Pages

Monday, November 12, 2007

မီးလေးရဲ့ ယုံတမ်းစကား ...

ကိုမွန်ကြီးက မီးလေးကို ယုံတမ်းစကားရေးခိုင်းထားတော့လည်း ရေးရတာပေါ့ ယုံချင်ယုံ မယုံချင်နေ ဒါပေမယ့် ယုံနော် ဟီး ဟီး... မီးလေးကို ယမမင်းကြီးက သူ့ဆီ အလည်လာပြီး တော့ကီပွားဖို့ လာဖိတ်သဗျ... ဘယ်ရမလဲ မီးလေးတို့ကလည်း ဖိတ်တယ်ဆို လာထားပဲ သွားလည်တာပေါ့ ဟိုရောက်တော့ တည့်ခင်းဧည့်ခံတာတွေ စားပြီးတော့ ပြန်လာခဲ့တာပေါ့... နောက်နေ့တော့ ပျင်းပျင်းနဲ့ ဘာလုပ်ရမှန်းမသိတာနဲ့ လမ်းလျှောက်ထွက်ခဲ့တာပေါ့... လမ်းလည်းရောက်ရော
“ဟိတ် တယောက်မှမလှုပ်နဲ့... လှုပ်လိုက်တာနဲ့ ပစ်ထည့်လိုက်မယ်” ဘယ်လှုပ်ရဲပါ့မလဲ သူကမလှုပ်နဲ့ပြောတာကိုး ပစ်ထည့်လိုက်မယ်တဲ့ ငြိမ်နေလိုက်တာပေါ့...
“ပါလာသမျှတခုမကျန် အကုန်ထုတ် ပြီးရင် ရှေ့ကပုဆိုးထဲလာထည့် မြန်မြန်လုပ်နော် ရုတ်ရုတ်တော့ မလှုပ်နဲ့” မီးလေးတို့များ ဘယ်လောက်ထိ သတ္တိရှိလည်းဆိုရင် ဒီဓားပြတွေကို ငါဘယ်လိုဖမ်းရမလဲလို့ စဉ်းစားပြီး ဟုတ်ပြီ ဖုန်းရှိတဲ့ နေရာ အရင်ရှာ 199ကိုဖုန်းဆက် ပြီးတော့ပြန်လာထိုင် နေလိုက်တာပေါ့... ခဏလည်းနေရော ရဲကားတွေရောက်လာပါရော...
“မင်းတို့တွေအားလုံးကို ငါတို့ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းထားလိုက်ပြီကွ ပြေးမယ်မကြံနဲ့။ လက်နက်တွေအကုန် ချလိုက်။ ကဲ မင်းတို့တွေ သူတို့ကို လက်ထိပ်ခတ်လိုက်ကြစမ်း။”
“ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲဗျ။”
“ကျွန်တော်တို့ အလုပ်လုပ်နေတာ မနှောက်ယှက်ပါနဲ့။ ၀တ္တရားနှောက်ယှက်မှုနဲ့ ခင်ဗျားပါ ပါသွားမယ်”
“ကျွန်တော် ၀တ္တရားနှောက်ယှက်တာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်က ကဗျက်ကချော်ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ကချော်ကချွတ်ပါခင်ဗျာ။ ခုကျွန်တော်တို့ ဓားပြတိုက်တဲ့ဇာတ်ဝင်ခန်းရိုက်နေတာဗျ။”
“ဗျာ... ဆောရီးပဲဗျာ”
မီးလေးတို့ ပြေးပြီပေါ့ ပြေးတာမှ ကားအရှိန်နောက်ဆုံးတင်ပြီး မောင်းတာထက်တောင်မြန်သေး။ ရဲကားတွေနောက်က လိုက်လာပေမယ့် မီးလေးပြေးတာလောက်ကိုတောင် မမီဖူးဗျ။ အဲလောက်ထိကို အပြေးသန်တာ။ အဟုတ်။

အင်း ပျင်းလိုက်တာ ဘာလုပ်ရကောင်းမလဲ။ ဘယ်ကို သွားမွှေရင်ကောင်းမလဲ။ ပျင်းတာနဲ့ ရေသွားကူးမယ်စိတ်ကူးတာနဲ့ ရေကူးကန်ဘက်ထွက်ခဲ့လိုက်တယ် (အလွမ်းအိမ်ကိုတော့ မခေါ်သွားပါ)။ ရေမကူးရဆိုပါလား။ ရေကူးချင်လို့ လာပါတယ် ရေမကူးရဆိုတော့ အင်း အကြံရပြီ ငါးပဲသွားမျှားတော့မယ်။ ငါးမျှားချိတ်မှာ ငါးစာတပ်ပြီး ရေအောက်ထဲကို ချလိုက်ပြီ။ ဟာ မီးလေးတို့ ကံတွေစွတ်ကောင်းနေပါလား။ ငါးကိုတန်းမိတာပဲ အလေးကြီးပါလား ငါးကတော်တော်ကြီးမယ်ထင်တယ်။ အလေးကြီးပဲ တစ်ယောက်တည်း မနိုင်တော့ဘူး။ ဒါနဲ့ လမ်းထဲက အားကောင်းမောင်းသန် ကာလသားခေါင်းတွေ သွားခေါ်ပြီး ရေပေါ်ကို ဆွဲတင်တာပေါ့ ပါလာပြီ ရေသူထီး အဲလေ ဟုတ်ပေါင် ကိုမော်တီတုန်းကြီး ငုတ်တုတ်ထိုင်ပြီး ငါးကင်ထိုင် စားနေတာကို ချိတ်မိသွားပြီး ပါလာတာကိုး တော်သေးတယ် အချိတ်တော်သွားလို့ ...


ဒီတစ်ခါတော့ အပြင်မသွားတော့ဘူး ခြံထဲမှာ အပင်တွေပဲစိုက်တော့မယ်... သြော်မေ့နေလိုက်တာ ခရမ်းချဉ်သီးမျိုးစေ့တွေ ရှိတာပဲ။ အစေ့တွေကို မြေကြီးထဲလည်း ချလိုက်ရော ဗြုန်းဆို အပင်တွေ ထပေါက်တာ အပင်ရဲ့ အမြင့်ဟာ ဒါးတွေထဲမှာ အကြီးဆုံးဒါးဖြစ်တဲ့ ထရိတ်ဒါးထက်တောင် မြင့်သေးသဗျ။ ရေလည်းလောင်းပေးလိုက်ရော အသီးတွေသီးလိုက်တာမှ အများကြီး အသီးတစ်လုံးတစ်လုံးက ဆူမိုနပန်းသမား ခန္ဓာကိုယ်ထက် အဆ၁၀၀ကြီးသဗျ။ အဲအသီးကို နှမ်းစေ့လောက်လှီးပြီး ဟင်းအိုးထဲထည့်ချက်ရင် ရန်ကုန်တစ်မြို့လုံးရဲ့ ရှိသမျှ လူတွေကျွေးလို့လောက်တယ်ဗျ။

နောက်တစ်ခါက ကျားပေါက်တစ်ကောင် အစာကျွေးမယ့် သူမရှိလို့ဆိုပီး ကြေငြာထားတာနဲ့ သူများမလုပ်တဲ့အလုပ် လုပ်ပြမယ်ဆိုပြီး အဲဒီ့ကျားပေါက်ကို အစာကျွေးဖူးတယ်... (သိတယ်မဟုတ်လား...ကျားပေါက်လေ)...
ကိုမွန်ကြီးရေ ကျေနပ်တော့နော်။ မီးလေးပြောတာ ဟုတ်မဟုတ် သူတို့ကိုလည်း မေးကြည့်လို့ရတယ်။
နှင်းဆီနီနီ
မျှားပြာ
မိုးချစ်သူ
ကိုပီကေ
ကိုပုဂံသား
မေပျို

2 comments:

မျှားပြာ said...

ပေါက်ကရရေးချင်နေတာ အတော်ပဲဗျို့  ..
ဟတ်ဟတ် ဟတ်

စိုးထက် - Soe Htet ! said...

ယုံဘူး ... :P