Pages

Thursday, November 22, 2007

မမူးပါ...

“ရွှီ...ရွှီ...ရွှီ” ယာဉ်ထိန်းရဲတဦးရဲ့ ၀ီစီမှုတ်သံပါ...
“ကျွီ” ကားတစင်း ထိုးရပ်သွားတော့ အနားကို ယာဉ်ထိန်းရဲ ရောက်လာတယ်...
“အရက်မူးပြီး ကားမမောင်းရဘူးဆိုတာ မင်းနားမလည်ဘူးလားကွ... ပေး လိုင်စင်”
“ကျွန်တော် မသောက်ပါဘူးဗျာ... မယုံရင်ကျွန်တော်ကို စမ်းသပ်ကြည့်လို့ရတယ်”
“ကောင်းပြီလေ... မင်းသောက်ထား မထား စမ်းကြည့်မယ်... ဒီဘောလုံးကို မှုတ်ပြ”
“ဖူး...ဖူး ရပြီ”
“မင်းမူးနေတယ်... ပေး ဒဏ်ငွေ ဒေါ်လာ ၁၀၀” ဒဏ်ငွေဆောင်ပြီး မောင်းထွက်သွားတယ်။
နောက်တစီးကို ၀ီစီမှုတ်ပြီး ရပ်ခိုင်းလိုက်တယ်။
“မင်းအရက်မူးပြီး ကားမောင်းတယ်”
“ကျွန်တော် မမူးပါဘူး ဆရာရယ်”
“မူး မမူး ဒါကို မှုတ်ပြ”
“ဖူး...ဖူး...တွေ့လား ကျွန်တော် မမူးဘူးမှုတ်ပြနိုင်တယ်”
“မင်းကောင်းကောင်းမှုတ်နိုင်တယ်။ မင်းတော်တော်မူးနေတာပဲ။ ဒဏ်ငွေ ဒေါ်လာ၃၀၀ဆောင်ရမယ်”
“ဗျာ”
နောက်တစီးကို ၀ီစီမှုတ်ပြီး ထပ်ရပ်ခိုင်းပြန်တယ်။
“မင်း အရက်မူးပြီး ကားမောင်းတယ်... လိုင်စင်ပေး”
“ကျွန်တော် မမူးဘူးဗျ”
“ဒါဆို ဒီဘောလုံးကို မှုတ်ပြ”
“ဟာ... မူးနေတာက ကျွန်တော်မဟုတ်ဘူးဗျ။ ခင်ဗျား။ ဒါဘောလုံးမှမဟုတ်တာ x@?#xx(အကာအကွယ်ပစ္စည်း) ပဲဗျ”
“အင်း... မင်းမသောက်ထားဘူး သွားနိုင်ပြီ”

2 comments:

Yan said...

အဟားဟားဟား

ရီရတယ်ဗျာ.

မီးလေးကတော့ စံပဲ. ဒါမျိုးလေးတွေ ရရင် တင်ပါဦးဗျို့...

ဒီမှာ နည်းနည်း စိတ်ညစ်နေလို့.

:D

ခင်မင်လေးစားလျက်

ရန်အောင်

အေးချမ်း said...

ဟားဟား .. :D တော်တော် အကြံကောင်းတဲ့ ယာဉ်ထိန်းရဲ ပဲဗျ ။ :) ညစ်ညစ်နဲ့ ဘလော့လိုက်လည်နေတာ ... နောက်အဲဒီလို ဟသလေးတွေတင်ပါအုံး ။ အားပေးနေမယ်။
အေးချမ်းပါစေ ။ :)