Pages

Friday, November 23, 2007

ကထိန်အာနိသင်ငါးမျိုး...

ရှေ့မှာ ကထိန်အကြောင်းသိကောင်းစရာ ဆိုတဲ့ပို့စ်လေး အလွမ်းအိမ်အတွက် ရေးခဲ့ပေးဖူးပါတရ်။ ယခုကတော့ စာဖတ်သူတွေရဲ့ တောင်းဆိုချက်နဲ့ နောက်ဆက်တွဲ ကထိန်အာနိသင်ငါးပါးကို ဆက်လက်ရေးသား ဖော်ပြခြင်း ဖြစ်ပါတရ်။ ကထိန်ခင်းခြင်းကြောင့် ရရှိနိုင်သောအကျိုးတရားများကို “ကထိန်အာနိသင်”လို့ ခေါ်ပါတရ်။ ၄င်း အာနိသင်ကို ပုရိမ၀ါကပ်၍ ပထမ၀ါကျွတ်ပြီးတဲ့ ရဟန်းတိုင်း ကထိန်ခင်းပြီး ရရှိခံစားပိုင်ခွင့်ရှိပါတရ်။ ၄င်းအာနိသင် များကတော့ -
၁။ အနာမန္တစာရ
၂။ အသမာဒါနစာရ
၃။ ယာဝဒတ္ထစီဝရ
၎။ ဂဏ ဘောဇန
၅။ ယော စ တတ္ထ စီဝရုပ္ပါဒ တို့ပဲဖြစ်ပါတရ်။


၁။ အနာမန္တစာရ - ဒါယကာ၊ ဒါယိကာမတို့က ရဟန်း၊ သံဃာတော်တို့အား “ထမင်းစားကြွပါ၊ မုန့်စားကြွပါ” စသဖြင့် သာသနာတော်ဝေါဟာရနဲ့ မအပ်စပ်တဲ့စကားတို့ဖြင့် ဆွမ်းစားဖိတ်မန်ခဲ့သော် အနီးရှိ ရဟန်းတို့ကို မပန်ကြား၊ မပြောဆိုဘဲ၊ မြို့ထဲ၊ ရွာထဲသို့ ကြွသွားနိုင်ခြင်း။
(ကထိန်ခင်းပြီး၍သာ သွားနိုင်ခွင့်ရှိခြင်းဖြစ်ပါတရ်။ ကထိန်မခင်းရသေးပဲ အသိပေး၊ ပြောဆိုပန်ကြားခြင်း မရှိဘဲ ကြွသွားပါက ပါစိတ်အာပတ် သင့်ပါတရ်။ ကထိန်အာနိသင် ရလျှင် ပါစိတ်အာပတ် မသင့်တော့ပါ)

၂။ အသမာဒါနစာရ - တိစီဝရိတ် အဓိဠာန်တင်ထားသောသင်္ကန်းကို သွားလေရာ မယူဆောင်ဘဲ သွားလိုရာသို့ လှည့်ပတ်သွားလာနိုင်ခြင်း၊ ၄င်းသင်္ကန်းနှင့် ညစဉ် အနီးအနား၌ မဆောင်ထားဘဲ ညဥ့်ကင်း၍ နေနိုင်ခြင်း
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍မရပါ။ ထိုသို့နေခဲ့လျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါ တရ်။ ကထိန်အာနိသင်ရလျှင် ညဥ့်ကင်းသော်လည်း အာပတ် မသင့်တော့ပါ)

၃။ ယာဝဒတ္ထစီဝရ - ရရှိသမျှ သင်္ကန်းတို့အား အဓိဌာန် ၀ကပ္ပနာမပြုဘဲ အလိုရှိသလို ထားရှိသုံးဆောင်နိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲပါက နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတရ်။ ကထိန် အာနိသင်ရလျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲသော်လည်း အာပတ်မသင့်တော့ပါ)

၎။ ဂဏဘောဇန - မအပ်စပ်သော တောင်းခံခြင်း၊ ဖိတ်မန်ခြင်းမျိုးဖြင့် တောင်းခံပင့်ဖိတ်အပ်သောဆွမ်းဖြစ် လျက် လေးပါးနှင့် အထက်လွန်၍ စုပေါင်းခံယူ စားသုံးနိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသို့ မအပ်စပ်သော ဆွမ်းကို စုပေါင်းခံယူ စားသုံးပါက သုဒ္ဓပါစိတ် အာပတ် သင့်ပါတရ်။ ကထိန် အာနိသင်ရသဖြင့် သုဒ္ဓပါစိတ် အာပတ်မသင့်တော့ပါ)

၅။ ယော စတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကိုကထိန်အာနိသင် ရသော ရဟန်း၊ သံဃာတော်တို့သာ သုံးစွဲခွင့်ရနိုင်ခြင်းတို့ ဖြစ်ပါတရ်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးငါးပါးတို့ကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက် သာဓု အနုမောဒနာပြုသော ရဟန်းတို့သာ ရယူခံစားခွင့်ရှိကြပါတရ်။ ခံစားနိုင်ခွင့်ကာလကတော့ ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်နေ့အထိဖြစ်ပါတရ်။

1 comment:

MELODYMAUNG said...

လာဖတ်သွားပီ မီးလေးရေ သိုင်းခရုနော် ဒီပို့စ်ပါ လင့်ခ်ထည့်ထားလိုက်ပီ အာဘွားးးးးးးး