Pages

Wednesday, November 21, 2007

သူငယ်ချင်းသို့ ...

သူငယ်ချင်း
မင်းဘာတွေစိတ်ညစ်နေလဲ???
မင်းပတ်ဝန်းကျင်က လူတွေ စကားကြောင့်
စိတ်ညစ်နေရတယ်ဆိုရင် ဖြစ်သင့်သလား???

သူငယ်ချင်း...

မင်းသိထားဖို့က ပတ်ဝန်းကျင်ဆိုတာ
ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါကွာ
အဲဒါတွေ ခေါင်းထဲထည့်နေမယ်ဆိုရင်
မင်းအတွက် နေစရာဆိုတာ ရှိလာမှာမဟုတ်ဘူး

သူငယ်ချင်း...
မင်းကောင်းစားတုန်းက သူတို့ဘာပြောကြသလဲ???
အဲဒီ့အပေါ်မှာ မင်းသာယာနေခဲ့တယ်
အဲအချိန်မှာ မင်းသူငယ်ချင်းတွေကို မေ့နေခဲ့တယ်
မင်းကျွေးသမျှ စားပြီး မင်းကိုချီးမွမ်းကြတယ်
ဘာဆန်းလဲကွာ

သူငယ်ချင်း...
မင်းခုဒုက္ခရောက်တော့ သူတို့ဆီက
အကူအညီဘာရသလဲ???
စကားတောင် မပြောကြတော့ဘူး
မင်းဘေးနားမှာ ဘယ်သူတွေရှိနေသလဲ???

သူငယ်ချင်း...
မင်းပြန်စဉ်းစား သုံးသပ်ကြည့်ပါ
ပြီးမှ ဆုံးဖြတ်ပါ
မင်းအမှန်တရားကို တွေ့မြင်ခဲ့ပြီဆိုရင်
မင်းဒုက္ခရောက်နေတဲ့အချိန် မင်းနဲ့အတူ ရင်ဆိုင်တဲ့သူတွေသာ
ပတ်ဝန်းကျင်ဆိုတာ သိလာလိမ့်မယ်

သူငယ်ချင်း...
မင်းအတွက် စစ်မှန်တဲ့
ပတ်ဝန်းကျင်ရဖို့ ငါလေအမြဲ
ဆုတောင်းပေးနေလျက်ပါကွာ။

2 comments:

မျှားပြာ said...

သူငယ်ချင်း ပျော်ရွှင်ပါစေလေ ...

Red's Rose Dream said...

လောကမှာ ကိုယ့်ရဲ့ ခင်မင်မှု့ကို အလွဲ သုံးစားလုပ်တဲ့
သူငယ်ချင်းများနဲ့မတွေ့ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။