Pages

Saturday, October 29, 2011

HOME - အိမ်

အိမ်ဆိုတာ ဘလော့ဂါ ကိုအိမ်ကို ပြောတာ မဟုတ်ဘူးနော်... မီးလေးတို့တွေ နေတဲ့ အိမ်ကိုပြောတာ... :)
 အိမ်ဆိုတာ “အ”လုံးကြီးတင် မသတ်“အိမ်” စကားလုံးက တလုံးတည်းရယ်ပါ... အိမ်ဆိုတာ ရသာမျိုးစုံတဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး ဟင်းအိုးကြီးနဲ့ တူပါတယ်... ပျော်ရွှင်စရာ၊ ၀မ်းနည်းစရာ၊ စိတ်ချမ်းသာစရာ၊ စိတ်ညစ်စရာ စတဲ့ ခံစားချက်မျိုးစုံနဲ့ ပြည့်နှက်နေတာ အိမ်ပါ... အိမ်ထဲမှာ မိသားစုတွေ အတူတူ ပျော်ရွှင်ရယ်မောခဲ့ကြတယ်... စိတ်ညစ်စရာရှိရင်လည်း ၀ိုင်းပြီး စိတ်ညစ်ခံခဲ့ကြတယ် ... ပျော်ရွှင်သည် ဖြစ်စေ၊ ၀မ်းနည်းသည်ဖြစ်စေ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ရှိခဲ့ကြတယ်...