Pages

Tuesday, November 27, 2007

ကြားဖူးခဲ့သမျှ...

ဒီပို့စ်လေးက မီးလေး သူငယ်ချင်းတဦးကို ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတရ်။ သိပ္ပံခေတ်ဖြစ်ပေမယ့်လည်း တချို့အရာတွေက မယုံနိုင်စရာ ကြုံတွေ့တတ်တရ်ဆိုတာ ပြောပြချင်တာပါ။ ယုံခြင်း၊ မယုံခြင်းနဲ့မဆိုင်ပါဘူး။ ဗမာတွေမို့ ဟိုဟာလည်း အယူသည်းလိုက်၊ ဒီဟာလည်း အယူသည်းလိုက်လို့ တချို့ကထင်ကြပါတရ်။ ပြောမယ်ဆိုရင် အကောင်အထည်မပြနိုင်တဲ့ ကိစ္စတွေကိုတော့ ပြောရတာခက်တရ်။ ဒါပေမဲ့ကြုံတဲ့သူက တကယ်ကြုံရပါတရ်။ ကိုရန်အောင် သရဲအကြောင်း tagတုန်းကတော့ သရဲလိုက်ခံရတဲ့အကြောင်း ပို့စ်တင်ထား ဖူးပါတရ်။ ဒီတစ်ခါကတော့ သရဲလိုက်တဲ့အကြောင်း မဟုတ်တော့ပါဘူး။ ရက်လည်ပြီးတဲ့နေ့ရဲ့ ည၁၂နာရီမှာ သေဆုံးသူ အိမ်ပြင်ထွက်တရ်ဆိုတာကို မီးလေးသူငယ်ချင်းက သူ့အယူအဆနဲ့ သူရှိတာပါ။ ဟုတ်မဟုတ် ဘယ်သိမလဲတဲ့။

အဲဒီဇာတ်လမ်းအစက မီးလေးတို့ နောက်လမ်းကအိမ်မှာ နာရေးတစ်ခုဖြစ်တရ်။ မီးလေးတောင် အသုဘ လိုက်ပို့လိုက်သေးတရ်။ သေဆုံးသူရဲ့သားက အိမ်နှစ်အိမ်ရှိတရ်။ ရပ်ကွက်တော့မတူဘူး။ နည်းနည်းလှမ်းတရ်။ အသုဘချတဲ့နေ့ကလည်း အိမ်နှစ်အိမ်လုံး ကားစီစဉ်ထားတရ်။ ဒီအထိက တော်တော်များများ ဖြစ်တတ်လို့ ဘာမှမဖြစ်ကြသေးဘူး။ ရက်လည်ကို နှစ်အိမ်လုံးမှာ ကျွေးမှာဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ အိမ်ရှင်အနေနဲ့ လည်း ဧည့်ခံရတာလူခွဲရမရ်။ သေတဲ့သူကကော ဘယ်အိမ်မှာ တရားနာမှာလဲ။ မီးလေးတို့က အဲမှာ စခန်းထ တာ။ မီးလေးက ည၁၂ကျရင် ဘယ်အိမ်က ထွက်မလဲမသိဘူးလို့ ပြောမိလိုက်တရ်။ မီးလေး သူငယ်ချင်းက မဆိုင်ပါဘူး။ ကိုယ့်အယူနဲ့ဘဲဆိုင်တရ်တဲ့။ သူပြောတော့လဲ မှန်ပါတရ်။ ဘာလို့လဲဆိုတော့ တရုတ်မို့ပါ။ သူတို့က အိမ်မှာ မွေးထားတာကိုး(မှားတာရှိ ၀န်တာမိပါ)။ ဒါကြောင့် တစ္ဆေကြီး ရှိခိုးတရ်ဆိုပြီး သေဆုံးသွားတဲ့ အဘိုးအဘွားတွေကို ကန်တော့တဲ့ရက်ရှိပါတရ်။ ဗမာတွေကတော့ အိမ်တွင်းအဖေကြီးရှိတရ်။


ဒါကြောင့် သေသွားတာနဲ့ အိမ်တွင်းအုန်းကို စွန့်ကြတဲ့။ ဒါမှ အိမ်ထဲကို ၀င်ထွက်နိုင်တာတဲ့လေ။ သေတဲ့သူ ကလည်း ရက်လည်တဲ့နေ့မှ သူသေသွားပြီဆိုတာ သိတရ်လို့ ဆိုလိုပါတရ်။ ဒါကြောင့် ရက်လည်ပြီး နောက်နေ့ မှာ အိမ်တွင်းအုန်းကို အသစ်ပြန်လဲကြပါတရ်။ အိမ်တွင်းအဖေကြီးက မကောင်းဆိုးဝါးတွေ မ၀င်အောင် တားတရ်လို့ ပြောကြတာပဲ။ နေ၀င်ရင် အိမ်တွင်းလိုက်ကာကို ပိတ်ကျတရ်။ မီးလေးတို့အိမ်မှာကောပဲ။ ရက်လည်သွားတဲ့နေ့မှ သိလိုက်တာက နောက်ဆုံးနေသွားတဲ့အိမ်မှာ အလှူလုပ်ပြီး။ နောက်နေ့မှာ နောက်တစ်အိမ်မှာ ရက်လည်ထပ်လုပ်တယ်ဆိုတာပါပဲ။ ဘာဖြစ်နေမှန်းကို မသိတာ မီးလေးတို့ အိမ်ရှေ့က အန်တီကြီးကနေ စသေတာ။ မီးလေးတို့လမ်း၊ ရှေ့လမ်း၊ နောက်လမ်းပတ်ပြီးတော့သေတာ ငါးလောင်းရှိနေပြီ။ တော်သေးတယ် ခုတော့ ရပ်သွားပြီ။ နင့်မို့ဆို အသက်ကြီးတဲ့ အိမ်တိုင်း မျက်ခုံးလှုပ်နေကြတရ်။ မီးလေးတို့ လမ်းက တလောင်းနဲ့ ဘယ်တော့မှ မပြီးဘူး။

ခုမှဇာတ်လမ်းစမှာနော်... လွန်ခဲ့တဲ့ ငါးနှစ်လောက်က မီးလေးတို့အိမ်ကို လူတစ်ယောက်ရောက်လာပြီး သုံးခွမှာနေတဲ့ အဒေါ်ဆုံးသွားလို့ မီးလေးကြီးတော်ကို လာခေါ်လို့ လိုက်သွားလေရဲ့။ မီးလေးတို့ ပြန်လာမှ သိရတာပါ။ ရက်လည်တဲ့နေ့ပေါ့ အကုန်လုံး ပင်ပန်းကြပြီဆိုတော့ တံခါးတွေပိတ်ပြီး အိပ်ပျော်နေတဲ့သူက အိပ်ပျော်နေကြတဲ့။ စကားပြောနေတဲ့သူက ပြောပေါ့။ အဲမှာ အိပ်နေတဲ့သူက အိပ်နေရင်းနဲ့ မျက်စိပေကလပ် ပေကလပ်နဲ့ ပြီးတော့ စကားထိုင်ပြောတဲ့သူတွေကလည်း တယောက်ပြီး တယောက်ဖြစ်နေကြတရ်။ ဒါနဲ့ ကြီးကြီးကို လာနှိုးကြတရ်။ ထပါဦး ဘာဖြစ်နေလဲမသိဘူးပေါ့။

ကြီးကြီးလည်း အိပ်ချင်မူးတူးနဲ့ထပြီး လာခေါ်တဲ့သူ နောက်လိုက်လာတရ်။ ကြီးကြီးရောက်တော့ အိပ်နေတဲ့ သူက မျက်စိပေကလပ် ပေကလပ်ဖြစ်နေတရ်။ ဒါနဲ့ ကြီးကြီးက လှမ်းရိုက်ပြီး နင်ဘာဖြစ်နေတာလဲ မေးတော့ အိပ်ချင်မူးတူးနဲ့ ထလာပြီး ဘာဖြစ်တာလဲ မေးတော့ ကြီးကြီးက ဘာမှပြန်မပြောလိုက်ဘူးတဲ့။ နောက်ထိုင် နေတဲ့ သူတွေဆီ လှည့်ဖြစ်နေပြန်ရောတဲ့။ ကြီးကြီးက ဒါဆိုရင်တော့ မဟုတ်တော့ဘူး။ ပေါက်စ နင်တို့ တံခါး တွေ ဖွင့်ထားလားလို့ လှမ်းမေးလိုက်တရ်။ မဖွင့်ထားဘူး အမလို့ပြောတော့ ကြီးကြီးက နင်တို့တွေ ဖြစ်တာ တောင်နည်းသေးတရ်။ သူထွက်စရာ နေရာမရှိလို့ ဟဲ့ နောက်ဖေးတံခါးသွားဖွင့်ချည်လို့ ပြောလိုက်တရ်။ ဘယ်သူမှ မသွားရဲကြပဲ သူသွားငါသွား လုပ်နေကြတရ်။ ကြီးကြီးအော်လိုက်မှပဲ ကုပ်ကုပ်နဲ့ တယောက် ထသွားတရ်။ ၀မ်းကွဲမောင်နှမတွေ ဆိုပေမဲ့ ကြီးကြီးက အကြီးမို့ အားလုံးက ကြောက်ကြတရ်။ သွားဖွင့်တရ် လူကလည်း ဘယ်လောက်တော်တယ် မှတ်လဲ၊ ဖွင့်ပြီး ပြန်ပိတ်လိုက်သတဲ့။

“အား...ခြေထောက်ညှပ်နေတရ်”လို့ ထအော်သံကြားလို့ ကြည့်တော့ ခြံထောင်ထဲက အိပ်နေတဲ့လူက ခြေထောက်ကြီး မြှောက်လို့အော်နေလေရဲ့။ ဒါနဲ့ကြီးကြီးလည်း အကုန်လုံးကို ဆူတော့တာပေါ့။ သွားဖွင့် ဆိုတော့ ခုဏကထက် ပိုဆိုးတရ်။ ဘယ်သူ့မှ မသွားရဲကြဘူး။ နောက်ဆုံး ဦးပေါက်စက သွားဖွင့်လိုက် တော့မှ ခြံထောင်ထဲက အိပ်တဲ့လူလည်း အသံတိတ်ပြီး ခြေထောက်ပြန်ချသွားတရ်။ မနက်လည်း မိုးလင်းရော သူ့ပြော တော့ မသိဘူးတဲ့။ မနက်ကျမှ အားလုံး ပြောပြောပြီး ရီလိုက်ကြတာ သေးတောင်ထွက်တဲ့လူက ထွက်လို့တဲ့။ ကြီးကြီး အိမ်ပြန်ရောက်လို့ ပြောပြတော့မှ မီးလေးတို့က သိရတာ။ ခုထိ အမျိုးတွေစုံရင် သုံးခွက လူတွေပါရင် ပေါ့လေ ခုထိ ပြောစမက်ဖြစ်နေတုန်းပါပဲ။

ရှိသေးတရ်။ နောက်အားမှ ရေးပြီးပို့စ်တင်လိုက်မရ်နော်။ ပို့စ်ရေးခြင်းကို လကုန်ပြီးမှ ပြန်လည်ရေးသားမှာ ဖြစ်ပါတယ်။ လောလောဆယ် လကုန်ခါနီးရက်မို့ မအားသေးလို့ပါ။ လာလည်ကြတဲ့ မိတ်ဆွေသူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတရ်။ ဒီရက်ပိုင်းအတွင် လာမလည်နိုင်ခဲ့တာရှိခဲ့လျှင်လည်း နားလည်ခွင့်လွတ် ပေးကြပါလို့ တောင်းပန်ရင်း....

စာဖတ်သူများအားလုံး မျက်စိအညောင်းခံပြီးဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်လျက်...

No comments: