေဖြင့် ကထိန်မခင်းနိုင်။ ကထိန်ခင်းဖို့အတွက် ရဟန်းတို့အား သင်္ကန်းကို ပေးလှူသူမျှသာ ဖြစ်နိုင်ကြပါတယ်။ ဒါပေမဲ့ အများစု ကတော့ ဒီနှစ်တော့ ဘယ်ကျောင်းမှာ ကထိန်ခင်းမှာ ဘယ်လောက်လောက်ကုန်မှာဟု ကြွားဝါသည်ဖြစ်စေ၊ သူတပါးအား ပြောပြသည်ဖြစ်စေ၊ ကိုယ်ကောင်းမှုကုသိုလ် ဘယ်လိုလုပ်ကြောင်း တခြားသူအား ပြောပြခဲ့ ပါလျှင် ကုသိုလ်အားလုံး ပျက်ပြယ်တတ်ပါတယ်။

အလွမ်းအိမ်မေးသလို ကထိန်မခင်းနိုင်သော ရဟန်း၊ သံဃာများဟာ
  • ပထမ၀ါမဆိုရသေးသူ
  • ၀ါကျိုးဝါပြတ်သူ
  • ပစ္ဆိမ၀ါကပ်သူ (ဒုတိယ၀ါဆို၊ ၀ါကပ်သူ)နှင့်
  • အခြား ကျောင်းတိုက်၌ နေသောသူများသာ ကထိန်အာနိသင်ငါးပါးကို မရရှိနိုင်ပါ။
ထိုသို့မဟုတ်လျှင် ကထိန်မခင်းသော်လည်း ကထိန်ကာလတွင် အာနိသင်ငါးပါးထဲမှ ဒုတိယမြောက်ဖြစ်သော “အသမာဒါန စာရ”မှ လွဲ၍ ကျန်လေးပါးကို ရရှိနိုင်စွမ်းရှိပါတယ်။ ရဟန်းများဟာ ၀ါဆိုသည့်ကျောင်းတိုက်မှ ၀ါကျွတ်ကာလအထိ ညအိပ်ညနေ အပြင်ထွက်ခွင့်မရှိပါဘူး။ အရမ်းအရေးကြီးသော ကိစ္စနှင့် မဖြစ်မနေ သွားရမည့် ဆိုခဲ့လျှင်ပင် ကျောင်းတိုက်၏ ခွင့်ပြုချက်ဖြင့် ၀ါပန်ပြီးမှသာ သွားခွင့်ရှိပါတယ်။ ၀ါပန်ပြီး ညအိပ် ညနေသွားခဲ့လျှင်လည်း အများဆုံး ၇ရက်သာ(မသေချာပါ) သွားခွင့်ရှိပြီး ထပ်ပြီးနေရမည်ဆိုလျှင် မိမိနေသော ကျောင်းတိုက်သို့ ပြန်၍မရသိ အရပ်ဖြစ်ခဲ့လျှင် နီးစပ်ရာ ကျောင်းတိုက်၌ ထပ်ပြီး ၀ါပန်ရပါတယ်။ ထိုသို့သော ရဟန်း၊ သံဃာများကို ၀ါကျိုးသည်ဟု မခေါ်ပါ။

ချစ်ညီမလေးရေ ဒီလောက်နဲ့ ခဏနားထားမယ်နော်... နောက်မှ ကထိန်အာနိသင် ငါးမျိုးကို ထပ်တင်ပေးပါမယ်...

မီးလေးရဲ့ ယုံတမ်းစကား ...

ကိုမွန်ကြီးက မီးလေးကို ယုံတမ်းစကားရေးခိုင်းထားတော့လည်း ရေးရတာပေါ့ ယုံချင်ယုံ မယုံချင်နေ ဒါပေမယ့် ယုံနော် ဟီး ဟီး... မီးလေးကို ယမမင်းကြီးက သူ့ဆီ အလည်လာပြီး တော့ကီပွားဖို့ လာဖိတ်သဗျ... ဘယ်ရမလဲ မီးလေးတို့ကလည်း ဖိတ်တယ်ဆို လာထားပဲ သွားလည်တာပေါ့ ဟိုရောက်တော့ တည့်ခင်းဧည့်ခံတာတွေ စားပြီးတော့ ပြန်လာခဲ့တာပေါ့... နောက်နေ့တော့ ပျင်းပျင်းနဲ့ ဘာလုပ်ရမှန်းမသိတာနဲ့ လမ်းလျှောက်ထွက်ခဲ့တာပေါ့... လမ်းလည်းရောက်ရော
“ဟိတ် တယောက်မှမလှုပ်နဲ့... လှုပ်လိုက်တာနဲ့ ပစ်ထည့်လိုက်မယ်” ဘယ်လှုပ်ရဲပါ့မလဲ သူကမလှုပ်နဲ့ပြောတာကိုး ပစ်ထည့်လိုက်မယ်တဲ့ ငြိမ်နေလိုက်တာပေါ့...
“ပါလာသမျှတခုမကျန် အကုန်ထုတ် ပြီးရင် ရှေ့ကပုဆိုးထဲလာထည့် မြန်မြန်လုပ်နော် ရုတ်ရုတ်တော့ မလှုပ်နဲ့” မီးလေးတို့များ ဘယ်လောက်ထိ သတ္တိရှိလည်းဆိုရင် ဒီဓားပြတွေကို ငါဘယ်လိုဖမ်းရမလဲလို့ စဉ်းစားပြီး ဟုတ်ပြီ ဖုန်းရှိတဲ့ နေရာ အရင်ရှာ 199ကိုဖုန်းဆက် ပြီးတော့ပြန်လာထိုင် နေလိုက်တာပေါ့... ခဏလည်းနေရော ရဲကားတွေရောက်လာပါရော...
“မင်းတို့တွေအားလုံးကို ငါတို့ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းထားလိုက်ပြီကွ ပြေးမယ်မကြံနဲ့။ လက်နက်တွေအကုန် ချလိုက်။ ကဲ မင်းတို့တွေ သူတို့ကို လက်ထိပ်ခတ်လိုက်ကြစမ်း။”
“ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲဗျ။”
“ကျွန်တော်တို့ အလုပ်လုပ်နေတာ မနှောက်ယှက်ပါနဲ့။ ၀တ္တရားနှောက်ယှက်မှုနဲ့ ခင်ဗျားပါ ပါသွားမယ်”
“ကျွန်တော် ၀တ္တရားနှောက်ယှက်တာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်က ကဗျက်ကချော်ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ကချော်ကချွတ်ပါခင်ဗျာ။ ခုကျွန်တော်တို့ ဓားပြတိုက်တဲ့ဇာတ်ဝင်ခန်းရိုက်နေတာဗျ။”
“ဗျာ... ဆောရီးပဲဗျာ”
မီးလေးတို့ ပြေးပြီပေါ့ ပြေးတာမှ ကားအရှိန်နောက်ဆုံးတင်ပြီး မောင်းတာထက်တောင်မြန်သေး။ ရဲကားတွေနောက်က လိုက်လာပေမယ့် မီးလေးပြေးတာလောက်ကိုတောင် မမီဖူးဗျ။ အဲလောက်ထိကို အပြေးသန်တာ။ အဟုတ်။

အင်း ပျင်းလိုက်တာ ဘာလုပ်ရကောင်းမလဲ။ ဘယ်ကို သွားမွှေရင်ကောင်းမလဲ။ ပျင်းတာနဲ့ ရေသွားကူးမယ်စိတ်ကူးတာနဲ့ ရေကူးကန်ဘက်ထွက်ခဲ့လိုက်တယ် (အလွမ်းအိမ်ကိုတော့ မခေါ်သွားပါ)။ ရေမကူးရဆိုပါလား။ ရေကူးချင်လို့ လာပါတယ် ရေမကူးရဆိုတော့ အင်း အကြံရပြီ ငါးပဲသွားမျှားတော့မယ်။ ငါးမျှားချိတ်မှာ ငါးစာတပ်ပြီး ရေအောက်ထဲကို ချလိုက်ပြီ။ ဟာ မီးလေးတို့ ကံတွေစွတ်ကောင်းနေပါလား။ ငါးကိုတန်းမိတာပဲ အလေးကြီးပါလား ငါးကတော်တော်ကြီးမယ်ထင်တယ်။ အလေးကြီးပဲ တစ်ယောက်တည်း မနိုင်တော့ဘူး။ ဒါနဲ့ လမ်းထဲက အားကောင်းမောင်းသန် ကာလသားခေါင်းတွေ သွားခေါ်ပြီး ရေပေါ်ကို ဆွဲတင်တာပေါ့ ပါလာပြီ ရေသူထီး အဲလေ ဟုတ်ပေါင် ကိုမော်တီတုန်းကြီး ငုတ်တုတ်ထိုင်ပြီး ငါးကင်ထိုင် စားနေတာကို ချိတ်မိသွားပြီး ပါလာတာကိုး တော်သေးတယ် အချိတ်တော်သွားလို့ ...


ဒီတစ်ခါတော့ အပြင်မသွားတော့ဘူး ခြံထဲမှာ အပင်တွေပဲစိုက်တော့မယ်... သြော်မေ့နေလိုက်တာ ခရမ်းချဉ်သီးမျိုးစေ့တွေ ရှိတာပဲ။ အစေ့တွေကို မြေကြီးထဲလည်း ချလိုက်ရော ဗြုန်းဆို အပင်တွေ ထပေါက်တာ အပင်ရဲ့ အမြင့်ဟာ ဒါးတွေထဲမှာ အကြီးဆုံးဒါးဖြစ်တဲ့ ထရိတ်ဒါးထက်တောင် မြင့်သေးသဗျ။ ရေလည်းလောင်းပေးလိုက်ရော အသီးတွေသီးလိုက်တာမှ အများကြီး အသီးတစ်လုံးတစ်လုံးက ဆူမိုနပန်းသမား ခန္ဓာကိုယ်ထက် အဆ၁၀၀ကြီးသဗျ။ အဲအသီးကို နှမ်းစေ့လောက်လှီးပြီး ဟင်းအိုးထဲထည့်ချက်ရင် ရန်ကုန်တစ်မြို့လုံးရဲ့ ရှိသမျှ လူတွေကျွေးလို့လောက်တယ်ဗျ။

နောက်တစ်ခါက ကျားပေါက်တစ်ကောင် အစာကျွေးမယ့် သူမရှိလို့ဆိုပီး ကြေငြာထားတာနဲ့ သူများမလုပ်တဲ့အလုပ် လုပ်ပြမယ်ဆိုပြီး အဲဒီ့ကျားပေါက်ကို အစာကျွေးဖူးတယ်... (သိတယ်မဟုတ်လား...ကျားပေါက်လေ)...
ကိုမွန်ကြီးရေ ကျေနပ်တော့နော်။ မီးလေးပြောတာ ဟုတ်မဟုတ် သူတို့ကိုလည်း မေးကြည့်လို့ရတယ်။
နှင်းဆီနီနီ
မျှားပြာ
မိုးချစ်သူ
ကိုပီကေ
ကိုပုဂံသား
မေပျို

Saturday, November 10, 2007

အရေးကြီးပါသည်...

အရက်သမားတဦးသည် ညဉ့်နက်သန်းခေါင်၌ ပုဆိုးစွန်တောင်စွဲ၍ အမြန်လျှောက်လာလေသည်။ ကင်းလှည့်နေသည့် ရဲသားနှစ်ဦးက -
“ဟေ့လူ-ဒီအချိန်ကြီး ရေးကြီးသုတ်ပျာနဲ့ ဘယ်သွားမလို့လဲ”
“Meeting ရှိနေလို့ပါဆရာ ကျွန်တော်အမြန်ပြန်မှ ဖြစ်မှာမို့လို့ပါ”
“ဒီအချိန်ကြီး ဘယ်မှာ Meeting ရှိမှာလဲကွ ရူးနေလား”
“Meeting ပေးမယ့်သူက ကျွန်တော့်မိန်းမပါဆရာ”

ကထိန်ပွဲကျင်းပကြရာဝယ်

သီတင်းကျွတ်ပြီးနောက် ယခုလမှာဆိုလျှင် လမ်းတိုင်း လမ်းတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် ပဒေသာပင်များ သီးခြင်းဖြင့် မဟာဘုံကထိန်ပွဲကျင်းပလျက် ကထိန်များခင်းလျက်ရှိပါသည်။ ပဒေသာပင် သီးကြရာဝယ် အဆိုးဝါးဆုံးတစ်ခုမှာ ၀တ္ထူ(ပိုက်ဆံ)များအား ပုံစံအမျိုးမျိုး ပုံဖော်၍ သီးကြခြင်းပဲ ဖြစ်ပါတယ်။ မီးလေးတို့ အပါအ၀င်ပေါ့ လမ်းတွေမှာ ၄င်းတို့ရဲ့ ပဒေသာပင်ကို လှစေချင်ကြတဲ့အတွက် ပုံအမျိုးမျိုး ဖော်ထားတဲ့ ပိုက်ဆံတွေကို ၀ယ်ကြ၊ ကိုယ်တိုင်ပြုလုပ်ကြ၍ သီးကြပါတယ်။
မီးလေးတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို ကထိန်ခင်းပြီး နောက်နေ့ရောက်သွားချိန်မှာတော့ ဥူးပဇင်းများ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားလေးများအားလုံး စားပွဲခုံတွေနဲ့ ပတ်ပတ်လည်ဝိုင်းထိုင်ကြပြီး ရေဇလုံ အကြီးကြီးထဲမှာ ခုနက ပြောခဲ့တဲ့ ပုံဖော်ထားတဲ့ ပိုက်ဆံတွေကို ရေစိမ်ထားပြီး ရေ၀သွားမှ ခွာနေကြရတာကို တွေ့ခဲ့ရပါတယ်။ မီးလေးတောင် လုပ်အားဝင်ပေးရင်းတွေးမိတာက နောင်ဆို ခုလိုမျိုးတွေ ၀ယ်မသီး တော့ဘူးလို့ သံဓိဌာန်ချခဲ့တယ်။ နီးစပ်ရာ လူတွေကိုလည်း ၀ယ်မသီးကြဖို့ အသိပေးနိုင်ခဲ့ပါတယ်။
ကိုယ်က အပြင်ပန်းအလှအတွက် ၀ယ်လှူလိုက်ပေမယ့် လက်ခံရရှိတဲ့ ကျောင်းတွေအဖို့ အလုပ်ပိုရှုပ်စေသလို ကရိကထလည်း အလွန်များတာကို တွေ့ခဲ့ရပါတယ်။ မီးလေးလည်း ထိုသို့ကိစ္စများရှောင်နိုင်ခဲ့တာ အလုပ်မ၀င်ခင်အထိပဲ ရှောင်နိုင်ခဲ့ပါတယ်။ အစကတော့ သူများလုပ်တာ ၀ိုင်းကူလုပ်ပေးရုံလောက်ပါပဲ။ ခုတော့ အဲဒီတာဝန်ဟာ လုံးလုံးလျားလျား မီးလေးအပေါ်ရောက်လာတာ ယခုနှစ်ပါနဲ့ဆို ၃နှစ်ရှိခဲ့ပါပြီ။ မလုပ်ချင်ပေမဲ့လည်း ကိုယ့်ကို တာဝန်ပေးထားတာမို့ တစ်နှစ်ထက်တစ်နှစ်ပိုပြီး လှစေဖို့ အရုပ်တွေကို တစ်မျိုးပြီးတစ်မျိုး ပြုလုပ်ခဲ့ ရပါတယ်။ ကော်ကိုတော့ မသုံးပါဘူး ရေစိမ်ခွာရမှာစိုးလို့ ဟီး။ Stapler ကိုတော့ သုံးရပါတယ်။ မသုံးမဖြစ်မို့ပါ မီးလေးတို့ သူငယ်ချင်းတစ်ယောက်ကဆို Stapler Remover လေးပါ ထည့်သီးပေးလိုက်ပါလားတဲ့လေ။

နောက်ရက်ဆိုရင် ပဒေသာပင်စသီးရတော့မယ် အဲဒီအချိန်ကို ရောက်လာမှာ ကြောက်နေမိတာတော့ အမှန်ပါ မလုပ်ချင်တာမဟုတ်ပေမဲ့ မလုပ်သင့်ဘူးထင်တာကို လုပ်နေရလို့ မလုပ်ချင်တာပါ။ တော်ပြီ စိတ်ညစ်စရာတွေ မီးလေးတို့ သီးထားတာ လှလားကြည့်ပေးဦး ....
ပြီးခဲ့တဲ့နှစ်ကပုံ အဆင်သင့်မရှိသေးလို့ လွန်ခဲ့တဲ့နှစ်နှစ်ကပုံတင်ပေးလိုက်တယ် ....

Friday, November 9, 2007

စည်းလုံးကြတယ် ....



သူတို့အချင်းချင်း ချစ်ခင်ကြပါတယ်...

တရားမျှတမှု....

သတ္တ၀ါတွေအကြောင်းတွေကို tag game ကစားတော့ ဖတ်ဖူးတဲ့ ပုံပြင်လေးကို တင်ချင်တဲ့စိတ်ဖြစ်လာတာနဲ့ တင်လိုက်ပါတယ်။ အင်တာနက်လည်း ရတုန်း အချိန်ရှိခိုက် လုံ့လစိုက်ပေါ့ ဟီ ဟီ....
တခါက ခြင်္သေ့ရယ်၊ မြေခွေးရယ်၊ ယုန်ရယ် သုံးဦးဟာ တနေ့မှာ ငါးအကြီးကြီးတစ်ကောင်ကို ဖမ်းမိသတဲ့။ ဒါနဲ့ ခြင်္သေ့ဟာ ဒီငါးကို ယုန်လေးကို ဝေစုခွဲခိုင်းသတဲ့။ ယုန်လေးဟာ အညီအမျှဝေမျှပေးသတဲ့။ ခြင်္သေ့ဟာ ယုန်လေးကို သတ်ပစ်လိုက်သတဲ့။ ပြီးတော့ မြေခွေးကို ဝေခိုင်းသတဲ့။ မြေခွေးက ယုန်လေးကိုကြည့်ပြီး သင်ခန်းစာရလိုက်တဲ့ အတွက် ခြင်္သေ့သာလျှင် အကုန်ယူသင့်ပါတယ်လို့ ပြောလိုက်တဲ့အတွက် အသက်ချမ်းသာရာရလိုက်ပါတယ် သတဲ့ကွယ်။

မီးလေးနှင့် သတ္တ၀ါများ

မီးလေးကို နှင်းဆီနီနီက tagထားလေရဲ့ ကြောက်တဲ့သတ္တ၀ါဆိုပဲ။ နှင်းဆီရေ မနက်တည်းက တင်ဖို့လုပ်ချင်နေတာ အရေးထဲ ကွန်နဲ့ ကမ္ဘာလိပ်နဲ့ အပြေးပြိုင်နေလေရဲ့။ ကမ္ဘာလိပ်နိုင်သွားတယ် ထင်တယ် ခုထိကွန်က ပန်းတိုင်မရောက်သေးဘူး ဒါကြောင့် ပို့စ်တင်ဖို့ကို အကြာကြီးစောင့်နေရတယ်။ ဒါနဲ့ပဲ စိတ်လျော့လိုက်ပြီး မနက်ဖြန်မှတင်မယ်ဆိုတော့လည်း ကွန်ပျူတာဖွင့်ပြီးတာနဲ့ Gtalk၀င်ထဲက connect fail ဆိုတော့ သွားပြန်ပြီ အင်တာနက်။ အဲတာလည်း ဒုက္ခကမသေးဘူး ခုမှပဲတင်နိုင်တော့တယ်။ နှင်းဆီရေ ခွင့်လွတ်ပေးနော်။
နှင်းဆီက အကြောက်ဆုံးသတ္တ၀ါကို ပြောခိုင်းတော့ မီးလေးအကြောက်ဆုံးသတ္တ၀ါက လူပါပဲရှင်။ ရီနဲ့နော် ဟီ ဟိ။ တကယ်ပြောတာ ယုံလိုက် အပိုကြောဝူး။ ဒီတစ်ခါ အတည်ကြောမှာ။ သူများထက်ထူးခြားပြီးတော့ ကြောက်တတ်တဲ့ သတ္တ၀ါတော့ ရှိပါဘူး။ မြွေနဲ့ ကြွက်ကိုတော့ကြောက်တယ်။ မြွေနဲ့ ပတ်သက်ပြီး မီးလေး ကြုံခဲ့ရတာလည်း များတယ်လေ။ မီးလေး နှစ်နှစ်သမီးအရွယ်လောက်ကပေါ့ မီးလေးတို့ ဖေဖေက အင်ဂျင်နီယာ အစိုးရအလုပ်ဆိုတော့ ရေနံတွင်းမှာ တာဝန်ကျတဲ့ အရာရှိလည်း အရာရှိဆိုတော့ လိုင်းခန်းရတယ်လေ။ ဒါပေမယ့် မီးလေးတို့ကို နယ်မှာ မထားဘူး။ ရန်ကုန်မှာပဲထားတယ်။ တစ်လကို သုံးရက်တော့ ပြန်လာတယ်။ မှတ်မှတ်ရရ ဖေဖေက နယ်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ မေမေရယ်၊ မီးလေးအစ်ကိုရယ်၊ မီးလေးရယ် လိုက်သွားကြတာပေါ့။ အရာရှိသားသမီးဆိုတော့ လူချစ်လူခင်ပေါတယ်လေ (ချစ်ရင်လည်းချစ်၊ မချစ်ရင်လည်း ချစ်ယောင်ဆောင်ပေါ့၊ မချစ်သော်လည်း အောင့်ခါနမ်းလေ)။ အလုပ်သမား အဘကြီးတစ်ယောက်ရှိတယ်။ အဲဒီအဘကြီးက မီးလေးတို့ မောင်နှမတွေကို ထိန်းပေးတယ်လေ။ ဘယ်လောက်ထိ ကျေးဇူးသိတတ်တယ်မှတ်လဲ လိုင်ခန်းနဲ့ စည်းရိုးနဲ့က နည်းနည်းလှမ်းတယ်။ ကိုယ့်ကိုထိန်ပေးတဲ့လူတော့ မှတ်မိတာပေါ့။ ရှေ့ကဖြတ်သွားတာတွေ့ရင် ဘကြိုင်ကြီး အရက်သောက်ပြီး ပြန်လာတာ လှမ်းလှမ်းအော်တာ နောက်နေ့လည်းကျရော မေမေကို တိုင်ပါလေရော။ ဆရာကတော်ရယ် ကျွန်တော် အရက်သောက်တာ ဘယ်သူ့မှမသိဘူး။ သောက်တယ်ဆိုရုံသောက်တာ ဒီကလေးတွေ ရောက်လာမှပဲ ကျွန်တော်အရက်သောက်တာ ဘားတိုက်တတိုက်လုံးသိတော့တယ်တဲ့လေ။ အဲလောက်ထိကို ကျေးဇူးသိတတ်တာ ဟဲ ဟဲ။
တညနေမှာတော့ ဘကြိုင်က မီးလေးတို့ မောင်နှမနှယောက်ကို ရုပ်ရှင်သွားကြည့်မလို့ဆို လာခေါ်တယ် လိုက်သွားတာပေါ့။ ပြန်လာတော့ မှောင်ကလည်းမှောင် မြွေခွေအိပ်နေတာ မမြင်ဘဲနဲ့ မီးလေးအစ်ကိုက မြွေကိုတက်နင်းလိုက်တယ်။ မြွေက ရှုးကနဲဆိုတော့မှ သုံးယောက်သားထွက်ပြေးကြတာပေါ့။ နောက်နေ့ကျတော့ မီးလေးအမေက ရေသွားသွန်တာ တမန်သလင်းကြီးမှပြောင်နေတာပဲ။ လှမ်းပြီးရေပတ်လိုက်တဲ့ အချိန်မှာ ဘာမှမရှိဘူး။ ပြီးတော့မှ ခြေထောက်ကို ဖတ် ဖတ်နဲ့ရိုက်နေတာ မေမေကလည်း ဘာမှန်းမသိဘူး။ နောက်တော့မှ မြွေအမြီးဖြစ်နေတယ် တော်သေးတာက ခုံဖိနပ်စီးထားလို့။ ဒါတောင် ဆေးကုယူလိုက်ရသေး။ သူများတွေပြောကြတာတော့ တိုက်မြွေလို့ပြောကြတာပဲ။ အဲဒီနယ်မှာက သူများပြုစားတာတို့ ဘာတို့ တော်တော်များတယ်လို့ပြောတယ်။
နောက်တစ်ခါက မီးလေးတို့ အဘိုးအဘွားတွေရှိရာ အောင်လံကိုသွားတုန်းကပေါ့ ဘိုးဘိုးတို့ အိမ်က မြွေပေါတယ်။ ခြံစည်းရိုး အုတ်တံတိုင်းခတ်တုန်းက မြေကြီးတူးတာတောင် မြေကြီးထဲက မြွေတွေ ခဏခဏထွက်ထွက်လာတယ်။ ညဘက် ဘိုးဘိုးတို့အိမ်က အိမ်သာကို ဦးကြီး(မီးလေးတို့နဲ့ဆို ဘကြီးတော်မယ်ထင်တယ်) သွားတာ သူ့ဘာသာ အပေါ့အလေးသွားမှာပေါ့ ပြီးတော့ ရေကိုင်မယ်ဆိုပြီး ရေအိုးထဲလည်း လက်နှိုက်လိုက်ရော ရှုးခနဲဆို မြွေထက်လာလို့ ပြေးလိုက်တာ ဘယ်နားရောက်သွား မှန်းတောင် မသိဘူး။
ဘိုးဘိုးတို့အိမ်က အလုပ်သမားတစ်ယောက်က ညဘက်အိပ်ချင်မူးတူးနဲ့ အိမ်သာသွားတာ အိမ်သာနဲ့ ခြေရင်းက အုတ်တံတိုင်းနဲ့က မျက်နှာချင်းဆိုင်မှာရှိတယ် သိပ်လည်းမကွာဘူး။ အိမ်သာပေါ်က ပြန်ဆင်းမယ်လည်းလုပ်ရော အုတ်တံတိုင်းဘေးက မာလကာပင်နားနဲ့ အိမ်သာနဲ့တည့်တည့် အုတ်တံတိုင်းမှာ မီးအလင်းရောင်ကြောင့် အရိပ်တစ်ခုပူးနေတယ်။ ဘာလဲပေါ့ အိပ်ချင်နေတဲ့မျက်လုံးတောင် ပြူးကျယ်လာလေရဲ့ မြွေနှစ်ကောင် မိတ်လိုက်နေလေရဲ့။ မြွေတွေက အရှုက်ကြီးတယ် သူတို့ မိတ်လိုက်တာ မြင်တဲ့လူဆိုရင် မလွယ်ဘူး။ သေပြီသာမှတ်ပဲ သူလည်း ဇောချွေးတွေပြန်လာတယ် ဘာလုပ်ရမှန်းလည်းမသိဘူးပေါ့ အော်ရအောင်ကလည်း ညသန်းခေါင်ကြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ် မကြည့်ရဲရင် မျက်စိမှိတ်ထားနော်။ ၀တ်လာတဲ့ ထမီကို ချွတ်ပြီး မြွေခေါင်းနှစ်ခုပေါ်ကို ကြောက်ကြောက်နဲ့ လှမ်းအုပ်လိုက်တာ။ ကံကောင်းထောက်မစွာနဲ့ အုပ်မိလေရဲ့။ အုပ်လည်းအုပ်မိရော တစ်ချိုးတည်း အပေါ်ထပ်ကို ပြေးတော့တာပဲ။ နံနက်သူပြောပြတော့ အားလုံးဝိုင်းရီ ကြတာပေါ့။ မရီနိုင်တာကတော့ သူပဲလေ။ အိမ်သာရှေ့မှာ မြွေပေါက်သွားတာများ ထမီလို့တောင်မထင်ရဘူး အပိုင်းအစတွေပဲရှိတော့တယ်။ မီးလေးတို့ သွားလည်ရင် မီးလေးဆို ဘယ်နားမှာပဲနေနေ ခြေထောက်တွေ ရွစိရွစိဖြစ်နေသလိုပဲ အဲလောက်ထိကြောက်တာ။
မီးလေးတို့ ဦးလေးရှိတဲ့ သာစည်ကို သွားတုန်းကလည်း ချော်လဲလို့ ဒူးခေါင်းမှာ အနာကြီးနဲ့လေ။ မီးလေးငယ်ငယ်က ဆော့လားမဆော့လားဆို အနာနဲ့ကို အမျိုးတော်ထားတာ။ တခုပျောက်သွားရင် တခုထပ်ဖြစ်တော့တာပဲ။ ဦးလေးအိမ်ရှေ့မှာ မြွေအရေခွံလဲထားတာတွေ့တော့ အတော်ပဲတဲ့ ငါ့တူမအနာကို အုပ်ပေးရမယ်ပြောလို့ (မြွေအရေခွံကို ကင်ပြီးအုပ်ရင် အနာမရင်းဘူးပြောတာပဲ) ပတ်ပြေးလိုက်ရတာ ခြံကလည်း ကျယ်တော့ ပြေးသည်ပေါ့။ တော်ပါသေးရဲ့ အပြေးပြိုင်ပွဲတွေ ၀င်ပြိုင်ဖူးတာ။ နောက်ဆုံး ဦးလေးက မလုပ်တော့ပါဘူးပြောတော့မှ ရပ်သွားတာ။ မောလွန်းအားကြည့်လို့ အသက်တောင် မနည်းဝအောင်ရှုရတယ်။

ကြွက်ကိုကြောက်တာထက် ရွံ့တာလို့ ပြောရင်ပိုမှန်မယ်ထင်တယ်။ နှာခေါင်းစူပွက်စူပွက်နဲ့ ကိုယ့်ကိုလာထိမှာ အရမ်းကြောက်တာပဲ။ တစ်ခါကလည်း ကြွက်သေတစ်ကောင်ကို သွားထိမိတာ ခြေထောက်ကို ဆေးလိုက်၊ သုတ်လိုက်နဲ့ သံသရာလည်နေတာ မေမေက အမြင်ကတ်လို့လားမသိပါဘူး အဲလောက်နဲ့ ဘာမှမဖြစ်ပါဘူး ပလိပ်ရောဂါလောက်ပဲရမှာတဲ့။ မေမေကပြောလိုက်တော့ ပိုဆိုးတော့တာပေါ့။ ခြေထောက်ကို ကျောက်ပြားနဲ့ ပွတ်နေတာ အသားထူတဲ့ နေရာမို့လို့ပဲ နို့မို့ဆို အရေခွံတွေ စုတ်လောက်တယ်။ မေမေက ဘာမှမဖြစ်ပါဘူး ပြောတာတောင် စိတ်ကျေနပ်အောင် အားပေးနေတာထင်သေး အဲလောက်ထိရူးတာ။

နှင်းဆီရေ ကျေနပ်တော့နော်။ အင်တာနက်တွေမရတဲ့အချိန်မှာ ရရချင်းတင်ပေးလိုက်တာ နောက်ကျလို့တော့ စိတ်ဆိုးနဲ့….

ဘယ်သူ့ကို ဆက်tagရင်ကောင်းမလဲ... ရာသီဥတုတွေထဲမှာ နွေ၊ မိုး၊ ဆောင်းရှိသလို ဘလော့ဂ်တွေမှာလည်း ရာသီရှိနေပါတရ်... ဘာရာသီလဲဆိုတော့ tag game ရာသီလေးပါပဲရှင်...
ကဲ လာလေရော့ tagပြီ

Thursday, November 8, 2007

Blogger Family Warning

မီးလေး ဒီပို့စ်လေးကို တင်သင့် မတင်သင့် စဉ်းစားပါသေးတယ်။ နောက်တော့ တင်မယ်ကွာ ဆိုပြီး ရေးဖြစ်ခဲ့တာပါ။ ပုဂ္ဂိုလ်ရေးနဲ့ လုံးဝမသက်ဆိုင်ပါ။ အဓိက ရည်ရွယ်ချက်က ဘလော့ဂ်ဂါတစ်ဦးနှင့်တစ်ဦး သင့်မြတ်ခြင်းကိုသာ လိုချင်၍ဖြစ်ပါတယ်။ မီးလေး မနေ့က မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဘလော့ဂ်ဂါမောင်နှမတစ်ဦးရဲ့အိမ်ကို ရောက်ခဲ့ပါတယ်။ မီးလေး စိတ်မကောင်းဖြစ်သွားတယ် သူလေးက စီပုံးမှာ လာပြောသွားတာကို သူကပြန်ပြောလိုက်ပါသတဲ့။ သူလေးရဲ့ စီပုံးမှာ လာအော်သွားတဲ့သူကလည်း လင့်ပေးသွားခြင်းမရှိပါဘူးတဲ့။ စီပုံးလာအော်သွားတဲ့သူရဲ့ နာမည်နဲ့တူတဲ့ ဘလော့ဂါတဦးကလည်း သူ့ကို ဒီလိုပြောရပါ့မလားဆိုပြီး ပို့စ်တင်ထားပါလေရဲ့။ မီးလေး ၄င်းဘလော့ဂ်နှစ်ခုလုံးက ပို့စ်တွေကို ဖတ်ဖြစ်ခဲ့ပါတယ်။ မီးလေး ဘလော့ဂ်ဂါနှစ်ဦးနဲ့ ထပ်တူထပ်မျှ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။
တစ်ချို့က ဘလော့ဂ်ရွာကြီးလို့တစ်ရွာလို့တင်စားကြတယ်။ မီးလေးကတော့ ဘလော့ဂ်အိမ်ယာလေး တစ်ခုလို့ တင်စားချင်ပါတယ်။ အိမ်ယာလေးထဲမှာရှိတဲ့ မီးလေးတို့လို့ ဘလော့ဂ်တွေ အချင်းချင်း ပြဿနာမဖြစ်စေချင်တာ ရင်ထဲကဆန္ဒပါ။ မီးလေးတို့ ဘလော့ဂ်ကို ဘာကြောင့်ရေးပါသလဲ။ တဦးနှင့်တဦးတူချင်မှတူမယ် မီးလေးကတော့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ မျှဝေခြင်း၊ ခံစားချက်များကို ရင်ဖွင့်ကြ၊ သိထားတတ်ထားတဲ့ပညာတွေကိုလည်း ဖြန့်ဝေရေးသားကြတယ်လို့ ထင်ပါတယ်။ ဘလော့ဂ်လေးကို စတင်ရေးတဲ့အချိန်ကစပြီး ပျော်စရာရှိရင်၊ စိတ်ညစ်စရာရှိရင် ခံစားချက်တွေကို ပို့စ်လေးတွေအဖြစ်ပြောင်းလဲ ရေးသားခဲ့ပါတယ်။ ပြီးတော့ စားစရာရှိရင်တောင် ကင်မရာလေး ပါလာရင်ကောင်းသား မုန့်လေးတွေကို ဓာတ်ပုံရိုက်ပြီး ပို့စ်တင်ပြီးတော့ ဘလော့ဂ်ဂါမောင်နှမတွေကို ကျွေးချင်တယ်။ ဘာလေးပဲလုပ်လုပ် ကုန်ကြမ်းရပြီပေါ့ ပို့စ်တင်ဖို့လေ။ အားလုံးလည်း ခုလိုဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ၄င်းနည်းတူထပ်မဖြစ်ရလေအောင် မီးလေးက ဒီလိုမြင်ပါတယ်။ စာဖတ်သူ ဘလော့ဂ်မောင်နှမတွေရဲ့အမြင်လည်း ကွန်မန့်ပွတ်သွား ကြပါရှင်။ ကိုယ့်စီပုံးမှာ မတော်မတရား၊ မဟုတ်တရုတ်လာအော်နေရင် ကာယကံရှင်ဘလော့ဂ်ဂါအနေနဲ့ကလည်း သည်းခံကြပါလို့မြင်ပါတယ်။ မြတ်စွာဘုရားရှင် ဟောတော်မူခဲ့တဲ့ တရားတော်တွေမှာလည်း သည်းခံခြင်းဟာ အောင်မြင်တယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ “သည်းခံခြင်းသည် အောင်မြင်ခြင်း၏ လမ်းစဖြစ်သည်” လို့ ဆောင်ပုဒ်တောင် ရှိသေးတာပဲ။ ဒါပေမယ့် သူများပြောသမျှကို ခေါင်းငုံခံခိုင်းတာ မဟုတ်ပါဘူး။ မီးလေးတို့တွေ ဘာလုပ်သင့် လဲဆိုတော့ ဘလော့ဂ်ဂါတွေ အချင်းချင်း မသင့်မြတ်လေအောင် သွေးထိုးနေတဲ့သူတို့ရဲ့ messageတွေကို စီပုံးထဲမှာ ၀င်ဘန်းခြင်းဖြင့် တဦးနှင့်တဦး အထင်မမှားနိုင်တော့ဘူးလို့ မြင်ပါတယ်။ သွေးထိုးတဲ့ သူတွေကလည်း သတ္တိရှိရင် ကိုယ့်နာမည်နဲ့ပဲ ရေးပါလား။ သတ္တိမရှိဘဲနဲ့ သူများနာမည်အလွဲသုံးစား မလုပ်ကြဖို့နဲ့ နာမည်သုံးခံရတဲ့ ဘလော့ဂ်ဂါတွေ အနေနဲ့လည်း ကိုယ့်နာမည်သုံးသွားတဲ့သူကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြပါစို့။
မီးလေးတို့ ဘလော့ဂ်ဂါတွေဟာ(မီးလေးကဘလော့ဂ်ဂါမဟုတ်သေးပါ) တဦးနှင့်တဦး မမြင်မတွေ့ဖူးကြပေမဲ့ တစ်ကယ့်မောင်နှမအရင်းတွေလို မြတ်နိုးတွယ်တာကြပါတယ်။ မမြင်မတွေ့ရကြပေမဲ့ လေလှိုင်းထဲကနေ ချစ်ခင်တွယ်တာကြတဲ့ လေလှိုင်း/ကွန်ယက်ထဲက မောင်နှမတွေ၊ မိသားစုတွေပါ။ ဘယ်သူ့ကမှ ဟိုဘလော့ဂ်ကိုသွား၊ ဒီဘလော့ဂ်ကိုသွားဆိုပြီး လျှောက်လည်နေကြတာမဟုတ်ပါ။ ကာယကံရှင်ကိုယ်၌ကသာ ကိုယ်နှစ်သက်ရာ ဘလော့ဂ်တွေသွားရင်း ရင်းနှီးချစ်ခင်ကြတာပါ၊ ဘလော့ဂ်ဂါတွေဟာ နေရာတစ်နေရာတည်းက မဟုတ်ကြပါ။ နိုင်ငံပေါင်းစုံ၊ နယ်ပေါင်းစုံ၊ မြို့ပေါင်းစုံကနေ ရေးခဲ့ကြတာပါ။ ဒါပေမယ့် နီးနီးလေးလိုပဲ အားလုံးဟာ ရင်းနှီး ချစ်ခင်ကြပါတယ်။ နေမကောင်းရင်တောင် သွားမေးကြရတာနဲ့၊ မွေးနေ့ဆိုလည်း မွေးနေ့ဆုတောင်းပေးလိုက်ကြ၊ တဦးက အခက်အခဲရှိရင်လည်း သိတဲ့တတ်တဲ့ ဘလော့ဂ်ဂါများက တတ်သိပညာ မနေသာပဲ ဖြန့်ဝေကြနဲ့ မအားနိုင်အောင်ပါပဲ မီးလေးတို့ မောင်နှမတွေ ဘယ်လောက်ထိ စည်းလုံးကြတယ်ဆိုတာ ပြသကြပါစို့လား။
မီးလေးဒီပို့စ်လေးကို ရေးတာက မည်သူ့ကိုမှ ထိခိုက်နစ်နာစေလို၍မဟုတ်ပါ။ အခုရေးခဲ့တဲ့ထဲမှာလည်း အမှားပါခဲ့ရင်ခွင့်လွတ်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ဘလော့ဂ်ဂါများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း….

Tuesday, November 6, 2007

စာမေးပွဲအတွက် equation ....

ဂျီတော့ ကွန်နက်ရှင်ရရချင်း မီးလေးဆီကို ၀င်လာတာက Rap သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပြီး သူ့ရဲ့ဘလော့ဂ်မှာ တင်ထားပေးတဲ့ ၀င်းဖြိုးဖြစ်ပါတယ်။ သူက ရန်ကုန်မှာ စာမေးပွဲလာဖြေနေတာတဲ့လေ။ မောင်လေး ၀င်းဖြိုးတစ်ယောက် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ပါစေလို့ ဆုတောင်းပေးရင်း equation တစ်ခုကို လက်ဆောင်ပေးလိုက်ပါတယ်။ equationက မီးလေးဆီကို သြစတြေးလျက သူငယ်ချင်း တယောက်က အီးမေးလ်ပို့လိုက်တာလေ။ ကဲကြည့်လိုက်ကြရအောင် ….

Study = No fail
No study = fail
Study+ No Study = No fail + Fail
(1+No) Study = (No+1) Fail
Study = Fail

စိတ်ဓာတ်မကျနဲ့နော်… equation မြင်လျှင် စိတ်ဓာတ်ကျမှာစိုးလို့ ဟီ ဟိ

မီးလေးရဲ့ ဘလော့ဂ်က ဒီလောက်တန်တယ်…

ကိုစိုးထက်ဆီသွားလည်ရင်း တွေ့ခဲ့တာပါ။ မီးလေးလည်း ကိုယ့်ရဲ့ဘလော့ဂ် ဘယ်လောက်တန်လဲဆိုတာ သိချင်တာနဲ့ တွက်ချင်နေတာတော့ကြာပြီ။ ကွန်နှေးနေလို့ ခုမှပဲတွက်ပြီးတင်လိုက်တာ ဘလော့ဂ်မောင်နှမတွေလည်း ကိုယ့်ဘလော့ဂ် ဘယ်လောက်တန်လည်းသိချင်ရင် တွက်ကြည့်လိုက်ကြဦးနော်။ ပြီးရင် ဘယ်လောက်တန်လဲ ပြန်ပြောပြဦးနော်။


My blog is worth $14,113.50.
How much is your blog worth?

မီးလေး အိတ်ထဲမှာရှိတာ...

အလွမ်းအိမ်က မီးလေးကို tagထားတယ် လွယ်အိတ်ထဲမှာရှိတဲ့ တိုလီမုတ်စတွေကို ထုပ်ပြခိုင်းနေတယ်။ ဟီး ဟီး ရှက်စရာကြီး ဓားပြတိုက်ရင်တောင် ကိုယ့်ကိုသနားပြီး ပြန်ပေးချင်ပေးသွားဦးမှာ ငါတို့တော့မှားပြီ ဆိုပြီးတော့လေ။ ကဲ ထုပ်ပြမယ် လာလေရော အိတ်ထဲကို လက်နှိုက်လိုက်တာ ဘာကြီးပါလိမ့် ပျော့စိပျော့စိနဲ့

၁. သြော်...ကိုးရီးယားရေနွေးအိတ်

(ထူးထူးဆန်းဆန်း ဘာလို့ရေနွေးအိတ်ပါနေလဲလို့ သိချင်လား? ကိုးတန်းတုန်းက ကျောင်းက ချာမကလေ မေးခိုင်ကာကွယ်ဆေး ထိုးရမယ်ဆိုလို့ ထိုးလိုက်ရတာ ခုထိနာတုန်းပဲ မီးလေးက ဆေးထိုးလို့မရဘူး ဆေးထိုး ထားတဲ့နေရာက အေးရင်ကိုက်ပြီးနာတတ်လို့ မီးလေးချစ်သူက အမြဲဆောင်ဖို့ လက်ဆောင်ပေးထားတာ ။ )

၂. တွေ့ပြီနောက်တစ်ခု... ရှုဆေးဗူး

(ကားစီးရင် မူးတတ်လို့ မရှိမဖြစ်ဆောင်ထားရတဲ့ ပစ္စည်းလေးပါ )

၃. နောက်တစ်ခုက... ဘာသာပြန်စာအုပ်
(အရမ်းနှစ်ခြိုက်မိလို့ ဆောင်ထားတဲ့စာအုပ်လေးပါ။ စာအုပ်ရဲ့နာမည်က “ငါ့ဒိန်ခဲကို ဘယ်သူယူသွားလဲ”ဆိုတဲ့ စာအုပ်လေးပါ။ ပညာရပြီး စာဖတ်သူကို အားဖြစ်စေလို့ ခဏခဏဖတ်ဖြစ်တဲ့စာအုပ် နောက်ကြုံရင် ပို့စ်တင်ထားမယ်လေ )

၎. အင်းနောက်တော့ ခေါက်ပိုက်ဆံအိတ်လေး

၅. ပြီးတော့ ပိုက်ပိုက်

(သူမပါလို့လည်း မဖြစ်ပြန်ဘူး။ သူမပါရင် ဘာမှလုပ်လို့မရဘူးလေ။)

၆. Air-Bagan က Member Card

(သူ့ကျတော့ သူများဆီက ဘာအလကားရမလဲဆိုပြီး ဆောင်ထားတာ။ ဗိုက်ဆာလို့YKKOမှာ ကြေးအိုး ၀င်သောက်မယ်ဆိုရင် သူကအသုံးဝင်တယ်လေ။ Discount ရလို့ ဟီး...)

၇. ဖုန်း

(သူကတော့ မီးလေး ဘယ်နေရာရောက်ရောက် သူကဖြေပေးတယ်လေ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ ပြင်ပသို့ရောက်နေ၍သော်၎င်း၊ စက်ပိတ်ထား၍သော်၎င်း ခေါ်ဆို၍ မရနိုင်ပါရှင်”တဲ့ မှတ်ကရော)

၈. ဘောပင်လ်

(ခြစ်စရာရှိရင် ခြစ်ဖို့)

ကဲ အိတ်ထဲမှာ ဒါအကုန်ပဲ... မရီနဲ့နော်... တူများတွေလို ဘီးတို့၊ မှန်တို့၊ နှုတ်ခမ်းနီတို့မပါလို့လေ... မီးလေးက မိန်းကလေးပေဖို့ အဲလို ကရိကထများတဲ့ ကိစ္စတွေကို ၀ါသနာမပါလို့... အလုပ်သွားရင်တောင် မျက်နှာပြောင်နဲ့မို့ မေမေဆို အမြဲပြောတယ်... လုပ်နေကြမဟုတ်လို့လားမသိပါဘူး မီးလေးမျက်နှာကလည်း ဘာမှလိမ်းမရဘူး လိမ်းတာနဲ့ကို မျက်နှာတခုလုံး ရဲပြီး အဆုပ်လိုက် အဆုပ်လိုက် ထလာလို့ ... နှုတ်ခမ်းနီတောင် မသုံးမဖြစ်သုံးတာ တစ်လမှာ ၃ခါလောက် ဟီး ဟီး


ဘယ်သူ့တွေကို ဆက်ပြီး Tagရမလဲ မသိဘူး... ဟဲ ဟဲ တွေ့ပြီ
မင်းယွန်းသစ်ရဲ့ တိုလီမုတ်စတွေ အိတ်ထဲမှာ ရှိသမျှ ထူတ်ပြပေးပါဗျို့
မေပျို သူလေးကတော့ မိုးပြာရောင် အိပ်မက်
ကဲ ဒီလောက်ပဲ တော်ပြီ ရှိတာအကုန်ထုတ်...

Monday, November 5, 2007

မီးလေး မပျောက်ပါ...

အားလုံးမင်္ဂလာပါရှင်...
မီးလေးရဲ့အိမ်ကိုအမြဲလာလည်ကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်.... မီးလေး မပျောက်ပါဘူး... ပျောက်နေတာက အင်တာနက်ပါ... တော်တော်ဆိုးဝါးတဲ့ ဒုက္ခပါပဲ... ကိုယ့်အိမ်တောင် ကိုယ်သွားလို့မရလို့ တခြားမောင်နှမတွေဆီ လာမလည်ဖြစ်တာ နားလည်ပေးကြပါနော်...
နက်ပြန်သုံးလို့ရရင်တော့ ပို့စ်တွေပုံမှန်ပြန်တင်ပါတော့မယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ရှင်...
မီးလေး အင်တာနက်မရတော့မှပဲ အလွမ်းအိမ်က မုန့်ဟင်းခါးခေါ်ကျွေးတယ်... မီးလေးအကြိုက်ကို မှတ်မိနေတဲ့ အလွမ်းအိမ်ကို ကျေးဇူးအများကြီးတင်ပါတယ်... နောက်ချက်ရင်လည်း ခေါ်ကျွေးဦးနော်... အင်တာနက်မရခင်က လစာတွေကိစ္စလုပ်ပြီးတာနဲ့ ပို့စ်တွေတန်းစီတင်မယ် စိတ်ကူးထားတာ... နောက်တော့ Gtalkတင်ထားတာ errorလည်းပေါ်ရော ဟိုက် သွားပြီထင်တယ်လို့ ထင်တဲ့အတိုင်းပဲ ဘလော့ဂ်လေးနဲ့ ခေတ္တအဆက်ပြတ်သွားလိုက်တာ လွန်ခဲ့တဲ့ နာရီဝက်ကမှ ကိုယ့်အိမ်ကိုယ်ပြန်ရောက်တော့တယ်...
ဧကန်ထ ဘလော့ဂ်ရောဂါဘယ်လောက်စွဲနေပြီလဲဆိုတာ ဖြေကြတော့ တော်တော်များများ ရောဂါရနေကြတယ်လေ... ဒါကြောင့်ထင်ပါတယ် ရောဂါသက်သာအောင် ပျက်သွားတာထင်ပါရဲ့... ရောဂါမပျောက်ရင်နေပါ ရောဂါပိုရင့်နေရင် ရင့်သွားပါစေ... အင်တာနက်မှမရရင် ရေမရှိတဲ့ ချောင်းထဲမှာ နှာခေါင်းဖော်ပြီးတော့သာ သေချင်တော့တာပါပဲ... နောက်နေ့ကစပြီး ပို့စ်သစ်တွေတင်ပါတော့မယ်...