Pages

Showing posts with label tag အဖြေ. Show all posts
Showing posts with label tag အဖြေ. Show all posts

Sunday, September 20, 2009

ညဉ်းဖြစ်တဲ့ သီချင်းများ

ခုတလော Tagအကြွေး၊ ပို့စ်အကြွေးများနှင့် ကျောင်းမှ Assignment အကြွေးများ၊ Project အကြွေးများ ပတ်လည်ရိုက်နေ၏... တဖြည်းဖြည်းအကြွေးများကို ရှင်းမည်လုပ်လိုက် ကျောင်းက Assignmentတွေ ထပ်ပါလာလိုက်နှင့် ဒီကြားထဲ ရာသီဥတုကြောင့်လားတော့ မသိ ခေါင်းတွေကလည်း နေ့စဉ်ကိုက်နေ၏... ပိုဆိုးသည်မှာ စိတ်မ၀င်စားသော Programming (C++)အချိန်ဆို ပိုကိုက်၏... (:P) မသင်လို့လည်း မရ အဲဒါမှ မတတ်ရင် LINUXချိန် ပြဿနာတက်မည်လေ... ဘယ်သူ့မှပေးတဲ့ ၀န်ထုပ်မဟုတ် ကိုယ့်ဘာသာ ယူထားတဲ့ ၀န်ထုပ်၊ ယူထားမှတော့ အကောင်းဆုံးမဟုတ်တောင် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ရမည်ဟု စိတ်တွင်စွဲနေ၏... ညဉ်းနေ၍ကား မရပြီ စခဲ့တဲ့လမ်းတော့ ဘယ်လိုပဲ ဖြစ်နေပါစေ ဆုံးအောင်တော့ လျှောက်ရမည်သာ... ကြားထဲမှာ လက်ကစာရေးလို့ မရအောင် ရောင်နေပြီး နည်းနည်းလေး အလုပ်လုပ်လိုက်တာနဲ့ တဆစ်ဆစ်နဲ့ကိုက်နေပြန်၏... အဲ...အဓိကပြောချင်တာက Tagထားတဲ့ အစ်ကို၊အစ်မများ မီးလေးပြန်ရေးတာ နောက်ကျနေတာကို ခွင့်လွတ်စေချင်ပါသည်...

Tagထားတယ် ရေးဖို့သာပြင်ပေတော့ဆိုပြီး "ညဉ်းဖြစ်သော သီချင်းများ" ခေါင်းစဉ်နဲ့ ကိုဇောင်းက တပ်ထားပါတယ်... အဲဒါမှ ခက်ပြီ မီးလေးနေ့တိုင်း ညဉ်းနေတဲ့ သီချင်းက နည်းမှ မနည်းပဲ... တစ်ယောက်တည်း နေတာများတဲ့အကျင့်ကြောင့် တစ်ယောက်တည်း ရှိဖြစ်တဲ့အချိန်တိုင်း MP3က မီးလေးရဲ့ အကောင်းဆုံးအဖော်ပဲလေ... ဒီတော့ သီချင်းတော်တော်များများလည်း နားထောင်ဖြစ်သလို နားထဲမှာ နားထောင်လို့ကောင်းတဲ့ သီချင်းမျိုးတွေ၊ ခံစားလို့ရတဲ့ သီချင်းမှန်သမျှ အားလုံးကြိုက်၏...

ခုတလော ပါးစပ်ထဲမှာ စွဲနေတဲ့သီချင်းတွေကတော့
၁. ကောင်းမြတ်ရဲ့ ချစ်ခွင့်ရချင်ပြီ   : ဒီသီချင်းလေးကိုတော့ အစဦးဆုံး ၀င်လားတဲ့ကီးကို ကြိုက်တာလဲ ပါတယ်... ပြီးတော့ ကောင်းမြတ်ရဲ့ “မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေတယ်...”ဆိုတဲ့ အသံလေးက နားထောင်လို့ကောင်းပြီး နားထဲမှာ စွဲကျန်နေလို့ ညဉ်းဖြစ်တဲ့ သီချင်းများရဲ့ ပထမနေရာရသွားပါတယ်...

၂. ဗီနိုထွန်းရဲ့ ပြန်မဆုံဖြစ်ကြရင် : ဒီသီချင်းလေးရဲ့ “လမ်းခွဲခြင်းက ပူလောင်လွန်းတယ်... ဒါအမုန်းမဟုတ်ဘူး မင်းအတွက် ပေးဆပ်ခြင်းပဲ... ငါသွားမဲ့လမ်း ကြမ်းတမ်းနေမယ်... မင်းနားလည်ပါ ချစ်တဲ့သူ... နင်ဟာ ငါ့ရဲ့ ကမ္ဘာ... နင်ဟာ ငါ့ရဲ့ အသည်း... နင်ဟာ ငါ့အိပ်မက်ပါ... နင်ဟာ ငါ့မျှော်လင့်ချက်... ငါတို့ဝေးသွားရင် ပြန်မဆုံဖြစ်ကြရင် မင်းနှလုံးသားမှာ ငါအမြဲတမ်းရှိပါစေ...”ဆိုတဲ့ အပိုဒ်လေးကို အရမ်းကြိုက်လို့ ညဉ်းဖြစ်တဲ့ သီချင်းများရဲ့ ဒုတိယနေရာရသွားပါတယ်...

၃.  Romeoရဲ့ နင်ရက်စက်တယ် : ဒီသီချင်းကို ဘာလို့ကြိုက်တာလဲဆို သီချင်းဆိုတဲ့သူကို သနားလို့ ကြိုက်တာ... ဟီ ဟိ။ “နင်ရက်စက်တယ်”ဆိုပြီး ဆိုတဲ့ နေရာမှာ တကယ်ကို သနားစရာကောင်းတဲ့ အသံလေးနဲ့ဆိုသွားတာ နားထောင်ရင်းနဲ့ သနားသွားလို့ ကြိုက်တာ... ပြီးတော့ “ရိုမီရို ဂျူးလိယက် မမီနိုင်ဘူးဆို... အာဒမ် ဧ၀ထက် တို့ချစ်မယ်ဆို ခုတော့လည်းလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရေ... နင်ရက်စက်တယ်”ဆိုတဲ့ တပိုဒ်လုံးကို ကြိုက်တယ်... ဒါကြောင့် ဒီသီချင်းလေးကို တတိယညဉ်းဖြစ်တဲ့ သီချင်းများနေရာ ပေးလိုက်တယ်... ခွိ ခွိ

၎. ချစ်သုဝေရဲ့ အဖြူရောင်လေး : ဒီသီချင်းလေးက စာသားတွေကြိုက်လို့ ညဉ်းဖြစ်တဲ့သီချင်းလေး ဖြစ်ပါတယ်... ဒါကြောင့် စတုတ္ထနေရာ ပေးထားပါတယ်... :D

၅. NOရဲ့ ဘယ်သောအခါမှ : "ဘယ်သောအခါမှ ပြန်လည်ဆုံတွေ့ရမှာလဲ ဖြေဦးချစ်လေးရေ... ဘယ်သောအခါမှ တို့နှစ်ယောက်နီးစပ်ရမှာလဲ ပြန်တွေးကြည့်ဦးလေ... နင်ဟာ ငါ့ဘ၀ထဲက ထုတ်လို့မရတဲ့ အိပ်မက်လေးပါ... ငါကြိုးစားပြီးတော့ ပေးဆပ်ချစ်ခဲ့တာ... နှလုံးသားနဲ့ ရင်းပြီးတော့ မိုင်ပေါင်းကုဋေကုဋာ မင်းရှိတဲ့အရပ် ရွက်လွင့်လာဦးမှာ..." ဒီအပိုဒ်လေးက ဘယ်သူ့ကို ဆိုလိုမှန်းမသိ ... ဟိ ဟိ။ ပဉ္စမမြောက် ညဉ်းဖြစ်တဲ့ သီချင်းလေးပါ...

၆. NOရဲ့ မငြင်းပါနဲ့ : ဒီသီချင်းလေးက "မလာချင်ရင်နေပါ နင်ထွက်မပြေးပါနဲ့... မကြင်နာချင်ရင်နေပါ နာကြင်အောင် မလုပ်လိုက်နဲ့... မလိုချင်ရင်နေပါ နင်လေ မလွန့်ပစ်နဲ့...” မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို မချစ်ချင်နေပါ သူ့ကို နာကျင်အောင်မလုပ်ပါနဲ့လို့ ဆုတောင်းနေတဲ့ သနားစရာ မိန်းကလေးတစ်ယောက်အဖြစ် ခံစားလို့ ရလို့ ညဉ်းဖြစ်တဲ့ စာသားလေးပေါ့... သူကတော့ ခြောက်ပုဒ်မြောက် ညဉ်းဖြစ်တဲ့ သီချင်းလေးပေါ့... :P

၇. NOရဲ့ နှုတ်မဆက်နဲ့ : ဒီသီချင်းက သံစဉ်နဲ့ စာသားနဲ့ Matchဖြစ်လို့ ကြိုက်တာ စာသားဆိုတဲ့ အဆိုတော်ရဲ့ ဆိုတဲ့အသံက နားထဲကို မှတ်မှတ်ရရဆွဲထင်နေလို့ ညဉ်းဖြစ်တဲ့စာသားလေးပေါ့... “နှုတ်မဆက်နဲ့ ငိုမိလိမ့်မယ်... ရင်ခုန်သံတွေ မြန်လာခဲ့... နောက်ထပ်တို့ မဆုံရတော့မှာ ဒီရင်မှာ သိပ်ကြောက်နေခဲ့.............” “ လမ်းခွဲ ဒီလိုအချိန်ဆို တို့ဝေး... မင်းလက်ကလေးကို ဆုပ်ကိုင် အဝေးကို... အတူတူဖြတ်သန်းမရတော့ မင်းအရိပ်ကိုပဲ လွမ်းနေမယ်..."

၈. First Ladyရဲ့ never be replaced : ဒီသီချင်းရဲ့ အ၀င်သံစဉ်လေးက နှင်းလုံးအရုပ်တွေမှာ ပါနေကြ တီးလုံးလေးပေါ့... အဲ့တီးလုံးလေးကို အရမ်းကြိုက်ခဲ့တာ ခုသီးချင်းအစမှာ အဲ့တီးလုံးလေးနဲ့ စထားတာကို တွေ့ရပါတယ်... အစကြိုက်လို့ နေ့တိုင်း နားထောင်ဖြစ်ပြီး ညဉ်းဖြစ်တဲ့သီချင်းလေးပေါ့... အစမှာ “Baby I love you and i'll never let you go... But if I have to boy I think that you should know... All the love we make can never be erase ... And i promise you that you will never be replaced... Baby I love you and I'll never let you go...But if I have to boy I think that you should know... All the love we make can never be erase... And i promise you that you will never be replace...”

၉. Mouse Love Rice : "I love you, loving you, as the mouse love the rice... Even every day has storm, I will always by your side... I miss you, missing you... I don't care how hard it is... I just want you be happy... Everything, I do it for you" သီချင်းက အေးအေးလေးနဲ့ နားထောင်လို့ ကောင်းလို့ သံစဉ်ရော စာသားတွေရော ကြိုက်လို့ ညဉ်းဖြစ်တဲ့ နောက်ဆုံးသီချင်းအနေနဲ့ ရွေးလိုက်ပါတယ်...

ညဉ်းဖြစ်တဲ့သီချင်းတွေကတော့ တော်တော်များတယ်၊ ရေးရင် ပီးတော့မှာကို မဟုတ်ဘူး ဘာလို့ဆို အချိန်တိုင်း ညဉ်းနေတာကိုး... :) မီးလေးနဲ့ ညဉ်းဖြစ်တဲ့သီချင်းတွေ ထပ်တူကျပြီး သီချင်းတွေ မရှိဘူးဆိုရင် သီချင်းခေါင်းစဉ်တွေပေါ်မှာ ကလစ်နှိပ်ပြီး Download လုပ်သွားနိုင်ပါတယ်... အစ်ကိုတော်ရေ ကျေနပ်တော့နော်...

ထုံးစံအရ ဒီပို့စ်လေးကို ဖတ်တဲ့သူအားလုံး( နာမည်တပ်ရင် ကျန်နေမှာစိုးလို့... ဟီ ဟိ)အား ပြန်Tagလိုက် ပါ၏..... :))))
ရွှင်လန်းချမ်းမြေ့ကြပါစေ..

Wednesday, September 16, 2009

Infinity ဆုံမှတ်

ခုတလော ရာသီဥတုကလဲ ပူလို့ထင်တယ်၊ ဘလော့ဂါတွေ  “ဂစ်... ဂစ်... ဂစ်”နဲ့ တက်ကုန်ကြပြီ... ခြေမချိုးသူကချိုး၊ နှိပ်ပေးသူက နှိပ်ပေး၊ ယပ်ခတ်ပေးတဲ့သူက ခတ်နဲ့ပေါ့... (ခွိ ခွိ) အဲ... ပုန်းနေလည်း ပြေးမလွက် အတက်ရောဂါက မီးလေးဆီရောက်လာလေပြီ... မေးလ်စစ်တော့ တပ်ထားပါတယ်ဗျို့ဆိုပြီး ကိုဂစ်တာက မေးလ်ပို့ထားတယ်... ဒါနဲ့ ဘာတွေတပ်ထားတာလဲ သွားကြည့်တော့ " 'infinity ဆုံမှတ် "တဲ့ ဘာရေးလို့ ရေးရမှန်းမသိတာက တစ်ရက်၊ စိတ်တိုပြီး နံရံကို လက်နဲ့ထိုးတာ ညာဘက်လက်တစ်ခုလုံး ရောင်ကိုင်းစုတ်ပြတ်သွားတာက တစ်ရက်၊ အကြွေးတင်နေတာနဲ့ ရေးတော့မှပဲလို့ ကြံကာရှိသေး နောက်အစ်ကိုတော် တစ်ယောက်က ရေးဖို့ပြင်ထား တပ်ထားတယ်ဆိုပြီး လာအော်သွားလေရဲ့... မဖြစ်တော့ဘူး အကြွေးတွေ တဖြည်းဖြည်းနဲ့ များလာလိမ့်မယ်ဆိုပြီး အရင်ဆုံးတပ်တဲ့ အစ်ကိုတော်အတွက် တပ်ဂိမ်းလေး ပြန်ရေးပေးလိုက်ပါတယ်...

အမှန်တော့ အဲ့ခေါင်းစဉ်အောက်မှ ဘာရေးလို့ ရေးရမှန်းမသိတာတော့ အမှန်ပင်... မီးလေးရေးတာ ခေါင်းစဉ်အောက် လွဲချော်သွားခဲ့ရင် သည်းခံပြီး ဖတ်ပေးကြပါလို့ ဦးစွာပထမ တောင်းပန်အပ်ပါ၏... infini ty ဆိုတာ "without ends or limits" အဆုံးမရှိတဲ့ ဆုံမှတ်၊ တမျိုးု အနန္တပေါ့လေ... အဲလို အဆုံးမရှိတဲ့ ဆုံမှတ်ဆိုရင် မီးလေးကတော့ ဆုန်ရေနဲ့ နှိုင်းယှဉ်ကြည့်မိပါတယ်... မိဘတွေပေါ့လေ မိဘတွေက ဘာနဲ့ တူလဲဆိုတော့ ကမ်းစပ်နဲ့တူပါတယ်... ဆုံမှတ်မှာ ဆုံကြတယ်ဆိုတာ ခွဲခွာဖို့ လမ်းစလေးတစ်ခုပါ... ပုံစံအမျိုးမျိုး ခွဲခွာကြပေမယ့် မတူတာက မိဘနဲ့ သားသမီး ခွဲခွာခြင်းပါ... ဆုံမှတ်တခုကနေ အဝေးကို ပြေးနိုင်ဖို့ရာ မိဘတွေက သားသမီးတွေကို အထောက်အပံ့ပေးကြပါတယ်...
သူတို့ ပံ့ပိုးပေးမှုက မျှော်လင့်ချက်တခုနဲ့ ပံ့ပိုးခြင်းမဟုတ်ဘဲ ငါတို့သားသမီးတွေ ကောင်းစားဖို့ဆိုတဲ့ ဦးတည်ချက်တခုတည်းကိုပဲ ပုံဖော်အသက်သွင်းကြပါတယ်... သားသမီးတွေက အချိန်တန်တော့လည်း ပညာလည်းစုံ၊ ကြင်ယာလည်းစုံတော့ အိမ်ထောင်ရက်သားကြလို့ မိဘဆိုတာကို အရင်ကလောက် ဂရုမစိုက်နိုင်ကြတော့ပါဘူး... ဒါပေမယ့် အပြုံးမပျက် ချစ်လျက်သာ... ကမ်းစပ်မှာ ရေတက်ရင် ပါလာတဲ့ ရေသတ္တ၀ါလေးတွေ လိုပါပဲ... ရေကျသွားတော့ ကမ်းစပ်မှာ ကျန်နေရစ်ကြတယ်... ကမ်းစပ်မှာ မြူးတူးပျော်ပါးလို့ပေါ့... ရေတက်လာတော့ ရေနဲ့အတူ ပြန်ပါသွားကြပြန်ပါရော... ကမ်းစပ်က သူတို့အတွက် တစ်ထောက်နားခိုရာ နေရာလေးတစ်ခုအဖြစ် သူတို့ကို အမြဲစောင့်ကြိုဆိုနေပါတယ်... ဘယ်အချိန်လာပြီး ဘယ်အချိန်ပြန်ပြန် တချက်ကလေးမှ ညီးညူခြင်း အလျင်းမရှိ (ဘယ်ရှိပါ့မလဲ သူက ကမ်းစပ်ကို စကားမှ မပြောနိုင်ဘဲ..)
မီးလေး ဆုန်ရေနဲ့ ပတ်သက်လို့ ရေးထားဖူးတဲ့ ကာရံမညီတဲ့ ကဗျာလေးတစ်ပုဒ်ရှိပါတယ်... အဲ့ဒီကဗျာလေး ရေးချိန်က မီးလေးရဲ့ အချစ်ရဆုံး တစ်ဦးတည်းသော အစ်ကို မိန်းမယူတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ ရေးဖြစ်တဲ့ ကဗျာလေးတစ်ပုဒ်ပါ... ကဗျာခေါင်းစဉ်ကို “ သံသရာ ” လို့ ပေးခဲ့ပါတယ်...


သံသရာ
“အူဝဲ…အူဝဲ”
လူ့လောကထဲကို ခေတ္တတဖြုတ်ရောက်ချိန်
ဖေဖေ၊ မေမေတို့ရဲ့ အိမ့်ဆည်းလည်းလေးဖြစ်ခဲ့တဲ့ ကျွန်တော်
ဘိုးဘိုး၊ ဘွားဘွားတို့ရဲ့ အသည်းကျော် ကျွန်တော်…

တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့
ဥယျာဉ်မှူးနဲ့တူတဲ့ ဖေဖေ
ရေလောင်းပေါင်းသင်း ပြုစုရှာ
အိမ်မှုကိစ္စတွေကြား မငြီးငြူရှာ
အရိပ်တကြည့်ကြည့်နဲ့ မေမေပါ…

ထူးချွန်ထက်မြက် သားသမီးအနာဂတ်
မိဘနှစ်ဖြာရဲ့ အိပ်မက်
လူတကာထက် သာဖို့အရေး
အလုံးစုံကို ထောက်ပံ့ပေး…

ဤလောက၀ယ်
ကြီးမားမေတ္တာတုမမီတာ မာတာပီတု မိဘပါ
ကျွန်တော့်ဘ၀မှာ ပထမဆုံး
ဖေဖေ၊ မေမေ အချစ်ရဆုံး…
ပညာစုံခါ အတောင်ပေါက်လာ
ချစ်ရမဲ့သူ တွေ့သောအခါ
မိဘတားမြစ်သည်ကား အလေးအနက်မထား
ဆင်ကန်းတောတိုး မျက်ကန်းပါ…

မိဘစကား မြူမှုန်အလား
နားမထောင်ခဲ့တဲ့ သားမိုက်ဟာ
မိဘတို့ကို စွန့်ခွာ ထွက်ပြေးကာ
ကိုယ့်အိုးကိုယ့်အိမ် တည်ထောင်ခဲ့တဲ့ ကျွန်တော်…

ကျွန်တော့် ဘ၀မှာ ဇနီးသည်သာ ပထမ
မိဘတို့သည် ဒုတိယ
သားရလာသောအခါ ကျွန်တော့်မှာ
သားသည်သာ ပထမ…

ခုချိန်မှာ ကျွန်တော့ အားလုံးကို နားလည်ခဲ့ပါပြီ ဖေဖေနဲ့ မေမေ
ကလေးဘ၀မှာသာ ဖေဖေ၊ မေမေက အရေးကြီးဆုံးဖြစ်ပေမဲ့
အိမ်ထောင်ကျလာတဲ့အခါ အလိုလို နေရာရွေ့ခံခဲ့ရတာ ဖေဖေနဲ့ မေမေပါ
သားသမီးတို့ရသောအခါ ဖေဖေ၊ မေမေက နောက်ဆုံးနေရာ…

ကျွန်တော်လည်း မကြာခင်ဝဋ်လည်တော့မှာပါ
ဖေဖေ၊ မေမေတို့ ရောက်နေတဲ့ နောက်ဆုံးနေရာ
ကျွန်တော်လည်း မကြာခင် ရောက်ရတော့မှာပါ
အဲဒီ့နေရာအတွက် ကျွန်တော် ကြိုတင်ပြင်ဆင်ရတော့မယ်ဗျာ….

ဒီပို့စ်ကို ဖတ်ပြီးရင်တော့ ဖတ်တဲ့သူအားလုံးကို ပြန်တပ်ပါ၏... နာမည်ရေးတပ်ရင် ရေးပြီးတဲ့သူတွေလည်း ရှိတာမို့ မထပ်ရလေအောင် ဖတ်တဲ့သူမှန်သမျှ (မရေးရသေးလျှင်) တပ်ပါ၏... :P


ရွှင်လန်းချမ်းမြေ့ပါစေ....

Monday, September 1, 2008

အတ္ထုပတ္တိဂိမ်း

အိုး...မိုင်ဂေါ့လ်
မီးလေး ဘလော့ဂ်အိမ်လေး မရောက်တာ ဘယ်လောက်တောင် ကြာသွားပြီလဲမသိ...
စာမေးပွဲကလည်း နီးနေတော့ အသွားအလာတွေ ရှော့နေရတယ်...
ဘလော့ဂ်အိမ်လေးကို ရောက်တယ်ဆိုရင်ပဲ စီပုံးထဲမှာ “ဂစ်...ဂစ်...ဂစ်...ဂစ်” တက်နေပြီ လုပ်ကြပါဦးဗျို့...
မဟုတ်မှလွဲရော ဒီအရွယ်တက်နေရင် ၀က်ရူးပြန်ရောဂါရှိလို့ ဖြစ်ရမယ်...
အမြန်မြန်သော့ရှာပြီး လက်ကို ကြေးသော့နဲ့ ခတ်လိုက်တော့မှာ ဟင်းဆို ကျသွားတယ်...
တက်နေတဲ့ သူက စာဖတ်သူတို့ ဘယ်သူမှတ်လဲ မီးလေးနဲ့ နာမည်ဆင်တူတဲ့ ကောင်မလေး...
သူ့နာမည်က မီးငယ်တဲ့... (ညီမလေးရေ အပျော်ပါ နောက်တာနော်... စိတ်ဆိုးရ၀ူး... ပြောချင်တာလည်း ပြောပြီးပြီ :D)

အဲနောက်ပြီး အော်ထားတာရှိသေးတယ် သူမtagထားတာ မရေးပေးရင် ကူညီမဲ့သူမရှိ ဖြစ်မှာတဲ့လေ...
ဒီတော့လည်း မီးလေးတို့ မရှောင်သာတော့ပီပေါ့... (ကိုယ်ကအမြဲ ကူညီလိုနေတာလေ...)
ကဲ ဒီတော့လည်း ကိုယ့်ရဲ့ အတ္ထုပတ္တိလေး ဖြည်ရတာပေါ့... Tagရောဂါပိုး ပြန်လည်ဝင်ရောက်လာပြီမို့ သတိသာ ထားကြပေတော့...

ကိုယ့်ရဲ့နာမည် ---------- မီးလေး
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်
---------- အီကြောင် (အကြောင်ရိုက်တတ်လို့ :D ဟော.... မီးငယ် သူလုပ်မှပဲ ပေါ်ကုန်ပီ :P)
ကိုယ်ဒီမှာနေတယ်
---------- မြေကြီးပေါ်ဆောက်တဲ့အိမ် (အဲဒီအိမ်မှ မနေရင် နေစရာမရှိ...)
ကိုယ့်ဆီဖုန်းဆက်ချင်ရင်
---------- ၀၉-၉၉၉၉၉၉၉(ကိုယ်လိုချင်တဲ့ ဖုန်းနံပါတ် ဟီ..ဟိ)
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက-
အရောင်ဆိုရင်
---------- မိုးပြာရောင် (ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ် ထင်ရလို့)
အ၀တ်အစားဆိုရင်
---------- ရှပ်အင်္ကျီ၊ စပို့ရှပ်၊ ဂျင်းဘောင်းဘီ (၀တ်ရတာ ပေါ့ပါးပြီး လုံခြုံမှုရှိလို့... ကပ်ကြွားတာ)
အစားအစာဆိုရင်
---------- ကြေအိုး(YKKO)၊ ကြက်ဆီထမင်း(ကုံးထက်)၊ နှင်းပုလဲရေခဲမုန့်(ကုံးထက်)၊ ၀က်သားဒုတ်ထိုး(ဘာဖြစ်ဖြစ် အကောင်လိုက် မောင်းသွင်း :D)၊ အာပူလျှာပူ(မင်းလမ်း)၊ ရေခဲမုန့်ကျော်(Million Coin)….(ရွှတ်... ရေးရင်းနဲ့ သွားရည်တောင်ကျလာပြီ၊ ဒါတောင် အကုန်မပါသေးဝူး)
ပစ္စည်းဆိုရင်
---------- Dolls
သီချင်းဆိုရင်
---------- နားထောင်ရသမျှအကုန်ကြိုက် ဟီး
စာရေးစာဆရာ
---------- စာရေးသူမှန်သမျှ အကုန်ကြိုက်
စာအုပ် လမ်းမှာကျနေတဲ့ စာက္ကူစုတ်တောင် ကောက်ဖတ်
Life style
---------- ပျော်အောင်နေတယ်
ကိုယ့်ရဲ့ဝါသနာ
---------- စာရေးခြင်း
အလိုချင်ဆုံးလက်ဆောင်
---------- စစ်မှန်တဲ့ခင်မင်မှု
ကိုယ့်ရဲ့ အချစ်ဆုံးသူက
---------- ကိုယ်ကိုယ်တိုင် (အရေးပေါ်ကြုံလာရင် ကိုယ်အသက်ရှင်ဖို့ အရင်ဆုံး ကြိုးစားရလို့ပါ နောက်မှသာ ကျန်တဲ့သူကို သတိရတတ်တဲ့ လူ့သဘာဝမို့ပါ :P)
ကိုယ့်ရဲ့ အလေးစားဆုံးသူက
---------- ဖေဖေနဲ့ မေမေ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက
---------- စိတ်သဘောထား
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက
---------- မိမိခန္ဓာ (ကိုယ်က ညမအိပ်ဘဲနဲ့ စာတွေထိုင်လုပ်နေရင် ခန္ဓာကိုယ်က နားချင်တာတောင် သူက သည်းခံပေးတယ်လေ)
ကိုယ့်ရဲ့ အမုန်းဆုံးသူက
---------- မျက်စိ (စာဖတ်မယ်ဆို အလိုလို အိပ်ချင်လာတယ် ဘာရောဂါမှန်းကို မသိဘူး)
ရင်အခုန်ဆုံးအချိန်
---------- အောင်စာရင်းထွက်တဲ့အချိန်
အကြောက်ဆုံးအချိန်
---------- တယောက်တည်းရှိနေတဲ့အချိန်
အပျော်ဆုံးအချိန်
---------- မျှော်မှန်းထားသလို ဖြစ်မလာတဲ့အခါ
အမှတ်တရနေ့
---------- ၁၂.၆.၂၀၀၆-၈ ၊ ၂၂.၆.၂၀၀၆-၇
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု
---------- ဘ၀ဆက်တိုင်း ဆက်တိုင်း စာမေးပွဲတွေနဲ့ မတိုးရပါလို၏
အချစ်ဆိုတာ
---------- နွားနို့ရောင်းတဲ့ ချစ်တီး :P
အမုန်းဆိုတာ
---------- ကျော်သူစိုး (သူက အမုန်းများစွာအတွက် သီချင်းကို ဆိုထားတာလေ … :P)
အလွမ်းဆိုတာ
---------- မသိဘူးလား... ၀က်သားရောင်းတဲ့ တရုတ်မလေ
သံယောဇဉ်ဆိုတာ
---------- ချည်မိရင် ဖြည်မရတဲ့နှောင်ကြိုး
ဘ၀ဆိုတာ
---------- နေတတ်ရင် ကျေနပ်စရာပါ
သူငယ်ချင်းဆိုတာ
---------- အနိုင်ကျင့်ဖို့... :P
ချစ်သူဆိုတာ
---------- ခိုင်းစားဖို့...
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်
---------- ဝေဖန်ပေးကြပါဗျို့
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က
---------- ပစ်တိုင်းထောင်လိုနေမယ်
အပြောချင်ဆုံးစကားတစ်ခွန်း
---------- Always Keep Smiles Your Face. :P

ကဲ ကိုယ်က သူများtagတာ ဖြေပြီးပြီဆိုတော့ ဒီတခါ သူများကို ပြန်tag အလှည့် မျက်ခုံးသာ လှုပ်ပေတော့...

ကိုင်း...လာလေရော့
ကိုပီကေ
ကိုအောင်မျိုးဟန်
မမီ
လင်း
ညလေး
Tag ကိုဖြေပေးတဲ့သူ ဒီဝါကျွတ်မှာ မြန်မြန်စွံပြီး အပျိုကြီး/လူပျိုကြီး ဘ၀က ကျွတ်ပါစေ...
မရေးပေးတဲ့သူက တသက်လုံး အပျိုကြီး/ လူပျိုကြီး ဖြစ်မှာဗျ...

Monday, December 3, 2007

မီးလေးနဲ့ ဘလော့ဂ်

ကိုပီကေက လက်ဦးမှုယူပြီး tag ထားလေရဲ့... အကြောင်းအရာလေးကတော့ ကျွန်တော့်နှင့် ဘလော့ဂ်တဲ့...
မီးလေးရဲ့ ဘလော့ဂ်လေးကို ၂၀၀၇ခုနှစ် သြဂုတ်လ ၂၁နေ့မှာ စတင်ဖန်တီးခဲ့ပါတရ်... ရေးချင်တရ်... ဒါပေမဲ့ ဘယ်လိုရေးရမှန်းမသိဘဲ ရောင်လည်လည်နဲ့ ဘလော့ဂ်တွေကို လျှောက်သွားဖြစ်ခဲ့ပါတရ်... မီးလေး ဘလော့ဂ် အဖွင့် ပို့စ်လေးက အင်္ဂလိပ်ဘာသာနဲ့ ဟာသပို့စ်လေးတခု စရေးဖြစ်ပါတရ် (အမှန်က မြန်မာလို မရေးတတ်လို့ပါ)

မီးလေး ဘလော့ဂ်လုပ်ဖို့ စဉ်းစားဖြစ်လိုက်တာကတော့ သြဂုတ်လ ၃ရက်နေ့ထုတ် ကုမုဒြာဂျာနယ်မှာ “ဖြူစင် ရိုးသားစွာ ဘလော့ဂ်တွေနဲ့ ရင်းနှီးကြမည်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆရာဦးကျော်ရင်မြင့် ရေးသားထားတဲ့ ဆောင်းပါးလေးကို ဖတ်မိထဲက ဘလော့ဂ်ဆိုတာကို စိတ်ဝင်စားခဲ့တရ်... ရင်းနှီးချင်ခဲ့တရ်... ကိုယ်လည်း ရေးမရ် ဆိုတဲ့ စိတ်ဝင်ခဲ့ပါတရ်... ဒီလိုနဲ့ ဂျာနယ်မှာ ပါတဲ့ မမမြလွှာရဲ့ လင့်ကိုသွားရောက် လည်ပတ်ခဲ့ပါတရ်... စီပုံးထဲမှာ လာအော်ထားတဲ့ သူတွေဆီကို သွားရောက်လည်ပတ်ရင်း ဘလော့ဂ်လေးနဲ့ ရင်းနှီးကျွမ်းဝင်စပြု လာပါတရ်... အမှန်တိုင်း ၀န်ခံရရင် လူငယ်တွေ ဘလော့ဂ်ကို ဒီလိုတွေရေးနေကြတရ်... ကိုယ်ဖန်တီးချင်တဲ့ အရာတွေ... ကိုယ်ချပြချင်တဲ့အရာတွေ... စိတ်ကူးရင် ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ရေးသားနိုင်တဲ့ ဒီလိုဘလော့ဂ်မျိုးရှိတရ်ဆိုတာ မသိရိုးအမှန်ပါ...


ဒီလိုနဲ့ မီးလေးရဲ့ မေးလ်အကောင့်ကနေ ဘလော့ဂ်လေးတစ်ခုဖန်တီးလိုက်တရ်ဆိုပါတော့... အဲမှာ စတွေ့ တာပဲ... အခက်အခဲကို ပြောတာပါ... မီးလေးလုပ်မရ်ဆိုတော့လည်း မြန်မာလို ဘယ်လိုရေးရမရ်ဆိုတာ မသိခဲ့ဘူး... ဒီတော့ ကိုယ်ကလည်း ခုမှစလုပ်တာဆိုတော့ အကူအညီမတောင်းရဲခဲ့ဘူးဆိုပါတော့... ဘယ်သူ့ အကူအညီတောင်းရမှန်း မသိတာလဲပါတရ်... မြန်မာစာကို Word ထဲမှာ ရိုက်ပြီးတင်ကြည့်တရ်... ဒါပေမယ့် လေးထောင့်တုံးတွေပဲ ပေါ်တရ်... ဒါနဲ့ လွဲနေပြီဆိုတာ သိတရ် ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... နောက်စီပုံးကို သူများလိုလုပ်ချင်တရ်... ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... ဒါနဲ့ မမမြလွှာဆီကို သွားပြီး စီပုံးအောက်က Get a Cboxကနေ သွားကြည့်တရ်... Account ဖွင့်တရ်... ရသွားပေမဲ့ ဘယ်လိုထည့်ရမှန်းမသိဘူး... ဒါနဲ့ စမ်းကြည့် တရ် ကြည့်ရင်းနဲ့ ရသွားတရ်ဆိုပါတော့... ရပြီးပြီးချင်းပဲ စီနီယာတွေကို လာကြည့်ဖို့ ဖိတ်ခဲ့တရ်... မီးလေး ဘလော့ဂ်အတွက် အမှတ်တရလေးအဖြစ် ကူညီခဲ့တာကတော့ ကိုလီယိုဂျက်ပဲဖြစ်ပါတရ်... သူက မီးလေးကို မြန်မာဖောင့် ဘယ်လိုလုပ်ရမယ်ဆိုတာမျိုး ပြောပြတရ်... လင့်တွေပေးတရ်... လိုအပ်တာ သိချင်တာတွေ မေးဖို့ အီးမေးလ်ပေးခဲ့တရ်... ဒီလိုနဲ့ မြန်မာစာ အဆင်ပြေစပြုလာတရ်ဆိုပါတော့... ဒါပေမဲ့ စာဖတ်သူတွေ အနေနဲ့ မြန်မာစာ ဖတ်မရတဲ့ ပြဿနာ ခဏခဏကြုံနေရဆဲပါပဲ... မလုပ်တတ်တော့ အခက်အခဲ အများကြီးနဲ့ ကြုံခဲ့ရပါတရ်... ဒါပေမဲ့ စိတ်မပျက်ခဲ့ပါဘူး... စိတ်ရှည်လက်ရှည်နဲ့ မီးလေးရဲ့ ဘလော့ဂ်လေးကို တဖြည်းဖြည်း ပြင်ယူခဲ့ပါတရ်...

နောက်ပိုင်းမှာတော့ ကိုရန်အောင်က ဘလော့ဂ်အတွက် အကူအညီပေးနေတရ်လို့ တခြား ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်ရပါတရ်... ဒါနဲ့ ကိုရန်ဆီကလည်း ကိုယ်လုပ်ချင်တာလေးတွေ ရှာပီး ပြင်ကြည့်ခဲ့ပါတရ်... တခြား ဘလော့ဂ်တွေ သွားလည်ရင်းနဲ့လည်း ကိုယ်လိုချင်တာလေးတွေရှိရင် လင့်တွေယူပြီး ပြင်ခဲ့ရပါတရ်... မီးလေး အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေက အများကြီးဆိုပါတော့... ဒီလိုနဲ့ Why do we blog? Seminar လုပ်မရ်ဆိုပြီး အစည်းအဝေးလုပ်ကြတရ်... ပြင်ဆင်ကြတရ်... မီးလေးလည်း seminar တက်ချင်ပေမဲ့ တက်ဖို့ အခွင့်အရေး၊ အချိန်မရခဲ့တာတွေကြောင့် မတက်ဖြစ်ခဲ့ဘူး... စိတ်ကတော့ တအား တက်ချင်ခဲ့တရ်... ဒါနဲ့ပဲ တက်တဲ့သူတွေတင်တဲ့ ပို့စ်၊ ဓာတ်ပုံတွေကိုကြည့်ပြီး အားကျခဲ့ရတရ်ဆိုပါတော့... နောက်ပိုင်းဘာစဖြစ်လဲ ဆိုတော့... seminar နဲ့ ပတ်သက်ပြီး မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ဖြစ်ကြပြန်ရော... မီးလေး အဲဒီ့အထိ ရန်ကုန်ဘလော့ဂ်ဂါတွေနဲ့မရင်းနှီးခဲ့သေးပါ... ခွဲခြားခြင်းမဟုတ်ပါ... မမမြလွှာက မန္တလေးက ဆိုတော့ သူမဘလော့ဂ်ကို လာတဲ့သူတွေ အများစုက အဲနယ်က ဖြစ်နေတာကြောင့် မီးလေးသွားလည်တဲ့ သူတွေမှာ ရန်ကုန်ကရေးတဲ့သူတွေနဲ့ မသိခဲ့ပါဘူး... ရန်ကုန်မှာနေတဲ့သူတွေက သိပ်မရေးကြဘူးလို့ ထင်နေခဲ့တာ... မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ပြဿနာဖြစ်ကြတော့မှာ ရန်ကုန်မှာ seminar လုပ်မှန်းသိခဲ့ရတရ်၊ လင့်ရခဲ့တရ်၊ ဒီလိုနဲ့ ရန်ကုန်က စာရေးသူ ဘလော့ဂ်ဂါတွေနဲ့ ရင်းနှီးခဲ့တရ်ဆိုပါတော့... မီးလေးက ဘယ်ကဘလော့ဂ်ဂါဆိုတာမျိုး ခွဲခြားတာ မဟုတ်ပါဘူး... ဘယ်ကဘလော့ဂ်ဂါဖြစ်ဖြစ် အားလုံး ဒီဘလော့ဂ်ကိုပဲ ရေးကြသူမို့ ဘလော့ဂ်ဂါကို ဘလော့ဂ်ဂါလို့ပဲ မြင်ပါတရ်...

မီးလေးရဲ့ အချိန်တွေအကုန်လုံးကို ဘလော့ဂ်လေးက သိမ်းပိုက်သွားခဲ့ပါတရ်... တလောကတောင် ရောဂါပိုး စစ်ကြည့်ကြသေးတရ်လေ... တဦးနဲ့တဦး မမြင်မတွေဖူးကြပေမဲ့ အချင်းချင်း ၀ိုင်းဝန်းကူညီတတ်တဲ့ ချစ်စရာ စိတ်ထားလေးတွေက နွေးထွေးမှုကို ကိုယ်တိုင်ခံစားခဲ့ရလို့ ဒီဘလော့ဂ်လေးကို မီးလေး ဒီတသက်ခွဲနိုင်မှာ မဟုတ်တော့ပါ... အခြေအနေအရပ်ရပ်ကြောင့် မရေးဖြစ်တော့သည်ပဲဖြစ်စေ၊ ဘလော့ဂ်လေးကို ဖျက်လိုက် ရသည်ဖြစ်စေ၊ မီးလေးဘ၀အတွက် ဒီအချိန်တွေဟာ တသက်လုံးအတွက် အမှတ်ရစရာလေးတွေ ဖြစ်နေမှာတော့ အမှန်ပါပဲ... မီးလေး ဘလော့ဂ်ဖြစ်မြောက်အောင် အဖက်ဖက်က ၀ိုင်းဝန်းကူညီကြသော ညီအစ်ကို မောင်နှမများ၊ မီးလေးဒီပို့စ်မှာ နံမည်မပါသော်လည်း ကူညီပံ့ပိုးပေးခဲ့ကြသော ညီအစ်ကို မောင်နှမများ(နံမည်ရေးရင် ရှည်နေမည်ဆိုး၍)၊ မီးလေးကို အမြဲထောက်ခံအားပေးနေတဲ့ ချစ်ရတဲ့သူ၊ အရေးကြီးဆုံးနဲ့ ကျေးဇူးအတင်ဆုံးကတော့ မီးလေးရဲ့ဆရာ(တနည်းအားဖြင့် ဘော့စ်)ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း၊ အချိန်ပြည့်ဘလော့ဂ်နှင့် အချိန်ကုန်နေပေမဲ့လည်း ဘာမျှမပြောဘဲ လက်ခံပေးခဲ့တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတရ်...

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးတင်လျက် ဒီပို့စ်နဲ့ ဂါရ၀ပြုလိုက်ပါတရ်...

Wednesday, November 14, 2007

What is Love?

What is Love? ဆိုပြီး သီချင်းတော့ မထင်လိုက်ပါနဲ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ထွက်ပေါက်ပါဆိုပြီးတော့ ကြွေးကြော်နေတဲ့ အစ်ကိုတော် ကိုအောင်မျိုးဟန်က တက်လိုက်တာလေ အချစ်ဆိုတာဘာလဲတဲ့။ ဒါကြောင့် သီချင်းခေါင်းစဉ်နဲ့ သွားတူသွားတာ :P ....

အဲဒါမှ ဒုက္ခပဲ အကိုရေ... မီးလေးက အချစ်အကြောင်း သိပ်မသိဘူးကွဲ့။ အချစ်ဆိုတာ ဘာသာစကားတမျိုးလို့ ထင်တယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာမှမဟုတ်ပါဘူး။ အချစ်ကို လူတိုင်းလူတိုင်းက အဓိပ္ပယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။
အဆိုတော် မခိုင်(ထွန်းအိန္ဒြာဗိုလ်)က အချစ်ကို ဒီလိုဖွင့်ဆိုခဲ့ပါတယ်။
“အချစ်ဆိုသည်မှာ လူသားတိုင်းအတွက် ဆန်းကြယ်သော အရာ...”
“အချစ်ဆိုသည်မှာ ၀မ်းနည်းတဲ့အခါ နေမင်းကုဋေကုဋာ...”
“အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် မျက်ရည်တို့ရဲ့ ကဗျာ...”
“တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ... အချစ်ဟာ အဖြေရှာ မရတဲ့ ပုစ္ဆာ... ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိ တော့ပါ... တကယ်ဆိုရင် အချစ်ဆိုတဲ့အရာနဲ့ ဆုံစည်းလိုက်ချင်ရဲ့...”
ဒီသီချင်းထဲမှာ အဖြေပါသွားပြီလေ။

အချစ်ကို တချို့က ချိုမြိန်တရ်...
အချစ်ကို တချို့က ခါးသက်တရ်...
အချစ်ကို တချို့က ကြည်နူုးဖို့ကောင်းတရ်...
အချစ်ကို တချို့က ကစားစရာလို့ထင်တရ်...
အချစ်ကို တချို့က မျှဝေခံစားတရ်...
အချစ်ကို တချို့က ....
အချစ်ကို .....

မီးလေးကတော့ အချစ်ဆိုတာ ကိုယ်က ချစ်လို့ပဲဖြစ်ဖြစ်၊ သူများက ကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်၊ တဦးနဲ့တဦး ချစ်လို့ပဲဖြစ်ဖြစ် သောကမရှိတဲ့အချိန်မှာတော့ အေးချမ်းမရ်၊ ပျော်စရာကောင်းမရ်၊ အဲဒီအချိန်တွေလောက် တန်ဖိုးရှိတဲ့အချိန်ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ချင်ထင်မရ်။ သနားတဲ့စိတ်နဲ့ ဖြစ်တည်လာတဲ့ အချစ်နဲ့၊ တဦးနဲ့တဦး နားလည်နိုင်ကြမယ်ဆိုရင် အခိုင်မြဲဆုံးသော အချစ်ကို ရလိမ့်မယ်လို့ မီးလေးထင်တရ်။ ချစ်ပဲချစ်တတ်ပြီး နားလည်မှုမရှိရင်၊ အချိန်ပြည့် သ၀န်တိုနေရင်၊ ကြားစကားနားယောင်တတ်ပြီး လွယ်လွယ်ယုံလွယ်တတ်ရင်၊ ယောက်ျားလေးဘက်ကပဲဖြစ်ဖြစ်၊ မိန်းကလေးဘက်ကပဲဖြစ်ဖြစ် စိတ်မရှည်တော့လို့ ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခုခေတ်ဆိုရင် ချစ်ဖို့ ပိုတောင်ကြောက်ဖို့ကောင်းသေး လူရိုးဆိုတာ သင်္ချိုင်းမှာတောင် မရှိတော့ဘူးကိုး။
အကိုအောင်မျိုးဟန်ရေ ဒီလောက်ပဲတော်ပြီနော် ရေးတတ်ဖူး... အကို့တော်ကတော့ ရေးတတ်မှာပေါ့ လွမ်းနေတာကိုး ဟီး ဟီး

Monday, November 12, 2007

မီးလေးရဲ့ ယုံတမ်းစကား ...

ကိုမွန်ကြီးက မီးလေးကို ယုံတမ်းစကားရေးခိုင်းထားတော့လည်း ရေးရတာပေါ့ ယုံချင်ယုံ မယုံချင်နေ ဒါပေမယ့် ယုံနော် ဟီး ဟီး... မီးလေးကို ယမမင်းကြီးက သူ့ဆီ အလည်လာပြီး တော့ကီပွားဖို့ လာဖိတ်သဗျ... ဘယ်ရမလဲ မီးလေးတို့ကလည်း ဖိတ်တယ်ဆို လာထားပဲ သွားလည်တာပေါ့ ဟိုရောက်တော့ တည့်ခင်းဧည့်ခံတာတွေ စားပြီးတော့ ပြန်လာခဲ့တာပေါ့... နောက်နေ့တော့ ပျင်းပျင်းနဲ့ ဘာလုပ်ရမှန်းမသိတာနဲ့ လမ်းလျှောက်ထွက်ခဲ့တာပေါ့... လမ်းလည်းရောက်ရော
“ဟိတ် တယောက်မှမလှုပ်နဲ့... လှုပ်လိုက်တာနဲ့ ပစ်ထည့်လိုက်မယ်” ဘယ်လှုပ်ရဲပါ့မလဲ သူကမလှုပ်နဲ့ပြောတာကိုး ပစ်ထည့်လိုက်မယ်တဲ့ ငြိမ်နေလိုက်တာပေါ့...
“ပါလာသမျှတခုမကျန် အကုန်ထုတ် ပြီးရင် ရှေ့ကပုဆိုးထဲလာထည့် မြန်မြန်လုပ်နော် ရုတ်ရုတ်တော့ မလှုပ်နဲ့” မီးလေးတို့များ ဘယ်လောက်ထိ သတ္တိရှိလည်းဆိုရင် ဒီဓားပြတွေကို ငါဘယ်လိုဖမ်းရမလဲလို့ စဉ်းစားပြီး ဟုတ်ပြီ ဖုန်းရှိတဲ့ နေရာ အရင်ရှာ 199ကိုဖုန်းဆက် ပြီးတော့ပြန်လာထိုင် နေလိုက်တာပေါ့... ခဏလည်းနေရော ရဲကားတွေရောက်လာပါရော...
“မင်းတို့တွေအားလုံးကို ငါတို့ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းထားလိုက်ပြီကွ ပြေးမယ်မကြံနဲ့။ လက်နက်တွေအကုန် ချလိုက်။ ကဲ မင်းတို့တွေ သူတို့ကို လက်ထိပ်ခတ်လိုက်ကြစမ်း။”
“ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲဗျ။”
“ကျွန်တော်တို့ အလုပ်လုပ်နေတာ မနှောက်ယှက်ပါနဲ့။ ၀တ္တရားနှောက်ယှက်မှုနဲ့ ခင်ဗျားပါ ပါသွားမယ်”
“ကျွန်တော် ၀တ္တရားနှောက်ယှက်တာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်က ကဗျက်ကချော်ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ကချော်ကချွတ်ပါခင်ဗျာ။ ခုကျွန်တော်တို့ ဓားပြတိုက်တဲ့ဇာတ်ဝင်ခန်းရိုက်နေတာဗျ။”
“ဗျာ... ဆောရီးပဲဗျာ”
မီးလေးတို့ ပြေးပြီပေါ့ ပြေးတာမှ ကားအရှိန်နောက်ဆုံးတင်ပြီး မောင်းတာထက်တောင်မြန်သေး။ ရဲကားတွေနောက်က လိုက်လာပေမယ့် မီးလေးပြေးတာလောက်ကိုတောင် မမီဖူးဗျ။ အဲလောက်ထိကို အပြေးသန်တာ။ အဟုတ်။

အင်း ပျင်းလိုက်တာ ဘာလုပ်ရကောင်းမလဲ။ ဘယ်ကို သွားမွှေရင်ကောင်းမလဲ။ ပျင်းတာနဲ့ ရေသွားကူးမယ်စိတ်ကူးတာနဲ့ ရေကူးကန်ဘက်ထွက်ခဲ့လိုက်တယ် (အလွမ်းအိမ်ကိုတော့ မခေါ်သွားပါ)။ ရေမကူးရဆိုပါလား။ ရေကူးချင်လို့ လာပါတယ် ရေမကူးရဆိုတော့ အင်း အကြံရပြီ ငါးပဲသွားမျှားတော့မယ်။ ငါးမျှားချိတ်မှာ ငါးစာတပ်ပြီး ရေအောက်ထဲကို ချလိုက်ပြီ။ ဟာ မီးလေးတို့ ကံတွေစွတ်ကောင်းနေပါလား။ ငါးကိုတန်းမိတာပဲ အလေးကြီးပါလား ငါးကတော်တော်ကြီးမယ်ထင်တယ်။ အလေးကြီးပဲ တစ်ယောက်တည်း မနိုင်တော့ဘူး။ ဒါနဲ့ လမ်းထဲက အားကောင်းမောင်းသန် ကာလသားခေါင်းတွေ သွားခေါ်ပြီး ရေပေါ်ကို ဆွဲတင်တာပေါ့ ပါလာပြီ ရေသူထီး အဲလေ ဟုတ်ပေါင် ကိုမော်တီတုန်းကြီး ငုတ်တုတ်ထိုင်ပြီး ငါးကင်ထိုင် စားနေတာကို ချိတ်မိသွားပြီး ပါလာတာကိုး တော်သေးတယ် အချိတ်တော်သွားလို့ ...


ဒီတစ်ခါတော့ အပြင်မသွားတော့ဘူး ခြံထဲမှာ အပင်တွေပဲစိုက်တော့မယ်... သြော်မေ့နေလိုက်တာ ခရမ်းချဉ်သီးမျိုးစေ့တွေ ရှိတာပဲ။ အစေ့တွေကို မြေကြီးထဲလည်း ချလိုက်ရော ဗြုန်းဆို အပင်တွေ ထပေါက်တာ အပင်ရဲ့ အမြင့်ဟာ ဒါးတွေထဲမှာ အကြီးဆုံးဒါးဖြစ်တဲ့ ထရိတ်ဒါးထက်တောင် မြင့်သေးသဗျ။ ရေလည်းလောင်းပေးလိုက်ရော အသီးတွေသီးလိုက်တာမှ အများကြီး အသီးတစ်လုံးတစ်လုံးက ဆူမိုနပန်းသမား ခန္ဓာကိုယ်ထက် အဆ၁၀၀ကြီးသဗျ။ အဲအသီးကို နှမ်းစေ့လောက်လှီးပြီး ဟင်းအိုးထဲထည့်ချက်ရင် ရန်ကုန်တစ်မြို့လုံးရဲ့ ရှိသမျှ လူတွေကျွေးလို့လောက်တယ်ဗျ။

နောက်တစ်ခါက ကျားပေါက်တစ်ကောင် အစာကျွေးမယ့် သူမရှိလို့ဆိုပီး ကြေငြာထားတာနဲ့ သူများမလုပ်တဲ့အလုပ် လုပ်ပြမယ်ဆိုပြီး အဲဒီ့ကျားပေါက်ကို အစာကျွေးဖူးတယ်... (သိတယ်မဟုတ်လား...ကျားပေါက်လေ)...
ကိုမွန်ကြီးရေ ကျေနပ်တော့နော်။ မီးလေးပြောတာ ဟုတ်မဟုတ် သူတို့ကိုလည်း မေးကြည့်လို့ရတယ်။
နှင်းဆီနီနီ
မျှားပြာ
မိုးချစ်သူ
ကိုပီကေ
ကိုပုဂံသား
မေပျို

Friday, November 9, 2007

မီးလေးနှင့် သတ္တ၀ါများ

မီးလေးကို နှင်းဆီနီနီက tagထားလေရဲ့ ကြောက်တဲ့သတ္တ၀ါဆိုပဲ။ နှင်းဆီရေ မနက်တည်းက တင်ဖို့လုပ်ချင်နေတာ အရေးထဲ ကွန်နဲ့ ကမ္ဘာလိပ်နဲ့ အပြေးပြိုင်နေလေရဲ့။ ကမ္ဘာလိပ်နိုင်သွားတယ် ထင်တယ် ခုထိကွန်က ပန်းတိုင်မရောက်သေးဘူး ဒါကြောင့် ပို့စ်တင်ဖို့ကို အကြာကြီးစောင့်နေရတယ်။ ဒါနဲ့ပဲ စိတ်လျော့လိုက်ပြီး မနက်ဖြန်မှတင်မယ်ဆိုတော့လည်း ကွန်ပျူတာဖွင့်ပြီးတာနဲ့ Gtalk၀င်ထဲက connect fail ဆိုတော့ သွားပြန်ပြီ အင်တာနက်။ အဲတာလည်း ဒုက္ခကမသေးဘူး ခုမှပဲတင်နိုင်တော့တယ်။ နှင်းဆီရေ ခွင့်လွတ်ပေးနော်။
နှင်းဆီက အကြောက်ဆုံးသတ္တ၀ါကို ပြောခိုင်းတော့ မီးလေးအကြောက်ဆုံးသတ္တ၀ါက လူပါပဲရှင်။ ရီနဲ့နော် ဟီ ဟိ။ တကယ်ပြောတာ ယုံလိုက် အပိုကြောဝူး။ ဒီတစ်ခါ အတည်ကြောမှာ။ သူများထက်ထူးခြားပြီးတော့ ကြောက်တတ်တဲ့ သတ္တ၀ါတော့ ရှိပါဘူး။ မြွေနဲ့ ကြွက်ကိုတော့ကြောက်တယ်။ မြွေနဲ့ ပတ်သက်ပြီး မီးလေး ကြုံခဲ့ရတာလည်း များတယ်လေ။ မီးလေး နှစ်နှစ်သမီးအရွယ်လောက်ကပေါ့ မီးလေးတို့ ဖေဖေက အင်ဂျင်နီယာ အစိုးရအလုပ်ဆိုတော့ ရေနံတွင်းမှာ တာဝန်ကျတဲ့ အရာရှိလည်း အရာရှိဆိုတော့ လိုင်းခန်းရတယ်လေ။ ဒါပေမယ့် မီးလေးတို့ကို နယ်မှာ မထားဘူး။ ရန်ကုန်မှာပဲထားတယ်။ တစ်လကို သုံးရက်တော့ ပြန်လာတယ်။ မှတ်မှတ်ရရ ဖေဖေက နယ်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ မေမေရယ်၊ မီးလေးအစ်ကိုရယ်၊ မီးလေးရယ် လိုက်သွားကြတာပေါ့။ အရာရှိသားသမီးဆိုတော့ လူချစ်လူခင်ပေါတယ်လေ (ချစ်ရင်လည်းချစ်၊ မချစ်ရင်လည်း ချစ်ယောင်ဆောင်ပေါ့၊ မချစ်သော်လည်း အောင့်ခါနမ်းလေ)။ အလုပ်သမား အဘကြီးတစ်ယောက်ရှိတယ်။ အဲဒီအဘကြီးက မီးလေးတို့ မောင်နှမတွေကို ထိန်းပေးတယ်လေ။ ဘယ်လောက်ထိ ကျေးဇူးသိတတ်တယ်မှတ်လဲ လိုင်ခန်းနဲ့ စည်းရိုးနဲ့က နည်းနည်းလှမ်းတယ်။ ကိုယ့်ကိုထိန်ပေးတဲ့လူတော့ မှတ်မိတာပေါ့။ ရှေ့ကဖြတ်သွားတာတွေ့ရင် ဘကြိုင်ကြီး အရက်သောက်ပြီး ပြန်လာတာ လှမ်းလှမ်းအော်တာ နောက်နေ့လည်းကျရော မေမေကို တိုင်ပါလေရော။ ဆရာကတော်ရယ် ကျွန်တော် အရက်သောက်တာ ဘယ်သူ့မှမသိဘူး။ သောက်တယ်ဆိုရုံသောက်တာ ဒီကလေးတွေ ရောက်လာမှပဲ ကျွန်တော်အရက်သောက်တာ ဘားတိုက်တတိုက်လုံးသိတော့တယ်တဲ့လေ။ အဲလောက်ထိကို ကျေးဇူးသိတတ်တာ ဟဲ ဟဲ။
တညနေမှာတော့ ဘကြိုင်က မီးလေးတို့ မောင်နှမနှယောက်ကို ရုပ်ရှင်သွားကြည့်မလို့ဆို လာခေါ်တယ် လိုက်သွားတာပေါ့။ ပြန်လာတော့ မှောင်ကလည်းမှောင် မြွေခွေအိပ်နေတာ မမြင်ဘဲနဲ့ မီးလေးအစ်ကိုက မြွေကိုတက်နင်းလိုက်တယ်။ မြွေက ရှုးကနဲဆိုတော့မှ သုံးယောက်သားထွက်ပြေးကြတာပေါ့။ နောက်နေ့ကျတော့ မီးလေးအမေက ရေသွားသွန်တာ တမန်သလင်းကြီးမှပြောင်နေတာပဲ။ လှမ်းပြီးရေပတ်လိုက်တဲ့ အချိန်မှာ ဘာမှမရှိဘူး။ ပြီးတော့မှ ခြေထောက်ကို ဖတ် ဖတ်နဲ့ရိုက်နေတာ မေမေကလည်း ဘာမှန်းမသိဘူး။ နောက်တော့မှ မြွေအမြီးဖြစ်နေတယ် တော်သေးတာက ခုံဖိနပ်စီးထားလို့။ ဒါတောင် ဆေးကုယူလိုက်ရသေး။ သူများတွေပြောကြတာတော့ တိုက်မြွေလို့ပြောကြတာပဲ။ အဲဒီနယ်မှာက သူများပြုစားတာတို့ ဘာတို့ တော်တော်များတယ်လို့ပြောတယ်။
နောက်တစ်ခါက မီးလေးတို့ အဘိုးအဘွားတွေရှိရာ အောင်လံကိုသွားတုန်းကပေါ့ ဘိုးဘိုးတို့ အိမ်က မြွေပေါတယ်။ ခြံစည်းရိုး အုတ်တံတိုင်းခတ်တုန်းက မြေကြီးတူးတာတောင် မြေကြီးထဲက မြွေတွေ ခဏခဏထွက်ထွက်လာတယ်။ ညဘက် ဘိုးဘိုးတို့အိမ်က အိမ်သာကို ဦးကြီး(မီးလေးတို့နဲ့ဆို ဘကြီးတော်မယ်ထင်တယ်) သွားတာ သူ့ဘာသာ အပေါ့အလေးသွားမှာပေါ့ ပြီးတော့ ရေကိုင်မယ်ဆိုပြီး ရေအိုးထဲလည်း လက်နှိုက်လိုက်ရော ရှုးခနဲဆို မြွေထက်လာလို့ ပြေးလိုက်တာ ဘယ်နားရောက်သွား မှန်းတောင် မသိဘူး။
ဘိုးဘိုးတို့အိမ်က အလုပ်သမားတစ်ယောက်က ညဘက်အိပ်ချင်မူးတူးနဲ့ အိမ်သာသွားတာ အိမ်သာနဲ့ ခြေရင်းက အုတ်တံတိုင်းနဲ့က မျက်နှာချင်းဆိုင်မှာရှိတယ် သိပ်လည်းမကွာဘူး။ အိမ်သာပေါ်က ပြန်ဆင်းမယ်လည်းလုပ်ရော အုတ်တံတိုင်းဘေးက မာလကာပင်နားနဲ့ အိမ်သာနဲ့တည့်တည့် အုတ်တံတိုင်းမှာ မီးအလင်းရောင်ကြောင့် အရိပ်တစ်ခုပူးနေတယ်။ ဘာလဲပေါ့ အိပ်ချင်နေတဲ့မျက်လုံးတောင် ပြူးကျယ်လာလေရဲ့ မြွေနှစ်ကောင် မိတ်လိုက်နေလေရဲ့။ မြွေတွေက အရှုက်ကြီးတယ် သူတို့ မိတ်လိုက်တာ မြင်တဲ့လူဆိုရင် မလွယ်ဘူး။ သေပြီသာမှတ်ပဲ သူလည်း ဇောချွေးတွေပြန်လာတယ် ဘာလုပ်ရမှန်းလည်းမသိဘူးပေါ့ အော်ရအောင်ကလည်း ညသန်းခေါင်ကြီး နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ် မကြည့်ရဲရင် မျက်စိမှိတ်ထားနော်။ ၀တ်လာတဲ့ ထမီကို ချွတ်ပြီး မြွေခေါင်းနှစ်ခုပေါ်ကို ကြောက်ကြောက်နဲ့ လှမ်းအုပ်လိုက်တာ။ ကံကောင်းထောက်မစွာနဲ့ အုပ်မိလေရဲ့။ အုပ်လည်းအုပ်မိရော တစ်ချိုးတည်း အပေါ်ထပ်ကို ပြေးတော့တာပဲ။ နံနက်သူပြောပြတော့ အားလုံးဝိုင်းရီ ကြတာပေါ့။ မရီနိုင်တာကတော့ သူပဲလေ။ အိမ်သာရှေ့မှာ မြွေပေါက်သွားတာများ ထမီလို့တောင်မထင်ရဘူး အပိုင်းအစတွေပဲရှိတော့တယ်။ မီးလေးတို့ သွားလည်ရင် မီးလေးဆို ဘယ်နားမှာပဲနေနေ ခြေထောက်တွေ ရွစိရွစိဖြစ်နေသလိုပဲ အဲလောက်ထိကြောက်တာ။
မီးလေးတို့ ဦးလေးရှိတဲ့ သာစည်ကို သွားတုန်းကလည်း ချော်လဲလို့ ဒူးခေါင်းမှာ အနာကြီးနဲ့လေ။ မီးလေးငယ်ငယ်က ဆော့လားမဆော့လားဆို အနာနဲ့ကို အမျိုးတော်ထားတာ။ တခုပျောက်သွားရင် တခုထပ်ဖြစ်တော့တာပဲ။ ဦးလေးအိမ်ရှေ့မှာ မြွေအရေခွံလဲထားတာတွေ့တော့ အတော်ပဲတဲ့ ငါ့တူမအနာကို အုပ်ပေးရမယ်ပြောလို့ (မြွေအရေခွံကို ကင်ပြီးအုပ်ရင် အနာမရင်းဘူးပြောတာပဲ) ပတ်ပြေးလိုက်ရတာ ခြံကလည်း ကျယ်တော့ ပြေးသည်ပေါ့။ တော်ပါသေးရဲ့ အပြေးပြိုင်ပွဲတွေ ၀င်ပြိုင်ဖူးတာ။ နောက်ဆုံး ဦးလေးက မလုပ်တော့ပါဘူးပြောတော့မှ ရပ်သွားတာ။ မောလွန်းအားကြည့်လို့ အသက်တောင် မနည်းဝအောင်ရှုရတယ်။

ကြွက်ကိုကြောက်တာထက် ရွံ့တာလို့ ပြောရင်ပိုမှန်မယ်ထင်တယ်။ နှာခေါင်းစူပွက်စူပွက်နဲ့ ကိုယ့်ကိုလာထိမှာ အရမ်းကြောက်တာပဲ။ တစ်ခါကလည်း ကြွက်သေတစ်ကောင်ကို သွားထိမိတာ ခြေထောက်ကို ဆေးလိုက်၊ သုတ်လိုက်နဲ့ သံသရာလည်နေတာ မေမေက အမြင်ကတ်လို့လားမသိပါဘူး အဲလောက်နဲ့ ဘာမှမဖြစ်ပါဘူး ပလိပ်ရောဂါလောက်ပဲရမှာတဲ့။ မေမေကပြောလိုက်တော့ ပိုဆိုးတော့တာပေါ့။ ခြေထောက်ကို ကျောက်ပြားနဲ့ ပွတ်နေတာ အသားထူတဲ့ နေရာမို့လို့ပဲ နို့မို့ဆို အရေခွံတွေ စုတ်လောက်တယ်။ မေမေက ဘာမှမဖြစ်ပါဘူး ပြောတာတောင် စိတ်ကျေနပ်အောင် အားပေးနေတာထင်သေး အဲလောက်ထိရူးတာ။

နှင်းဆီရေ ကျေနပ်တော့နော်။ အင်တာနက်တွေမရတဲ့အချိန်မှာ ရရချင်းတင်ပေးလိုက်တာ နောက်ကျလို့တော့ စိတ်ဆိုးနဲ့….

ဘယ်သူ့ကို ဆက်tagရင်ကောင်းမလဲ... ရာသီဥတုတွေထဲမှာ နွေ၊ မိုး၊ ဆောင်းရှိသလို ဘလော့ဂ်တွေမှာလည်း ရာသီရှိနေပါတရ်... ဘာရာသီလဲဆိုတော့ tag game ရာသီလေးပါပဲရှင်...
ကဲ လာလေရော့ tagပြီ

Wednesday, October 24, 2007

မီးလေးနှင့် ပတ်ဝန်းကျင် ....

ဒီနေ့ ကော်နက်ရှင်က ကောင်းကောင်းမရတာနဲ့ ဘလော့ဂ်မောင်နှမများဆီ လျှောက်လည်ရင်း မိုးရေထဲက ကောင်မလေးတစ်ယောက်ရဲ့ ကြောင်ပုံကိုရေးထားတာကို ကြည့်ပြီး ငယ်ငယ်ကအကြောင်း သွားသတိရမိတယ် ....
မီးလေးငယ်ငယ်တုန်းက အိမ်ရှေ့မှာ အိုးတိုက်ဖွဲပြာဆိုပြီး ဈေးသည်တသည် လာအော်ရောင်းတယ်။ ငယ်ကလည်း ငယ်သေးတော့ မေမေ့ကို အဲဒါစားမယ် ၀ယ်ပေးဆိုပြီး အတင်းပူဆာတယ်။ မ၀ယ်ကျွေးရကောင်း လားဆိုပြီး ငိုပါလေရောတဲ့လေ။ အဲဒါနဲ့မေမေက ဈေးသည်ခေါ်ပြီး ၀ယ်ပေးတယ်။ တွေ့လည်းတွေ့ရော စားလို့မရမှန်းသိလို့ အဲဒါဆို စားဘူးဆိုပြီးတော့ အငိုတိတ်သွားရော ....
အရင်ကပါ ခုတော့အဲလိုမဟုတ်တော့ဘူး။ ဈေးသည်တွေကိုက ပီအောင်မအော်နိုင်ကြတာ မီးလေးက နိုးနိုးချင်းအိပ်ယာမထတတ်ဘူး။ ထလိုက်ရင် ခေါင်းမူးပြီး တနေကုန် ခေါင်းမကြည်တော့ဘူးလေ။ အဲလိုအချိန်ဆို အိမ်ရှေ့မှာ ဈေးသည်တွေ တသည်ပြီး တသည်အော်ပြီး ဖြတ်သွားတတ်တယ်။ အမြဲအော်နေကြ အသံဆို ဒါဘာသည် ဆိုတာသိနေပြီ။ ခုတလော လာမရောင်းဘူးတဲ့ ဈေးသည်ထင်ပါတယ်။ “အိမ်မြှောင်” စာဖတ်တဲ့သူ တွေကော ဘာသည်လို့ထင်လဲ ....
မီးလေးက ခုဏဖြတ်သွားတာ ဘာသည်လဲ အမေလို့ မေးတော့ မသိပါဘူးဟယ်လို့ ပြန်ပြောတယ်။ နောက်နေ့လည်း ဒီလိုပဲသူ့အသံကို သေသေချာချာနားထောင်တယ် တလုံးချင်းစီ ဘာသံပြန်တယ် ဘယ်လိုမှ အဖြေထွက်မလာဘူး။ နောက်တော့မှ ပဲပြုတ်သည်မှန်းသိရတယ်။ ခုတစ်ပတ်လောက်ရှိသွားပြီဆိုတော့ သူအော်တာ “ပဲပြုတ်”ပါလားလို့ ....
ခုချိန်မှာ ပြန်စဉ်းစားရင် ရီစရာကောင်းတဲ့အဖြစ်အပျက်လေးတွေကို ဘလော့ဂ်မောင်နှမတွေကို tag လိုက်ပါတယ် ...