Pages

Monday, December 31, 2007

New Year Party!








New Year Party ကို ကြွရောက်ချီးမြှင့်ပေးကြတဲ့ နက်လှိုင်းပေါ်က သူငယ်ချင်းအားလုံးမင်္ဂလာပါ....
နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားကြရအောင်...........
နှစ်သစ်မှာ အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ...
ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ကြပါစေ....
နှစ်သစ်မှာ နက်ကြီးလည်း နှာစေး၊ ချောင်းဆိုး၊ ကြက်ငှက်တုတ်ကွေးမဖြစ်ပဲ ကောင်းကောင်းသုံးရပါစေ...
နှစ်သစ်မှာ ကွန်ကြီးလည်း ခဏခဏမပျောက်ဘဲ အမြဲပေါ်နိုင်ပါစေ....

ပြင်ထားတာတွေကအများကြီးပဲ အ၀စားကြနော်...
ခွင့်တောင်းလာတဲ့ အကိုတော်တွေ အတွက်... မူးပြီးမှ ပြန်ရမယ်နော်...
ခွင့်မတောင်းလာတဲ့သူတွေနဲ့ မိန်းကလေးတွေအတွက် အချိုရည် စက်လိုက်ချထားပေးတယ်နော် ကြိုက်သလောက်သောက် မမူးစေရဘူး...

ကဲသောက်လည်းသောက် စားလည်းစားပေါ့နော်... အစိမ်းတွေနော် ကင်ရသေးဝူး... ကင်ပေးမဲ့လူ ခေါ်ထားတယ်...




New Year Party Invite

HAPPY NEW YEAR!
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးပြောင်းဖို့ အချိန်ကာလလေးမှာ ဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများနဲ့ အတူ နှစ်သစ်ကို ကူးပြောင်းကြဖို့ ညကျရင် ပါတီလည်းလုပ်ဖို့ စီစဉ်ထားပါတယ်။ အားလုံးလာခဲ့ကြနော်......
လကုန်ရက်ဖြစ်လို့ တဦးချင်းစီလိုက်မဖိတ်နိုင်တာပါ။ စိမ်းတယ်လို့ မထင်ကြပါနဲ့နော် အားရင်အားသလို တဦးချင်းဆီလည်း လာဖိတ်ပါ့မယ်။ အကိုတော်များကလည်း ပိုင်ရှင်ရှိတယ်ဆိုရင် ကြိုပြီးခွင့်တောင်းလာကြနော်။ တော်ကြာကိုစိုးထက်လို အမစိတ်ကောက်ဦးမယ်။ ခွင့်တောင်းလာသူအားလုံး မူးပြီးမှပြန်ကြနော်။ ခွင့်မတောင်းလာသူတွေကတော့ အချိုရေပဲသောက်။ ဂျေဂျေလို ဈေးကြီးတာ မတိုက်နိုင်ပေမဲ့ အမျိုးစုံအောင်တော့ သေချာပြင်ထားပါတယ်။ ဆက်ဆက်လာကြနော်....


Wednesday, December 26, 2007

တောင်းတဲ့ဆုနဲ့ ပြည့်စေသတည်း

အမျိုးသမီးတဦး၌ စကားပြောတတ်သော ကြက်တူရွေးတကောင်ရှိလေသည်။ တနေ့သ၌ ရဲသားတဦး ထိုအိမ်ရှေ့မှ ဖြတ်လျှောက်သွားရာ
“သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....” ဟု ပြောနေရာ ရဲသားက သူ့အား မဖွယ်မရာပြောသည်ဆိုကာ ဒဏ်ငွေဆောင်ခိုင်းလေသည်။ နောက်နေ့လည်း ထိုနည်း၎င်းပင် ဖြစ်နေလေရာ နေ့တိုင်း ပေးရဖန်များလာသောအခါ အမျိုးသမီးသည် သင်းအုပ်ဆရာထံ သွား၍အကူအညီတောင်းခံလေသည်။

ထိုအခါ သင်းအုပ်ဆရာက သူ၏ကြက်တူရွေးနှင့် လဲ၍ပေးလိုက်လေသည်။ ရဲသားသည် အိမ်ရှေ့မှ ဖြတ်လျှောက်ပြန်ရာ အသံမကြားရသဖြင့် လှမ်းကြည့်ရာ ကြက်တူရွေးကိုတွေ့လေသည်။ ရဲသားသည် အိမ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်လေရာ ဘာသံမှမကြားရသဖြင့် မနေနိုင်သည့်အဆုံး “သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....” ဟု ပြောလိုက်သည်တွင် သင်းအုပ်ဆရာ၏ ကြက်တူရွေးက
“တောင်းတဲ့ဆုနဲ့ပြည့်ပါစေ.... တောင်းတဲ့ဆုနဲ့ပြည့်ပါစေ...” ဟုပြန်ပြောလိုက်လေသတည်း။

လက်မခံဘူး

ပထမလူ။ ။ ဆွီဒင်အမျိုးသားတွေ လူကြီးလူကောင်းမဆန်ဘူးလို့ပြောတာ ကျွန်တော်လက်မခံဘူးဗျ...
ဒုတိယလူ။ ။ ခင်ဗျားက ဘာလို့လက်မခံတာလည်း ပြောစမ်းပါဦး...
ပထမလူ။ ။ ကျွန်တော်မနေ့က အပြင်သွားရင် အမျိုးသမီးတယောက် ကားဘီးပေါက်နေလို့ မိုးရွားကြီးထဲ လဲနေတာ မိုးရေမစိုအောင်ဆိုပြီး ထီးမိုးပေးနေတဲ့ ဆွီဒင်အမျိုးသားတဦးကို ငါတွေ့လိုက်တယ်...
ဒုတိယလူ။ ။ ဟိုက်...............................

Monday, December 24, 2007

အိမ်ရှင်မများ WARNING!!!

ဈေးထဲဝင်လိုက်တာနဲ့ အိမ်ရှင်မတွေဟာ ဘာချက်စားရရင်ကောင်းမလဲဆိုပြီး ခေါင်းရှုပ်ကြတတ်ပါတယ်။ အိမ်ရှင်မတွေအတွက် အခက်အခဲအဆုံးအလုပ်က ဟင်းလျာစီမံရခြင်းပဲဖြစ်ပါတယ်။ အကြိုက်ခြင်းမတူတဲ့အခါ တမျိုးမျိုးစီချက်မနေရအောင် အားလုံးသင့်လျော်အောင် စီမံချက်ပြုတ်ရပါတယ်။ အဲလိုစီမံကြရာတွင် ကိုယ့်ရဲ့ ရွေးချယ်မှုဟာ မိသားစုရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။ မိမိ၏ မိသားစုကျန်းမာရေးသည် အိမ်ရှင်မတို့၏ မီးဖိုချောင်စီမံမှုအပေါ် များစွာတည်မှီပါတယ်။ ခေတ်မှီတိုးတက်လာသည့်အလျောက် လူတို့၏ ကျန်းမာရေးသည်လည်း ဆုတ်ယုတ်လျက်ရှိပါတယ်။


အိမ်ရှင်မတွေအများစု ဈေးဝယ်တဲ့အခါမှာ အသီးအရွက်ဆို စိမ်းစိုနေမှ၊ ခရမ်းချဉ်သီးဆိုလည်း နီရဲနေမှ ၀ယ်ချင်၊ ချက်ချင်ကြပါတယ်။ ကြီးပေ့၊ လှပေ့ဆိုမှ ၀ယ်ချင်ကြတဲ့ အိမ်ရှင်မတွေကို လှည့်စားတာကတော့ ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးကြီးထွားလာတာတဲ့ ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတော့တယ်။ ယခင်က စိုက်ခင်းတွေမှာ နွားချေးနဲ့ ကောက်ရိုး၊ နှမ်းဖတ်စတာတွေ အသုံးပြုကြပေမဲ့ ယခုအခါမှာတော့ နွားချေး၊ ကောက်ရိုးသုံးမည့်အစား ဓာတ်မြေသြဇာ အမျိုးမျိုးတို့ကို အစားထိုးသုံးစွဲလာကြပါတယ်။ ပစ္စည်းတွေ အရည်အသွေးမြှင့်ဖို့နဲ့ ဈေးကွက်ဝင်နိုင်ဖို့ စိုက်ပျိုးသူတွေကလည်း သူ့ထက်ငါ ဓာတ်မြေသြဇာတွေ သုံးလာကြတဲ့အတွက် စားသုံးသူ လူထုအတွက် ရောဂါတွေ တိုးပွားလာစေပါတယ်။
စိုက်ပျိုးတဲ့သူတွေက ဓာတ်မြေသြဇာမသုံးထားခဲ့ပြန်လျှင် ရောင်းပန်းမလှတဲ့အတွက် အိမ်ရှင်မတွေကလည်း မ၀ယ်ကြပါဘူး။ အပင်ကြီးထွားဖို့၊ အသီးအထွက်ကောင်းဖို့ ဓာတ်မြေသြဇာသုံးစွဲလာကြခြင်းမှာ စားသုံးသူလူထု၏ ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်လာစေပါတယ်။ ဈေးထဲကို ၀င်လိုက်သည်နှင့် မြင်နေရသည့် ဟင်းသီးဟင်းရွက်အစားစုဟာ ဓာတ်မြေသြဇာတွေ သုံးစွဲထားကြတဲ့အတွက် ဓာတ်မြေသြဇာ မသုံးထားတဲ့ ဟင်းသီးဟင်းရွက်ကို ရွေးချယ်ဝယ်ယူကြဖို့ မလွယ်ကူလှပါဘူး။ ယခင်ရာသီပေါ်သီးဟာ ရာသီအလိုက်သာပေါ်ပြီး စားသုံးကြရပေမဲ့ ယခုဆိုလျှင် ရာသီပေါ်သီးအများစုကို ၁
၂ရာသီဝယ်ယူ စားသုံးနိုင်သည့်အလျောက် လူတို့၏ကျန်းမာရေးအတွက် ဆုတ်ယုတ်လာနိုင်ဖွယ်ရှိပါတယ်။မြို့နေလူထုအများစု၏ကျန်းမာရေးသည် တောရွာတွင်နေသော လူထု၏ကျန်းမာရေးထက် ရောဂါဘယ ပိုမိုထူပြောကြပါတယ်။ မိသားစု၏ကျန်းမာရေးကို အိမ်ရှင်မတို့လက်ထဲထည့်ထားကြရသည့်အလျောက် ဟင်းသီးဟင်းရွက်များ ၀ယ်ယူစားသုံးကြရာတွင် ရောဂါဘယကင်းဝေးစေရန် ဟင်းသီးဟင်းရွက်များကို ရေဆေးရာတွင် ရေဇလုံးထဲသို့ ဆားအနည်းငယ်ထည့်၍ အနည်းဆုံးလေးကြိမ် ရေဆေးသင့်ပါသည်။ အိမ်ရှင်မတိုင်း လက်အိတ်နှင့်သာ ကိုင်တွယ်အသုံးပြုသင့်ပါသည်။ အချို့အိမ်ရှင်များက အရင်လည်း ဒီလိုပဲလုပ်နေကြပဲလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အရင်ကကျန်းမာရေးနဲ့ ယခုကျန်းမာရေး နှိုင်းယှဉ်ကြည့်ကြမယ်ဆိုရင် လုပ်သင့်လား မလုပ်သင့်လား ခွဲခြားနိုင်ကြပါလိမ့်မယ်။

မိသားစု၏ကျန်းမာရေးသည် အိမ်ရှင်မတိုင်း၏တာဝန်ဖြစ်သည်။
ရောဂါဘယကင်းဝေးဖို့ သနု့်သန့်ရှင်းရှင်းချက်ပြုတ်ကြပါစို့...

Thursday, December 20, 2007

မီးလေးနဲ့ဒဿန

မီးလေးခုတလောဆက်တိုက် စိတ်ထဲမှာ တော်တော်ရင်ခံနေတရ် (အစာမကြေ၍ မဟုတ်ပါ)... တကယ်ပါ မယုံရင်တော့ ပုံပြင်လို့သာမှတ်... မီးလေးကလည်း အမှန်ဆို စိတ်ဓာတ်မရင့်ကျက် တာလည်းပါတာပေါ့။ အဲတော့ တခုချင်းစီ တခုချင်းစီတိုင်းကို ရင်ထဲမှာခံစားရတာ... ဇာတ်လမ်းက ခုမှစမှာ :D

မီးလေးက ၁၀တန်းအောင်ထဲက အလုပ်လုပ်ရင်းနဲ့ပဲ ကျောင်းတက်ဖို့ဆုံးဖြတ်ပြီး အဝေးသင်(မြန်မာစာ) ယူပြီး ကျောင်းဆက်တက်ခဲ့ပါတရ်။ အလုပ်ဆိုတာ တခါမှမလုပ်ဘူးတဲ့အတွက် အခက်အခဲတွေနဲ့လဲ အများကြီး ရင်ဆိုင်ခဲ့ရပါတရ်။ အဲဒီအပေါ်မှာပဲ ကောင်းတာလေးတွေသင်ယူ မကောင်းတာဆို ရှောင်မယ်ဆိုပြီး လေ့လာ သင်ယူခဲ့ပါတရ်။ မီးလေးအနေနဲ့ပြောရရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် စတင်ရပ်တည်လိုက်ခြင်းရဲ့ ခြေလှမ်းပဲဆိုပါတော့။ အဲဒီမှာ ဘာတွေတွေ့ရလည်းဆိုတော့ လူပေါင်းစုံနဲ့ တွေ့ရတရ်။ ကိုယ်ကဒီလိုထင်ပေမယ့် သူတို့က ဒီလိုထင်ကြတာပါပဲလားဆိုပြီး ၀မ်းနည်းရတာလည်း အကြိမ်ပေါင်းမနည်းဘူး။ အင်ထရိုလုပ်တာ နည်းနည်းများ သွားပြီ ပြောပြီနော်...

မီးလေးတို့အလုပ်မှာ ပြဿနာတက်ပါလေရော။ ပစ္စည်းပျောက်လို့ သန့်ရှင်းရေးဝန်ထမ်းကို မကျေနပ်ဘူး ဖြစ်နေတာ။ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် အကြီးအကဲတွေက သန့်ရှင်းရေးဝန်ထမ်း တွေကိုအားလုံး ခေါ်ရှာတယ်။ အဲဒီအချိန်မှာ မီးလေးရင်ထဲခံစားလိုက်ရတာက သန့်ရှင်းရေးတွေမှ မဟုတ်ဘူး။ မီးလေးတို့လည်း ရှိနေကြတာပဲ အားလုံးကိုရှာပေါ့။ ဘာလို့သန့်ရှင်းရေးတွေကိုမှ မသင်္ကာဖြစ်နေတာလဲ။ သူတို့ခင်ဗျာမှာ မရှိလို့ အလုပ်လုပ်စားပါတရ် သူတို့တွေရဲ့ စာရိတ္တကိုပါ ဘာလို့နှိမ်ချင်ကြတာလဲ ? အဖြေမထွက်ခဲ့ပါဘူး။ နောက် ဖုန်းပြန်ဆက်လာပါတရ်။ သူတို့အမက ပျောက်မှာစိုးလို့ သိမ်းသွားတာတဲ့။ ကဲ စဉ်းစားသာကြည့်တော့...

ပစ္စည်းပျောက်တဲ့သူကိုလည်း ကိုယ်ချင်းစာပါတရ်။ သူတို့တွေလည်း ထူပူသွားမှာပဲ ဒါပေမဲ့ သန့်ရှင်းရေး ၀န်ထမ်းကိုပဲ သူတို့ဘာလို့ စွပ်စွဲချင်ရတာလဲ ? လဲပေါင်းများစွာ၊ လားပေါင်းများစွာနဲ့ ဒီမေးခွန်းရဲ့အဖြေကို မရခဲ့ပါဘူး။ သူတို့မှမဟုတ်ပါဘူး လူတိုင်းလူတိုင်း တော်တော်များများ သန့်ရှင်းရေးဝန်ထမ်းဆိုရင် အရေး မလုပ်ချင်ကြဘူး အထင်သေးကြတယ်။ ဘာလို့လဲ ? သူတို့လည်း လူထဲကလူပဲ ဘာလို့ခွဲခြား ခွဲခြားဆက်ဆံ ရတာလဲ ? အဲဒီသူတွေကကော ပိုက်ဆံရှိပြီး စာရိတ္တချို့တဲ့သူတွေလည်း တပုံကြီးပါ (လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာမို့
လူတိုင်းကိုမဆိုလိုပါ)။ ပိုက်ဆံရှိပြီး အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားမကောင်းတဲ့ လူရှိသလို၊ ပိုက်ဆံမရှိပေမဲ့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေလည်း တပုံကြီးပါ။ ဒါပေမဲ့ ပိုက်ဆံအရေခြုံပြီး အကျင့် စာရိတ္တ၊ ကိုယ်ကျင့်တရားမကောင်းတာကိုကြတော့ အမြင်ရှင်းကြတရ်လေ။

မီးလေးခေါင်းထဲမှာ လူတွေရဲ့စိတ်ထဲမှာ ပစ္စည်းတခုခုပျောက်တာနဲ့ သန့်ရှင်းရေးဝန်ထမ်းဆိုပြီး မထင်အောင် ဘယ်လိုလုပ်ရမလဲ ? ဘယ်လိုလုပ်သင့်လဲ ? စဉ်းစားပေမဲ့ မထိရောက်ခဲ့ပါဘူး။ နေရာတိုင်းမှာ ဒီလိုပဲ ထင်မြင်နေ ကြလို့ပါ (အများစုကို ဆိုလိုခြင်းသာ)။ မီးလေးက လူတိုင်းရဲ့အမြင်မှာ ပစ္စည်း ပျောက်တာနဲ့ သန့်ရှင်းရေးတွေပဲ လို့တထစ်ချယုံကြည်တာမျိုး မဖြစ်စေချင်တာ ရင်ထဲက စေတနာအမှန်ပါ။ ဘယ်သူတွေကများ တခုခုဖြစ်တာနဲ့ သန့်ရှင်းရေးပဲလို့ ပြောခဲ့လို့လဲပေါ့ ?

ခုတော့ မီးလေးအဖြေရခဲ့ပါပြီ။ မှန်ချင်မှလည်းမှန်မယ် မှားရင်လည်းမှားမရ် မီးလေးမှားရင် မီးလေးဘလော့ဂ် ကိုလာလည်ကြတဲ့ မောင်နှမတွေရှိတာပဲ (ပြောပြကြမယ်မဟုတ်လား)အားကိုးရှာတာ... ဟီ ဟိ... ဘယ်သူမှ မလုပ်ပါဘူး။ သူတို့ကိုယ်တိုင်က သူတပါးအထင်အမြင်သေးအောင် လုပ်ထားကြလို့ပါပဲ။ (အကုန်လုံး မဆိုလို ပါ) ပြောမယ်ဆို အလွယ်လိုက်ကြတာ ကိုယ့်မှာအခက်အခဲရှိလာတော့ လွယ်တာလုပ်လာကြရင်းနဲ့ လုပ်တဲ့သူ ရော၊ မလုပ်တဲ့သူကော ရောနှောပြီး အထင်ခံလာရခြင်းပဲ ဖြစ်ပါတရ်။ မီးလေးသာ သူတို့နေရာမှာရှိမယ်ဆိုရင် ငါတို့ကို ဒီလိုထင်နေတာ ငါတို့သန့်ရှင်းရေးအလုပ်သမားတွေဘက်က ဘယ်လိုရပ်တည်ရမလဲ။ သူတို့အထင် အမြင်ထဲမှာ အထင်သေးတာကို ပျောက်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာမျိုး စဉ်းစားမှာပါ။ ခုလည်း စဉ်းစာတာပါပဲ။

ခုဆို မီးလေးက ၀န်ထမ်းတွေကို ပြန်ကြည့်ရတဲ့နေရာကို ရောက်လာတရ် (ကပ်ကြွားတာ)။ သန့်ရှင်းရေးဝန်ထမ်း တွေနဲ့ ရင်းရင်းနှီးနှီးနေတရ်။ ဒါပေမဲ့ ဘယ်လောက်ထိတော်လည်းဆို ကိုယ့်ကိုပတ်တော့မှ သိတော့တရ်။ ကိုယ့်ကတော့ သနားလို့ သူတို့အပေါ်ထားတဲ့ စိတ်ကို မထီမဲ့မြင်ပြုလိုက်တာကိုတော့ အရမ်းဝမ်းနည်းမိတယ်။ သူတို့တွေကလည်း အထင်မြင်သေးအောင် သူတို့ကိုယ်တိုင် လုပ်နေကြတာပါလားလို့လည်း သိလိုက်ရတယ်။ အဲလိုလူမျိုးတွေရှိနေသ၍ လူတိုင်းရဲ့အထင်မြင်သေးတာလည်း ဘယ်တော့မှ ပျောက်ပျက်တော့မှာ မဟုတ်ဘူး ဆိုတာ။ မီးလေးလည်း သူတို့ကို ရင်းရင်းနှီးနှီးနေမိတာ မှားသွားပြီတောင် ထင်တယ်။ အကုန်လုံးကို ဆိုလိုတာ မဟုတ်ပါဘူးနော်။ ဘာလို့လိမ်ချင်၊ ပတ်ချင်ရတာလည်း၊ ဘာလို့အလွယ်လိုက်ချင်ရတာလည်း... ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်ဆိုတဲ့ ရှေးလူကြီးတွေထားခဲ့တဲ့ စကားပုံက သွေးထွက်အောင်မှန်တယ်။ ခုက တကောင်တောင်မဟုတ် ဆယ်ကောင်မှာ ခုနစ်ကောင်လောက်ဖြစ်နေတာ။

ငွေမရှိလို့ အနှိမ်ခံရတာထက်၊ စာရိတ္တမကောင်းလို့ ပြောခံရတာက ပိုပြီးနာဖို့ကောင်းပါတယ်။ ငွေတပြားမှမရှိရင်နေ စာရိတ္တတော့ အပြည့်ပဲ ဆိုတာမျိုး လူတိုင်းမှာရှိကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။ လူလူချင်း အဆင့်အတန်းခွဲတာတွေလည်း ရှိလာမှာမဟုတ်တော့ဘူး။ ရှိလာဦးတော့ ခုလောက်ထိဖြစ်နေကြမှာ မဟုတ်ဘူးလို့ မီးလေးတော့ထင်တယ်။
ပိုပြီးဝမ်းနည်းမိတာက မီးလေးခုရေးတဲ့ပို့စ်လေးကို သူတို့တွေဖတ် ဖြစ်မှာ မဟုတ်လို့ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ ကိုယ့်ရဲ့စာရိတ္တ၊ ဂုဏ်သိက္ခာကို ထိမ်းသိမ်းပြီး အထင်အမြင်သေးခံရတာတွေမရှိအောင် မှန်ကန်ဖြောင့်မတ် ရိုးသားတဲ့စိတ်ဓါတ်တွေနဲ့ ကြိုးစားနိုင်ကြပါစေ လို့ ဆုတောင်းမိပါတယ်.....
(သံဝေဂရမိလို့ မျှဝေတင်ပြခြင်းသာ)

Christmas Wish...


God give you blessings at Christmas time;
Stars for your darkness, sun for your day,
Light on the path as you search for the Way,
And a mountain to climb.

God grant you courage this coming year,
Fruit for your striving, friends if you roam,
Joy in your labor, love in your home,
And a summit to clear.

Christmas Wish to You

May the Love, Peace, and Joy of Christmas be yours always.
Love came down on Christmas Day so many years ago and
brought the greatest happiness the world would ever know...
Peace came down on Christmas Day to fill the hearts of men
with all the sweet tranquility each Christmas brings again...
Joy came down on Christmas Day as angels came to earth
heralding the miracle of our Messiah's birth.

Friday, December 14, 2007

မီးလေးကြိုက်တဲ့ကဗျာ

မီးလေးက ကဗျာကောင်းကောင်းမရေးတတ်ဘူးရှင့်။ ဒါကြောင့် ကိုကြီးဆိုးသွမ်းဆီက သဘောကျလို့ ကူးယူ ဖော်ပြထားတာပါ။ ကိုဆိုးသွမ်းရေ ချိတ်ချိုးနဲ့နော်။ ခွင့်ပြု၊ မပြုတော့ သိဝူး ရေးပြီးသွားပြီ။ မီးလေးဆီ လာလာလည်ကျတဲ့ ဘော်ဘော်တွေလည်း ဒီကဗျာလေးကို ကြိုက်ကျမယ်ထင်ပါတယ်။ ပြီးတော့ ကိုကြီး ဆိုးသွမ်းဆီမှာ Christmas card လှလှလေး တွေရှိတယ်။ မီးလေးတောင် သွားယူပြီးပြီ။ ယူချင်ရင် ကိုဆိုးသွမ်း ဆီမှာ သွားရောက်တောင်းယူနိုင်ပါတယ်။ အဲ...ခုမှစမှာနော် ကဗျာက။ ကဗျာလေးရဲ့ နာမည်က

စာကြောင်းတခု

သူမ က ကျွန်တော့်ရဲ့ Subject
ကျွန်တော်ကသူမရဲ့  Object
အချစ်ကတော့ Main Verb ပေါ့
သစ္စာနဲ့ မေတ္တာ က Helping Verb
သံယောဇဉ်က Conjection
ကောင်းမွန်သော ကံတရားကသာ Situation ဖြစ်မယ်ဆိုရင်
အနာဂတ် အတွက် လုံလောက်တာမို့  Full Stop....

Thursday, December 13, 2007

မှေးမှိန်ဖျော့တော့နေသော ပိုးစုန်းကြူး...ဇာတ်သိမ်း

“ကဲ ပေးပါကွယ်”
“မပေးဘူး...မပေးဘူး”ဟူ၍ လွယ်အိတ်ကို ကျစ်ကျစ်ပါအောင် ပိုက်ထားလေသည်။
“ကဲ..ဆရာမ ပိုက်ဆံအိတ်သူယူထားတာပဲဖြစ်မယ်”ဟု ကျောင်းအုပ်ဆရာမကြီးက ပြောလိုက်စဉ်မှာပင်
“ကျွန်တော် ဆရာမပိုက်ဆံအိတ်ကို မယူပါဘူး ဆရာမ”
“ဒါဆိုရင် မင်းလွယ်အိတ် ဆရာမကို ခဏပြ”ဟု လွယ်အိတ်ကို လှမ်းယူလိုက်စဉ် လူလေးသည် လွယ်အိတ်အား ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အတန်းထဲမှ ထွက်ပြေးလေသည်။
“လိုက်ကြပါဦး။ ဆရာမရဲ့ပိုက်ဆံအိတ်ကိုခိုးထားလို့” ဆရာမကြီးက လှမ်းအော်ပြောလိုက်သောအခါ ဆရာမက
“မအော်ပါနဲ့ဆရာမကြီးရယ်... ကျွန်မတို့ သူ့အိမ်ပဲ လိုက်ကြတာပေါ့”
“အေး...အေး...ကောင်းသားပဲ”

“ဟဲ့..မြေး မောကြီးပန်းကြီးနဲ့ ဘာလို့ပြန်လာတာလဲကွဲ့ ။ ကျောင်းဆင်းချိန်မဟုတ်။ ဘာမဟုတ်။ အဟွတ်... အဟွတ်...ဟွတ်” ဘွားမေစိုးရိမ်တကြီးမေးလိုက်ပေမယ့် လူလေးခင်ဗျာ မောနေ၍ ဘွားမေမေးသမျှ ပြန်မဖြေ နိုင်ရှာပဲ ရှိနေလေသည်။
“အဟွတ်...ဟွတ် လူလေး ဘွားရင်တုန်ပန်းတုန်ဖြစ်လိုက်တာကွယ် ဘာဖြစ်လာတာလဲ...အဟွတ်...ဟွတ် ပြော ပါဦးကွယ်”
“အဟွတ်...အဟွတ်”
“ဒီအိမ်က လူလေးတို့အိမ်ပါလားရှင်”
“ဟုတ်ပါတယ်ကွယ်...ဆရာမတို့ပါလား...ဘာကိစ္စများဖြစ်လို့ပါလဲရှင်...ကျွန်မမြေးကိုလည်း မေးတာမေးလို့ မရဘူး။”
”အဟွတ်...အဟွတ်”
“လူလေးအိမ်ပြန်ရောက်နေပြီလားရှင့်”
“ရောက်နေပါပြီ။ ဘာမှလည်းမေးလို့မရဘူး။ ဆရာမတို့မြင်တာနဲ့ အိမ်ထဲဝင်သွားတာပဲ”

“အဟွတ်...အဟွတ်...လူလေးရေ လူလေး လာပါဦးကွယ် ဒီမှာ မင်းတို့ဆရာမလည်း ရောက်နေတယ်”
“ဒီလိုပါ အဘွားရယ်။ ကျွန်မက လူလေးရဲ့ အတန်းပိုင်ဆရာမပါ။ ကျွန်မပိုက်ဆံအိတ် ဆွဲခြင်းအပေါ်ယံတင်ထား တာ ဧည့်သည်နဲ့စကားပြောပြီး ပြန်လာတော့ ကျွန်မပိုက်ဆံအိတ်မရှိတော့ဘူး။ ဒါနဲ့ အားလုံးရဲ့လွယ်အိတ်ကို ကျွန်မတို့စစ်ဆေးပါတယ်။ လူလေးက သူ့လွယ်အိတ်ကို အစစ်မခံဘဲ ထွက်ပြေးသွားလို့ပါရှင်။ ကျွန်မတခြား ဘာမှ ပြန်မလိုချင်ပါဘူး။ ပိုက်ဆံအိတ်ထဲမှာ လက်စွပ်တကွင်းပါသွားပါတယ်။ အဲဒါပဲ ပြန်လိုချင်တာပါရှင်”

“အဟွတ်...အဟွတ်...လူလေး...မင်း...မင်း...အဟွတ်...အဟွတ်...ဘွားဘာပြောထားလဲ။ ဘွားတို့မှာ ပိုက်ဆံ မချမ်းသာပေမဲ့ ကိုယ့်ကျင့်တရားနဲ့ စာရိတ္တကိုတော့ မပျက်စီးပါစေနဲ့လို့ မှာထားတယ်မှတ်လား။ ကဲဟယ်... ကဲဟယ်” ဘွားမေရှက်ဒေါသမထိန်းနိုင်တော့၍ လူလေးအား ရိုက်ပါတော့သည်။
“ဟီး..ဟီး သားမယူပါဘူး ဘွားရဲ့။ သားမယူဘူး ဟီး...ဟီး”
“ကလေးကို မရိုက်ပါနဲ့တော့ အဘွားရယ် ကျွန်မတို့ အေးအေးဆေးဆေးမေးကြတာပေါ့”ဟု ကျောင်းအုပ် ဆရာမကြီး ၀င်ဆွဲမှ ရိုက်တာရပ်လိုက်ပါသည်။ ဒါပေမဲ့ ရင်ထဲမှာတော့ အတော်ခံစားရပုံပဲ ဘွားမေခင်ဗျာ ငိုလို့ပေါ့။
“လူလေးမင်းမယူဘူးဆိုရင်လည်း လွယ်အိတ်ယူပြီး ဆရာမတွေကိုပြလိုက် သွားယူချေ”
“ဟီး...ဟီး...ဟီး ဟုတ်ကဲ့”

“ရော့ပါ ရှာကြပါကွယ်။ ကျွန်မညံ့လို့၊ ကျွန်မအသုံးမကျလို့ ဖြစ်ရတာပါရှင် အားလုံးကိုတောင်းပန်ပါတယ် အဟွတ်... အဟွတ်...ဟီး” ဘွားမေသည် ပြောရင်းငိုရင်းဖြင့် လွယ်အိတ်ကို ဆရာမထံကမ်းပေးလိုက်လေသည်။
“ဟင်”
“ဘာဖြစ်လို့လဲဆရာမ။ ပိုက်ဆံအိတ်တွေ့လား” ဆရာမကြီး လှမ်းမေးလိုက်ခြင်းပင်။
“မတွေ့ပါဘူး။ ဒါပေမဲ့...ဒီ...ဒီ”
“ဒါကျွန်မဆရာမကို သမီးနဲ့ပေးခိုင်းလိုက်တဲ့ ပန်းသီးမဟုတ်လား”
“လူလေး...မင်း”
“ဟီး...ဟီး...သား ဆရာမပိုက်ဆံအိတ်ကို မယူပါဘူး။ ဒါပေမဲ့ ဘွားက နေမကောင်းလို့ ဆရာဝန်တောင်မပြနိုင် ပါဘူး။ မနက်က ဘွားက ပန်းသီးစားချင်တယ်ပြောလို့ပါ။ သားတို့အနေနဲ့ ပန်းသီးဝယ်မစားနိုင်လို့ ဒီလိုလုပ် လိုက်မိတာပါ။ သားတောင်းပန်ပါတယ် ဘွားရယ်...ဟီး..ဟီး နောက်ကို သားဒီလိုမလုပ်တော့ပါဘူး။”
ကျွန်မရင်ထဲစို့နင့်စွာခံစားရလိုက်ပါသည်။ မြေးအဘွားနှစ်ယောက်ပင် မဟုတ်ပါဘူး။ ကျွန်မတို့ အားလုံးလည်း ထိုမြေးအဘွားကို ကြည့်ပြီး မျက်ရည်ကိုစီနဲ့ စကားမပြောနိုင်အောင် ခံစားကြရပါတယ်။ ကျွန်မတောင်းပန် ရမယ်။ မြေနိမ့်သူလှံစိုက်ဆိုတဲ့စကားလို ကျွန်မမြေနိမ့်ရာကို လှံစိုက်မိပြီလား။ ကျွန်မဘ၀မှာ ခုလို နောင်တမရ ဘူးသလို။ ခံလည်း မခံစားခဲ့ရဘူးပါ။

“ကျွန်မတောင်းပန်ပါတယ် အဘွားရယ် ကျွန်မလေ ဒီပန်းသီးကို အဘွားကို လှူခဲ့ချင်ပါတယ်။ ကျွန်မတို့ မဆင် ခြင်ဘဲ ပြောလိုက်မိတဲ့ စကားတွေအတွက်လည်း တောင်းပန်ပါတယ်။ ကျွန်မကို ခွင့်လွတ်ပါ”
“အဟွတ်....အဟွတ်...ရပါတယ်ကွယ် ဘွားတို့ကသာ မှားတာပါ။ ဘယ်ပစ္စည်းဖြစ်ဖြစ် သူများပစ္စည်းကို မသိဘဲ ယူရင် ခိုးတာပါပဲ။ သူခိုးပဲပေါ့...ဟင့်...ဟင့်”“ကျွန်မတို့ကို သွားခွင့်ပြုပါဦးရှင်”
ထိုအိမ်ကထွက်လာစဉ်မှာတော့ လူတိုင်းရင်ထဲမှာ စကားမပြောနိုင်အောင် အတွေးကိုယ်စီနဲ့ ပြန်လာကြပါတော့ တယ်။ ကျွန်မတို့အတွက် ဘယ်တော့မှ မေ့မရနိုင်တဲ့ အဖြစ်အပျက်လေးပါ။ အလင်းရောင်ဖျော့တော့နေတဲ့ ပိုးစုန်းကြူးကိုမှ ထပ်ပြီးမှေးမှိန်စေခဲ့မိပါလားဟု စဉ်းစားရင်း ၀မ်းနည်းကြေကွဲစွာဖြင့် ပြန်လာခဲ့ပါတယ်။

“ဆရာမ...ဆရာမ...ဆရာမပိုက်ဆံအိတ်
ကျောင်းအိမ်သာထဲမှာ ပြန်တွေ့ပြီ။”
“ဆရာမ...ဆရာမ”
“ဆရာမဘာဖြစ်သွားတာလဲကွ” “မသိဘူးလေကွာ”
ကျွန်မနားထဲတွင် ထိုအသံများသည် ပဲ့တင်ထပ်လို့ နေပါပြီ။ ကျွန်မလုပ်ခဲ့တဲ့ အပြုအမူဟာ သိပ်ကိုမှားသွားပြီ ဆိုတာ အချိန်လွန်ပြီးမှ သိလိုက်ရသောကြောင့်လည်း ကျွန်မကိုယ်ကျွန်မ သိပ်ကို ရွံ့မုန်းမိပါသည်။ ကျွန်မ ထိုအပြစ်အတွက် ကျွန်မပေးဆပ်ရဦးမည်။ ယခုဆိုလျှင် ကျောင်းတွင်သာမက သူတို့လေး၏ ပတ်ဝန်းကျင်တွင် သူတို့ကို ကဲ့ရဲ့ကြမည်၊ အထင်မြင်သေးကြမည်။ ပြီးတော့ သုံးတန်းကျောင်းသားလေးတဦးရဲ့ အဘွားအပေါ် ထားရှိတဲ့ သံယောဇဉ်၊ သိတတ်၊ နားလည်မှု ထိုအရာတွေအားလုံးသည် ကျွန်မလို ဘွဲ့ရကျောင်းဆရာမ တဦး၏ အသိဥာဏ်ထက်ပင် ပိုမိုမြင့်မြတ်ခဲ့သည်ကို သိရှိရ၍ ကျွန်မကိုယ်ကျွန်မလည်း သိပ်ရှက်မိပါသည်။ ကျွန်မ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချနိုင်ခဲ့ပါသည်။ ကျွန်မသည် ဆင်းရဲချို့တဲ့ပြီး ပညာရေးအခက်အခဲရှိနေသော ရွာများတွင် ဆရာမအဖြစ် သွားရောက်လုပ်ကိုင်ပြီး ကိုယ်တတ်နိုင်သလောက် ပံ့ပိုးကူညီမည်ဟု သံဓိဌာန်ချ လိုက်ပါသည်။ ဖျော့ပေမယ့်လည်း လင်းနေသော ပိုးစုန်းကြူးလည်းက ကျွန်မအား အလင်းရောင်တစ်ခုကို ကောင်းကောင်းပေးနိုင်ခဲ့ပါသည်။

စောင့်မျှော်ဖတ်ရှုပေးကြသော စာဖတ်သူများအားလုံးကို ကျေးဇူးတင်လျက်....

Wednesday, December 12, 2007

မှေးမှိန်ဖျော့တော့နေသော ပိုးစုန်းကြူး...၁

“အဟွတ်...အဟွတ်...အဟွတ်”
“ဘွားမေ...နေမကောင်းဘူးလား။ ကျွန်မဈေးသွားမို့ ဘာမှာဦးမလဲ”
“အဟွတ်...အဟွတ်”
“မမှာတော့ပါဘူးကွယ်။ အသက်ကကြီးလာတော့ ဒီလိုပဲပေါ့ မိအေးရယ်”
“ဘွားမေမြေးလေး မနိုးသေးဘူးလား။ ဒီနေ့သူတို့ကျောင်းမှာ အလှူရှိတယ်တဲ့။ ဆန်ပြုတ် ကျွေးမယ်ဆိုလားပဲ။ ပန်းကန်ယူသွားဖို့မေ့နေဦးမယ်”
“အေးပါကွယ်... ငါသတိပေးလိုက်ပါ့မယ်”
“ဈေးနောက်ကျနေတော့မယ်။ သွားပြီနော်အဘွား”
“အေး...အေး”

“အဟွတ်...အဟွတ်...လူလေး... လူလေး ထတော့ကွဲ့ ကျောင်းချိန်နီးနေပြီ”
“ဟုတ်ကဲ့ သားနိုးနေပါပြီ အဘွားရဲ့”
“အဟွတ်... အဟွတ်”
“ကျောင်းသွားဖို့မြန်မြန်သွက်သွက်လုပ်”
“အဟွတ်...အဟွတ်...ဝေါ့”
“အဘွား...မသက်သာဘူးလား”
“ဒီလိုပါပဲလူလေးရယ်။ အဘွားက အဟွတ်...ဟွတ် အသက်ကကြီးပြီဆိုတော့ ကိစ္စမရှိပေမဲ့ လူလေးကိုတော့ အဘွားစိတ်မချဘူးကွယ့်” “အဟွတ်...အဟွတ်...ဟွတ်...........”
“စိတ်ချပါအဘွားရဲ့ သားလိမ္မာပါတယ်။ သားကို ဆရာမက လိမ္မာတယ်လို့ ပြောတယ်ဘွားရဲ့”
“အဟွတ်...ဟွတ် အေးပါကွယ်... ကဲ ကျောင်းနောက်ကျနေမယ် သွားရေချိုးချေ” ဘွားမေတယောက်က သူ့မြေးလေး ပြေးထွက်သွားတာကို ကြည့်ရင်း မျက်ရည်တွေ ၀ိုင်းလို့နေပါတော့တယ်။ “အင်း...ငါ့မှာလည်း တနေ့နဲ့တနေ့ ရောဂါရဲ့တိုက်စားမှုဒဏ်ကို ခံနေရပြီ။ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်။ ငါသာမရှိတော့ရင် မိဘမရှိ၊ ဆွေမရှိမျိုးမရှိတဲ့ ငါ့မြေးလေးအတွက် ငါဘာလုပ်ရမလဲ။” အတွေးတို့မဆုံးခင်မှာဘဲ မြေးလေးပြန် ရောက်လာတယ်။

“ဘွား မသက်သာလို့လားဟင်၊ နေမကောင်းဘူးဆို ဆေးခန်းပြရအောင်လေ”
“ဘွားဘာမှမဖြစ်ပါဘူး လူလေးရယ်”
“ဘွား ဘာမှမဖြစ်ဘူးသာပြောတယ် ဘွားငိုနေတယ်”
“အသက်ကြီးလာတော့ ဒီလိုပဲ မျက်ရည်လို အရည်ကြည်တွေက အလိုလို ထွက်နေတတ်တယ်ကွယ့်”
“အဟွတ်...ဟွတ်...”
“အင်း ပန်းသီးလေးတလုံးစားရရင် သိပ်ကောင်းမှာပဲ”
“သား ကျောင်းသွားပီနော်ဘွား”
“အဟွတ်...ဟွတ်...”

“ကလောင်...ကလောင်...ကလောင်”
“ကဲ... ကလေးတို့ရေ ဒီနေ့ကျောင်းမှာ မွေးနေ့အလှူအတွက် ကြက်သားဆန်ပြုတ်တိုက်တဲ့ အလှူရှင်တွေ ကတော့ နှင်းပွင့်(ဘလော့ဂ်ဂါမဟုတ်ပါ)တို့မိသားစုပဲဖြစ်တယ်။ သားတို့သမီးတို့က အလှူရှင်တွေအတွက် ဆုတောင်းပြီးမှ စားကြနော်”
“ဟုတ်ကဲ့ပါ ဆရာမ”
“ဆရာမ”
“သြော်...သမီး”
“မေမေက ဆရာမအတွက် ပန်းသီးပေးလိုက်တာပါဆရာမ”
“အေး..အေး ကျေးဇူးတင်ပါတယ်လို့ ဆရာမပြောတဲ့အကြောင်း သမီးအမေကို ပြောလိုက်နော်”
“ဟုတ်ကဲ့ ဆရာမ” ကျောင်းသား/သူများအားလုံး ထုံးစံအတိုင်း စာမသင်ရတော့ လွတ်လွတ်လပ်လပ် ဆော့တဲ့သူက ဆော့၊ စားတဲ့သူက စားနေကြလေသည်။ ထိုအချိန်တွင် နှင်းပွင့်တို့ မိသားစုနှင့် ဆရာမစကား ပြောပြီး အတန်းထဲသို့ ပြန်ဝင်လာသည်။

“ဟင်...ကျွန်မပိုက်ဆံအိတ်မရှိတော့ဘူး”
“ဘာဖြစ်တာလဲဆရာမ”
“ကျွန်မပိုက်ဆံအိတ် ခြင်းတောင်းပေါ်တင်ထားတာ ခုမရှိတော့ဘူး”
“ဘယ်လိုလုပ်မလဲ ဆရာမ”
“ကျွန်မပိုက်ဆံအိတ်ထဲမှာ ကျွန်မအမေပေးထားတဲ့လက်စွပ်တကွင်းပါတယ်။” ပြောနေရင်းနှင့် ဆရာမမျက်နှာ ပြင်တခုလုံး နီမြန်းလျက် မျက်ရည်စတို့တွေ့လိုက်ရလေသည်။
“ဘာဖြစ်ကြတာလဲ”
“ဆရာမပိုက်ဆံအိတ်ပျောက်သွားလို့ပါ ဆရာမကြီး” အတန်းထဲသို့ဝင်လာသော ကျောင်းအုပ်ဆရာမကြီးအား နှင်းပွင့်အမေက ၀င်ပြောလိုက်သည်။ ကျောင်းအုပ်ဆရာမကြီးက
“ကျောင်းသား/သူအားလုံး အပြင်လုံးဝမထွက်ဘဲ ကိုယ့်နေရာမှာကိုနေကြပါ။ မင်းတို့ဆရာမပိုက်ဆံအိတ် ပျောက်သွားလို့ မင်းတို့ပစ္စည်းတွေကိုထုတ်ထားပါ။” တတန်းပြီးတတန်းရှာလာလိုက်တာ လူလေးထိုင်တဲ့ အတန်းကို ရောက်လာပါတယ်။ ဆရာမတွေစစ်လာတာနီးလာလေ လူလေးချွေးပြန်လာလေပါပဲ။ လူလေးတို့ အတန်းကို ဆရာမကြီးက ပစ္စည်းတွေရှာဖို့ရောက်လာတယ်။ လူလေးလည်း ချွေးတွေပြန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်။
“လူလေး မင်းလွယ်အိတ် ဆရာမကြီးကိုပေး”
“သားမယူထားပါဘူးဆရာမကြီး”
“ယူယူ၊ မယူယူ ဆရာမကြီးတို့က တာဝန်အရစစ်ရမှာပဲ”


ဆက်ရန်...
သည်းခံပြီးစောင့်မျှော်ပေးကြပါဦးနော်...

Tuesday, December 11, 2007

မေးသင့်တယ်

တနေ့သ၌ သားအဖနှစ်ဦးသည် ခြံထဲတွင် သန့်ရှင်းရေးလုပ်ရင်း အဖေလုပ်သူလုပ်သည်ကို သားဖြစ်သူက သေချာလိုက်ကြည့်ရင်း
သား - ဖေဖေ သားမသိလို့ နည်းနည်း မေးလို့ရမလားဟင်။
ဖေဖေ - မေးလေသားရဲ့။

သား - ဒီမှာကခိုများ အစာကျွေးသည့်နေရာ၊ ဒီမှာကစာကလေးများ အစာကျွေးသည့် နေရာဆိုပြီး ဖေဖေရေးထားတာတွေ့လို့ပါ ဖေဖေ ခိုတွေ၊ စာကလေးတွေက စာဖတ်တတ် လားဟင်။
အဖေခင်ဗျာမှာ ဘာဖြေလို့ဖြေရမှန်းမသိဘဲ ပါးစပ်အဟောင်းသားနဲ့ မတ်တတ်မေ့သွားလေ သတည်း။

Monday, December 10, 2007

မီးလေးနဲ့ ဒုက္ခပေါင်းများစွာ

သြော်...ဒုက္ခ...ဒုက္ခ

မီးလေးမှမဟုတ်ပါဘူး လူတိုင်းလူတိုင်းခံစားရမယ်ထင်ပါတရ်။ မနေ့က Seminar တခုမှာ MC လုပ်ပေးဖို့ရှိလို့ ကမန်းကတန်း အပြေးအလွှား ရေချိုးမယ်လည်း လုပ်ရော အေးစက်နေတဲ့ရေက ကျနေတဲ့ မြူတွေကို ပြောင်နေ သယောင်.... ဒါနဲ့ အချမ်းပြေအောင် ရေတင်ပြီးချိုးမယ်ဆိုပြန်တော့လည်း မီးကပျက် တော်သေးရဲ့ ညက ရေတင်ထားလို့ နို့မဟုတ်ရင် ခ်ျိုးစရာရေတောင်ရှိမှာမဟုတ်ဘူး။ နောက်ဆုံးတော့လည်းရှိတဲ့ ရေပဲချိုးရတော့ တာပေါ့။
ဆောင်းတွင်းနံနက်ခင်းမှာ မီးမလာလို့ ညသိပ်ရေကို ချိုးရတဲ့ဒုက္ခ...

Seminar က ပြန်ထွက်လာတော့ နေ့လည် တစ်နာရီ တီးပြီးပြီလေ။ မနက်ပိုင်းမီးပျက်ရင် နေ့လည် ၁၁နာရီ မီးပြန်လာမှာကိုး။ အိမ်အပြန်မှာ အိမ်ရောက်ရင် ဘယ်ကားကြည့်ရင်ကောင်းမလဲပေါ့။ အိမ်တောင်မ၀င်ရ သေးဘူး တလမ်းလုံးတိတ်ဆိတ်နေတာပဲ။ နို့မဟုတ်ရင် တနင်္ဂနွေနေ့လည်ဆို အိမ်တိုင်းက မြန်မာအသံဖွင့်လို့ ရုပ်ရှင်လာသံကြားနေကြလေ။ အိမ်လည်းရောက်ရော မီးမလာသေးဘူးတဲ့။ မေမေက မီးလေး ရေချိုးသွားတာ ရေကုန်ကာနီးနေပြီမို့ သူတောင် ရေမချိုးရသေးဘူးတဲ့လေ။ ဘယ်လိုဖြစ်တာတုန်း ၁၁နာရီထိုးလာရမှာ။ စိတ်ကိုဒုန်းဒုန်းချပြီး တီဗွီမကြည့်ရလည်း MP3နားထောင်မယ်ဆိုပြီး earphoneကို နားမှာတပ်ပြီး ဖွင့်လိုက် ရင်ပဲ ဘာသံမှ မကြားရဘူး။ ဘာဖြစ်တာလဲပေါ့ သေချာလည်း ကြည့်လိုက်ရော charging ကုန်သွားတော့ ဒေါင်း သွားပြီလေ။ စိတ်ပျက်လက်ပျက်နဲ့ပဲ ကုတင်ပေါ်လှဲချလိုက်တာ အိပ်ပျော်သွားပါလေရော။
မီးမလာရင် သိပ်ပျင်းစရာကောင်းတာပဲ ဘာမှလုပ်လို့မရတဲ့ဒုက္ခ...

အိပ်ရာကနိုးတော့ ၄နာရီထိုးပြီးသွားပြီ မီးလာလားလို့ ကမန်းကတန်း မီးဖွင့်ကြည့်လိုက်တော့ ၀မ်းနည်းစရာ ကောင်းစွာပဲ မီးကလင်းမလာခဲ့။ တီဗွီရှေ့ကိုရောက်တော့ မီးမလာတာ ငါအနားရတယ်ကွလို့ လှောင်နေသ ယောင်။ ဒါနဲ့ မျက်နှာသစ်၊ အပြင်ထွက်ပြီး မုန့်စား၊ လုပ်စရာမရှိတော့ အိမ်လျှောက်လည်တာပေါ့။ ညနေ ၆နာရီ ၁၀မိနစ်မှာမီးပြန်လာတယ်။ ဒါနဲ့ အဒေါ်အိမ်ကနေ အိမ်ကို အပြေးအလွှားပြန်လာတာပေါ့။ မီးလေးတို့အိမ်နဲ့က မျက်စောင်းထိုးပါ။ အိမ်ပေါ်ရောက်ရောက်ချင်း ရေအရင်တင်မယ်ဆိုပြီး ပလတ်ထိုးရုံပဲရှိသေးတယ် မီးပျက်သွား ပါလေရော။ နေ့လည် ၁၁နာရီလာရမှာ ညနေ၆နာရီကျော်မှလာတယ်။ လာတောင်မလာသေးဘူး ပြန်ပျက်သွား တယ် ဘယ်လောက်ဒေါသထွက်ဖို့ကောင်းလဲ။ အပြင်မှာ ဆူညံဆူညံအသံကြားလို့ထွက်ကြည့်တော့။ မီးလေး တို့နားက အိမ်တွေပဲပျက်တာ တစ်လမ်းလုံးအကုန်လာပြီး မီးလေးတို့နားပဲ ပျက်တာဆိုတော့ ခဏစောင့်ကြည့် လိုက်တယ်။ နောက်မနေနိုင်တဲ့အဆုံး EPC ကို ဖုန်းဆက်ရတော့တာပေါ့။ လေးခါလောက်ဆက်ပြီးမှ ၆နာရီ ၅၀မှာ မီးပြန်လာတယ်။ ဖြူးစ်ပျက်သွားလို့ပါတဲ့ မီးလေးသာ မဆက်ရင် သူတို့လည်း စစ်ဖြစ်မှာ မဟုတ်ဘူး။ ဒါဆို ဘယ်အချိန်ထိအောင် ပျက်မလဲမသိဘူး။ ဒါနဲ့ မီးပြန်လာတော့ EPCရုံးကို ပြန်ဆက်ရတာပေါ့။ ကျေးဇူး တင်ကြောင်း ဘာညာသာတကာပေါ့။
မီးပျက်တိုင်း EPCကို ခဏခဏဆက်ရတဲ့ ဒုက္ခ... မီးလေးကို သူတို့တွေ အသံတောင် မှတ်မိနေလောက်ပြီ... :)

ဒီနေ့မနက် ရုံးသွားဖို့ အိပ်ရာကထတော့ ထုံးစံအတိုင်း မီးကပျက်နေလေရဲ့ အမှန်ဆို ဒီနေ့မနက်က လာရမယ့် အလှည့်ပါ။ ဒါနဲ့ပဲ သွေးပူလေ့ကျင့်ခန်းလုပ်ပြီး အေးစက်နေတဲ့ရေကို အံတုချိုးပြီး ရုံးကို ထွက်လာခဲ့တယ်။ ရုံးရောက်ရောက်ချင်းပဲ ဘလော့ဂ်ကို သွားမယ်ဆိုပြီး ဖွင့်လိုက်တာ Fail connectတဲ့ ကိုင်း ဘာလုပ်သင့်သလဲ။ တော်ကြာနဲ့ ကွန်နက်ရှင် ပြန်ရပြန်ပြီ ၀င်လိုက် ပြုတ်လိုက်နဲ့ သံသရာလည်နေတာ ခုညနေထိဆိုပါတော့။ ဘလော့ဂ်မရပြန်တော့လည်း တော့ပ်ရတော့ သယ်ရင်းတွေနဲ့ လေပစ်မလားအောက်မေ့တယ်။ စာရိုက်လိုက် စာတွေအနီပြောင်းသွားလိုက် ဘာလဲဟပေါ့ ကျေးဇူးရှင်ကွန်နက်ရှင်က connection ဆိုပြီး ခဏခဏ ပြန်လုပ်နေလေရဲ့။
ကွန်နက်ရှင်ခဏခဏပြုတ်သွားလို့ စိတ်ညစ်ရတဲ့ဒုက္ခ...
ဘလော့ဂ်အိမ်လေးကို မသွားနိုင်တဲ့ဒုက္ခ...

ညလေးက မီးလေးtagထားတာ ဖြေပြီးပြီဆိုလို့ သွားကြည့်ပါတယ်။ သူကော်ဖီစက်ဝယ်ထားတယ် သောက် သွားပါဦးဆိုတော့ ထုံးစံအတိုင်း သောက်တာပေါ့ ပြီးလဲပြီးရော ငိုရမလို၊ ရီရမလို ဖြစ်ပြီးပြန်လာရတာ။ သူဝယ် ထားတဲ့ ကော်ဖီစက်က ဒီမှာ လူတိုင်းသွားသောက်နိုင်တယ်နော်။ အကြွေစေ့မပါမှာစိုးလို့။ အဆင်သင့် လုပ်ပေး ထားတယ်။ သူကပေးထားတာ။ ကြိုက်သလောက် သောက်နိုင်အောင်တဲ့။ နောက်ပြီး ကောင်းမကောင်း ပြောသွားပါဦးတဲ့ ဟင့်ဟင့်ဟင့်။ ကိုအောင်မျိုးကတော့ ပါဆယ်တောင် စွဲသွားတယ်ဆိုပဲ။
ငိုရမှာလား၊ ရီရမှာလား၊ မြိုပဲချရတော့မလား၊ ထွေးပဲထုတ်ရတော့မလားနဲ့ ခံရခက်တဲ့ဒုက္ခ... ချိတ်ချိုးနဲ့နော် နောက်တာ
သယ်ရင်းတွေရဲ့ စီပုံးမှာ ခြေရာချန်မယ်ဆိုပြီး စာရိုက်ထည့်လိုက်ရင်ဖြင့် connectionပြုတ်ပြုတ်သွားလို့ ခြေရာချန်မရတဲ့ဒုက္ခ...
အင်း ဒီဒုက္ခများစွာကို ဘယ်တော့များမှ လွတ်မြောက်နိုင်မှာပါလိမ့်...
ကူညီနိုင်မယ့်သူများရှိရင် ကူညီကြပါဦး........

Friday, December 7, 2007

ပညာရှိဗန်းမော်ဆရာတော်

မနေ့က ပို့စ်ရာပြည့်ကျွေးဖို့ တယောက်တည်းပြင်ဆင်၊ ပြီးတော့ ဧည့်ခံရတာနဲ့ အားလုံးလဲပြီးရော မောမောနဲ့ အိပ်ပျော်သွားလိုက်တာ မျက်လုံးဖွင့်ကြည့်တော့ မိုးတောင်လင်းနေပြီပဲ...

ဒီပို့စ်လေးက မီးလေး ဘာသာပြန်သင်တန်းတက်တုန်းက ဘာသာပြန်ရတဲ့ စာပိုဒ်လေးပါ။ အမှတ်တရအနေနဲ့ ပြန်လည်ရေးသားဖော်ပြခြင်းပဲဖြစ်ပါတယ်။ ကဲ... စပြီနော်

မင်းတုန်းမင်းလက်ထက်မှာ ကိုးကွယ်တော်မူတဲ့ ဆရာတော်တပါးရှိလေသည်။ ထိုဆရာတော်သည် စကားအရာ ၌ လိမ္မာပါးနပ်ပြီး တရားဟောလည်းကောင်းလေသည်။ ထိုဆရာတော်မှာ ဗန်းမော်ဆရာတော် ဖြစ်လေသည်။ ထိုခေတ်က ဗန်းမော်ဆရာတော်အပြင် ထိုနည်းတူဆရာတော်တပါးလည်းရှိလေရာ ထိုဆရာတော်မှာ ထွဋ်ခေါင် ဆရာတော်ဖြစ်လေသည်။ ထိုဆရာတော်နှစ်ပါးတို့သည် စကားပရိယာယ်ကြွယ်ဝကြသဖြင့် တပါးနှင့်တပါး စကားနာထိုးတက်ကြလေသည်။


တနေ့သ၌ ဗန်းမော်ဆရာတော် သီတင်းသုံးရာ ကျောင်းပေါ်သို့ ဖွတ်ကြီးတကောင်တက်လာလေသည်။ ဒါနဲ့ ကပ္ပိယကြီးကို ဤသို့လှမ်းခေါ်သောအခါ
ဗန်းမော် ။ ကျောင်းပေါ်ကို ဖွတ်ကြီးတကောင်တက်လာလို့ မသတ်ကြနဲ့နော် မီးဖိုထဲမှာ ဟင်းခတ်အမွှေး အကြိုင်အကုန်ရှိတယ်။ မသတ်ကြနဲ့နော် မီးဖိုထဲမှာ ဟင်းခတ်အမွှေး အကြိုင်အကုန်ရှိတယ်။ မသတ်ကြနဲ့နော် မီးဖိုထဲမှာ ဟင်းခတ်အမွှေး အကြိုင်အကုန်ရှိတယ်။
ဗန်းမော်ဆရာတော်၏ အကြောင်းကို သိပြီးသားဖြစ်သော ကပ္ပိယကြီးက ဖွတ်ကြီးကိုသတ်ပြီး ဆွမ်းစားဆောင် တွင် သွားချက်လေသည်။ ဖွတ်သားဟင်း ချက်နေစဉ်မှာပင် ဆရာတော်သည် ဟင်းနံ့ရရုံဖြင့်ပင် စားချင်နေ လေသည်။ ဖွတ်သားဟင်းကျက်တာနှင့် ဆွမ်းစားချိန်တောင် မစောင့်နိုင်ဘဲ ဆွမ်းဘုဉ်းပေးလေသည်။

ထိုအခြင်းအရာကို သိသူမှာကား ထွဋ်ခေါင်ဆရာတော်ဖြစ်လေသည်။
ထွဋ်ခေါင် ။ ဆရာတော်တို့များ ဖွတ်သားဟင်း ကြိုက်သလားဆို ဆွမ်းဘုဉ်းချိန်တောင် မစောင့်နိုင်အောင် ကြိုက်တာပဲကိုး
ဟု ပြောလိုက်သောအခါ
ဗန်းမော် ။ တို့များက လတ်ဆတ်တဲ့ ဖွတ်သားဟင်းကိုပဲ ကြိုက်တာ သူများလို သီလရှင်သားတော့ မကြိုက်ပေါင်
ဟု ချေပပြောဆိုလိုက်လေသည်။

(ထိုစဉ်အခါက ထွဋ်ခေါင်ဆရာတော်သည် သီလရှင်စာသင်တိုက်ဖွင့်ထားလေသည်။)

Thursday, December 6, 2007

ပို့စ်တရာပြည့် အထိမ်းအမှတ်

မီးလေးဘလော့ဂ် ပို့စ်၁၀၀ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ဘာလုပ်ရမလဲဆိုပြီး စဉ်းစားနေတာကြာပြီ။ နောက်ဆုံး တရုတ်အစားအစာနဲ့ကျွေးမယ်လို့စီစဉ်ပြီး ခုလိုအပြေးအလွှားစီစဉ်လိုက်ရတယ်။ တယောက်တည်းဆိုတော့ သိတယ်ဟုတ် စုံစုံလင်လင် သိပ်မဖြစ်တာတော့ခွင့်လွတ်နော်။ အ၀စားရုံမက ပါဆယ်ထုပ်သွားလည်း ရတယ်နော်။

အီသွားပီလား အချိုပွဲစားလိုက်ဦးနော်...

Monday, December 3, 2007

မီးလေးနဲ့ ဘလော့ဂ်

ကိုပီကေက လက်ဦးမှုယူပြီး tag ထားလေရဲ့... အကြောင်းအရာလေးကတော့ ကျွန်တော့်နှင့် ဘလော့ဂ်တဲ့...
မီးလေးရဲ့ ဘလော့ဂ်လေးကို ၂၀၀၇ခုနှစ် သြဂုတ်လ ၂၁နေ့မှာ စတင်ဖန်တီးခဲ့ပါတရ်... ရေးချင်တရ်... ဒါပေမဲ့ ဘယ်လိုရေးရမှန်းမသိဘဲ ရောင်လည်လည်နဲ့ ဘလော့ဂ်တွေကို လျှောက်သွားဖြစ်ခဲ့ပါတရ်... မီးလေး ဘလော့ဂ် အဖွင့် ပို့စ်လေးက အင်္ဂလိပ်ဘာသာနဲ့ ဟာသပို့စ်လေးတခု စရေးဖြစ်ပါတရ် (အမှန်က မြန်မာလို မရေးတတ်လို့ပါ)

မီးလေး ဘလော့ဂ်လုပ်ဖို့ စဉ်းစားဖြစ်လိုက်တာကတော့ သြဂုတ်လ ၃ရက်နေ့ထုတ် ကုမုဒြာဂျာနယ်မှာ “ဖြူစင် ရိုးသားစွာ ဘလော့ဂ်တွေနဲ့ ရင်းနှီးကြမည်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆရာဦးကျော်ရင်မြင့် ရေးသားထားတဲ့ ဆောင်းပါးလေးကို ဖတ်မိထဲက ဘလော့ဂ်ဆိုတာကို စိတ်ဝင်စားခဲ့တရ်... ရင်းနှီးချင်ခဲ့တရ်... ကိုယ်လည်း ရေးမရ် ဆိုတဲ့ စိတ်ဝင်ခဲ့ပါတရ်... ဒီလိုနဲ့ ဂျာနယ်မှာ ပါတဲ့ မမမြလွှာရဲ့ လင့်ကိုသွားရောက် လည်ပတ်ခဲ့ပါတရ်... စီပုံးထဲမှာ လာအော်ထားတဲ့ သူတွေဆီကို သွားရောက်လည်ပတ်ရင်း ဘလော့ဂ်လေးနဲ့ ရင်းနှီးကျွမ်းဝင်စပြု လာပါတရ်... အမှန်တိုင်း ၀န်ခံရရင် လူငယ်တွေ ဘလော့ဂ်ကို ဒီလိုတွေရေးနေကြတရ်... ကိုယ်ဖန်တီးချင်တဲ့ အရာတွေ... ကိုယ်ချပြချင်တဲ့အရာတွေ... စိတ်ကူးရင် ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ရေးသားနိုင်တဲ့ ဒီလိုဘလော့ဂ်မျိုးရှိတရ်ဆိုတာ မသိရိုးအမှန်ပါ...


ဒီလိုနဲ့ မီးလေးရဲ့ မေးလ်အကောင့်ကနေ ဘလော့ဂ်လေးတစ်ခုဖန်တီးလိုက်တရ်ဆိုပါတော့... အဲမှာ စတွေ့ တာပဲ... အခက်အခဲကို ပြောတာပါ... မီးလေးလုပ်မရ်ဆိုတော့လည်း မြန်မာလို ဘယ်လိုရေးရမရ်ဆိုတာ မသိခဲ့ဘူး... ဒီတော့ ကိုယ်ကလည်း ခုမှစလုပ်တာဆိုတော့ အကူအညီမတောင်းရဲခဲ့ဘူးဆိုပါတော့... ဘယ်သူ့ အကူအညီတောင်းရမှန်း မသိတာလဲပါတရ်... မြန်မာစာကို Word ထဲမှာ ရိုက်ပြီးတင်ကြည့်တရ်... ဒါပေမယ့် လေးထောင့်တုံးတွေပဲ ပေါ်တရ်... ဒါနဲ့ လွဲနေပြီဆိုတာ သိတရ် ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... နောက်စီပုံးကို သူများလိုလုပ်ချင်တရ်... ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... ဒါနဲ့ မမမြလွှာဆီကို သွားပြီး စီပုံးအောက်က Get a Cboxကနေ သွားကြည့်တရ်... Account ဖွင့်တရ်... ရသွားပေမဲ့ ဘယ်လိုထည့်ရမှန်းမသိဘူး... ဒါနဲ့ စမ်းကြည့် တရ် ကြည့်ရင်းနဲ့ ရသွားတရ်ဆိုပါတော့... ရပြီးပြီးချင်းပဲ စီနီယာတွေကို လာကြည့်ဖို့ ဖိတ်ခဲ့တရ်... မီးလေး ဘလော့ဂ်အတွက် အမှတ်တရလေးအဖြစ် ကူညီခဲ့တာကတော့ ကိုလီယိုဂျက်ပဲဖြစ်ပါတရ်... သူက မီးလေးကို မြန်မာဖောင့် ဘယ်လိုလုပ်ရမယ်ဆိုတာမျိုး ပြောပြတရ်... လင့်တွေပေးတရ်... လိုအပ်တာ သိချင်တာတွေ မေးဖို့ အီးမေးလ်ပေးခဲ့တရ်... ဒီလိုနဲ့ မြန်မာစာ အဆင်ပြေစပြုလာတရ်ဆိုပါတော့... ဒါပေမဲ့ စာဖတ်သူတွေ အနေနဲ့ မြန်မာစာ ဖတ်မရတဲ့ ပြဿနာ ခဏခဏကြုံနေရဆဲပါပဲ... မလုပ်တတ်တော့ အခက်အခဲ အများကြီးနဲ့ ကြုံခဲ့ရပါတရ်... ဒါပေမဲ့ စိတ်မပျက်ခဲ့ပါဘူး... စိတ်ရှည်လက်ရှည်နဲ့ မီးလေးရဲ့ ဘလော့ဂ်လေးကို တဖြည်းဖြည်း ပြင်ယူခဲ့ပါတရ်...

နောက်ပိုင်းမှာတော့ ကိုရန်အောင်က ဘလော့ဂ်အတွက် အကူအညီပေးနေတရ်လို့ တခြား ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်ရပါတရ်... ဒါနဲ့ ကိုရန်ဆီကလည်း ကိုယ်လုပ်ချင်တာလေးတွေ ရှာပီး ပြင်ကြည့်ခဲ့ပါတရ်... တခြား ဘလော့ဂ်တွေ သွားလည်ရင်းနဲ့လည်း ကိုယ်လိုချင်တာလေးတွေရှိရင် လင့်တွေယူပြီး ပြင်ခဲ့ရပါတရ်... မီးလေး အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေက အများကြီးဆိုပါတော့... ဒီလိုနဲ့ Why do we blog? Seminar လုပ်မရ်ဆိုပြီး အစည်းအဝေးလုပ်ကြတရ်... ပြင်ဆင်ကြတရ်... မီးလေးလည်း seminar တက်ချင်ပေမဲ့ တက်ဖို့ အခွင့်အရေး၊ အချိန်မရခဲ့တာတွေကြောင့် မတက်ဖြစ်ခဲ့ဘူး... စိတ်ကတော့ တအား တက်ချင်ခဲ့တရ်... ဒါနဲ့ပဲ တက်တဲ့သူတွေတင်တဲ့ ပို့စ်၊ ဓာတ်ပုံတွေကိုကြည့်ပြီး အားကျခဲ့ရတရ်ဆိုပါတော့... နောက်ပိုင်းဘာစဖြစ်လဲ ဆိုတော့... seminar နဲ့ ပတ်သက်ပြီး မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ဖြစ်ကြပြန်ရော... မီးလေး အဲဒီ့အထိ ရန်ကုန်ဘလော့ဂ်ဂါတွေနဲ့မရင်းနှီးခဲ့သေးပါ... ခွဲခြားခြင်းမဟုတ်ပါ... မမမြလွှာက မန္တလေးက ဆိုတော့ သူမဘလော့ဂ်ကို လာတဲ့သူတွေ အများစုက အဲနယ်က ဖြစ်နေတာကြောင့် မီးလေးသွားလည်တဲ့ သူတွေမှာ ရန်ကုန်ကရေးတဲ့သူတွေနဲ့ မသိခဲ့ပါဘူး... ရန်ကုန်မှာနေတဲ့သူတွေက သိပ်မရေးကြဘူးလို့ ထင်နေခဲ့တာ... မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ပြဿနာဖြစ်ကြတော့မှာ ရန်ကုန်မှာ seminar လုပ်မှန်းသိခဲ့ရတရ်၊ လင့်ရခဲ့တရ်၊ ဒီလိုနဲ့ ရန်ကုန်က စာရေးသူ ဘလော့ဂ်ဂါတွေနဲ့ ရင်းနှီးခဲ့တရ်ဆိုပါတော့... မီးလေးက ဘယ်ကဘလော့ဂ်ဂါဆိုတာမျိုး ခွဲခြားတာ မဟုတ်ပါဘူး... ဘယ်ကဘလော့ဂ်ဂါဖြစ်ဖြစ် အားလုံး ဒီဘလော့ဂ်ကိုပဲ ရေးကြသူမို့ ဘလော့ဂ်ဂါကို ဘလော့ဂ်ဂါလို့ပဲ မြင်ပါတရ်...

မီးလေးရဲ့ အချိန်တွေအကုန်လုံးကို ဘလော့ဂ်လေးက သိမ်းပိုက်သွားခဲ့ပါတရ်... တလောကတောင် ရောဂါပိုး စစ်ကြည့်ကြသေးတရ်လေ... တဦးနဲ့တဦး မမြင်မတွေဖူးကြပေမဲ့ အချင်းချင်း ၀ိုင်းဝန်းကူညီတတ်တဲ့ ချစ်စရာ စိတ်ထားလေးတွေက နွေးထွေးမှုကို ကိုယ်တိုင်ခံစားခဲ့ရလို့ ဒီဘလော့ဂ်လေးကို မီးလေး ဒီတသက်ခွဲနိုင်မှာ မဟုတ်တော့ပါ... အခြေအနေအရပ်ရပ်ကြောင့် မရေးဖြစ်တော့သည်ပဲဖြစ်စေ၊ ဘလော့ဂ်လေးကို ဖျက်လိုက် ရသည်ဖြစ်စေ၊ မီးလေးဘ၀အတွက် ဒီအချိန်တွေဟာ တသက်လုံးအတွက် အမှတ်ရစရာလေးတွေ ဖြစ်နေမှာတော့ အမှန်ပါပဲ... မီးလေး ဘလော့ဂ်ဖြစ်မြောက်အောင် အဖက်ဖက်က ၀ိုင်းဝန်းကူညီကြသော ညီအစ်ကို မောင်နှမများ၊ မီးလေးဒီပို့စ်မှာ နံမည်မပါသော်လည်း ကူညီပံ့ပိုးပေးခဲ့ကြသော ညီအစ်ကို မောင်နှမများ(နံမည်ရေးရင် ရှည်နေမည်ဆိုး၍)၊ မီးလေးကို အမြဲထောက်ခံအားပေးနေတဲ့ ချစ်ရတဲ့သူ၊ အရေးကြီးဆုံးနဲ့ ကျေးဇူးအတင်ဆုံးကတော့ မီးလေးရဲ့ဆရာ(တနည်းအားဖြင့် ဘော့စ်)ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း၊ အချိန်ပြည့်ဘလော့ဂ်နှင့် အချိန်ကုန်နေပေမဲ့လည်း ဘာမျှမပြောဘဲ လက်ခံပေးခဲ့တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတရ်...

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးတင်လျက် ဒီပို့စ်နဲ့ ဂါရ၀ပြုလိုက်ပါတရ်...

Saturday, December 1, 2007

ပျားရည်ဆမ်းခရီးသွားချင်လား...


ဟန်းနီးမွန်း ထွက်ရင်သတိထားနော်...




Tuesday, November 27, 2007

ကြားဖူးခဲ့သမျှ...

ဒီပို့စ်လေးက မီးလေး သူငယ်ချင်းတဦးကို ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတရ်။ သိပ္ပံခေတ်ဖြစ်ပေမယ့်လည်း တချို့အရာတွေက မယုံနိုင်စရာ ကြုံတွေ့တတ်တရ်ဆိုတာ ပြောပြချင်တာပါ။ ယုံခြင်း၊ မယုံခြင်းနဲ့မဆိုင်ပါဘူး။ ဗမာတွေမို့ ဟိုဟာလည်း အယူသည်းလိုက်၊ ဒီဟာလည်း အယူသည်းလိုက်လို့ တချို့ကထင်ကြပါတရ်။ ပြောမယ်ဆိုရင် အကောင်အထည်မပြနိုင်တဲ့ ကိစ္စတွေကိုတော့ ပြောရတာခက်တရ်။ ဒါပေမဲ့ကြုံတဲ့သူက တကယ်ကြုံရပါတရ်။ ကိုရန်အောင် သရဲအကြောင်း tagတုန်းကတော့ သရဲလိုက်ခံရတဲ့အကြောင်း ပို့စ်တင်ထား ဖူးပါတရ်။ ဒီတစ်ခါကတော့ သရဲလိုက်တဲ့အကြောင်း မဟုတ်တော့ပါဘူး။ ရက်လည်ပြီးတဲ့နေ့ရဲ့ ည၁၂နာရီမှာ သေဆုံးသူ အိမ်ပြင်ထွက်တရ်ဆိုတာကို မီးလေးသူငယ်ချင်းက သူ့အယူအဆနဲ့ သူရှိတာပါ။ ဟုတ်မဟုတ် ဘယ်သိမလဲတဲ့။

အဲဒီဇာတ်လမ်းအစက မီးလေးတို့ နောက်လမ်းကအိမ်မှာ နာရေးတစ်ခုဖြစ်တရ်။ မီးလေးတောင် အသုဘ လိုက်ပို့လိုက်သေးတရ်။ သေဆုံးသူရဲ့သားက အိမ်နှစ်အိမ်ရှိတရ်။ ရပ်ကွက်တော့မတူဘူး။ နည်းနည်းလှမ်းတရ်။ အသုဘချတဲ့နေ့ကလည်း အိမ်နှစ်အိမ်လုံး ကားစီစဉ်ထားတရ်။ ဒီအထိက တော်တော်များများ ဖြစ်တတ်လို့ ဘာမှမဖြစ်ကြသေးဘူး။ ရက်လည်ကို နှစ်အိမ်လုံးမှာ ကျွေးမှာဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ အိမ်ရှင်အနေနဲ့ လည်း ဧည့်ခံရတာလူခွဲရမရ်။ သေတဲ့သူကကော ဘယ်အိမ်မှာ တရားနာမှာလဲ။ မီးလေးတို့က အဲမှာ စခန်းထ တာ။ မီးလေးက ည၁၂ကျရင် ဘယ်အိမ်က ထွက်မလဲမသိဘူးလို့ ပြောမိလိုက်တရ်။ မီးလေး သူငယ်ချင်းက မဆိုင်ပါဘူး။ ကိုယ့်အယူနဲ့ဘဲဆိုင်တရ်တဲ့။ သူပြောတော့လဲ မှန်ပါတရ်။ ဘာလို့လဲဆိုတော့ တရုတ်မို့ပါ။ သူတို့က အိမ်မှာ မွေးထားတာကိုး(မှားတာရှိ ၀န်တာမိပါ)။ ဒါကြောင့် တစ္ဆေကြီး ရှိခိုးတရ်ဆိုပြီး သေဆုံးသွားတဲ့ အဘိုးအဘွားတွေကို ကန်တော့တဲ့ရက်ရှိပါတရ်။ ဗမာတွေကတော့ အိမ်တွင်းအဖေကြီးရှိတရ်။


ဒါကြောင့် သေသွားတာနဲ့ အိမ်တွင်းအုန်းကို စွန့်ကြတဲ့။ ဒါမှ အိမ်ထဲကို ၀င်ထွက်နိုင်တာတဲ့လေ။ သေတဲ့သူ ကလည်း ရက်လည်တဲ့နေ့မှ သူသေသွားပြီဆိုတာ သိတရ်လို့ ဆိုလိုပါတရ်။ ဒါကြောင့် ရက်လည်ပြီး နောက်နေ့ မှာ အိမ်တွင်းအုန်းကို အသစ်ပြန်လဲကြပါတရ်။ အိမ်တွင်းအဖေကြီးက မကောင်းဆိုးဝါးတွေ မ၀င်အောင် တားတရ်လို့ ပြောကြတာပဲ။ နေ၀င်ရင် အိမ်တွင်းလိုက်ကာကို ပိတ်ကျတရ်။ မီးလေးတို့အိမ်မှာကောပဲ။ ရက်လည်သွားတဲ့နေ့မှ သိလိုက်တာက နောက်ဆုံးနေသွားတဲ့အိမ်မှာ အလှူလုပ်ပြီး။ နောက်နေ့မှာ နောက်တစ်အိမ်မှာ ရက်လည်ထပ်လုပ်တယ်ဆိုတာပါပဲ။ ဘာဖြစ်နေမှန်းကို မသိတာ မီးလေးတို့ အိမ်ရှေ့က အန်တီကြီးကနေ စသေတာ။ မီးလေးတို့လမ်း၊ ရှေ့လမ်း၊ နောက်လမ်းပတ်ပြီးတော့သေတာ ငါးလောင်းရှိနေပြီ။ တော်သေးတယ် ခုတော့ ရပ်သွားပြီ။ နင့်မို့ဆို အသက်ကြီးတဲ့ အိမ်တိုင်း မျက်ခုံးလှုပ်နေကြတရ်။ မီးလေးတို့ လမ်းက တလောင်းနဲ့ ဘယ်တော့မှ မပြီးဘူး။

ခုမှဇာတ်လမ်းစမှာနော်... လွန်ခဲ့တဲ့ ငါးနှစ်လောက်က မီးလေးတို့အိမ်ကို လူတစ်ယောက်ရောက်လာပြီး သုံးခွမှာနေတဲ့ အဒေါ်ဆုံးသွားလို့ မီးလေးကြီးတော်ကို လာခေါ်လို့ လိုက်သွားလေရဲ့။ မီးလေးတို့ ပြန်လာမှ သိရတာပါ။ ရက်လည်တဲ့နေ့ပေါ့ အကုန်လုံး ပင်ပန်းကြပြီဆိုတော့ တံခါးတွေပိတ်ပြီး အိပ်ပျော်နေတဲ့သူက အိပ်ပျော်နေကြတဲ့။ စကားပြောနေတဲ့သူက ပြောပေါ့။ အဲမှာ အိပ်နေတဲ့သူက အိပ်နေရင်းနဲ့ မျက်စိပေကလပ် ပေကလပ်နဲ့ ပြီးတော့ စကားထိုင်ပြောတဲ့သူတွေကလည်း တယောက်ပြီး တယောက်ဖြစ်နေကြတရ်။ ဒါနဲ့ ကြီးကြီးကို လာနှိုးကြတရ်။ ထပါဦး ဘာဖြစ်နေလဲမသိဘူးပေါ့။

ကြီးကြီးလည်း အိပ်ချင်မူးတူးနဲ့ထပြီး လာခေါ်တဲ့သူ နောက်လိုက်လာတရ်။ ကြီးကြီးရောက်တော့ အိပ်နေတဲ့ သူက မျက်စိပေကလပ် ပေကလပ်ဖြစ်နေတရ်။ ဒါနဲ့ ကြီးကြီးက လှမ်းရိုက်ပြီး နင်ဘာဖြစ်နေတာလဲ မေးတော့ အိပ်ချင်မူးတူးနဲ့ ထလာပြီး ဘာဖြစ်တာလဲ မေးတော့ ကြီးကြီးက ဘာမှပြန်မပြောလိုက်ဘူးတဲ့။ နောက်ထိုင် နေတဲ့ သူတွေဆီ လှည့်ဖြစ်နေပြန်ရောတဲ့။ ကြီးကြီးက ဒါဆိုရင်တော့ မဟုတ်တော့ဘူး။ ပေါက်စ နင်တို့ တံခါး တွေ ဖွင့်ထားလားလို့ လှမ်းမေးလိုက်တရ်။ မဖွင့်ထားဘူး အမလို့ပြောတော့ ကြီးကြီးက နင်တို့တွေ ဖြစ်တာ တောင်နည်းသေးတရ်။ သူထွက်စရာ နေရာမရှိလို့ ဟဲ့ နောက်ဖေးတံခါးသွားဖွင့်ချည်လို့ ပြောလိုက်တရ်။ ဘယ်သူမှ မသွားရဲကြပဲ သူသွားငါသွား လုပ်နေကြတရ်။ ကြီးကြီးအော်လိုက်မှပဲ ကုပ်ကုပ်နဲ့ တယောက် ထသွားတရ်။ ၀မ်းကွဲမောင်နှမတွေ ဆိုပေမဲ့ ကြီးကြီးက အကြီးမို့ အားလုံးက ကြောက်ကြတရ်။ သွားဖွင့်တရ် လူကလည်း ဘယ်လောက်တော်တယ် မှတ်လဲ၊ ဖွင့်ပြီး ပြန်ပိတ်လိုက်သတဲ့။

“အား...ခြေထောက်ညှပ်နေတရ်”လို့ ထအော်သံကြားလို့ ကြည့်တော့ ခြံထောင်ထဲက အိပ်နေတဲ့လူက ခြေထောက်ကြီး မြှောက်လို့အော်နေလေရဲ့။ ဒါနဲ့ကြီးကြီးလည်း အကုန်လုံးကို ဆူတော့တာပေါ့။ သွားဖွင့် ဆိုတော့ ခုဏကထက် ပိုဆိုးတရ်။ ဘယ်သူ့မှ မသွားရဲကြဘူး။ နောက်ဆုံး ဦးပေါက်စက သွားဖွင့်လိုက် တော့မှ ခြံထောင်ထဲက အိပ်တဲ့လူလည်း အသံတိတ်ပြီး ခြေထောက်ပြန်ချသွားတရ်။ မနက်လည်း မိုးလင်းရော သူ့ပြော တော့ မသိဘူးတဲ့။ မနက်ကျမှ အားလုံး ပြောပြောပြီး ရီလိုက်ကြတာ သေးတောင်ထွက်တဲ့လူက ထွက်လို့တဲ့။ ကြီးကြီး အိမ်ပြန်ရောက်လို့ ပြောပြတော့မှ မီးလေးတို့က သိရတာ။ ခုထိ အမျိုးတွေစုံရင် သုံးခွက လူတွေပါရင် ပေါ့လေ ခုထိ ပြောစမက်ဖြစ်နေတုန်းပါပဲ။

ရှိသေးတရ်။ နောက်အားမှ ရေးပြီးပို့စ်တင်လိုက်မရ်နော်။ ပို့စ်ရေးခြင်းကို လကုန်ပြီးမှ ပြန်လည်ရေးသားမှာ ဖြစ်ပါတယ်။ လောလောဆယ် လကုန်ခါနီးရက်မို့ မအားသေးလို့ပါ။ လာလည်ကြတဲ့ မိတ်ဆွေသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတရ်။ ဒီရက်ပိုင်းအတွင် လာမလည်နိုင်ခဲ့တာရှိခဲ့လျှင်လည်း နားလည်ခွင့်လွတ် ပေးကြပါလို့ တောင်းပန်ရင်း....

စာဖတ်သူများအားလုံး မျက်စိအညောင်းခံပြီးဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်လျက်...

Monday, November 26, 2007

သေရွာပြန်...

စိတ္တဇဆေးရုံတွင် သူနာပြုဆရာမသည် ကော်ရစ်တာအတိုင်း လမ်းလျှောက်လာစဉ် ဓားကိုမြှောက်ကိုင်လျှက် ဝေဒနာရှင် တစ်ဦး နောက်မှလိုက်လာလေသည်။ နောက်သို့လှည့်ကြည့်လိုက်ရာ ဓားနှင့်လိုက်လာသည်ကို မြင် လျှင် ကြောက်လန့်တကြား ထွက်ပြေးလေသည်။ နောက်ကလည်း ပြေးလိုက်လာသည်။ နီးလာလေလေ ဇောချွေး တွေလည်း ထွက်လေလေ။ သူနာပြုဆရာမမှာလည်း တအားမောနေလေပီ နောက်ကလည်း တဖြည်းဖြည်းနဲ့ နီးလာပီဖြစ်သဖြင့် ခြေကုတ်သုတ်ရာဝယ်
“ဖုန်း” သူနာပြုဆရာမ မှောက်လျက်လဲကျသွားစဉ် ငါတော့ အသက်မရှင်နိုင်တော့ဘူး။ မျက်စိကို မှိတ်ထား လိုက်သည်။ နောက်ကလိုက်လာတဲ့ လူက ဓားကိုမြှောက်လျက် ခေါင်းပေါ်မိုး၍ ပြောလိုက်ပုံမှာ-
“ဆရာမ...ပန်းသီး...ပန်းသီးကို...ဘယ်လို ခွဲရမှာလဲ” ဟု မောဟိုက်သည့် လေသံဖြင့် မေးလိုက်လေသည်။

တားသင့်တရ်...

တရားခွင်တွင် တရားသူကြီးက တရားခံကို -
“မင်းခိုးမှုကျူးလွန်တာမြင်ကြောင်း ဆယ်ဦးသက်သေထွက်သွားတရ်... မောင်မင်းအနေနဲ့ဘာများပြောချင်ပါလဲ” ဟုမေးရာတွင် တရားခံက အောက်ပါအတိုင်း ပြောလိုက်လေသည်။
“အဲဒီ့ဆယ်ဦးက မြင်တယ်ဆိုလျှင် ကျွန်တော့်ကို ဘာလို့မတားကြတာလဲ”

Saturday, November 24, 2007

ဘယ်လိုလူမျိုးလဲ?

ဒီပို့စ်လေးကို ရေးဖြစ်တာကတော့ chatting ၀င်ရင်း ကိုဇော်သက်က လင့်တစ်ခုပေးလို့ သွားဝင်ကြည့်ရင်းနဲ့ မီးလေးကိုယ်တိုင်ကလည်း စိတ်ဝင်စားလို့ မီးလေးဆီလာလည်တဲ့သူတွေလည်း စမ်းကြည့်လို့ရအောင် တင်ပေးလိုက်ပါတရ်... အားလုံးလည်း စိတ်ဝင်စားမယ်လို့ထင်ပါတရ်။ ကာယကံရှင်တော့ ခွင့်တောင်း ရသေးဘူး... multiply account ရှိမှ စာချန်လို့ရလို့... တွေ့ရင် ချိတ်ချိုးနဲ့နော်... ခွင့်လွတ်ပေးပါလို့။ အဲဒီပို့စ်လေးကို သွားချင်ရင် ဒီကိုနှိပ်ပြီး သွားလို့ရပါတရ်... အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ...
LOOK UP YOUR BIRTHDAY AND SEE WHAT YOU ARE

January 01 - 09 ~ Ass
January 10 - 24 ~ Slug
January 25 - 31 ~ Cockroach

February 01 - 05 ~ Parasite
February 06 - 14 ~ Bullfrog
February 15 - 21 ~ Skunk
February 22 - 28 ~ Snake

March 01 - 12 ~ Ape
March 13 - 15 ~ Cockroach
March 16 - 23 ~ Slug
March 24 - 31 ~ Parasite

April 01 - 03 ~ Ass
April 04 - 14 ~ Snake
April 15 - 26 ~ Slug
April 27 - 30 ~ Skunk

May 01 - 13 ~ Slug
May 14 - 21 ~ Bullfrog
May 22 - 31 ~ Cockroach

June 01 - 03 ~ Slug
June 04 - 14 ~ Skunk
June 15 - 20 ~ Ass
June 21 - 24 ~ Ape
June 25 - 30 ~ Parasite

July 01 - 09 ~ Slug
July 10 - 15 ~ Ass
July 16 - 26 ~ Bullfrog
July 27 - 31 ~ Parasite

August 01 - 15 ~ Ape
August 16 - 25 ~ Slug
August 26 - 31 ~ Skunk

September 01 - 14 ~ Bullfrog
September 15 - 27 ~ Parasite
September 28 - 30 ~ Ass

October 01 - 15 ~ Ape
October 16 - 27 ~ Skunk
October 28 - 31 ~ Snake

November 01 - 16 ~ Cockroach
November 17 - 30 ~ Parasite

December 01 - 16 ~ Ass
December 17 - 25 ~ Ape
December 26 - 31 ~ Bullfrog


If you are an Ass: A very loyal and sweet person. Your loyalty can never be doubted. You are quite honest and sincere when it comes to your attitude towards working. You are a very simple person, indeed. Absolutely hassle free, humble and down-to-earth!! That explains the reason why your friends cling on to you! You have a good taste for clothes. If your wardrobe is not updated with what is trendy, you sure are depressed. Popular and easy-going. You have a little group of dignified friends, all of them being quality-personified.


If you are a Slug: Always up to some sort of a mischief! The mischievous gleam in your eyes is what makes you so cute and attractive to everyone. You are an extremely fun-to-be-with kind of person. No wonder people seek for your company and look forward to include you for all get-together's. However, you are sensitive which is a drawback. People need to select their words while talking to you. If someone tries to fiddle around and play with words while dealing with you, it is enough to invite your wrath. God bless the person then!

If you are a Cockroach: Quite contradictory to your name, you are a peace loving person. You best try to avoid a situation wherein you are required to fight. An outdoor person, you dislike sitting at one place for a long duration. You are a born leader, and have it in you how to tactfully derive work from people. You love being loved, and when you receive your share of limelight from someone, you are all theirs!!!! Well, well... hence some people could even take an advantage, flatter you to the maximum and get their work done. So be careful.....

If you are a Parasite: An extremely lovable, adorable person, sometimes shy, with a passion for quick wit. At times, you prefer quietness. You love exploring various things and going into depth of each thing. Under normal circumstances you're cool but when given a reason to, you are like a volcano waiting to erupt. You're a fashion bird. People look forward to you as an icon associated with fashion. Basically, you mingle along freely but don't like talking much to strangers. People feel very easy in your company. You observe care in choosing your friends.

If you are a Skunk: You are near to perfect and nice at heart. The examples of your kindness are always circulated in groups of people. You too, love peace. You wouldn't like to retaliate even to a person who is in the wrong. You are loved due to this. You do not wish to talk behind one's back. People love the way you always treat them. You can give, give and give love, and the best part is that you do not expect it back in return. You are generous enough. Seeing things in a practical light is what the best trait of you guys remains.

If you are a Bullfrog: You symbolize a very happy-go-lucky approach in life. Whatever the surroundings may be, grim or cheerful, you remain unaffected. In fact, you spread cheer wherever you go. You are the leader of your group of friends and good at consoling people in their times of need. You dislike hypocrisy and tend to shirk away from hypocrites. They can never be in your good books, no matter what. You are very methodical and organized in your work. No amount of mess, hence, can ever encompass you. Beware; it is easy for you to fall in love....

If you are a Snake: You are mysterious. You are someone who can handle pressure with ease, and can handle any atmosphere without going berserk. You can be mean at times, and love to gossip with your selected group. Very prim and proper. You like all situations and things to be in the way you desire, which, sometimes is not possible. As a result, you may lose out in some relationships. But otherwise, you love to help people out from difficult and tight spots when they really need you.

If you are an Ape: Very impatient and hyper!!! You want things to be done as quickly as possible. At heart, you are quite simple and love if you are the center of attraction. That way, you people are unique..You would like to keep yourself safe from all the angles. Shall your name be dragged or featured in any sort of a controversy, you then go all panicky. Therefore, you take your precautions from the very beginning. When you foresee anything wrong, your sixth sense is what saves you from falling in traps. Quite a money minded bunch you people are!

Friday, November 23, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...ဇာတ်သိမ်း

“ကိုဘုန်း ဒါကဘယ်လဲ နေလည်း ကောင်းတာမဟုတ်ဘဲနဲ့ ပြန်ဖျားနေဦးမယ်... သွား သွား အထဲဝင်နေ”
“ဟဲ့ သမီး ကျောင်းသွားတော့မလို့လား အစောကြီးရှိသေးတယ်”
“မတွေ့ချင်တဲ့လူ တွေ့နေရမှာစိုးလို့”
“ဟဲ့ သမီး ဘယ်လို ပြောလိုက်တာလဲ” “တော်ပါတော့ မိန်းမရယ် သမီး လွတ်လွတ်လပ်လပ်နေပါစေ”
“မိန်းမ မိန်းမနဲ့ နားခါးလိုက်တာ”
“ပုလဲ ပြောလေကဲလေပါလား ဟမ်”
“မမြရေ မမြ... သြော် ဧည့်သည်ရောက်နေတာကိုး”

“ဘာကိစ္စလဲ အစန်း”
“ကျွန်မသမီးလေး ၀မ်းသွားနေလို့ ဓာတ်ဆားထုပ်လေး ရောင်းပေးစမ်းပါဦး”
“သြော်... အေး... သားရေ မာမီ့ကို ဆိုင်သော့လေး ယူလာပေးပါဦး”
“ရော့...မာမီ”
“သား ဒက်ဒီ့အတွက် မနက်စာပြင်ပေးထားလိုက်...”
“ဒါမမြယောက်ျားလား...”
“ဟုတ်တယ် အစမ်း... လာ ဓာတ်ဆားထုပ်ပေးမယ်”
“မမြတို့က အိမ်ထောင်ကွဲနေတာလား... ကျွန်မက မမြကို မုဆိုးမအောက်မေ့နေတာ”
“ဟုတ်တယ်...အစမ်းရဲ့ ကလေးတို့အဖေပဲလေ”

“မှုတ်ဖူး... မှုတ်ဖူး... ကျွန်မအဖေမဟုတ်ဘူး”
“သမီး... သမီး...” ကျွန်မနောက်က ဘာလို့ ဒီလူကြီး ပြေးလိုက်လာတာလဲ။
“မလိုက်လာနဲ့... ကျွန်မနဲ့ ဘာမှမတော်ဘူး၊ ဘာမှမဆိုင်ဘူး မလာနဲ့”
“မလာနဲ့ဆို မလာပါဘူး သမီးရယ် မပြေးပါနဲ့တော့”
“သမီး”
“ကိုဘုန်း သတိထား”
“အွန့်”
“ကျွီ”
ကျွန်မမျက်လုံးတွေ ပြာဝေသွားတယ်။ ကျွန်မသေပြီထင်ပါရဲ့။
“လာကြပါဦးဟဲ့... ဒီမှာလူတယောက်ကားတိုက်သွားလို့”
“ကိုဘုန်း...ကိုဘုန်း...”
“ဒက်ဒီ...ဒက်ဒီ...”
“သ...သ...သမီး”
“ဟင့်...ဟင့် ဘာမှမဖြစ်ဘူး ကိုဘုန်း သမီးရှိတယ်”
“ခေါ...ခေါ်ပေးပါလား...မြရယ်” ပြောရင်း ကိုဘုန်းဝဏ္ဏ လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ပါပြီ။
“သမီးမိုက်...ပုလဲ... နင့်မုန်းတဲ့ နင့်ဒက်ဒီက နင့်ကို အသက်နဲ့ရင်းပြီး ကယ်တင်သွားတာ...ငါ့မှာ နင့်လို သမီးမျိုး ရှိတာ ငါရင်နာတယ်...ငါ့မှာ ဒီလိုသမီးမျိုးမရှိဘူး နင်သွားချင်ရာ သွားတော့... သွား... ထွက်သွား” ကျွန်မရင်ထဲ အောင့်ခနဲဖြစ်သွားတယ်။ မာမီက ငါ့ကို သမီးမိုက်တဲ့ ငါတကယ်ပဲ မိုက်ခဲ့တာလား။ ဟင့်အင်း ငါမမိုက်ပါဘူး။ ဒါပေမဲ့ ငါမှားခဲ့တယ်။
“ပုလဲတောင်းပန်ပါတယ် မာမီရယ် ပုလဲမသွားပါရစေနဲ့။ ပုလဲမာမီကိုရော မောင်လေးကိုရော မခွဲနိုင်ဘူး မာမီရဲ့”
“သမီးကိုခွင့်လွတ်ပါ မာမီ။ သမီးမှားသွားပါတယ်။ သမီး ဒက်ဒီကိုလည်းတောင်းပန်ပါ့မယ်”
“စိတ်လျော့လိုက်ပါ မမြရယ်။ သမီးလည်း သူ့အမှားကို သိသွားပြီပဲ...”
“သမီးကို မနှင်ထုတ်ပါနဲ့ မာမီရယ်...နော်...နော်...ဟင့်...ဟင့်...ဟင့်”

“ဒက်ဒီအပေါ် ပြုမူပြောဆိုမိတာတွေ အားလုံးကို သမီးတောင်းပန်ပါတယ်။ သမီးကို ခွင့်လွတ်ပါနော်” ကျွန်မပြောနေပေမဲ့ အချိန်ကား နှောင်းသွားခဲ့ပါပြီ။ ကျွန်မပြောနေတာတွေ ဒက်ဒီ့မှ ကြားပါလေစ။ ဒက်ဒီ ကျွန်မအပေါ် ခွင့်လွတ်နိုင်ပါ့မလား။

အရင်က ကျွန်မတို့ မိသားစုပျော်ရွှင်ခဲ့ကြတယ်။ ဒက်ဒီက သူ့အမှားတွေသိလို့ ပြန်လည်ထူထောင်ဖို့လာ တောင်းပန်တုန်းက လက်ခံခဲ့ရင် ယခုလို ဆုံးသွားခဲ့မှာ မဟုတ်ဘူး။ အချိန်တွေကိုသာ ပြန်လှည့်လို့ ရမယ်ဆိုရင် ဒက်ဒီဟာ ကျွန်မတို့ အပေါ်မှာ ဘယ်လောက်ပဲ ဆိုးသည်ဖြစ်စေ ပြုစုစောင့်ရှောက်ချင်ပါတယ်။ ယခုဆိုလျှင် ကျွန်မလိုချင်တဲ့မိသားစုဘ၀မျိုး ဘယ်တော့မှ ပြန်လည်ရရှိမည် မဟုတ်တော့ပါ။ ပျော်ရွှင်နေခဲ့ကြ သည့်တိုင် ပြည့်စုံတော့မည်မဟုတ်တော့ပါ။ ကျွန်မကြောင့် ကွက်လပ်လေးဖြစ်ခဲ့တဲ့ ဒက်ဒီ့ရဲ့နေရာကို ဘယ်လိုမှ အစားထိုး ၍ မရနိုင်တော့ပါ။ ယခုအချိန်မှာ ကျွန်မရင်ထဲ၊ နှလုံးသားထဲမှာ နောင်တကြီးစွာ ရနေမိပါတယ်။ ကျွန်မရဲ့ ပြင်လို့မရတဲ့နောင်တတွေကို ထွေးပိုက်ရင်း မိသားစုပျော်ရွှင်စွာ နေထိုင်ခဲ့ကြတဲ့ ရက်တွေကို ပြန်လည်တမ်းတ ရင်း ကျွန်မရဲ့ အနာဂတ်လမ်းမှာ ဘာတွေဖြစ်ဦးမယ်ဆိုတာ၊ ဘာတွေကြုံဦးမယ်ဆိုတာ မသိနိုင်ပါ။ ဒက်ဒီအပေါ် တင်နေတဲ့ အကြွေး ကျွန်မဆက်ရဦးမည်ထင်ပါရဲ့။

မိဘတိုင်းဟာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မိဘဟာမိဘပါပဲ။ ကျွန်မလို အမှားမျိုး လူတိုင်းမမှားမိကြ စေဖို့ ဆုတောင်းရင်း....


စောင့်မျှော်ဖတ်ရှုပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတရ်... လိုအပ်သည်များရှိခဲ့ ရင်လည်း ဝေဖန်ပေးကြပါဦးလို့...

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၃

သူငယ်ချင်းတွေနဲ့ ကျောင်းကပြန်လာရင်း ကားမှတ်တိုင်မှာ လမ်းခွဲပြီးပြန်လာခဲ့တယ်။ ဒီနေ့တနေလုံး စိတ်တွေ လေးလံနေတယ် ဘယ်လိုဖြစ်လဲ မသိပါဘူး ငြီးစီစီနဲ့...
“တောက်” စိတ်ထဲမှာလေးလံနေပါတယ်ဆိုမှ မတွေ့ချင်တဲ့လူနဲ့ လာတွေ့နေတယ်။ ငါတို့လမ်းထိပ်ကို ဘာလာ လုပ်တာလဲ ဧကန်တ မာမီနဲ့တွေ့သွားပြီလား။ ငါတို့နေတဲ့အိမ်ကို သိသွားပြီလား။ ရင်ထဲမှာ လားမေးခွန်းပေါင်း များစွာနဲ့ ရင်ထဲမှာ တင်းကျပ်လို့လာပါတယ်။

“သမီး...ပုလဲ နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး”
“ပုလဲဘာမှမဖြစ်ပါဘူး မာမီ။ နေမကောင်းချင်သလို ဖြစ်နေလို့ ခဏနားလိုက်ရင် ကောင်းသွားမှာပါ”
“အေး..အေး သမီးနားလိုက် မာမီ ဆိုင်သွားစောင့်လိုက်ဦးမယ်နော်” မာမီဆိုင်ထိုင်နေတုန်းများ ဟိုလူကြီး လာရင် ဘယ်လိုလုပ်ရပါ့မလဲ... စဉ်းစားရင်း အိပ်ပျော်သွားပါတော့တယ်။ ဘယ်အချိန်ထိ အိပ်ပျော်သွားတယ် မသိ အသံတခုကြားမှပဲ ရုတ်တရက်လန့်နှိုးလာတော့တယ်။

“အိ..အိ” ဘာသံပါလိမ့်။ “မာမီ... မာမီရေ... မာမီ” “ဟေ သမီး ဘာလိုလို့လဲ မာမီဒီမှာလေ”
“မာမီ ခုဏက အသံတခုကြားလိုက်လို့ ဘာသံလည်းမသိဘူး မာမီကြားသေးလား”
“ကြားတော့ ကြားလိုက်မိတယ် သမီးရဲ့ မာမီက သမီးငြီးနေတာ မှတ်လို့”
“ဟော မာမီ အသံက ပိုကျယ်လာတယ် ကြားလား လိုက်ရှာလိုက်ဦးမယ်”
“အမေ့” အေးစက်စက်အထိအတွေ့ကြောင့် ကြောက်လန့်တကြားအော်ပြီး မာမီ့ဆီကို ပြေးသွားမိတယ်။
“သမီး ဘာဖြစ်တာလဲ”
“ဘာကြီးလဲ မသိဘူးမာမီ လှေကားအဆင်းနားမှာ အေးစက်စက်နဲ့ မီးကလည်း ပျက်သွားတော့ မမြင်ရဘူး ပုလဲလည်း ကြောက်လို့ ပြေးလာတာ”
“ကဲ ကဲ ရေတခွက်လောက်သောက်လိုက်ဦး အသည်းကလည်းငယ်ပါ့... မာမီသွားကြည့်လိုက်ဦးမယ်...”
“မာမီ ပုလဲလည်းလိုက်မယ်”
“မာမီနဲ့ မမ ဘာဖြစ်နေကြတာလဲဗျာ... စာကျက်လို့မရဘူး”
“နင့်ဘာသာ စာကျက်... သွားသွားသွား နင်စာညံ့လို့ မဖြစ်ဘူးနော် စားသွားကျက်ချေ”
“ကျက်မှာပါဗျာ အိမ်သာသွားမလို့ ဆင်းလာတာ”
“ကဲပါ သမီးရယ် လာပါ သားလည်း စာကြိုးစားတာပဲ ထားလိုက်ပါ မာမီ့ရဲ့ သမီးနဲ့သားက လိမ္မာကြလို့ မာမီ ၀မ်းသာတယ်၊ ကျေနပ်တယ်” မာမီက စကားတွေ တတွတ်တွတ်ပြောပြီး ဘေးက လိုက်လာတယ်။

“ရှင်ဘယ်သူလဲ... ဘာလို့ သူများအိမ်ထဲလာ လဲနေတာလဲ။ သွားသွား”
“မိန်း...မိန်း..မိန်းမ” ခေါင်းတဖြည်းဖြည်းနဲ့ မော့လာတယ်။
“ဟင်... ကိုဘုန်း... ရှင်... ရှင်ဘယ်လိုလုပ် ရောက် လာတာလဲ”
“ဦးဘုန်းဝဏ္ဏ ရှင်ဘာလာလုပ်တာလဲ ရှင်လာစရာမလိုဘူး ခုချက်ချင်း ကျွန်မတို့ ခြံထဲက ထွက်သွားပါ”
“သမီး ကိုယ့်ဒက်ဒီကို ဒီလိုမပြောရဘူးလေ မသိရင် မာမီ မဆုံးမထားဘူးလားလို့ သူများ အပြောခံရဦးမယ်”
“သမီးတို့ ဒက်ဒီမဖြစ်ထိုက်တဲ့သူကို ပုလဲ သဘောမထားနိုင်ဘူး မာမီ”
“ပုလဲ ပြောရင်း ပြောရင်း တော်တော်ရိုင်းလာပါလား... ဒီအကျင့်တွေ ဘယ်ကရလဲ... မာမီကတော့လေ ငါ့သမီး လေး တော်လှ တော်လှနဲ့ ငါ့သမီးလို့ ပြောရမှာတောင် ရှက်တယ်”
“ဟင် မာမီ... မာမီက သမီးတော်ရမှာရှက်တယ် ဟုတ်လား။ ဒီလူကြီးကျတော့ မရှက်ဘူးပေါ့”
“ဖြန်း” မာမီတခါမှ ကျွန်မကို မရိုက်ဘူးပါ။ ရိုက်ဖို့မပြောနဲ့ အော်တောင်မအော်ဖူးပါ။ ခုဒီလူကြီးနဲ့မှ ကျွန်မရဲ့ ပါးကို ရိုက်တယ်။ မာမီအမြတ်တနိုးနဲ့ နမ်းခဲ့တဲ့ပါးကို ရက်စက်စွာနဲ့ ရိုက်ရက်လေသလားမာမီရယ်။ အိမ်ခန်းထဲ ပြေးဝင်လာခဲ့တယ်။

“သားရေ...သား လာပါဦး မင်းတို့ဒက်ဒီ အဖျားတွေတက်ပြီး မထနိုင်ဘူး... မာမီ့ကို လာကူပါဦး”
“ဟုတ်ကဲ့ မာမီ... မမကော”
“ဒက်ဒီကို သယ်ဖို့လုပ်ပါဦး”
“ဘယ်ကို သယ်မှာလဲ” “ဘုရားခန်းထဲကို သယ်မယ် သားက ခြေရင်းကမှ ဟုတ်လား”
“ဟုတ်ကဲ့... မာမီ” ကျွန်မ ၀မ်းနည်းစွာနဲ့ ငိုနေမိတယ်။
“သမီး... သမီးပုလဲ... အိပ်ပြိလား” မာမီကျွန်မကို လှမ်းခေါ်နေတယ် ကျွန်မအိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဟိုလူကြီးကို ပြုစုလို့ အားမှ ကျွန်မကို လာမေးဖို့ သတိရတဲ့အတွက် ဟိုလူကြီးကို စိတ်တိုမိပါတယ်။ မာမီ ကျွန်မဘေးနားမှာ ကျွန်မမျက်နှာလေးကို ကြည့်ပြီး ငိုနေတယ်။ ကျွန်မ မသိချင်ယောင်ဆောင်နေလိုက်တယ်။

အိပ်ယာနိုးတော့ မိုးလင်းနေပြီ။
“သမီး” “ကျွန်မကို သမီးလို့ မခေါ်ပါနဲ့ ရှင်ပြန်ပါတော့ နောက်ဘယ်တော့မှ ဒီကိုမလာပါနဲ့”
“ဒက်ဒီမှားပါတယ်သမီးရယ်။ ဒက်ဒီအမှားတွေကို သိလို့ သမီးတို့ကို လိုက်ရှာပါသေးတယ်။ ဒက်ဒီအမှားတွေကို ခွင့်လွတ်ဖို့ မတောင်းဆိုပါဘူး။ ဒါပေမဲ့ သမီးတိုနဲ့ ပြန်နေပါရစေ။ ဒက်ဒီကို အချိန်ပဲ ပေးပါ။ ဒက်ဒီပြင်ပါ့မယ်”
“တော်ပါတော့ရှင်... ခုမှလာပြောမနေပါနဲ့ ကျွန်မကျောင်းက ပြန်လာရင် လုံးဝမတွေ့ချင်ဘူး။ ရှင်ပြန်ပါ”
“ဟို” “ဘာလဲ မာမီပြန်လာစောင့်နေတာလား ရှင့်ကို ဆွဲထားအောင်...မကြားပါရစေနဲ့တော့ နားခါးလို့ပါ” ကျွန်မ ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်။ မာမီဈေးကပြန်မလာခင် ဒီလူကြီး ပြန်မှဖြစ်မယ်။

နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ သိမ်းတော့မှာပါ..ဟီး

ကထိန်အာနိသင်ငါးမျိုး...

ရှေ့မှာ ကထိန်အကြောင်းသိကောင်းစရာ ဆိုတဲ့ပို့စ်လေး အလွမ်းအိမ်အတွက် ရေးခဲ့ပေးဖူးပါတရ်။ ယခုကတော့ စာဖတ်သူတွေရဲ့ တောင်းဆိုချက်နဲ့ နောက်ဆက်တွဲ ကထိန်အာနိသင်ငါးပါးကို ဆက်လက်ရေးသား ဖော်ပြခြင်း ဖြစ်ပါတရ်။ ကထိန်ခင်းခြင်းကြောင့် ရရှိနိုင်သောအကျိုးတရားများကို “ကထိန်အာနိသင်”လို့ ခေါ်ပါတရ်။ ၄င်း အာနိသင်ကို ပုရိမ၀ါကပ်၍ ပထမ၀ါကျွတ်ပြီးတဲ့ ရဟန်းတိုင်း ကထိန်ခင်းပြီး ရရှိခံစားပိုင်ခွင့်ရှိပါတရ်။ ၄င်းအာနိသင် များကတော့ -
၁။ အနာမန္တစာရ
၂။ အသမာဒါနစာရ
၃။ ယာဝဒတ္ထစီဝရ
၎။ ဂဏ ဘောဇန
၅။ ယော စ တတ္ထ စီဝရုပ္ပါဒ တို့ပဲဖြစ်ပါတရ်။


၁။ အနာမန္တစာရ - ဒါယကာ၊ ဒါယိကာမတို့က ရဟန်း၊ သံဃာတော်တို့အား “ထမင်းစားကြွပါ၊ မုန့်စားကြွပါ” စသဖြင့် သာသနာတော်ဝေါဟာရနဲ့ မအပ်စပ်တဲ့စကားတို့ဖြင့် ဆွမ်းစားဖိတ်မန်ခဲ့သော် အနီးရှိ ရဟန်းတို့ကို မပန်ကြား၊ မပြောဆိုဘဲ၊ မြို့ထဲ၊ ရွာထဲသို့ ကြွသွားနိုင်ခြင်း။
(ကထိန်ခင်းပြီး၍သာ သွားနိုင်ခွင့်ရှိခြင်းဖြစ်ပါတရ်။ ကထိန်မခင်းရသေးပဲ အသိပေး၊ ပြောဆိုပန်ကြားခြင်း မရှိဘဲ ကြွသွားပါက ပါစိတ်အာပတ် သင့်ပါတရ်။ ကထိန်အာနိသင် ရလျှင် ပါစိတ်အာပတ် မသင့်တော့ပါ)

၂။ အသမာဒါနစာရ - တိစီဝရိတ် အဓိဠာန်တင်ထားသောသင်္ကန်းကို သွားလေရာ မယူဆောင်ဘဲ သွားလိုရာသို့ လှည့်ပတ်သွားလာနိုင်ခြင်း၊ ၄င်းသင်္ကန်းနှင့် ညစဉ် အနီးအနား၌ မဆောင်ထားဘဲ ညဥ့်ကင်း၍ နေနိုင်ခြင်း
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသင်္ကန်းနှင့် ညဥ့်ကင်း၍မရပါ။ ထိုသို့နေခဲ့လျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါ တရ်။ ကထိန်အာနိသင်ရလျှင် ညဥ့်ကင်းသော်လည်း အာပတ် မသင့်တော့ပါ)

၃။ ယာဝဒတ္ထစီဝရ - ရရှိသမျှ သင်္ကန်းတို့အား အဓိဌာန် ၀ကပ္ပနာမပြုဘဲ အလိုရှိသလို ထားရှိသုံးဆောင်နိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲပါက နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတရ်။ ကထိန် အာနိသင်ရလျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲသော်လည်း အာပတ်မသင့်တော့ပါ)

၎။ ဂဏဘောဇန - မအပ်စပ်သော တောင်းခံခြင်း၊ ဖိတ်မန်ခြင်းမျိုးဖြင့် တောင်းခံပင့်ဖိတ်အပ်သောဆွမ်းဖြစ် လျက် လေးပါးနှင့် အထက်လွန်၍ စုပေါင်းခံယူ စားသုံးနိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသို့ မအပ်စပ်သော ဆွမ်းကို စုပေါင်းခံယူ စားသုံးပါက သုဒ္ဓပါစိတ် အာပတ် သင့်ပါတရ်။ ကထိန် အာနိသင်ရသဖြင့် သုဒ္ဓပါစိတ် အာပတ်မသင့်တော့ပါ)

၅။ ယော စတတ္ထ စီဝရုပ္ပါဒ - ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကိုကထိန်အာနိသင် ရသော ရဟန်း၊ သံဃာတော်တို့သာ သုံးစွဲခွင့်ရနိုင်ခြင်းတို့ ဖြစ်ပါတရ်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးငါးပါးတို့ကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက် သာဓု အနုမောဒနာပြုသော ရဟန်းတို့သာ ရယူခံစားခွင့်ရှိကြပါတရ်။ ခံစားနိုင်ခွင့်ကာလကတော့ ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်နေ့အထိဖြစ်ပါတရ်။

Thursday, November 22, 2007

ဆုတံဆိပ်ကြီး...

ကိုအောင်မျိုးဟန်ပေးတဲ့ ဆုတံဆိပ်ကြီး ကြွားတာဟုတ်ဝူးနော်... ပြတာ...

The Funny Blogger Award

မမူးပါ...

“ရွှီ...ရွှီ...ရွှီ” ယာဉ်ထိန်းရဲတဦးရဲ့ ၀ီစီမှုတ်သံပါ...
“ကျွီ” ကားတစင်း ထိုးရပ်သွားတော့ အနားကို ယာဉ်ထိန်းရဲ ရောက်လာတယ်...
“အရက်မူးပြီး ကားမမောင်းရဘူးဆိုတာ မင်းနားမလည်ဘူးလားကွ... ပေး လိုင်စင်”
“ကျွန်တော် မသောက်ပါဘူးဗျာ... မယုံရင်ကျွန်တော်ကို စမ်းသပ်ကြည့်လို့ရတယ်”
“ကောင်းပြီလေ... မင်းသောက်ထား မထား စမ်းကြည့်မယ်... ဒီဘောလုံးကို မှုတ်ပြ”
“ဖူး...ဖူး ရပြီ”
“မင်းမူးနေတယ်... ပေး ဒဏ်ငွေ ဒေါ်လာ ၁၀၀” ဒဏ်ငွေဆောင်ပြီး မောင်းထွက်သွားတယ်။
နောက်တစီးကို ၀ီစီမှုတ်ပြီး ရပ်ခိုင်းလိုက်တယ်။
“မင်းအရက်မူးပြီး ကားမောင်းတယ်”
“ကျွန်တော် မမူးပါဘူး ဆရာရယ်”
“မူး မမူး ဒါကို မှုတ်ပြ”
“ဖူး...ဖူး...တွေ့လား ကျွန်တော် မမူးဘူးမှုတ်ပြနိုင်တယ်”
“မင်းကောင်းကောင်းမှုတ်နိုင်တယ်။ မင်းတော်တော်မူးနေတာပဲ။ ဒဏ်ငွေ ဒေါ်လာ၃၀၀ဆောင်ရမယ်”
“ဗျာ”
နောက်တစီးကို ၀ီစီမှုတ်ပြီး ထပ်ရပ်ခိုင်းပြန်တယ်။
“မင်း အရက်မူးပြီး ကားမောင်းတယ်... လိုင်စင်ပေး”
“ကျွန်တော် မမူးဘူးဗျ”
“ဒါဆို ဒီဘောလုံးကို မှုတ်ပြ”
“ဟာ... မူးနေတာက ကျွန်တော်မဟုတ်ဘူးဗျ။ ခင်ဗျား။ ဒါဘောလုံးမှမဟုတ်တာ x@?#xx(အကာအကွယ်ပစ္စည်း) ပဲဗျ”
“အင်း... မင်းမသောက်ထားဘူး သွားနိုင်ပြီ”

Wednesday, November 21, 2007

သူငယ်ချင်းသို့ ...

သူငယ်ချင်း
မင်းဘာတွေစိတ်ညစ်နေလဲ???
မင်းပတ်ဝန်းကျင်က လူတွေ စကားကြောင့်
စိတ်ညစ်နေရတယ်ဆိုရင် ဖြစ်သင့်သလား???

သူငယ်ချင်း...

မင်းသိထားဖို့က ပတ်ဝန်းကျင်ဆိုတာ
ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါကွာ
အဲဒါတွေ ခေါင်းထဲထည့်နေမယ်ဆိုရင်
မင်းအတွက် နေစရာဆိုတာ ရှိလာမှာမဟုတ်ဘူး

သူငယ်ချင်း...
မင်းကောင်းစားတုန်းက သူတို့ဘာပြောကြသလဲ???
အဲဒီ့အပေါ်မှာ မင်းသာယာနေခဲ့တယ်
အဲအချိန်မှာ မင်းသူငယ်ချင်းတွေကို မေ့နေခဲ့တယ်
မင်းကျွေးသမျှ စားပြီး မင်းကိုချီးမွမ်းကြတယ်
ဘာဆန်းလဲကွာ

သူငယ်ချင်း...
မင်းခုဒုက္ခရောက်တော့ သူတို့ဆီက
အကူအညီဘာရသလဲ???
စကားတောင် မပြောကြတော့ဘူး
မင်းဘေးနားမှာ ဘယ်သူတွေရှိနေသလဲ???

သူငယ်ချင်း...
မင်းပြန်စဉ်းစား သုံးသပ်ကြည့်ပါ
ပြီးမှ ဆုံးဖြတ်ပါ
မင်းအမှန်တရားကို တွေ့မြင်ခဲ့ပြီဆိုရင်
မင်းဒုက္ခရောက်နေတဲ့အချိန် မင်းနဲ့အတူ ရင်ဆိုင်တဲ့သူတွေသာ
ပတ်ဝန်းကျင်ဆိုတာ သိလာလိမ့်မယ်

သူငယ်ချင်း...
မင်းအတွက် စစ်မှန်တဲ့
ပတ်ဝန်းကျင်ရဖို့ ငါလေအမြဲ
ဆုတောင်းပေးနေလျက်ပါကွာ။

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၂

“အူဝဲ...အူဝဲ”
လောကထဲကို လူသားတဦးမွေးဖွားလာခဲ့ပါတယ်။ ကျွန်မမှာ မောင်လေးတယောက် ရလာတဲ့အတွက် အရမ်း
ပျော်နေမိပါတယ်။ မပျော်နိုင်တဲ့သူကတော့ မာမီပါ။ မာမီမွေးခါနီး ဗိုက်နာတာတောင် ဒက်ဒီ့ပြန်မလာခဲ့ပါ။
တော်သေးတာက လွန်ခဲ့တဲ့ နှစ်ပတ် လောက်မှာ ဒရိုင်ဘာခန့်ထားလိုက်လို့သာ အချိန်မီ ဆေးရုံရောက်သွားနိုင်
ခဲ့တာပါ။ ခုဆို မာမီဆေးရုံတက်တဲ့ သုံးရက်အတွင်း တစ်ခေါက်မှ လာဖော်မရတဲ့ ဒက်ဒီ။
ဘာလေးမွေးလဲတောင်
ဖုန်းလေးတစ်ချက်ဆက်ပြီး မေးဖော်မရတဲ့ ဒက်ဒီ။ ကျွန်မရင်ထဲက
အမုန်းမီးတွေကလည်း အရှိန်အဟုန်ကောင်း
လာဆဲပါပဲ။ မာမီဆေးရုံတက်နေစဉ်အတွင်း ဒက်ဒီသည် အပြင်မှာ
သောက်ရုံမက အိမ်ထဲမှာပင် ပုလင်းထောင် တဲ့အဆင့်ကို ရောက်ခဲ့တယ်။


“ပုလဲ... ဟိုမှာ နင့်အဖေကားဖြတ်သွားတယ်” ပုလဲလှမ်းမကြည့်ချင်၍ သူငယ်ချင်းဘက် လှည့်လိုက်စဉ်မှာပဲ
“သူ့အဖေက မူးရင် သွေးဆိုးတယ်ဟ”လို့ လက်တို့ပြီး ပြောတာ တွေ့လိုက်ရတယ်။ ကျွန်မမကြားအောင်
တိုးတိုးပြောပေမဲ့ ကြားလိုက်ရတယ်။ ကျွန်မ မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့တယ်။ ထိုစကားသံတွေ
ကြားတိုင်းတော့ အမုန်းမီးများက တောက်လောင်ဆဲပါပဲ။ ဒီလိုနဲ့ ကျွန်မမောင်လေး ကျောင်းတက်ရမဲ့အရွယ်
ရောက်လာခဲ့ပါတယ်။ ကျွန်မမောင်လေးကို သူများတွေနောက်တိုင်း ကျွန်မကတော့ ဂျက်မပေါ့။ မောင်လေး
ထူးဝဏ္ဏကို အနိုင်ကျင့်တဲ့သူတိုင်း ကျွန်မကို ကြောက်သဖြင့် နောက်ပိုင်း မည်သူမှ မစမနောက်ကျတော့ပါ။
ကျောင်းသွားအတူ၊ ကစားအတူ၊ စားအတူနှင့် ကျွန်မအပျော်ဆုံးကတော့ ကျွန်မမောင်လေးနဲ့ ကျွန်မမွေးနေ့ပွဲ
လုပ်တိုင်း ကျွန်မပျော်ခဲ့ပါတယ်။

ကျွန်မဆယ်တန်းနှစ်၊ မောင်လေးထူးဝဏ္ဏ လေးတန်းတုန်းက တညနေ ကျောင်းကပြန်လာမှာတော့-
“ဟင့် ဟင့် ဟင့်” ကျွန်မခြေလှမ်းတွေ မြန်လာပါတယ်။ ဒက်ဒီ့ မာမီကိုဘာလုပ်ပြန်ပြီလဲ ဒေါသနဲ့အတူ ခြေလှမ်း
ကျဲကြီးနဲ့ အိမ်ထဲဝင်လိုက်စဉ်မှာပဲ မာမီကြမ်းပြင်တွင် ပုံလျက်သားငိုနေတာကို တွေ့လိုက်ရတယ်။ မာမီက
ဒက်ဒီနဲ့ပြဿနာဖြစ်တိုင်း ကျွန်မတို့ကို အဝေးတွင် နေခိုင်းလေ့ရှိပါတယ်။ လူကြီးတွေကြောင့် ကလေးတွေကို
စိတ်မဆင်းရဲစေချင်သောကြောင့်ဖြစ်ပါတယ်။ ခုအခါမှာတော့ မာမီက ကျွန်မတို့မောင်နှမကို မြင်သည်နှင့်ဖက်
၍ ငိုပါသည်။ ကျွန်မစိတ်ထဲထင့်သွားသည်။ မာမီတခါမှ ယခုလို မပြုမူဖူးသောကြောင့်လည်းပါတယ်။
မာမီနဲ့
အတူ ကျွန်မတို့ ရောငိုမိကြပါသည်။ ပြဿနာအကြောင်းရင်းကိုတော့ မသိပါ။ သိလိုက်တဲ့အချိန်မှာတော့
ကျွန်မမငိုတော့ပါ။ ဒက်ဒီ့က မာမီကို ကွာရှင်းဖို့ပြောသည်တဲ့။ ကျွန်မမိဘတွေ ကွဲတာ ကျွန်မ
ဘာကြောင့်ပျော်
ပျော်သလဲ၊ ကျွန်မမှာ အဖေရှိလျက်နှင့် ပညာရည်ချွန်ဆုပေးပွဲသွားတိုင်း ဒက်ဒီမလိုက်ခဲ့ပါ။
ကျွန်မလည်း သူများ
တွေလို မိဘနှစ်ပါးနဲ့အတူ ဆုပေးပွဲတက်ချင်ခဲ့ပါသည်။ ကျောင်းပိတ်ရက်တိုင်း မိသားစုနှင့်
အတူ ပျော်ပျော်
ပါးပါး ခရီးထွက်ချင်ခဲ့ပါသည်။ ခုတော့ အဲလိုမဟုတ်သည့်အပြင် ဒက်ဒီ့ကြောင့် ကျွန်မတို့အရှက်ရကြရသည်၊
စိတ်ညစ်ရသည်။

ဒက်ဒီနဲ့မာမီကွဲပြီးနောက်ပိုင်းမှာတော့ မာမီ့၌ရှိသည့် ပိုက်ဆံလေးဖြင့် သင့်တော်သည့် အိမ်တလုံးဝယ်ပြီး အိမ်
ဆိုင်လေးဖွင့်ရင်း ကျွန်မတို့ဘ၀ကို စတင်ရုန်းကန်ခဲ့ရပါသည်။ ကျွန်မအဆင်မပြေမှုကြုံတိုင်း၊ အထည်ကြီးပျက်
တွေလို့ ပြောခံရတိုင်း ဦးဘုန်းဝဏ္ဏကို မုန်းတီးနာကြဉ်း စက်ဆုပ်မိပါသည်။ မာမီနဲ့ကွဲလိုက်ပေမယ့်
ကျွန်မတို့
မောင်နှမအတွက် ဦးဘုန်းဝဏ္ဏကို အဖေဟု မသတ်မှတ်နိုင်ပါ။ လမ်းတွေ့ရင်တောင် မတွေ့အောင်ရှောင်သွားခဲ့
ပါသည်။ ဒီလိုနဲ့ ပုလဲဆယ်တန်းကို ဂုဏ်ထူး လေးဘာသာနှင့် အောင်မြင်ခဲ့ပါသည်။ မာမီက
စီးပွားရေး
တက္ကသိုလ် တက်စေချင်၍ ကျွန်မ စီးပွားရေးတက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
“ပုလဲ... နင့်နောက်က လူတယောက်လိုက်လာတယ်ဟ”
“ဟုတ်လား” ပြောရင်း လှည့်ကြည့်လိုက်စဉ်မှာတော့ “ဟင်...ဦးဘုန်းဝဏ္ဏ” “ပုလဲနင်အသိလား”
“မဟုတ်ပါဘူးဟာ... သူတို့က ဆင်းရဲတော့ ပိုက်ဆံလာတောင်းတာနေမှာပေါ့”
“အဲဒါဆိုလည်း ပိုက်ဆံပေးလိုက်လေဟာ”
“အိုး ဘာလို့ပေးရမှာလဲ သူ့မှာလည်း ခြေကောင်းလက်ကောင်းနဲ့ လာပါဟာ ဂရုစိုက်မနေစမ်းပါနဲ့” မမှတ်မိ
လောက်အောင် ပြောင်းလဲသွားခဲ့တဲ့ ဦးဘုန်းဝဏ္ဏပုံစံက ကျွန်မတွေးတောင် မတွေးမိတဲ့ ပုံစံမျိုးနဲ့ ကိုယ်ပေါ်က
အ၀တ်တွေကလည်း စုတ်ပြတ်လို့။ ကျွန်မယခင်နေခဲ့တဲ့ အိမ်လေးကို မာမီမသိအောင် သွားကြည့်ခဲ့တယ်။

အိမ်နီးနားချင်းတွေ ပြောပြချက်အရ နောက်မိန်းမယူပြီး အရင်လိုမူးရူးနေတော့ ယူထားတဲ့မိန်းမက မိန်းမလည်
ချူစားတဲ့ မိန်းမ၊ ယောက်ျားလုပ်တဲ့သူက မူးရူးပြီး ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်မိန်းမလုပ်တဲ့သူက
ယောက်ျား
မရှိခင် အိမ်မှာတင် ဖောက်ပြန်၊ ဂေါ့(ဖ်)ရိုက်တာကလည်း ရှုံး၊ နောက်ဆုံးတော့ နောက်မိန်းမက အိမ်ပေါ်ကနှင်
ချလိုက်တယ်ဆိုပဲ။ ဂေါ့(ဖ်)ကြွေးတင်တာကလည်း နောက်မိန်းမရဲ့ လင်ငယ်ဆီမှာ အဲတော့စည်းစိမ်ဥစ္စာလည်း
ရှုံး မယားလည်းရှုံးတဲ့။ ကြားရတဲ့ သတင်းကတော့ အကောင်းဆို၍ ကုန်းကောက်စရာတောင်မရှိ။


“ခွမ်း” မာမီ့ကို ဦးဘုန်းဝဏ္ဏအကြောင်း ပြန်ပြောပြလိုက်တာ မာမီ့လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တောင်
လွတ်ကျတယ်။ မာမီ့ ဒက်ဒီ့ကို မမေ့နိုင်သေးဘူးကိုး။ ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတယောက်အပေါ်
မာမီမေ့ပစ်သင့်ပါသည်။ ကျွန်မနောက် ဘာလို့ တကောက်ကောက် လျှောက်လိုက်နေရတာလဲ။ရှက်ဖို့
ကောင်း လိုက်တာနော်။

နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ စောင့်လက်စနဲ့ စောင့်ဦး (ထီးဆိုင် မဟုတ်ပါ)