Pages

Friday, November 16, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၁

ညနေခင်းတစ်ခုရဲ့ လှပတဲ့ နီယွန်မီးတွေ ဆင်မြန်းထားတဲ့ ခြံကြီးတစ်ခြံ၌ ဧည့်ပရိတ်သတ်တွေရဲ့ အလယ်မှာ ဂါဝန်အဖြူလေးကို ၀တ်ဆင်လျက် ခေါင်းတွင် သရဖူဆောင်းထားတဲ့ ကောင်မလေးတယောက် ...
မျက်နှာပေါ်မှာလည်း အပြုံးရိပ်တွေနဲ့ ပျော်ရွှင်နေတဲ့ ကောင်မလေး ...

ခြံထဲမှာရှိတဲ့ ဧည့်ပရိတ်သတ်တွေကလည်း ဂုဏ်သရေအသိုင်းအ၀ိုင်းမှ လူကုံတံတွေ... ခြံရှေ့ရပ်ထားတဲ့ ကားတွေကလည်း အကောင်းစားတွေ... ခြံရဲ့အလယ်ခေါင်တည့်တည့်မှာတော့ မွေးနေ့ကိတ်... ပျော်တပြုံးပြုံးနဲ့ ဧည့်ခံနေကြတဲ့ မွေးနေ့ရှင်ရဲ့ မိဘနှစ်ပါး... ပြီးတော့ ညီအစ်ကိုမောင်နှမတွေ...

ကျွန်မသူ့မကို အားကျနေမိတရ်။ ကျွန်မလို ကိုယ့်ဘ၀ကို မသေချာတဲ့လူအဖို့ ယခုလိုပွဲမျိုး ကျွန်မရတော့မည် မဟုတ်တော့ဘူးဆိုတာ ကျွန်မမှလွဲ၍ မည်သူ့မှ မသိနိုင်ပါ။


မာမီက ကျွန်မကို ငယ်ငယ်က အသားဖြူပြီး အိမ်ရဲ့ဆည်းလည်းလည်းဖြစ်ပြီး ချစ်မြတ်နိုးတဲ့အတွက် ပုလဲဖြူလို့ နာမည်ပေးခဲ့ပါတရ်။ ပြီးတော့ ကျွန်မကို မွေးပြီးတဲ့နောက် ဒက်ဒီရဲ့ အလုပ်တွေ အဆင်ပြေပြီး မိသားစု စားဝတ်နေရေး ချောင်လည်တဲ့အပြင် ငွေပိုငွေလျှံရှိလာပါသဖြင့် မာမီ၌ ရွှေတွေဝင်းနေခဲ့ပါတရ်။ ထို့ကြောင့် ဒက်ဒီနဲ့မာမီက ကျွန်မကို ပို၍တိုး၍တိုး၍ ချစ်ကြပါတရ်။

ကျွန်မသုံးနှစ်သမီးအရွယ်မှာတော့ လက်ရှိအိမ်ကနေ ပြောင်းပြီး ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ ဆောက်ထားပြီး လှပတဲ့တိုက်လေးမှာ ပြောင်းနေခဲ့ကြပါတရ်။ ကျွန်မရဲ့ မွေးနေ့ပွဲကိုလည်း ထိုခြံကြီးထဲမှာပင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတရ်။

ကျွန်မငါးနှစ်သမီးအရွယ်မှာတော့ မာမီ့မှာ နောက်ထပ်ကိုယ်ဝန်ရှိခဲ့ပါတရ်။ တဦးတည်းသောဖြစ်တဲ့ ကျွန်မအဖို့ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ပါတရ်။ ကျွန်မအတွက် မောင်လေး ဒါမှမဟုတ် ညီမလေးရမှာ ပျော်ပေမဲ့ ဒက်ဒီနဲ့မာမီ ထံမှ အချစ်လျော့သွားမလားဆိုတဲ့ အတွေးနဲ့စိုးရိမ်ပြီး ၀မ်းနည်းမိခဲ့ပါသေးတရ်။ ဒါပေမဲ့ ကျွန်မအတွက် အဖော် ရမှာမို့ ၀မ်းသာမိပါတရ်။

ကျွန်မ တခါမှမစဉ်းစားမိသော အရာတွေ၊ ၀မ်းနည်းစရာ ဖြစ်ရပ်တွေ ကျွန်မဘ၀ထဲကို ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။ ဒက်ဒီက စီးပွားရေးလည်း အဆင်ပြေ၊ လူကုံတံအသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်ခဲ့တော့ လူကုံတံအများစု ထုံးစံအတိုင်း အစပိုင်းမှာတော့ ဘီယာလေးတမြမြ၊ နောက်ပိုင်းမှာတော့ အရက်လေးတမြမြ အလုပ်အကြောင်း ပြပြီး နေ့စဉ်လိုလို မူးပြီးမှ ပြန်လာတတ်နေခဲ့ပါပြီ။ အလုပ်အားနေခဲ့လျှင်လည်း အလုပ်ဗန်းပြပြီး ဂေါ့(ဖ်)သွား ရိုက်တတ်ပါတရ်။ ဂေါ့(ဖ်)ရိုက်တာ ပြဿနာမဟုတ်ပေမဲ့ လောင်းကြေးနဲ့ ရိုက်၊ ပြီးရင် ဘီယာဆိုင်သွား၊ အိမ်ကို ညဉ့်နက်သန်းခေါင်မှ မူးပြီးပြန်လာတတ်တရ်။

“ကိုဘုန်းရယ်...ကျွန်မမှာလည်း မပေါ့မပါးကြီးနဲ့ ရှင့်မှာလဲ အိမ်ကိုကပ်တယ်မရှိဘူး။ အလုပ်အားတဲ့ ရက်လေး မိသားစုကို အချိန်ပေးမယ်ကိုမရှိဘူး”

“အေ့... ငါအလကားသွားနေတာ မဟုတ်ဘူးကွ။ မင်းတို့တွေ ခုလိုနေနိုင်အောင်ရှာကျွေးနေတာ ဒီကောင်ပါကွ။ ခုမင်းတို့ ဘာလိုလဲ။ လိုလေသေးမရှိ ငါထားခဲ့တာပဲ။ အေ့... ငါ့ကို ဆရာလာလုပ်စရာ မလိုဘူးကွ အေ့”

“ဒုန်း”

အသံတွေ ဆူညံနေလို့ ကျွန်မ အိပ်ယာမှ လန့်နိုးသွားတရ်။ အိပ်ခန်းတံခါးကို ဖွင့်လိုက်စဉ်မှာပဲ ဒက်ဒီနဲ့မာမီ စကားများသံကို ကြားလိုက်ရတရ်။ ကျွန်မ မအံ့သြတော့ပါ။ ဒက်ဒီမူးလာတိုင်း မာမီနဲ့ တိုးတိုးဖြစ်စေ၊ အော်၍ ဖြစ်စေ စကားများ၊ ရန်ဖြစ်နေကြ။ ယခင်က ကျွန်မတို့ မိသားစုကို အားကျနေကြသော ပတ်ဝန်းကျင်ကို ကျွန်မ ရင်မဆိုင်ချင်ပါ။ သူများတွေက “အေးချမ်းလိုက်တာ စကားများသံတောင်မကြားရဘူး။ ဦးဘုန်းဝဏ္ဏတို့များ စီးပွားလည်း အရှာကောင်းပါရဲ့။ မိသားစုအပေါ်မှာလည်း သစ္စာရှိတယ် ဒေါ်မြသီတာတို့များ လင်ကံကောင်းလိုက်တာ။”ဆိုတဲ့ စကားသံများ ကျွန်မကို ခြောက်လှန့်လို့နေပါတယ်။
“ပုလဲတောင်ကျောင်းက ပြန်လာပြီပဲ၊ သမီးရေသွားချိုး။ မာမီထမင်းစားဖို့ပြင်ထားလိုက်မယ်နော်” မာမီ ပြောပြီး ထမင်းစားခန်းထဲ ၀င်သွားပါသည်။ မာမီ မျက်ဝန်းထဲမှာ မျက်ရည်စတွေကို မြင်ရပါတယ်။ ဒက်ဒီနဲ့မာမီ စကားများကြပြီ ထင်ပါရဲ့။ မာမီက ကျွန်မမမြင်အောင် စိတ်ကို ချုပ်တီးထားပုံပါပဲ။ ဒါပေမဲ့ ကျွန်မ မြင်ခဲ့ရတရ်။
“သမီး စာတွေလုပ်နေတာ သိပ်ညဥ့်မနက်စေနဲ့ဦး မာမီနွားနို့ ပူပူလေးလုပ်ပေးထားတယ် သောက်လိုက် ဦးနော်” “ဟုတ်ကဲ့ မာမီ”
“ဒုန်း...ဒုန်း...ဒုန်း”
“မိန်းမရေ...အေ့ မိန်းမ၊ ဒီမိန်းမ ဘယ်သွားသေနေလဲ”
“ကိုဘုန်း ရှင်မူးလာလည်း အေးအေးနေပါ။ သမီးလေးစာကြည့်နေတုန်းရှိသေးတရ်။ မအိပ်သေးဘူး။ သမီး ကြားသွားရင် မကောင်းဘူး။ ကျွန်မသမီးကို စိတ်ဒဏ်ရာတွေ မပေးစမ်းပါနဲ့ရှင်။ သမီးကို သူ့အဖေက အရက်သမားလို့ မမြင်စေချင်ဘူး။”
“ဒီမှာ ငါအိမ်ထောင်ဦးစီး မင်းဘာမှပြောစရာမလိုဘူး၊ မင်းထက် ငါပိုနားလည်ဆိုတာ မင်းခေါင်းထဲမှာ စွဲနေအောင် မှတ်ထားလိုက်စမ်းပါကွာ အေ့”
“သမီးရေ သမီး...အေ့”
“ပုလဲ...သမီးရေ အေ့”
“ရှင် ဘာဖြစ်လို့ ကလေးကို ခေါ်နေတာလဲ။ ရှင်ဒီပုံစံမျိုးနဲ့ ကျွန်မသမီးနား မသွားပါနဲ့။ တခြားဟာတွေသာ ခွင့်လွတ်ချင် ခွင့်လွတ်မရ်။ သမီးနဲ့ ပတ်သက်လာရင်တော့ ရှင့်ကို လုံးဝခွင့်မလွတ်ဘူး”
“မင်းက ဘာမို့လို့လဲကွ။ ငါ့သမီးဆီ ငါသွားတာ ဘာဖြစ်လဲကွ”
“ကျွန်မတောင်းပန်ပါတယ်ရှင်။ ရှင်မသွားပါနဲ့ သမီးကို အရက်နံ့နဲ့ မရင်းနှီးစေချင်လို့ပါ။ တောင်းပန်ပါတယ်။ လာပါ ကျွန်မတို့ အခန်းကို ၀င်ရအောင်ပါ”
ကျွန်မအခန်းထဲမှာ အံကြိတ်ပြီး ငိုနေမိပါတယ်။ မာမီ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မစိတ်ထဲမှာလည်း မလာပါ စေနဲ့လို့ ဆုတောင်းနေခဲ့တယ်။ ကျွန်မချစ်တဲ့ ဒက်ဒီက ယခုလို ပုံစံမျိုးနဲ့ မဟုတ်ပါ။ အရက်မူးပြီး ပြန်လာ၊ မိသားစုကို ပြဿနာရှာတတ်တဲ့သူ မဟုတ်ပါ။ ကျွန်မ ဒက်ဒီ့ကို ယနေ့ကစပြီး မချစ်တော့ပါဟု သံဓိဌာန် ချလိုက်ရ်။ ဟုတ်တရ် ဒက်ဒီ့ကို ကျွန်မ ဒက်ဒီပါလို့ သူငယ်ချင်းတွေရှေ့ပြောရမှာ ကျွန်မသိပ်ရှက်တယ်။
နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်

1 comment:

အေးချမ်း said...

ဇတ်သိမ်းပိုင်းဖတ်ပြီးမှ အစကနေပြန်ဖတ်တာ ။ :)
စိတ်ထဲကို တိုက်ရိုက်ရောက်တယ် ။ ရေးထားတဲ့စာကလည်းကောင်းတယ် ဇတ်လမ်းဇတ်ကွက်လည်းကောင်းတယ်ဗျ ။ အားပေးနေပါမယ်။ :)