Pages

Wednesday, November 14, 2007

What is Love?

What is Love? ဆိုပြီး သီချင်းတော့ မထင်လိုက်ပါနဲ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ထွက်ပေါက်ပါဆိုပြီးတော့ ကြွေးကြော်နေတဲ့ အစ်ကိုတော် ကိုအောင်မျိုးဟန်က တက်လိုက်တာလေ အချစ်ဆိုတာဘာလဲတဲ့။ ဒါကြောင့် သီချင်းခေါင်းစဉ်နဲ့ သွားတူသွားတာ :P ....

အဲဒါမှ ဒုက္ခပဲ အကိုရေ... မီးလေးက အချစ်အကြောင်း သိပ်မသိဘူးကွဲ့။ အချစ်ဆိုတာ ဘာသာစကားတမျိုးလို့ ထင်တယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာမှမဟုတ်ပါဘူး။ အချစ်ကို လူတိုင်းလူတိုင်းက အဓိပ္ပယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။
အဆိုတော် မခိုင်(ထွန်းအိန္ဒြာဗိုလ်)က အချစ်ကို ဒီလိုဖွင့်ဆိုခဲ့ပါတယ်။
“အချစ်ဆိုသည်မှာ လူသားတိုင်းအတွက် ဆန်းကြယ်သော အရာ...”
“အချစ်ဆိုသည်မှာ ၀မ်းနည်းတဲ့အခါ နေမင်းကုဋေကုဋာ...”
“အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် မျက်ရည်တို့ရဲ့ ကဗျာ...”
“တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ... အချစ်ဟာ အဖြေရှာ မရတဲ့ ပုစ္ဆာ... ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိ တော့ပါ... တကယ်ဆိုရင် အချစ်ဆိုတဲ့အရာနဲ့ ဆုံစည်းလိုက်ချင်ရဲ့...”
ဒီသီချင်းထဲမှာ အဖြေပါသွားပြီလေ။

အချစ်ကို တချို့က ချိုမြိန်တရ်...
အချစ်ကို တချို့က ခါးသက်တရ်...
အချစ်ကို တချို့က ကြည်နူုးဖို့ကောင်းတရ်...
အချစ်ကို တချို့က ကစားစရာလို့ထင်တရ်...
အချစ်ကို တချို့က မျှဝေခံစားတရ်...
အချစ်ကို တချို့က ....
အချစ်ကို .....

မီးလေးကတော့ အချစ်ဆိုတာ ကိုယ်က ချစ်လို့ပဲဖြစ်ဖြစ်၊ သူများက ကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်၊ တဦးနဲ့တဦး ချစ်လို့ပဲဖြစ်ဖြစ် သောကမရှိတဲ့အချိန်မှာတော့ အေးချမ်းမရ်၊ ပျော်စရာကောင်းမရ်၊ အဲဒီအချိန်တွေလောက် တန်ဖိုးရှိတဲ့အချိန်ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ချင်ထင်မရ်။ သနားတဲ့စိတ်နဲ့ ဖြစ်တည်လာတဲ့ အချစ်နဲ့၊ တဦးနဲ့တဦး နားလည်နိုင်ကြမယ်ဆိုရင် အခိုင်မြဲဆုံးသော အချစ်ကို ရလိမ့်မယ်လို့ မီးလေးထင်တရ်။ ချစ်ပဲချစ်တတ်ပြီး နားလည်မှုမရှိရင်၊ အချိန်ပြည့် သ၀န်တိုနေရင်၊ ကြားစကားနားယောင်တတ်ပြီး လွယ်လွယ်ယုံလွယ်တတ်ရင်၊ ယောက်ျားလေးဘက်ကပဲဖြစ်ဖြစ်၊ မိန်းကလေးဘက်ကပဲဖြစ်ဖြစ် စိတ်မရှည်တော့လို့ ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခုခေတ်ဆိုရင် ချစ်ဖို့ ပိုတောင်ကြောက်ဖို့ကောင်းသေး လူရိုးဆိုတာ သင်္ချိုင်းမှာတောင် မရှိတော့ဘူးကိုး။
အကိုအောင်မျိုးဟန်ရေ ဒီလောက်ပဲတော်ပြီနော် ရေးတတ်ဖူး... အကို့တော်ကတော့ ရေးတတ်မှာပေါ့ လွမ်းနေတာကိုး ဟီး ဟီး

1 comment:

Red's Rose Dream said...

LOVE
L > Land of Sorrow.
O > Oceans of Tears.
V > Valley of Sad.
E > End of Sorrow.