Pages

Showing posts with label softwares. Show all posts
Showing posts with label softwares. Show all posts

Saturday, November 28, 2009

GTalk တွင် ပုံများဖြင့် ချက်ခြင်း

GTalk ထဲမှာ Smiley ပုံလေးတွေနဲ့ ချက်ရအောင်...
ဒီပို့စ်လေးကို မသိသေးတဲ့ သူတွေကို အဓိကရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်... သိပြီးသူများကတော့ မျက်စိနောက်ချင် နောက်မှာပေါ့နော်... :P
သူငယ်ချင်းတချို့က GTalkမှာ Smileys လေးတွေ ထည့်ချင်တယ်... ဘယ်လိုထည့်ရမလဲဆိုပြီး ခဏခဏလာမေးကြလို့ မသိသေးတဲ့ သူများအတွက် ပြန်လည် ဖြန့်ဝေပေးလိုက်ပါတယ်...


အဆင့်-၁
ပထမဆုံး MyTheme.exe ဖိုင်ကို Downlaod လုပ်ရမှာဖြစ်ပါတယ်...
( အဲ့ဆော့ဖ်ဝဲလ်လေးက Windows 2000, Windows XP, Windows Vista နဲ့ Windows 7တွေကို Support လုပ်ပါတယ်.... ဖိုင်ဆိုဒ်က 936MB ပဲရှိပြီး ဒီနေရာမှာ Download ဆွဲနိုင်ပါတယ်... )

အဆင့်-၂
Download ဆွဲထားတဲ့ MyTheme.exe ကို Install လုပ်ပေးရပါမယ်...

အဆင့်-၃
Install လုပ်ပြီးတဲ့နောက် GTalk ကို ဖွင့်ပါ.... GTalk ထဲမှ Setting ကို ကလစ်နှိပ်ပြီး ၀င်ပါ... ထို့နောက် Appearance ကို ကလစ်နှိပ်ပါ... Chat Theme Box တစ်ခုကို တွေ့ပါလိမ့်မယ်.... Chat Theme Box ဘေးက Down Arrow ကို ကလစ်နှိပ်ပြီး MyTheme ကို ရှာပါ... တွေ့လျှင် ကလစ်နှိပ်ပြီး ရွေးလိုက်ပါ... အားလုံးပြီးသွားပြီ ဆိုရင်တော့ OK ကို နှိပ်လိုက်ရုံပါပဲ...
အောက်ကပုံလေးအတိုင်း Background လေး ပေါ်လာပါလိမ့်မယ်...



Smileys ပုံလေးတွေ သုံးဖို့အတွက် Code လေးတွေ သိဖို့လိုပါသေးတယ်... Smiileys Code လေးတွေကို  Start ---> All Program ---> Dash ---> MyTheme ---> Help မှာ ကြည့်ပြီး အသုံးပြုနိုင်ပါတယ်...

Background ချိန်းချင်တယ်ဆိုရင် Start ---> All Program ---> Dash --->  Sample Inmages ထဲကို ၀င်ပြီး ကိုယ်ထည့်ချင်တဲ့ပုံကို အရင်ကူးထည့်ပါ... ပြီးလျှင် Start ---> All Program ---> Dash ---> Change Background ထဲဝင်ပြီး ပြောင်းလိုသောပုံပေါ် ကလစ်နှိပ်ပြီး Open လုပ်လိုက်ရင် နောက်ခံပြောင်းသွားပြီပေါ့...

Smileys ပုံလေးတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

Monday, October 12, 2009

Microsoft Security Essential

Microsoft ကနေ Security Essentialဆိုတဲ့ Antivirus Softwareတစ်ခုကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ… ထိုဆော့ဝဲလ်က antivirus, spyware နဲ့ အခြား maleware တွေကို စစ်ဆေးပေးနိုင်ပါတယ်… ထို့အပြင် Schedules ပေးပြီးတော့လည်း စစ်နိုင်ပါသေးတယ်…
ဖိုင်ဆိုဒ်က 4386KBရှိပြီး အခမဲ့ Download လုပ်နိုင်တဲ့ ဆော့ဝဲလ် ဖြစ်ပါတယ်.. Microsoft Security Essentialကို အသုံးပြုမယ်ဆိုရင် Windows XP SP2, Windows Vista, Windows 7တို့ ရှိရပါမယ်…
ဒီဆော့ဝဲလ်လေးကို Downloadဆွဲချင်တယ် ဆိုရင်တော့ အောက်က Downloadဆိုတဲ့ စာတန်းလေးကို ကလိပ်နှိပ်ပြီး ဒေါင်းလုဆွဲသွားနိုင်ပါတယ်…
Download
Microsoft Security Essential ကို သုံးခြင်းဖြင့် သင့်၏ကွန်ပျူတာ လုံခြုံမှု ပိုမိုကောင်းမွန်နိုင်ပါစေလို့ ဆုတောင်းလျက်…. ( P.S  မီးလေးဆီမှာ အဆင်ပြေပေမယ့်... တချို့စက်တွေမှာ ကလုံးလိုင်စင်ဆို အဆင်မပြေဘူးလို့ သိရပါတယ်... စမ်းတော့ စမ်းကြည့်လိုက်ပါ... :P )

Monday, October 27, 2008

WOT

စာဖတ်သူတွေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Mozilla Firefox သုံးပြီး Website တွေကြည့်တဲ့အခါ Virus ပါလား Virus မပါလား အလွယ်တကူသိနိုင်အောင် လုပ်ပေးထားတဲ့ Feature လေးပါ။ သူကို WOT (Web of Trust) လို့်ခေါ်ပါတယ်။ သူ့ကို Add-on လေးမှာ install လုပ်ပြီးတဲ့အခါ Mozilla Firefox ကို restart လုပ်လိုက်ပါ ပြန်တက်လာတဲ့အခါ Site တွေ ဘေးမှာ မီးပွိုင့် အမှတ်အသားလို နီ၊ ၀ါ၊ စိမ်း comment တွေပြပေးပါလိမ့်မယ်။ အနီဆို လုံးဝ ဖွင့်မကြည့်ဘဲ အ၀ါ၊ အစိမ်းဆိုရင်တော့ စိတ်ချလက်ချ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

WOT ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။

Blogger အားလုံး Virus ကင်းဝေးနိုင်ကြပါစေ.....