Pages

Thursday, December 20, 2007

မီးလေးနဲ့ဒဿန

မီးလေးခုတလောဆက်တိုက် စိတ်ထဲမှာ တော်တော်ရင်ခံနေတရ် (အစာမကြေ၍ မဟုတ်ပါ)... တကယ်ပါ မယုံရင်တော့ ပုံပြင်လို့သာမှတ်... မီးလေးကလည်း အမှန်ဆို စိတ်ဓာတ်မရင့်ကျက် တာလည်းပါတာပေါ့။ အဲတော့ တခုချင်းစီ တခုချင်းစီတိုင်းကို ရင်ထဲမှာခံစားရတာ... ဇာတ်လမ်းက ခုမှစမှာ :D

မီးလေးက ၁၀တန်းအောင်ထဲက အလုပ်လုပ်ရင်းနဲ့ပဲ ကျောင်းတက်ဖို့ဆုံးဖြတ်ပြီး အဝေးသင်(မြန်မာစာ) ယူပြီး ကျောင်းဆက်တက်ခဲ့ပါတရ်။ အလုပ်ဆိုတာ တခါမှမလုပ်ဘူးတဲ့အတွက် အခက်အခဲတွေနဲ့လဲ အများကြီး ရင်ဆိုင်ခဲ့ရပါတရ်။ အဲဒီအပေါ်မှာပဲ ကောင်းတာလေးတွေသင်ယူ မကောင်းတာဆို ရှောင်မယ်ဆိုပြီး လေ့လာ သင်ယူခဲ့ပါတရ်။ မီးလေးအနေနဲ့ပြောရရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် စတင်ရပ်တည်လိုက်ခြင်းရဲ့ ခြေလှမ်းပဲဆိုပါတော့။ အဲဒီမှာ ဘာတွေတွေ့ရလည်းဆိုတော့ လူပေါင်းစုံနဲ့ တွေ့ရတရ်။ ကိုယ်ကဒီလိုထင်ပေမယ့် သူတို့က ဒီလိုထင်ကြတာပါပဲလားဆိုပြီး ၀မ်းနည်းရတာလည်း အကြိမ်ပေါင်းမနည်းဘူး။ အင်ထရိုလုပ်တာ နည်းနည်းများ သွားပြီ ပြောပြီနော်...

မီးလေးတို့အလုပ်မှာ ပြဿနာတက်ပါလေရော။ ပစ္စည်းပျောက်လို့ သန့်ရှင်းရေးဝန်ထမ်းကို မကျေနပ်ဘူး ဖြစ်နေတာ။ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တာကြောင့် အကြီးအကဲတွေက သန့်ရှင်းရေးဝန်ထမ်း တွေကိုအားလုံး ခေါ်ရှာတယ်။ အဲဒီအချိန်မှာ မီးလေးရင်ထဲခံစားလိုက်ရတာက သန့်ရှင်းရေးတွေမှ မဟုတ်ဘူး။ မီးလေးတို့လည်း ရှိနေကြတာပဲ အားလုံးကိုရှာပေါ့။ ဘာလို့သန့်ရှင်းရေးတွေကိုမှ မသင်္ကာဖြစ်နေတာလဲ။ သူတို့ခင်ဗျာမှာ မရှိလို့ အလုပ်လုပ်စားပါတရ် သူတို့တွေရဲ့ စာရိတ္တကိုပါ ဘာလို့နှိမ်ချင်ကြတာလဲ ? အဖြေမထွက်ခဲ့ပါဘူး။ နောက် ဖုန်းပြန်ဆက်လာပါတရ်။ သူတို့အမက ပျောက်မှာစိုးလို့ သိမ်းသွားတာတဲ့။ ကဲ စဉ်းစားသာကြည့်တော့...

ပစ္စည်းပျောက်တဲ့သူကိုလည်း ကိုယ်ချင်းစာပါတရ်။ သူတို့တွေလည်း ထူပူသွားမှာပဲ ဒါပေမဲ့ သန့်ရှင်းရေး ၀န်ထမ်းကိုပဲ သူတို့ဘာလို့ စွပ်စွဲချင်ရတာလဲ ? လဲပေါင်းများစွာ၊ လားပေါင်းများစွာနဲ့ ဒီမေးခွန်းရဲ့အဖြေကို မရခဲ့ပါဘူး။ သူတို့မှမဟုတ်ပါဘူး လူတိုင်းလူတိုင်း တော်တော်များများ သန့်ရှင်းရေးဝန်ထမ်းဆိုရင် အရေး မလုပ်ချင်ကြဘူး အထင်သေးကြတယ်။ ဘာလို့လဲ ? သူတို့လည်း လူထဲကလူပဲ ဘာလို့ခွဲခြား ခွဲခြားဆက်ဆံ ရတာလဲ ? အဲဒီသူတွေကကော ပိုက်ဆံရှိပြီး စာရိတ္တချို့တဲ့သူတွေလည်း တပုံကြီးပါ (လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာမို့
လူတိုင်းကိုမဆိုလိုပါ)။ ပိုက်ဆံရှိပြီး အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားမကောင်းတဲ့ လူရှိသလို၊ ပိုက်ဆံမရှိပေမဲ့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းတဲ့သူတွေလည်း တပုံကြီးပါ။ ဒါပေမဲ့ ပိုက်ဆံအရေခြုံပြီး အကျင့် စာရိတ္တ၊ ကိုယ်ကျင့်တရားမကောင်းတာကိုကြတော့ အမြင်ရှင်းကြတရ်လေ။

မီးလေးခေါင်းထဲမှာ လူတွေရဲ့စိတ်ထဲမှာ ပစ္စည်းတခုခုပျောက်တာနဲ့ သန့်ရှင်းရေးဝန်ထမ်းဆိုပြီး မထင်အောင် ဘယ်လိုလုပ်ရမလဲ ? ဘယ်လိုလုပ်သင့်လဲ ? စဉ်းစားပေမဲ့ မထိရောက်ခဲ့ပါဘူး။ နေရာတိုင်းမှာ ဒီလိုပဲ ထင်မြင်နေ ကြလို့ပါ (အများစုကို ဆိုလိုခြင်းသာ)။ မီးလေးက လူတိုင်းရဲ့အမြင်မှာ ပစ္စည်း ပျောက်တာနဲ့ သန့်ရှင်းရေးတွေပဲ လို့တထစ်ချယုံကြည်တာမျိုး မဖြစ်စေချင်တာ ရင်ထဲက စေတနာအမှန်ပါ။ ဘယ်သူတွေကများ တခုခုဖြစ်တာနဲ့ သန့်ရှင်းရေးပဲလို့ ပြောခဲ့လို့လဲပေါ့ ?

ခုတော့ မီးလေးအဖြေရခဲ့ပါပြီ။ မှန်ချင်မှလည်းမှန်မယ် မှားရင်လည်းမှားမရ် မီးလေးမှားရင် မီးလေးဘလော့ဂ် ကိုလာလည်ကြတဲ့ မောင်နှမတွေရှိတာပဲ (ပြောပြကြမယ်မဟုတ်လား)အားကိုးရှာတာ... ဟီ ဟိ... ဘယ်သူမှ မလုပ်ပါဘူး။ သူတို့ကိုယ်တိုင်က သူတပါးအထင်အမြင်သေးအောင် လုပ်ထားကြလို့ပါပဲ။ (အကုန်လုံး မဆိုလို ပါ) ပြောမယ်ဆို အလွယ်လိုက်ကြတာ ကိုယ့်မှာအခက်အခဲရှိလာတော့ လွယ်တာလုပ်လာကြရင်းနဲ့ လုပ်တဲ့သူ ရော၊ မလုပ်တဲ့သူကော ရောနှောပြီး အထင်ခံလာရခြင်းပဲ ဖြစ်ပါတရ်။ မီးလေးသာ သူတို့နေရာမှာရှိမယ်ဆိုရင် ငါတို့ကို ဒီလိုထင်နေတာ ငါတို့သန့်ရှင်းရေးအလုပ်သမားတွေဘက်က ဘယ်လိုရပ်တည်ရမလဲ။ သူတို့အထင် အမြင်ထဲမှာ အထင်သေးတာကို ပျောက်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာမျိုး စဉ်းစားမှာပါ။ ခုလည်း စဉ်းစာတာပါပဲ။

ခုဆို မီးလေးက ၀န်ထမ်းတွေကို ပြန်ကြည့်ရတဲ့နေရာကို ရောက်လာတရ် (ကပ်ကြွားတာ)။ သန့်ရှင်းရေးဝန်ထမ်း တွေနဲ့ ရင်းရင်းနှီးနှီးနေတရ်။ ဒါပေမဲ့ ဘယ်လောက်ထိတော်လည်းဆို ကိုယ့်ကိုပတ်တော့မှ သိတော့တရ်။ ကိုယ့်ကတော့ သနားလို့ သူတို့အပေါ်ထားတဲ့ စိတ်ကို မထီမဲ့မြင်ပြုလိုက်တာကိုတော့ အရမ်းဝမ်းနည်းမိတယ်။ သူတို့တွေကလည်း အထင်မြင်သေးအောင် သူတို့ကိုယ်တိုင် လုပ်နေကြတာပါလားလို့လည်း သိလိုက်ရတယ်။ အဲလိုလူမျိုးတွေရှိနေသ၍ လူတိုင်းရဲ့အထင်မြင်သေးတာလည်း ဘယ်တော့မှ ပျောက်ပျက်တော့မှာ မဟုတ်ဘူး ဆိုတာ။ မီးလေးလည်း သူတို့ကို ရင်းရင်းနှီးနှီးနေမိတာ မှားသွားပြီတောင် ထင်တယ်။ အကုန်လုံးကို ဆိုလိုတာ မဟုတ်ပါဘူးနော်။ ဘာလို့လိမ်ချင်၊ ပတ်ချင်ရတာလည်း၊ ဘာလို့အလွယ်လိုက်ချင်ရတာလည်း... ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်ဆိုတဲ့ ရှေးလူကြီးတွေထားခဲ့တဲ့ စကားပုံက သွေးထွက်အောင်မှန်တယ်။ ခုက တကောင်တောင်မဟုတ် ဆယ်ကောင်မှာ ခုနစ်ကောင်လောက်ဖြစ်နေတာ။

ငွေမရှိလို့ အနှိမ်ခံရတာထက်၊ စာရိတ္တမကောင်းလို့ ပြောခံရတာက ပိုပြီးနာဖို့ကောင်းပါတယ်။ ငွေတပြားမှမရှိရင်နေ စာရိတ္တတော့ အပြည့်ပဲ ဆိုတာမျိုး လူတိုင်းမှာရှိကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။ လူလူချင်း အဆင့်အတန်းခွဲတာတွေလည်း ရှိလာမှာမဟုတ်တော့ဘူး။ ရှိလာဦးတော့ ခုလောက်ထိဖြစ်နေကြမှာ မဟုတ်ဘူးလို့ မီးလေးတော့ထင်တယ်။
ပိုပြီးဝမ်းနည်းမိတာက မီးလေးခုရေးတဲ့ပို့စ်လေးကို သူတို့တွေဖတ် ဖြစ်မှာ မဟုတ်လို့ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ ကိုယ့်ရဲ့စာရိတ္တ၊ ဂုဏ်သိက္ခာကို ထိမ်းသိမ်းပြီး အထင်အမြင်သေးခံရတာတွေမရှိအောင် မှန်ကန်ဖြောင့်မတ် ရိုးသားတဲ့စိတ်ဓါတ်တွေနဲ့ ကြိုးစားနိုင်ကြပါစေ လို့ ဆုတောင်းမိပါတယ်.....
(သံဝေဂရမိလို့ မျှဝေတင်ပြခြင်းသာ)

7 comments:

ထွန်း said...

တကယ်မှန်တယ် ကိုယ့်အိမ်က အတူနေဖော် မန်နေဂျာမ ဆိုရင် ရေခဲသေတာထဲထဲ့သမျှ သူသဘောအတိုင်း အသစ်ကိုမှဖောက်စားတယ် တခါလည်း သူငယ်ချင်းအတွက် ၀ယ်လာခဲ့ပေးတဲ့ လိမော်ရည်ဗူး ည၁၀နာရီထဲ့ထားပြီး မနက်ကျ သူငယ်ချင်းလှမ်းခေါ်ပြီး ပေးတော့မှ ဖောက်သောက်ထားမှန်းသိရတယ် နောက်တခါလည်း ကိုယ့်ဟင်းသီးဟင်းရွက် (မှို၊ခရမ်းချဉ်သီး) ရေဆေးပြီး စိတ် ပုဂံထဲထဲ့ လက်ကကိုင်ပြီး ၀ါးစားနေပြီး ငါဘယ်သူ့ ပစည်းကိုမှ မကိုင်ဘူးတဲ့ ဘာပြောရမှန်းတောင်မသိဘူး ဒါက မန်နေဂျာနော်... လစာ တနစ်ကို ပေါင် ၅သောင်းကျော် ရနေတဲ့ မန်နေဂျာ....

သဇင်ဏီ said...

မရှိခိုးနိုး ဆိုတဲ့ အမြင်က လူတော်တော်များများမှာ ရှိနေတယ်နော်... လူချင်းတူပေမယ့် မြင်တဲ့အမြင်ချင်းမတူကြတဲ့သဘောပေါ့.. တို့လဲတခါတလေ အားနည်းတဲ့သူတွေဘက်က ခံစားပေးလို့ရတယ်..
တော်တယ်မီးလေးရေ.. စိတ်ဓာတ်လေးကချစ်စရာ :)

Anonymous said...

တစ်ခုတော့ရှိတယ်အစ်မရဲ့။ သူတို့ကပဲနေရာတကာဝင်ထွက်နေတယ်ပြီးတော့လည်း လူသူမရှိတဲ့အချိန်မနက်စောစောတို့ အလုပ်ဆင်းချိန်တို့ဆိုရင် သူတို့ပဲရှိတာမလား။ အဲတော့အချိန်တိုင်းရှိတဲ့သူတို့ကို လူတွေကသံသယ၀င်တယ်လေ။ နောက်ပြီးသူတို့က ရိုးရိုးလူထက်စာရင်တော့နည်းနည်းနိမ့်တယ်ပြောရမလား။ အဲတော့လူတွေက နှာခေါင်းရှုံချင်တယ်လေ။ နောက်တစ်ခုကတော့ အစ်မပြောသလိုပဲ သူတို့ကိုယ်တိုင်ကို က အဲလိုမြင်အောင်နေနေတာဆိုတော့လည်း လူတွေကထင်ပြီပေါ့နော်။ ခက်ပါတယ်အစ်မရယ်။ လူတွေကတော့။ ကိုယ်လည်းကောင်းအောင်နေရမှာပေါ့နော်။ ဒီလိုပါပဲအစ်မရယ်။ တွေးပြီးစိတ်ညစ်မနေနဲ့နော်။ သူ့ကံနဲ့သူပဲပေါ့။ အဓိက ကတော့ကိုယ့်ကိုအထင်ကြီးစေချင်ရင် ကိုယ်ကလည်းကောင်းကောင်းနေပေါ့နော်။ ဒါပဲရှိတာပဲ။

Anonymous said...

တယ်ရင်းရေ ဒီလိုပါပဲ။ နေရာတိုင်းမှာ ကောင်းတဲ့ လူတွေရှိ သလို မကောင်းတဲ့ လူတွေ ရှိတာပဲ။ အရမ်း ဆင်းရဲပြီး မပြေလည်ပေမယ့် ရိုးသားတဲ့ လူတွေ ရှိသလို၊ အရမ်း ချမ်း သာပေမယ့် သူများပစ္စည်းကို မတရား လိုချင်တဲ့ လူတွေလည်း ရှိတာပဲလေ။ တယ်ရင်းပြောသလိုပဲ ရှာရင်လည်း အကုန်ရှာ မှ တရားမှာပေါ့။ တစ်ခုရှိတာက စေတနာဟာ လူတိုင်းနဲ့ မထိုက်တန်ဘူးလေ။

နှံကောင် said...

သိပ်မှန်တယ်

Gu Gu said...

မီးလေးရေ... တစ်ဖြေးဖြေး အစရှာရမဲ့ ကြက်ဥတွေက များလာပြီ... ဒီတစ်ခုကိုတော့ တွေးမိထားတာလေးတွေ ရှိတယ်...

ပထမ တစ်ခုက.. ဥပဒေက အကာအကွယ် ပေးထားနိုင်တဲ့ လူ့အခွင့်အရေးပါ... ဥပဒေ ကသာ အဲဒီလို အခွင့်အရေး ပေးပြီး လူတိုင်းကို တန်းတူရည်တူ ကာကွယ်ပေးထားမယ် ဆိုရင်.. သန့်ရှင်းရေး ဝန်ထမ်းမို့ ခွဲပြီး အကုန်စစ်တယ်လို့ လုပ်လို့ မရပါဘူး... စစ်မယ်ဆိုရင်လဲ ဝန်ထမ်းတွေ အကုန် စစ်ရပါမယ်... မဟုတ်ရင် သန့်ရှင်းရေး ဝန်ထမ်းတွေက အကုန်စုပြီး တရားစွဲကြမှာပေါ့... နောက်တစ်ချက်က ကိုယ့်ဖက်က မသေချာရင် ဘယ်သူ့ကိုမှ တပ်အပ် စွပ်စွဲခွင့် ကိုယ့်မှာ မရှိပါဘူး... ဥပဒေစနစ်က ပုံမှန် လည်ပတ်နေတာ ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး သက်ဆိုင်ရာကပဲ စစ်ဆေးတာတွေကို လုပ်ရမှာပါ... ဒါကတော့ သီအိုရီလိုမျိုး ဖြစ်ချင် ဖြစ်နေဦးမှာပါပဲ... ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေ့ဒီအချိန်ထိ နေရာတိုင်းမှာ အာဏာ၊ ဥစ္စာဓန ရှိသူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ နိုင်တတ်ကြလို့ပါပဲ... (ကျနော့်ရဲ့ အမြင် သက်သက်ပါ... တစ်ဦးနှင့် တစ်ဦး ကွဲလွဲတာတွေ ရှိနေနိုင်ပါတယ်...)

ဒုတိယ တစ်ခုက.. သန့်ရှင်းရေး ဝန်ထမ်းတွေရဲ့ ခံစားချက်ပါ... တစ်ချို့တွေလဲ ရှိမှာပေါ့.. “ငါတို့ မလုပ်လဲ ထင်နေကြမှတော့.. လုပ်တော့လဲ ဘာထူးတော့မှာလဲ...” ဆိုတာ မျိုးပေါ့... (အကုန်လုံးကို မဆိုလိုပါ)... တစ်ချို့ ကိစ္စတွေမှာ ကိုယ်တိုင်တောင် ဒီလို ခံပြင်းလို့ တွေးမိတာတွေ ရှိခဲ့ဖူးသေးတာပဲ... တစ်ဖက်က မတရားစွပ်စွဲမှုတွေကို ရပ်လိုက်ရင် တစ်ဖက်က မခံချင်လို့ အရွဲ့တိုက် လုပ်ပစ်တာတွေလဲ ပျောက်သွားမှာပါပဲ... သူတို့တွေထဲက တစ်ချို့တွေက လှည့်ပတ်ကြတယ် ဆိုတာ အဲဒီ ကာယကံရှင်နဲ့ပဲ သက်ဆိုင်ပါတယ်... သန့်ရှင်းရေး ဝန်ထမ်းမဟုတ်ပဲ လှည့်ပတ်နေကြတဲ့ သူတွေလဲ ကျနော်တို့ ဘေးနားမှာ မျက်နှာလွှဲ မလွဲ အများကြီးပါ... လူစုံ အလွှာစုံပဲ... သူတို့ကိုတော့ ပြောမဲ့သူ မရှိတာလား.. အရေခြုံကောင်းလို့ မသိကြတာလား.. ဝေခွဲမရပါ...

တော်တော်ကောင်းတဲ့ တော့ပစ်လေး တစ်ခုပါပဲ... စာဖတ်သူတွေကို စဉ်းစားစရာတွေ အများကြီး ပေးခဲ့တယ်...

Anonymous said...

not only in our country,all the poor country are like that.But should search all people even he want to search cleaning people