မြန်မာတွေ ဖြစ်ပြီး မြန်မာစကားလုံးသုံးတဲ့အခါမှာ ရေးတာပဲဖြစ်ဖြစ်၊ ပြောတာပဲဖြစ်ဖြစ်၊ ဖတ်တာပဲဖြစ်ဖြစ်၊ မှားဖတ်တာမျိုး၊ အဓိပ္ပာယ်လွဲကောက်တာမျိုး ကြုံခဲ့ဖူးကြမှာပါ... Language Schoolတွေမှာ အင်္ဂလိပ်စာ၊ တရုတ်၊ စပိန်၊ ထိုင်း ဘာသာစကား သင်တန်း ကျောင်းတွေ မြို့တော်ရန်ကုန်ကစလို့ နယ်မြို့လေးတွေအထိ သင်တန်းတွေအများကြီး တွေ့ရပေမယ့် မြန်မာဘာသာ စကားရယ်လို့ ဖွင့်တဲ့သင်တန်းကျောင်း မရှိသေးပါဘူး... U.F.L မှာသာ မြန်မာသာသာစကားကို ဒီပလိုမာတန်း၊ ဘွဲ့တန်းဆိုပြီး တစ်ခုတည်းသာ ရှိပါတယ်... တက်တဲ့သူတွေကလည်း နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေပါပဲ... တကယ်တော့ မြန်မာတွေကိုယ်တိုင် မြန်မာစကားကို မပြောတတ်တာ အများကြီးပါ၊ အများပြည်သူ သွားလာနေတဲ့ နေရာတွေမှာ သတိပေးဆိုင်းဘုတ်တွေ တွေ့ရပါလိမ့်မယ်... အများစုက သတ်ပုံမှားနေတာတွေ့ရပါတယ်...
မြန်မာဘာသာ၊ မြန်မာစကားလေ့လာနေကြတဲ့ နိုင်ငံခြားသားတွေအတွက် ရယ်စရာ ပြက်လုံးတွေ စီကာကုံးသလိုနှယ်... မှားကြတာတောာ့ မီးလေးအပါအ၀င် အားလုံးနည်းပါး ပါပဲ... ခုတော့ စာလုံးပေါင်း သတ်ပုံဖြေရှင်းဖို့အတွက် အတန်သင့်ပူစရာမလိုတော့ပါဘူး... ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ ဦးစီးဌာနမှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ မြန်မာအဘိဓာန်ဆိုတဲ့ စာအုပ်ကို စာပေဗိမာန်စာအုပ်ဆိုင်မှာ အမှတ်မထင်တွေ့ရင်း ဆော့ဝဲလ်စီဒီပါ,ပါလို့ ၀ယ်လာပြီး သူငယ်ချင်းများအတွက် ပြန်လည်မျှဝေ လိုက်ပါတယ်... မြန်မာအဘိဓာန်ကို လိုချင်ရင်တော့ ဒီမှာကလစ်နှိပ်ပြီး ဒေါင်းလုဝ်ဆွဲသွားနိုင်ပါတယ်ရှင့်...
Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts
Wednesday, September 30, 2009
မြန်မာအဘိဓာန်
Labels:
knowledge
Saturday, October 27, 2007
Let's use Zawgyi Myanmar Font easier
Most of the people encounter with difficulties in using myanmar font for all purposes regarding internet. But don't worry about that. You can use suitable myanmar (Zawgyi_One) font for both Mozilla Firefox and Internet Explorer. Click here to solve above for your easy way.
Reference: Ko Tay Zar Tay
Labels:
knowledge
Subscribe to:
Posts (Atom)