Pages

Friday, November 9, 2007

မီးလေးနှင့် သတ္တ၀ါများ

မီးလေးကို နှင်းဆီနီနီက tagထားလေရဲ့ ကြောက်တဲ့သတ္တ၀ါဆိုပဲ။ နှင်းဆီရေ မနက်တည်းက တင်ဖို့လုပ်ချင်နေတာ အရေးထဲ ကွန်နဲ့ ကမ္ဘာလိပ်နဲ့ အပြေးပြိုင်နေလေရဲ့။ ကမ္ဘာလိပ်နိုင်သွားတယ် ထင်တယ် ခုထိကွန်က ပန်းတိုင်မရောက်သေးဘူး ဒါကြောင့် ပို့စ်တင်ဖို့ကို အကြာကြီးစောင့်နေရတယ်။ ဒါနဲ့ပဲ စိတ်လျော့လိုက်ပြီး မနက်ဖြန်မှတင်မယ်ဆိုတော့လည်း ကွန်ပျူတာဖွင့်ပြီးတာနဲ့ Gtalk၀င်ထဲက connect fail ဆိုတော့ သွားပြန်ပြီ အင်တာနက်။ အဲတာလည်း ဒုက္ခကမသေးဘူး ခုမှပဲတင်နိုင်တော့တယ်။ နှင်းဆီရေ ခွင့်လွတ်ပေးနော်။
နှင်းဆီက အကြောက်ဆုံးသတ္တ၀ါကို ပြောခိုင်းတော့ မီးလေးအကြောက်ဆုံးသတ္တ၀ါက လူပါပဲရှင်။ ရီနဲ့နော် ဟီ ဟိ။ တကယ်ပြောတာ ယုံလိုက် အပိုကြောဝူး။ ဒီတစ်ခါ အတည်ကြောမှာ။ သူများထက်ထူးခြားပြီးတော့ ကြောက်တတ်တဲ့ သတ္တ၀ါတော့ ရှိပါဘူး။ မြွေနဲ့ ကြွက်ကိုတော့ကြောက်တယ်။ မြွေနဲ့ ပတ်သက်ပြီး မီးလေး ကြုံခဲ့ရတာလည်း များတယ်လေ။ မီးလေး နှစ်နှစ်သမီးအရွယ်လောက်ကပေါ့ မီးလေးတို့ ဖေဖေက အင်ဂျင်နီယာ အစိုးရအလုပ်ဆိုတော့ ရေနံတွင်းမှာ တာဝန်ကျတဲ့ အရာရှိလည်း အရာရှိဆိုတော့ လိုင်းခန်းရတယ်လေ။ ဒါပေမယ့် မီးလေးတို့ကို နယ်မှာ မထားဘူး။ ရန်ကုန်မှာပဲထားတယ်။ တစ်လကို သုံးရက်တော့ ပြန်လာတယ်။ မှတ်မှတ်ရရ ဖေဖေက နယ်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ မေမေရယ်၊ မီးလေးအစ်ကိုရယ်၊ မီးလေးရယ် လိုက်သွားကြတာပေါ့။ အရာရှိသားသမီးဆိုတော့ လူချစ်လူခင်ပေါတယ်လေ (ချစ်ရင်လည်းချစ်၊ မချစ်ရင်လည်း ချစ်ယောင်ဆောင်ပေါ့၊ မချစ်သော်လည်း အောင့်ခါနမ်းလေ)။ အလုပ်သမား အဘကြီးတစ်ယောက်ရှိတယ်။ အဲဒီအဘကြီးက မီးလေးတို့ မောင်နှမတွေကို ထိန်းပေးတယ်လေ။ ဘယ်လောက်ထိ ကျေးဇူးသိတတ်တယ်မှတ်လဲ လိုင်ခန်းနဲ့ စည်းရိုးနဲ့က နည်းနည်းလှမ်းတယ်။ ကိုယ့်ကိုထိန်ပေးတဲ့လူတော့ မှတ်မိတာပေါ့။ ရှေ့ကဖြတ်သွားတာတွေ့ရင် ဘကြိုင်ကြီး အရက်သောက်ပြီး ပြန်လာတာ လှမ်းလှမ်းအော်တာ နောက်နေ့လည်းကျရော မေမေကို တိုင်ပါလေရော။ ဆရာကတော်ရယ် ကျွန်တော် အရက်သောက်တာ ဘယ်သူ့မှမသိဘူး။ သောက်တယ်ဆိုရုံသောက်တာ ဒီကလေးတွေ ရောက်လာမှပဲ ကျွန်တော်အရက်သောက်တာ ဘားတိုက်တတိုက်လုံးသိတော့တယ်တဲ့လေ။ အဲလောက်ထိကို ကျေးဇူးသိတတ်တာ ဟဲ ဟဲ။
တညနေမှာတော့ ဘကြိုင်က မီးလေးတို့ မောင်နှမနှယောက်ကို ရုပ်ရှင်သွားကြည့်မလို့ဆို လာခေါ်တယ် လိုက်သွားတာပေါ့။ ပြန်လာတော့ မှောင်ကလည်းမှောင် မြွေခွေအိပ်နေတာ မမြင်ဘဲနဲ့ မီးလေးအစ်ကိုက မြွေကိုတက်နင်းလိုက်တယ်။ မြွေက ရှုးကနဲဆိုတော့မှ သုံးယောက်သားထွက်ပြေးကြတာပေါ့။ နောက်နေ့ကျတော့ မီးလေးအမေက ရေသွားသွန်တာ တမန်သလင်းကြီးမှပြောင်နေတာပဲ။ လှမ်းပြီးရေပတ်လိုက်တဲ့ အချိန်မှာ ဘာမှမရှိဘူး။ ပြီးတော့မှ ခြေထောက်ကို ဖတ် ဖတ်နဲ့ရိုက်နေတာ မေမေကလည်း ဘာမှန်းမသိဘူး။ နောက်တော့မှ မြွေအမြီးဖြစ်နေတယ် တော်သေးတာက ခုံဖိနပ်စီးထားလို့။ ဒါတောင် ဆေးကုယူလိုက်ရသေး။ သူများတွေပြောကြတာတော့ တိုက်မြွေလို့ပြောကြတာပဲ။ အဲဒီနယ်မှာက သူများပြုစားတာတို့ ဘာတို့ တော်တော်များတယ်လို့ပြောတယ်။
နောက်တစ်ခါက မီးလေးတို့ အဘိုးအဘွားတွေရှိရာ အောင်လံကိုသွားတုန်းကပေါ့ ဘိုးဘိုးတို့ အိမ်က မြွေပေါတယ်။ ခြံစည်းရိုး အုတ်တံတိုင်းခတ်တုန်းက မြေကြီးတူးတာတောင် မြေကြီးထဲက မြွေတွေ ခဏခဏထွက်ထွက်လာတယ်။ ညဘက် ဘိုးဘိုးတို့အိမ်က အိမ်သာကို ဦးကြီး(မီးလေးတို့နဲ့ဆို ဘကြီးတော်မယ်ထင်တယ်) သွားတာ သူ့ဘာသာ အပေါ့အလေးသွားမှာပေါ့ ပြီးတော့ ရေကိုင်မယ်ဆိုပြီး ရေအိုးထဲလည်း လက်နှိုက်လိုက်ရော ရှုးခနဲဆို မြွေထက်လာလို့ ပြေးလိုက်တာ ဘယ်နားရောက်သွား မှန်းတောင် မသိဘူး။
ဘိုးဘိုးတို့အိမ်က အလုပ်သမားတစ်ယောက်က ညဘက်အိပ်ချင်မူးတူးနဲ့ အိမ်သာသွားတာ အိမ်သာနဲ့ ခြေရင်းက အုတ်တံတိုင်းနဲ့က မျက်နှာချင်းဆိုင်မှာရှိတယ် သိပ်လည်းမကွာဘူး။ အိမ်သာပေါ်က ပြန်ဆင်းမယ်လည်းလုပ်ရော အုတ်တံတိုင်းဘေးက မာလကာပင်နားနဲ့ အိမ်သာနဲ့တည့်တည့် အုတ်တံတိုင်းမှာ မီးအလင်းရောင်ကြောင့် အရိပ်တစ်ခုပူးနေတယ်။ ဘာလဲပေါ့ အိပ်ချင်နေတဲ့မျက်လုံးတောင် ပြူးကျယ်လာလေရဲ့ မြွေနှစ်ကောင် မိတ်လိုက်နေလေရဲ့။ မြွေတွေက အရှုက်ကြီးတယ် သူတို့ မိတ်လိုက်တာ မြင်တဲ့လူဆိုရင် မလွယ်ဘူး။ သေပြီသာမှတ်ပဲ သူလည်း ဇောချွေးတွေပြန်လာတယ် ဘာလုပ်ရမှန်းလည်းမသိဘူးပေါ့ အော်ရအောင်ကလည်း ညသန်းခေါင်ကြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ် မကြည့်ရဲရင် မျက်စိမှိတ်ထားနော်။ ၀တ်လာတဲ့ ထမီကို ချွတ်ပြီး မြွေခေါင်းနှစ်ခုပေါ်ကို ကြောက်ကြောက်နဲ့ လှမ်းအုပ်လိုက်တာ။ ကံကောင်းထောက်မစွာနဲ့ အုပ်မိလေရဲ့။ အုပ်လည်းအုပ်မိရော တစ်ချိုးတည်း အပေါ်ထပ်ကို ပြေးတော့တာပဲ။ နံနက်သူပြောပြတော့ အားလုံးဝိုင်းရီ ကြတာပေါ့။ မရီနိုင်တာကတော့ သူပဲလေ။ အိမ်သာရှေ့မှာ မြွေပေါက်သွားတာများ ထမီလို့တောင်မထင်ရဘူး အပိုင်းအစတွေပဲရှိတော့တယ်။ မီးလေးတို့ သွားလည်ရင် မီးလေးဆို ဘယ်နားမှာပဲနေနေ ခြေထောက်တွေ ရွစိရွစိဖြစ်နေသလိုပဲ အဲလောက်ထိကြောက်တာ။
မီးလေးတို့ ဦးလေးရှိတဲ့ သာစည်ကို သွားတုန်းကလည်း ချော်လဲလို့ ဒူးခေါင်းမှာ အနာကြီးနဲ့လေ။ မီးလေးငယ်ငယ်က ဆော့လားမဆော့လားဆို အနာနဲ့ကို အမျိုးတော်ထားတာ။ တခုပျောက်သွားရင် တခုထပ်ဖြစ်တော့တာပဲ။ ဦးလေးအိမ်ရှေ့မှာ မြွေအရေခွံလဲထားတာတွေ့တော့ အတော်ပဲတဲ့ ငါ့တူမအနာကို အုပ်ပေးရမယ်ပြောလို့ (မြွေအရေခွံကို ကင်ပြီးအုပ်ရင် အနာမရင်းဘူးပြောတာပဲ) ပတ်ပြေးလိုက်ရတာ ခြံကလည်း ကျယ်တော့ ပြေးသည်ပေါ့။ တော်ပါသေးရဲ့ အပြေးပြိုင်ပွဲတွေ ၀င်ပြိုင်ဖူးတာ။ နောက်ဆုံး ဦးလေးက မလုပ်တော့ပါဘူးပြောတော့မှ ရပ်သွားတာ။ မောလွန်းအားကြည့်လို့ အသက်တောင် မနည်းဝအောင်ရှုရတယ်။

ကြွက်ကိုကြောက်တာထက် ရွံ့တာလို့ ပြောရင်ပိုမှန်မယ်ထင်တယ်။ နှာခေါင်းစူပွက်စူပွက်နဲ့ ကိုယ့်ကိုလာထိမှာ အရမ်းကြောက်တာပဲ။ တစ်ခါကလည်း ကြွက်သေတစ်ကောင်ကို သွားထိမိတာ ခြေထောက်ကို ဆေးလိုက်၊ သုတ်လိုက်နဲ့ သံသရာလည်နေတာ မေမေက အမြင်ကတ်လို့လားမသိပါဘူး အဲလောက်နဲ့ ဘာမှမဖြစ်ပါဘူး ပလိပ်ရောဂါလောက်ပဲရမှာတဲ့။ မေမေကပြောလိုက်တော့ ပိုဆိုးတော့တာပေါ့။ ခြေထောက်ကို ကျောက်ပြားနဲ့ ပွတ်နေတာ အသားထူတဲ့ နေရာမို့လို့ပဲ နို့မို့ဆို အရေခွံတွေ စုတ်လောက်တယ်။ မေမေက ဘာမှမဖြစ်ပါဘူး ပြောတာတောင် စိတ်ကျေနပ်အောင် အားပေးနေတာထင်သေး အဲလောက်ထိရူးတာ။

နှင်းဆီရေ ကျေနပ်တော့နော်။ အင်တာနက်တွေမရတဲ့အချိန်မှာ ရရချင်းတင်ပေးလိုက်တာ နောက်ကျလို့တော့ စိတ်ဆိုးနဲ့….

ဘယ်သူ့ကို ဆက်tagရင်ကောင်းမလဲ... ရာသီဥတုတွေထဲမှာ နွေ၊ မိုး၊ ဆောင်းရှိသလို ဘလော့ဂ်တွေမှာလည်း ရာသီရှိနေပါတရ်... ဘာရာသီလဲဆိုတော့ tag game ရာသီလေးပါပဲရှင်...
ကဲ လာလေရော့ tagပြီ

No comments: