Pages

Monday, December 3, 2007

မီးလေးနဲ့ ဘလော့ဂ်

ကိုပီကေက လက်ဦးမှုယူပြီး tag ထားလေရဲ့... အကြောင်းအရာလေးကတော့ ကျွန်တော့်နှင့် ဘလော့ဂ်တဲ့...
မီးလေးရဲ့ ဘလော့ဂ်လေးကို ၂၀၀၇ခုနှစ် သြဂုတ်လ ၂၁နေ့မှာ စတင်ဖန်တီးခဲ့ပါတရ်... ရေးချင်တရ်... ဒါပေမဲ့ ဘယ်လိုရေးရမှန်းမသိဘဲ ရောင်လည်လည်နဲ့ ဘလော့ဂ်တွေကို လျှောက်သွားဖြစ်ခဲ့ပါတရ်... မီးလေး ဘလော့ဂ် အဖွင့် ပို့စ်လေးက အင်္ဂလိပ်ဘာသာနဲ့ ဟာသပို့စ်လေးတခု စရေးဖြစ်ပါတရ် (အမှန်က မြန်မာလို မရေးတတ်လို့ပါ)

မီးလေး ဘလော့ဂ်လုပ်ဖို့ စဉ်းစားဖြစ်လိုက်တာကတော့ သြဂုတ်လ ၃ရက်နေ့ထုတ် ကုမုဒြာဂျာနယ်မှာ “ဖြူစင် ရိုးသားစွာ ဘလော့ဂ်တွေနဲ့ ရင်းနှီးကြမည်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆရာဦးကျော်ရင်မြင့် ရေးသားထားတဲ့ ဆောင်းပါးလေးကို ဖတ်မိထဲက ဘလော့ဂ်ဆိုတာကို စိတ်ဝင်စားခဲ့တရ်... ရင်းနှီးချင်ခဲ့တရ်... ကိုယ်လည်း ရေးမရ် ဆိုတဲ့ စိတ်ဝင်ခဲ့ပါတရ်... ဒီလိုနဲ့ ဂျာနယ်မှာ ပါတဲ့ မမမြလွှာရဲ့ လင့်ကိုသွားရောက် လည်ပတ်ခဲ့ပါတရ်... စီပုံးထဲမှာ လာအော်ထားတဲ့ သူတွေဆီကို သွားရောက်လည်ပတ်ရင်း ဘလော့ဂ်လေးနဲ့ ရင်းနှီးကျွမ်းဝင်စပြု လာပါတရ်... အမှန်တိုင်း ၀န်ခံရရင် လူငယ်တွေ ဘလော့ဂ်ကို ဒီလိုတွေရေးနေကြတရ်... ကိုယ်ဖန်တီးချင်တဲ့ အရာတွေ... ကိုယ်ချပြချင်တဲ့အရာတွေ... စိတ်ကူးရင် ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ရေးသားနိုင်တဲ့ ဒီလိုဘလော့ဂ်မျိုးရှိတရ်ဆိုတာ မသိရိုးအမှန်ပါ...


ဒီလိုနဲ့ မီးလေးရဲ့ မေးလ်အကောင့်ကနေ ဘလော့ဂ်လေးတစ်ခုဖန်တီးလိုက်တရ်ဆိုပါတော့... အဲမှာ စတွေ့ တာပဲ... အခက်အခဲကို ပြောတာပါ... မီးလေးလုပ်မရ်ဆိုတော့လည်း မြန်မာလို ဘယ်လိုရေးရမရ်ဆိုတာ မသိခဲ့ဘူး... ဒီတော့ ကိုယ်ကလည်း ခုမှစလုပ်တာဆိုတော့ အကူအညီမတောင်းရဲခဲ့ဘူးဆိုပါတော့... ဘယ်သူ့ အကူအညီတောင်းရမှန်း မသိတာလဲပါတရ်... မြန်မာစာကို Word ထဲမှာ ရိုက်ပြီးတင်ကြည့်တရ်... ဒါပေမယ့် လေးထောင့်တုံးတွေပဲ ပေါ်တရ်... ဒါနဲ့ လွဲနေပြီဆိုတာ သိတရ် ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... နောက်စီပုံးကို သူများလိုလုပ်ချင်တရ်... ဘယ်လိုလုပ်ရမှန်းလဲ မသိဘူး... ဒါနဲ့ မမမြလွှာဆီကို သွားပြီး စီပုံးအောက်က Get a Cboxကနေ သွားကြည့်တရ်... Account ဖွင့်တရ်... ရသွားပေမဲ့ ဘယ်လိုထည့်ရမှန်းမသိဘူး... ဒါနဲ့ စမ်းကြည့် တရ် ကြည့်ရင်းနဲ့ ရသွားတရ်ဆိုပါတော့... ရပြီးပြီးချင်းပဲ စီနီယာတွေကို လာကြည့်ဖို့ ဖိတ်ခဲ့တရ်... မီးလေး ဘလော့ဂ်အတွက် အမှတ်တရလေးအဖြစ် ကူညီခဲ့တာကတော့ ကိုလီယိုဂျက်ပဲဖြစ်ပါတရ်... သူက မီးလေးကို မြန်မာဖောင့် ဘယ်လိုလုပ်ရမယ်ဆိုတာမျိုး ပြောပြတရ်... လင့်တွေပေးတရ်... လိုအပ်တာ သိချင်တာတွေ မေးဖို့ အီးမေးလ်ပေးခဲ့တရ်... ဒီလိုနဲ့ မြန်မာစာ အဆင်ပြေစပြုလာတရ်ဆိုပါတော့... ဒါပေမဲ့ စာဖတ်သူတွေ အနေနဲ့ မြန်မာစာ ဖတ်မရတဲ့ ပြဿနာ ခဏခဏကြုံနေရဆဲပါပဲ... မလုပ်တတ်တော့ အခက်အခဲ အများကြီးနဲ့ ကြုံခဲ့ရပါတရ်... ဒါပေမဲ့ စိတ်မပျက်ခဲ့ပါဘူး... စိတ်ရှည်လက်ရှည်နဲ့ မီးလေးရဲ့ ဘလော့ဂ်လေးကို တဖြည်းဖြည်း ပြင်ယူခဲ့ပါတရ်...

နောက်ပိုင်းမှာတော့ ကိုရန်အောင်က ဘလော့ဂ်အတွက် အကူအညီပေးနေတရ်လို့ တခြား ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်ရပါတရ်... ဒါနဲ့ ကိုရန်ဆီကလည်း ကိုယ်လုပ်ချင်တာလေးတွေ ရှာပီး ပြင်ကြည့်ခဲ့ပါတရ်... တခြား ဘလော့ဂ်တွေ သွားလည်ရင်းနဲ့လည်း ကိုယ်လိုချင်တာလေးတွေရှိရင် လင့်တွေယူပြီး ပြင်ခဲ့ရပါတရ်... မီးလေး အတွက် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေက အများကြီးဆိုပါတော့... ဒီလိုနဲ့ Why do we blog? Seminar လုပ်မရ်ဆိုပြီး အစည်းအဝေးလုပ်ကြတရ်... ပြင်ဆင်ကြတရ်... မီးလေးလည်း seminar တက်ချင်ပေမဲ့ တက်ဖို့ အခွင့်အရေး၊ အချိန်မရခဲ့တာတွေကြောင့် မတက်ဖြစ်ခဲ့ဘူး... စိတ်ကတော့ တအား တက်ချင်ခဲ့တရ်... ဒါနဲ့ပဲ တက်တဲ့သူတွေတင်တဲ့ ပို့စ်၊ ဓာတ်ပုံတွေကိုကြည့်ပြီး အားကျခဲ့ရတရ်ဆိုပါတော့... နောက်ပိုင်းဘာစဖြစ်လဲ ဆိုတော့... seminar နဲ့ ပတ်သက်ပြီး မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ဖြစ်ကြပြန်ရော... မီးလေး အဲဒီ့အထိ ရန်ကုန်ဘလော့ဂ်ဂါတွေနဲ့မရင်းနှီးခဲ့သေးပါ... ခွဲခြားခြင်းမဟုတ်ပါ... မမမြလွှာက မန္တလေးက ဆိုတော့ သူမဘလော့ဂ်ကို လာတဲ့သူတွေ အများစုက အဲနယ်က ဖြစ်နေတာကြောင့် မီးလေးသွားလည်တဲ့ သူတွေမှာ ရန်ကုန်ကရေးတဲ့သူတွေနဲ့ မသိခဲ့ပါဘူး... ရန်ကုန်မှာနေတဲ့သူတွေက သိပ်မရေးကြဘူးလို့ ထင်နေခဲ့တာ... မႏၱေလးဘေလာ့ဂ္ဂါ၊ ရန္ကုန္ဘေလာ့ဂ္ဂါဆိုၿပီး ပြဿနာဖြစ်ကြတော့မှာ ရန်ကုန်မှာ seminar လုပ်မှန်းသိခဲ့ရတရ်၊ လင့်ရခဲ့တရ်၊ ဒီလိုနဲ့ ရန်ကုန်က စာရေးသူ ဘလော့ဂ်ဂါတွေနဲ့ ရင်းနှီးခဲ့တရ်ဆိုပါတော့... မီးလေးက ဘယ်ကဘလော့ဂ်ဂါဆိုတာမျိုး ခွဲခြားတာ မဟုတ်ပါဘူး... ဘယ်ကဘလော့ဂ်ဂါဖြစ်ဖြစ် အားလုံး ဒီဘလော့ဂ်ကိုပဲ ရေးကြသူမို့ ဘလော့ဂ်ဂါကို ဘလော့ဂ်ဂါလို့ပဲ မြင်ပါတရ်...

မီးလေးရဲ့ အချိန်တွေအကုန်လုံးကို ဘလော့ဂ်လေးက သိမ်းပိုက်သွားခဲ့ပါတရ်... တလောကတောင် ရောဂါပိုး စစ်ကြည့်ကြသေးတရ်လေ... တဦးနဲ့တဦး မမြင်မတွေဖူးကြပေမဲ့ အချင်းချင်း ၀ိုင်းဝန်းကူညီတတ်တဲ့ ချစ်စရာ စိတ်ထားလေးတွေက နွေးထွေးမှုကို ကိုယ်တိုင်ခံစားခဲ့ရလို့ ဒီဘလော့ဂ်လေးကို မီးလေး ဒီတသက်ခွဲနိုင်မှာ မဟုတ်တော့ပါ... အခြေအနေအရပ်ရပ်ကြောင့် မရေးဖြစ်တော့သည်ပဲဖြစ်စေ၊ ဘလော့ဂ်လေးကို ဖျက်လိုက် ရသည်ဖြစ်စေ၊ မီးလေးဘ၀အတွက် ဒီအချိန်တွေဟာ တသက်လုံးအတွက် အမှတ်ရစရာလေးတွေ ဖြစ်နေမှာတော့ အမှန်ပါပဲ... မီးလေး ဘလော့ဂ်ဖြစ်မြောက်အောင် အဖက်ဖက်က ၀ိုင်းဝန်းကူညီကြသော ညီအစ်ကို မောင်နှမများ၊ မီးလေးဒီပို့စ်မှာ နံမည်မပါသော်လည်း ကူညီပံ့ပိုးပေးခဲ့ကြသော ညီအစ်ကို မောင်နှမများ(နံမည်ရေးရင် ရှည်နေမည်ဆိုး၍)၊ မီးလေးကို အမြဲထောက်ခံအားပေးနေတဲ့ ချစ်ရတဲ့သူ၊ အရေးကြီးဆုံးနဲ့ ကျေးဇူးအတင်ဆုံးကတော့ မီးလေးရဲ့ဆရာ(တနည်းအားဖြင့် ဘော့စ်)ကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း၊ အချိန်ပြည့်ဘလော့ဂ်နှင့် အချိန်ကုန်နေပေမဲ့လည်း ဘာမျှမပြောဘဲ လက်ခံပေးခဲ့တဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတရ်...

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးတင်လျက် ဒီပို့စ်နဲ့ ဂါရ၀ပြုလိုက်ပါတရ်...

3 comments:

FunFlakes said...

မီးလေး အောင်မြင်သော ဘလော့ဂါတစ်ယောက်ဖြစ်ပါစေ။ အမြဲတမ်း သာယာအေးချမ်း ပျော်ရျွှင်တဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ပြီး မီးလေးရဲ့ ပျော်စရာကမ္ဘာ ဘလော့လေးနဲ့ အမြဲ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ။ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ချီးကျူးဂုဏ်ပြုလိုက်ပါတယ် မီးလေးရဲ့ ပျော်စရာကမ္ဘာ ဘလော့ပိုင်ရှင် မီးလေးရေ.... အခြားဘလော့ဂါအားလုံးကိုလည်း လေးစားချီးကျူးပါကြောင်း...
ဘလော့ဂါ အသိုင်းအ၀ိုင်း သည့်ထက်ပိုပြီး အရှည်တည်တံ့ သာယာအေးချမ်းနိုင်ပါစေ...

ပီကေ said...

ဒီအခြေအနေ ရောက်ဖို့ အတော်လေးကို ခက်ခက်ခဲခဲ ဖြတ်သန်း လာခဲ့ရတယ် ထင်တယ်။ လေးစားပါတယ်။ ဒီလို စိုက်ထုတ်ခဲ့တဲ့ လုံ့လအတွက် ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေ ခံစားရမှာပါ။ သူငယ်ချင်းတွေ အများကြီးကို မွေးထုတ်ပေးနိုင်တဲ့ ဒီဘလော့ကို အကိုလည်း မခွဲနိုင်တော့ဘူး ထင်ပါတယ်။ မီးလေးလိုပဲပေါ့။ အသွေးအရောင် မခွဲခြားဘဲ လူတိုင်း တန်းတူ ဆက်ဆံကြတာ ဒီဘလော့ဂ်လောကရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုလို့ မြင်မိတယ်လေ။ အောင်မြင်တဲ့ ဘလော့ဂ်တစ်ခု သက်တမ်းရှည်ကြာစွာ ဖန်တီးနိုင်ပါစေလို့ .....

Red's Rose Dream said...

မီးလေးရေ မီးလေးလည်းအတော်ကြိုးစားခဲ့ရတာဘဲ။
ကျွန်မထက်ကိုပိုကြိုးစားခဲ့ရတယ်ထင်တယ်။
ဘာပဲဖြစ်ဖြစ် မြန်မာလိုရေးတဲ့ ဘလောဂ့်ဆိုတော့ ဘယ်သူဘာပြောပြော။
ဗမာဘလောဂ့် ပါဘဲ။ ဟဲဟဲဟဲ