Pages

Thursday, November 8, 2007

Blogger Family Warning

မီးလေး ဒီပို့စ်လေးကို တင်သင့် မတင်သင့် စဉ်းစားပါသေးတယ်။ နောက်တော့ တင်မယ်ကွာ ဆိုပြီး ရေးဖြစ်ခဲ့တာပါ။ ပုဂ္ဂိုလ်ရေးနဲ့ လုံးဝမသက်ဆိုင်ပါ။ အဓိက ရည်ရွယ်ချက်က ဘလော့ဂ်ဂါတစ်ဦးနှင့်တစ်ဦး သင့်မြတ်ခြင်းကိုသာ လိုချင်၍ဖြစ်ပါတယ်။ မီးလေး မနေ့က မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ ဘလော့ဂ်ဂါမောင်နှမတစ်ဦးရဲ့အိမ်ကို ရောက်ခဲ့ပါတယ်။ မီးလေး စိတ်မကောင်းဖြစ်သွားတယ် သူလေးက စီပုံးမှာ လာပြောသွားတာကို သူကပြန်ပြောလိုက်ပါသတဲ့။ သူလေးရဲ့ စီပုံးမှာ လာအော်သွားတဲ့သူကလည်း လင့်ပေးသွားခြင်းမရှိပါဘူးတဲ့။ စီပုံးလာအော်သွားတဲ့သူရဲ့ နာမည်နဲ့တူတဲ့ ဘလော့ဂါတဦးကလည်း သူ့ကို ဒီလိုပြောရပါ့မလားဆိုပြီး ပို့စ်တင်ထားပါလေရဲ့။ မီးလေး ၄င်းဘလော့ဂ်နှစ်ခုလုံးက ပို့စ်တွေကို ဖတ်ဖြစ်ခဲ့ပါတယ်။ မီးလေး ဘလော့ဂ်ဂါနှစ်ဦးနဲ့ ထပ်တူထပ်မျှ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။
တစ်ချို့က ဘလော့ဂ်ရွာကြီးလို့တစ်ရွာလို့တင်စားကြတယ်။ မီးလေးကတော့ ဘလော့ဂ်အိမ်ယာလေး တစ်ခုလို့ တင်စားချင်ပါတယ်။ အိမ်ယာလေးထဲမှာရှိတဲ့ မီးလေးတို့လို့ ဘလော့ဂ်တွေ အချင်းချင်း ပြဿနာမဖြစ်စေချင်တာ ရင်ထဲကဆန္ဒပါ။ မီးလေးတို့ ဘလော့ဂ်ကို ဘာကြောင့်ရေးပါသလဲ။ တဦးနှင့်တဦးတူချင်မှတူမယ် မီးလေးကတော့ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ မျှဝေခြင်း၊ ခံစားချက်များကို ရင်ဖွင့်ကြ၊ သိထားတတ်ထားတဲ့ပညာတွေကိုလည်း ဖြန့်ဝေရေးသားကြတယ်လို့ ထင်ပါတယ်။ ဘလော့ဂ်လေးကို စတင်ရေးတဲ့အချိန်ကစပြီး ပျော်စရာရှိရင်၊ စိတ်ညစ်စရာရှိရင် ခံစားချက်တွေကို ပို့စ်လေးတွေအဖြစ်ပြောင်းလဲ ရေးသားခဲ့ပါတယ်။ ပြီးတော့ စားစရာရှိရင်တောင် ကင်မရာလေး ပါလာရင်ကောင်းသား မုန့်လေးတွေကို ဓာတ်ပုံရိုက်ပြီး ပို့စ်တင်ပြီးတော့ ဘလော့ဂ်ဂါမောင်နှမတွေကို ကျွေးချင်တယ်။ ဘာလေးပဲလုပ်လုပ် ကုန်ကြမ်းရပြီပေါ့ ပို့စ်တင်ဖို့လေ။ အားလုံးလည်း ခုလိုဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အထက်မှာ ပြောပြခဲ့တဲ့အတိုင်း ၄င်းနည်းတူထပ်မဖြစ်ရလေအောင် မီးလေးက ဒီလိုမြင်ပါတယ်။ စာဖတ်သူ ဘလော့ဂ်မောင်နှမတွေရဲ့အမြင်လည်း ကွန်မန့်ပွတ်သွား ကြပါရှင်။ ကိုယ့်စီပုံးမှာ မတော်မတရား၊ မဟုတ်တရုတ်လာအော်နေရင် ကာယကံရှင်ဘလော့ဂ်ဂါအနေနဲ့ကလည်း သည်းခံကြပါလို့မြင်ပါတယ်။ မြတ်စွာဘုရားရှင် ဟောတော်မူခဲ့တဲ့ တရားတော်တွေမှာလည်း သည်းခံခြင်းဟာ အောင်မြင်တယ်လို့ ဟောကြားတော်မူခဲ့ပါတယ်။ “သည်းခံခြင်းသည် အောင်မြင်ခြင်း၏ လမ်းစဖြစ်သည်” လို့ ဆောင်ပုဒ်တောင် ရှိသေးတာပဲ။ ဒါပေမယ့် သူများပြောသမျှကို ခေါင်းငုံခံခိုင်းတာ မဟုတ်ပါဘူး။ မီးလေးတို့တွေ ဘာလုပ်သင့် လဲဆိုတော့ ဘလော့ဂ်ဂါတွေ အချင်းချင်း မသင့်မြတ်လေအောင် သွေးထိုးနေတဲ့သူတို့ရဲ့ messageတွေကို စီပုံးထဲမှာ ၀င်ဘန်းခြင်းဖြင့် တဦးနှင့်တဦး အထင်မမှားနိုင်တော့ဘူးလို့ မြင်ပါတယ်။ သွေးထိုးတဲ့ သူတွေကလည်း သတ္တိရှိရင် ကိုယ့်နာမည်နဲ့ပဲ ရေးပါလား။ သတ္တိမရှိဘဲနဲ့ သူများနာမည်အလွဲသုံးစား မလုပ်ကြဖို့နဲ့ နာမည်သုံးခံရတဲ့ ဘလော့ဂ်ဂါတွေ အနေနဲ့လည်း ကိုယ့်နာမည်သုံးသွားတဲ့သူကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြပါစို့။
မီးလေးတို့ ဘလော့ဂ်ဂါတွေဟာ(မီးလေးကဘလော့ဂ်ဂါမဟုတ်သေးပါ) တဦးနှင့်တဦး မမြင်မတွေ့ဖူးကြပေမဲ့ တစ်ကယ့်မောင်နှမအရင်းတွေလို မြတ်နိုးတွယ်တာကြပါတယ်။ မမြင်မတွေ့ရကြပေမဲ့ လေလှိုင်းထဲကနေ ချစ်ခင်တွယ်တာကြတဲ့ လေလှိုင်း/ကွန်ယက်ထဲက မောင်နှမတွေ၊ မိသားစုတွေပါ။ ဘယ်သူ့ကမှ ဟိုဘလော့ဂ်ကိုသွား၊ ဒီဘလော့ဂ်ကိုသွားဆိုပြီး လျှောက်လည်နေကြတာမဟုတ်ပါ။ ကာယကံရှင်ကိုယ်၌ကသာ ကိုယ်နှစ်သက်ရာ ဘလော့ဂ်တွေသွားရင်း ရင်းနှီးချစ်ခင်ကြတာပါ၊ ဘလော့ဂ်ဂါတွေဟာ နေရာတစ်နေရာတည်းက မဟုတ်ကြပါ။ နိုင်ငံပေါင်းစုံ၊ နယ်ပေါင်းစုံ၊ မြို့ပေါင်းစုံကနေ ရေးခဲ့ကြတာပါ။ ဒါပေမယ့် နီးနီးလေးလိုပဲ အားလုံးဟာ ရင်းနှီး ချစ်ခင်ကြပါတယ်။ နေမကောင်းရင်တောင် သွားမေးကြရတာနဲ့၊ မွေးနေ့ဆိုလည်း မွေးနေ့ဆုတောင်းပေးလိုက်ကြ၊ တဦးက အခက်အခဲရှိရင်လည်း သိတဲ့တတ်တဲ့ ဘလော့ဂ်ဂါများက တတ်သိပညာ မနေသာပဲ ဖြန့်ဝေကြနဲ့ မအားနိုင်အောင်ပါပဲ မီးလေးတို့ မောင်နှမတွေ ဘယ်လောက်ထိ စည်းလုံးကြတယ်ဆိုတာ ပြသကြပါစို့လား။
မီးလေးဒီပို့စ်လေးကို ရေးတာက မည်သူ့ကိုမှ ထိခိုက်နစ်နာစေလို၍မဟုတ်ပါ။ အခုရေးခဲ့တဲ့ထဲမှာလည်း အမှားပါခဲ့ရင်ခွင့်လွတ်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ဘလော့ဂ်ဂါများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း….

5 comments:

Ulmuka said...

ကျွန်တော်က ဘလော့ဂ် အိမ်ယာမှာ လူသစ်ပါ။ မမီးလေးပြောတဲ့ ပို့စ် နှစ်ခုလုံးကို ကျွန်တော် ဖတ်ပြီးပါပြီ။ ကျွန်တော့သဘော ကလည်း မမီးလေးနဲ့ တူတူပါပဲ။ စီပုံးမှာ မဟုတ်တာရေးရင် ဘမ်းပါ၊ စာကိုဖျက်ပါ။ ပြန်ရေးဖို့ကတော့ ကိုယ့်ရဲ့တန်ဖိုး ရှိတဲ့ အချိန်ကို ပေးလိုက်ရတာ မတန်ပါဘူး။ ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တာပဲ အဖတ်တင်တယ်လေ။

စိုးထက် - Soe Htet ! said...

ကျွန်တော်လည်း ဖတ်ပြီးတော့ စိတ်မကောင်းပါဘူး ... ကိုယ့်အလုပ်ကို ဆက်လုပ်ဖို့နဲ့ သေချာအောင် Confirm လုပ်ဖို့ သံသယ ရှင်းဖို့ပါ ... အချင်းချင်း အထင် မလွဲစေချင်ဘူး ... အဆင်ပြေပါစေ ... :)

နှင်းပွင့်ဖြူ said...

:-) <(* -*)> :D

Chaos said...

မီးလေးရေ
ဟုတ်တယ်နော်
အလကားနေရင်း
နာမည်ဖျက်ချင်တဲ့လူတွေ
သရဲဘောကြောင်တဲ့လူတွေကတော့
နေရာတစ်ကာမှာကို ရှိနေတာပါပဲ
ကျွန်မလဲ ဘလော့အိမ်ယာလေးကို တကယ့်ကို သံယောဇဉ် ကြီးပါတယ်

Unknown said...

really wonderful sake..!!! Cheer Up..!! :)