Pages

Wednesday, December 26, 2007

တောင်းတဲ့ဆုနဲ့ ပြည့်စေသတည်း

အမျိုးသမီးတဦး၌ စကားပြောတတ်သော ကြက်တူရွေးတကောင်ရှိလေသည်။ တနေ့သ၌ ရဲသားတဦး ထိုအိမ်ရှေ့မှ ဖြတ်လျှောက်သွားရာ
“သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....” ဟု ပြောနေရာ ရဲသားက သူ့အား မဖွယ်မရာပြောသည်ဆိုကာ ဒဏ်ငွေဆောင်ခိုင်းလေသည်။ နောက်နေ့လည်း ထိုနည်း၎င်းပင် ဖြစ်နေလေရာ နေ့တိုင်း ပေးရဖန်များလာသောအခါ အမျိုးသမီးသည် သင်းအုပ်ဆရာထံ သွား၍အကူအညီတောင်းခံလေသည်။

ထိုအခါ သင်းအုပ်ဆရာက သူ၏ကြက်တူရွေးနှင့် လဲ၍ပေးလိုက်လေသည်။ ရဲသားသည် အိမ်ရှေ့မှ ဖြတ်လျှောက်ပြန်ရာ အသံမကြားရသဖြင့် လှမ်းကြည့်ရာ ကြက်တူရွေးကိုတွေ့လေသည်။ ရဲသားသည် အိမ်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်လေရာ ဘာသံမှမကြားရသဖြင့် မနေနိုင်သည့်အဆုံး “သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....၊ သေချင်းဆိုး၊ ကာလနာ၊ မသာ....” ဟု ပြောလိုက်သည်တွင် သင်းအုပ်ဆရာ၏ ကြက်တူရွေးက
“တောင်းတဲ့ဆုနဲ့ပြည့်ပါစေ.... တောင်းတဲ့ဆုနဲ့ပြည့်ပါစေ...” ဟုပြန်ပြောလိုက်လေသတည်း။

1 comment:

သဇင်ဏီ said...

အဟဲ.. ပိုဆိုးကုန်ပီ..ရီရတယ်