Pages

Wednesday, November 21, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၂

“အူဝဲ...အူဝဲ”
လောကထဲကို လူသားတဦးမွေးဖွားလာခဲ့ပါတယ်။ ကျွန်မမှာ မောင်လေးတယောက် ရလာတဲ့အတွက် အရမ်း
ပျော်နေမိပါတယ်။ မပျော်နိုင်တဲ့သူကတော့ မာမီပါ။ မာမီမွေးခါနီး ဗိုက်နာတာတောင် ဒက်ဒီ့ပြန်မလာခဲ့ပါ။
တော်သေးတာက လွန်ခဲ့တဲ့ နှစ်ပတ် လောက်မှာ ဒရိုင်ဘာခန့်ထားလိုက်လို့သာ အချိန်မီ ဆေးရုံရောက်သွားနိုင်
ခဲ့တာပါ။ ခုဆို မာမီဆေးရုံတက်တဲ့ သုံးရက်အတွင်း တစ်ခေါက်မှ လာဖော်မရတဲ့ ဒက်ဒီ။
ဘာလေးမွေးလဲတောင်
ဖုန်းလေးတစ်ချက်ဆက်ပြီး မေးဖော်မရတဲ့ ဒက်ဒီ။ ကျွန်မရင်ထဲက
အမုန်းမီးတွေကလည်း အရှိန်အဟုန်ကောင်း
လာဆဲပါပဲ။ မာမီဆေးရုံတက်နေစဉ်အတွင်း ဒက်ဒီသည် အပြင်မှာ
သောက်ရုံမက အိမ်ထဲမှာပင် ပုလင်းထောင် တဲ့အဆင့်ကို ရောက်ခဲ့တယ်။


“ပုလဲ... ဟိုမှာ နင့်အဖေကားဖြတ်သွားတယ်” ပုလဲလှမ်းမကြည့်ချင်၍ သူငယ်ချင်းဘက် လှည့်လိုက်စဉ်မှာပဲ
“သူ့အဖေက မူးရင် သွေးဆိုးတယ်ဟ”လို့ လက်တို့ပြီး ပြောတာ တွေ့လိုက်ရတယ်။ ကျွန်မမကြားအောင်
တိုးတိုးပြောပေမဲ့ ကြားလိုက်ရတယ်။ ကျွန်မ မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့တယ်။ ထိုစကားသံတွေ
ကြားတိုင်းတော့ အမုန်းမီးများက တောက်လောင်ဆဲပါပဲ။ ဒီလိုနဲ့ ကျွန်မမောင်လေး ကျောင်းတက်ရမဲ့အရွယ်
ရောက်လာခဲ့ပါတယ်။ ကျွန်မမောင်လေးကို သူများတွေနောက်တိုင်း ကျွန်မကတော့ ဂျက်မပေါ့။ မောင်လေး
ထူးဝဏ္ဏကို အနိုင်ကျင့်တဲ့သူတိုင်း ကျွန်မကို ကြောက်သဖြင့် နောက်ပိုင်း မည်သူမှ မစမနောက်ကျတော့ပါ။
ကျောင်းသွားအတူ၊ ကစားအတူ၊ စားအတူနှင့် ကျွန်မအပျော်ဆုံးကတော့ ကျွန်မမောင်လေးနဲ့ ကျွန်မမွေးနေ့ပွဲ
လုပ်တိုင်း ကျွန်မပျော်ခဲ့ပါတယ်။

ကျွန်မဆယ်တန်းနှစ်၊ မောင်လေးထူးဝဏ္ဏ လေးတန်းတုန်းက တညနေ ကျောင်းကပြန်လာမှာတော့-
“ဟင့် ဟင့် ဟင့်” ကျွန်မခြေလှမ်းတွေ မြန်လာပါတယ်။ ဒက်ဒီ့ မာမီကိုဘာလုပ်ပြန်ပြီလဲ ဒေါသနဲ့အတူ ခြေလှမ်း
ကျဲကြီးနဲ့ အိမ်ထဲဝင်လိုက်စဉ်မှာပဲ မာမီကြမ်းပြင်တွင် ပုံလျက်သားငိုနေတာကို တွေ့လိုက်ရတယ်။ မာမီက
ဒက်ဒီနဲ့ပြဿနာဖြစ်တိုင်း ကျွန်မတို့ကို အဝေးတွင် နေခိုင်းလေ့ရှိပါတယ်။ လူကြီးတွေကြောင့် ကလေးတွေကို
စိတ်မဆင်းရဲစေချင်သောကြောင့်ဖြစ်ပါတယ်။ ခုအခါမှာတော့ မာမီက ကျွန်မတို့မောင်နှမကို မြင်သည်နှင့်ဖက်
၍ ငိုပါသည်။ ကျွန်မစိတ်ထဲထင့်သွားသည်။ မာမီတခါမှ ယခုလို မပြုမူဖူးသောကြောင့်လည်းပါတယ်။
မာမီနဲ့
အတူ ကျွန်မတို့ ရောငိုမိကြပါသည်။ ပြဿနာအကြောင်းရင်းကိုတော့ မသိပါ။ သိလိုက်တဲ့အချိန်မှာတော့
ကျွန်မမငိုတော့ပါ။ ဒက်ဒီ့က မာမီကို ကွာရှင်းဖို့ပြောသည်တဲ့။ ကျွန်မမိဘတွေ ကွဲတာ ကျွန်မ
ဘာကြောင့်ပျော်
ပျော်သလဲ၊ ကျွန်မမှာ အဖေရှိလျက်နှင့် ပညာရည်ချွန်ဆုပေးပွဲသွားတိုင်း ဒက်ဒီမလိုက်ခဲ့ပါ။
ကျွန်မလည်း သူများ
တွေလို မိဘနှစ်ပါးနဲ့အတူ ဆုပေးပွဲတက်ချင်ခဲ့ပါသည်။ ကျောင်းပိတ်ရက်တိုင်း မိသားစုနှင့်
အတူ ပျော်ပျော်
ပါးပါး ခရီးထွက်ချင်ခဲ့ပါသည်။ ခုတော့ အဲလိုမဟုတ်သည့်အပြင် ဒက်ဒီ့ကြောင့် ကျွန်မတို့အရှက်ရကြရသည်၊
စိတ်ညစ်ရသည်။

ဒက်ဒီနဲ့မာမီကွဲပြီးနောက်ပိုင်းမှာတော့ မာမီ့၌ရှိသည့် ပိုက်ဆံလေးဖြင့် သင့်တော်သည့် အိမ်တလုံးဝယ်ပြီး အိမ်
ဆိုင်လေးဖွင့်ရင်း ကျွန်မတို့ဘ၀ကို စတင်ရုန်းကန်ခဲ့ရပါသည်။ ကျွန်မအဆင်မပြေမှုကြုံတိုင်း၊ အထည်ကြီးပျက်
တွေလို့ ပြောခံရတိုင်း ဦးဘုန်းဝဏ္ဏကို မုန်းတီးနာကြဉ်း စက်ဆုပ်မိပါသည်။ မာမီနဲ့ကွဲလိုက်ပေမယ့်
ကျွန်မတို့
မောင်နှမအတွက် ဦးဘုန်းဝဏ္ဏကို အဖေဟု မသတ်မှတ်နိုင်ပါ။ လမ်းတွေ့ရင်တောင် မတွေ့အောင်ရှောင်သွားခဲ့
ပါသည်။ ဒီလိုနဲ့ ပုလဲဆယ်တန်းကို ဂုဏ်ထူး လေးဘာသာနှင့် အောင်မြင်ခဲ့ပါသည်။ မာမီက
စီးပွားရေး
တက္ကသိုလ် တက်စေချင်၍ ကျွန်မ စီးပွားရေးတက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
“ပုလဲ... နင့်နောက်က လူတယောက်လိုက်လာတယ်ဟ”
“ဟုတ်လား” ပြောရင်း လှည့်ကြည့်လိုက်စဉ်မှာတော့ “ဟင်...ဦးဘုန်းဝဏ္ဏ” “ပုလဲနင်အသိလား”
“မဟုတ်ပါဘူးဟာ... သူတို့က ဆင်းရဲတော့ ပိုက်ဆံလာတောင်းတာနေမှာပေါ့”
“အဲဒါဆိုလည်း ပိုက်ဆံပေးလိုက်လေဟာ”
“အိုး ဘာလို့ပေးရမှာလဲ သူ့မှာလည်း ခြေကောင်းလက်ကောင်းနဲ့ လာပါဟာ ဂရုစိုက်မနေစမ်းပါနဲ့” မမှတ်မိ
လောက်အောင် ပြောင်းလဲသွားခဲ့တဲ့ ဦးဘုန်းဝဏ္ဏပုံစံက ကျွန်မတွေးတောင် မတွေးမိတဲ့ ပုံစံမျိုးနဲ့ ကိုယ်ပေါ်က
အ၀တ်တွေကလည်း စုတ်ပြတ်လို့။ ကျွန်မယခင်နေခဲ့တဲ့ အိမ်လေးကို မာမီမသိအောင် သွားကြည့်ခဲ့တယ်။

အိမ်နီးနားချင်းတွေ ပြောပြချက်အရ နောက်မိန်းမယူပြီး အရင်လိုမူးရူးနေတော့ ယူထားတဲ့မိန်းမက မိန်းမလည်
ချူစားတဲ့ မိန်းမ၊ ယောက်ျားလုပ်တဲ့သူက မူးရူးပြီး ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်မိန်းမလုပ်တဲ့သူက
ယောက်ျား
မရှိခင် အိမ်မှာတင် ဖောက်ပြန်၊ ဂေါ့(ဖ်)ရိုက်တာကလည်း ရှုံး၊ နောက်ဆုံးတော့ နောက်မိန်းမက အိမ်ပေါ်ကနှင်
ချလိုက်တယ်ဆိုပဲ။ ဂေါ့(ဖ်)ကြွေးတင်တာကလည်း နောက်မိန်းမရဲ့ လင်ငယ်ဆီမှာ အဲတော့စည်းစိမ်ဥစ္စာလည်း
ရှုံး မယားလည်းရှုံးတဲ့။ ကြားရတဲ့ သတင်းကတော့ အကောင်းဆို၍ ကုန်းကောက်စရာတောင်မရှိ။


“ခွမ်း” မာမီ့ကို ဦးဘုန်းဝဏ္ဏအကြောင်း ပြန်ပြောပြလိုက်တာ မာမီ့လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တောင်
လွတ်ကျတယ်။ မာမီ့ ဒက်ဒီ့ကို မမေ့နိုင်သေးဘူးကိုး။ ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတယောက်အပေါ်
မာမီမေ့ပစ်သင့်ပါသည်။ ကျွန်မနောက် ဘာလို့ တကောက်ကောက် လျှောက်လိုက်နေရတာလဲ။ရှက်ဖို့
ကောင်း လိုက်တာနော်။

နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ စောင့်လက်စနဲ့ စောင့်ဦး (ထီးဆိုင် မဟုတ်ပါ)

2 comments:

Red's Rose Dream said...

စောင့်ပြီးဖတ်နေတယ်နော် မီးလေးရေ။

This is about... said...

စိတ်ရှည်ရှည်နဲ.စောင့်နေပါတယ်။