Pages

Friday, November 23, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...ဇာတ်သိမ်း

“ကိုဘုန်း ဒါကဘယ်လဲ နေလည်း ကောင်းတာမဟုတ်ဘဲနဲ့ ပြန်ဖျားနေဦးမယ်... သွား သွား အထဲဝင်နေ”
“ဟဲ့ သမီး ကျောင်းသွားတော့မလို့လား အစောကြီးရှိသေးတယ်”
“မတွေ့ချင်တဲ့လူ တွေ့နေရမှာစိုးလို့”
“ဟဲ့ သမီး ဘယ်လို ပြောလိုက်တာလဲ” “တော်ပါတော့ မိန်းမရယ် သမီး လွတ်လွတ်လပ်လပ်နေပါစေ”
“မိန်းမ မိန်းမနဲ့ နားခါးလိုက်တာ”
“ပုလဲ ပြောလေကဲလေပါလား ဟမ်”
“မမြရေ မမြ... သြော် ဧည့်သည်ရောက်နေတာကိုး”

“ဘာကိစ္စလဲ အစန်း”
“ကျွန်မသမီးလေး ၀မ်းသွားနေလို့ ဓာတ်ဆားထုပ်လေး ရောင်းပေးစမ်းပါဦး”
“သြော်... အေး... သားရေ မာမီ့ကို ဆိုင်သော့လေး ယူလာပေးပါဦး”
“ရော့...မာမီ”
“သား ဒက်ဒီ့အတွက် မနက်စာပြင်ပေးထားလိုက်...”
“ဒါမမြယောက်ျားလား...”
“ဟုတ်တယ် အစမ်း... လာ ဓာတ်ဆားထုပ်ပေးမယ်”
“မမြတို့က အိမ်ထောင်ကွဲနေတာလား... ကျွန်မက မမြကို မုဆိုးမအောက်မေ့နေတာ”
“ဟုတ်တယ်...အစမ်းရဲ့ ကလေးတို့အဖေပဲလေ”

“မှုတ်ဖူး... မှုတ်ဖူး... ကျွန်မအဖေမဟုတ်ဘူး”
“သမီး... သမီး...” ကျွန်မနောက်က ဘာလို့ ဒီလူကြီး ပြေးလိုက်လာတာလဲ။
“မလိုက်လာနဲ့... ကျွန်မနဲ့ ဘာမှမတော်ဘူး၊ ဘာမှမဆိုင်ဘူး မလာနဲ့”
“မလာနဲ့ဆို မလာပါဘူး သမီးရယ် မပြေးပါနဲ့တော့”
“သမီး”
“ကိုဘုန်း သတိထား”
“အွန့်”
“ကျွီ”
ကျွန်မမျက်လုံးတွေ ပြာဝေသွားတယ်။ ကျွန်မသေပြီထင်ပါရဲ့။
“လာကြပါဦးဟဲ့... ဒီမှာလူတယောက်ကားတိုက်သွားလို့”
“ကိုဘုန်း...ကိုဘုန်း...”
“ဒက်ဒီ...ဒက်ဒီ...”
“သ...သ...သမီး”
“ဟင့်...ဟင့် ဘာမှမဖြစ်ဘူး ကိုဘုန်း သမီးရှိတယ်”
“ခေါ...ခေါ်ပေးပါလား...မြရယ်” ပြောရင်း ကိုဘုန်းဝဏ္ဏ လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ပါပြီ။
“သမီးမိုက်...ပုလဲ... နင့်မုန်းတဲ့ နင့်ဒက်ဒီက နင့်ကို အသက်နဲ့ရင်းပြီး ကယ်တင်သွားတာ...ငါ့မှာ နင့်လို သမီးမျိုး ရှိတာ ငါရင်နာတယ်...ငါ့မှာ ဒီလိုသမီးမျိုးမရှိဘူး နင်သွားချင်ရာ သွားတော့... သွား... ထွက်သွား” ကျွန်မရင်ထဲ အောင့်ခနဲဖြစ်သွားတယ်။ မာမီက ငါ့ကို သမီးမိုက်တဲ့ ငါတကယ်ပဲ မိုက်ခဲ့တာလား။ ဟင့်အင်း ငါမမိုက်ပါဘူး။ ဒါပေမဲ့ ငါမှားခဲ့တယ်။
“ပုလဲတောင်းပန်ပါတယ် မာမီရယ် ပုလဲမသွားပါရစေနဲ့။ ပုလဲမာမီကိုရော မောင်လေးကိုရော မခွဲနိုင်ဘူး မာမီရဲ့”
“သမီးကိုခွင့်လွတ်ပါ မာမီ။ သမီးမှားသွားပါတယ်။ သမီး ဒက်ဒီကိုလည်းတောင်းပန်ပါ့မယ်”
“စိတ်လျော့လိုက်ပါ မမြရယ်။ သမီးလည်း သူ့အမှားကို သိသွားပြီပဲ...”
“သမီးကို မနှင်ထုတ်ပါနဲ့ မာမီရယ်...နော်...နော်...ဟင့်...ဟင့်...ဟင့်”

“ဒက်ဒီအပေါ် ပြုမူပြောဆိုမိတာတွေ အားလုံးကို သမီးတောင်းပန်ပါတယ်။ သမီးကို ခွင့်လွတ်ပါနော်” ကျွန်မပြောနေပေမဲ့ အချိန်ကား နှောင်းသွားခဲ့ပါပြီ။ ကျွန်မပြောနေတာတွေ ဒက်ဒီ့မှ ကြားပါလေစ။ ဒက်ဒီ ကျွန်မအပေါ် ခွင့်လွတ်နိုင်ပါ့မလား။

အရင်က ကျွန်မတို့ မိသားစုပျော်ရွှင်ခဲ့ကြတယ်။ ဒက်ဒီက သူ့အမှားတွေသိလို့ ပြန်လည်ထူထောင်ဖို့လာ တောင်းပန်တုန်းက လက်ခံခဲ့ရင် ယခုလို ဆုံးသွားခဲ့မှာ မဟုတ်ဘူး။ အချိန်တွေကိုသာ ပြန်လှည့်လို့ ရမယ်ဆိုရင် ဒက်ဒီဟာ ကျွန်မတို့ အပေါ်မှာ ဘယ်လောက်ပဲ ဆိုးသည်ဖြစ်စေ ပြုစုစောင့်ရှောက်ချင်ပါတယ်။ ယခုဆိုလျှင် ကျွန်မလိုချင်တဲ့မိသားစုဘ၀မျိုး ဘယ်တော့မှ ပြန်လည်ရရှိမည် မဟုတ်တော့ပါ။ ပျော်ရွှင်နေခဲ့ကြ သည့်တိုင် ပြည့်စုံတော့မည်မဟုတ်တော့ပါ။ ကျွန်မကြောင့် ကွက်လပ်လေးဖြစ်ခဲ့တဲ့ ဒက်ဒီ့ရဲ့နေရာကို ဘယ်လိုမှ အစားထိုး ၍ မရနိုင်တော့ပါ။ ယခုအချိန်မှာ ကျွန်မရင်ထဲ၊ နှလုံးသားထဲမှာ နောင်တကြီးစွာ ရနေမိပါတယ်။ ကျွန်မရဲ့ ပြင်လို့မရတဲ့နောင်တတွေကို ထွေးပိုက်ရင်း မိသားစုပျော်ရွှင်စွာ နေထိုင်ခဲ့ကြတဲ့ ရက်တွေကို ပြန်လည်တမ်းတ ရင်း ကျွန်မရဲ့ အနာဂတ်လမ်းမှာ ဘာတွေဖြစ်ဦးမယ်ဆိုတာ၊ ဘာတွေကြုံဦးမယ်ဆိုတာ မသိနိုင်ပါ။ ဒက်ဒီအပေါ် တင်နေတဲ့ အကြွေး ကျွန်မဆက်ရဦးမည်ထင်ပါရဲ့။

မိဘတိုင်းဟာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မိဘဟာမိဘပါပဲ။ ကျွန်မလို အမှားမျိုး လူတိုင်းမမှားမိကြ စေဖို့ ဆုတောင်းရင်း....


စောင့်မျှော်ဖတ်ရှုပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါတရ်... လိုအပ်သည်များရှိခဲ့ ရင်လည်း ဝေဖန်ပေးကြပါဦးလို့...

2 comments:

Unknown said...

သနားပါတယ် အမရယ်။

နှင်းသဇင် said...

အမရေ ကောင်းပါတယ် ရုပ်ရှင်ကြည်ပနေရတဲ့ အတိုင်းပဲ မမက စာရေး မမကစာရေးတော်လိုက်တာနော်