Pages

Saturday, November 28, 2009

GTalk တွင် ပုံများဖြင့် ချက်ခြင်း

GTalk ထဲမှာ Smiley ပုံလေးတွေနဲ့ ချက်ရအောင်...
ဒီပို့စ်လေးကို မသိသေးတဲ့ သူတွေကို အဓိကရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်... သိပြီးသူများကတော့ မျက်စိနောက်ချင် နောက်မှာပေါ့နော်... :P
သူငယ်ချင်းတချို့က GTalkမှာ Smileys လေးတွေ ထည့်ချင်တယ်... ဘယ်လိုထည့်ရမလဲဆိုပြီး ခဏခဏလာမေးကြလို့ မသိသေးတဲ့ သူများအတွက် ပြန်လည် ဖြန့်ဝေပေးလိုက်ပါတယ်...


အဆင့်-၁
ပထမဆုံး MyTheme.exe ဖိုင်ကို Downlaod လုပ်ရမှာဖြစ်ပါတယ်...
( အဲ့ဆော့ဖ်ဝဲလ်လေးက Windows 2000, Windows XP, Windows Vista နဲ့ Windows 7တွေကို Support လုပ်ပါတယ်.... ဖိုင်ဆိုဒ်က 936MB ပဲရှိပြီး ဒီနေရာမှာ Download ဆွဲနိုင်ပါတယ်... )

အဆင့်-၂
Download ဆွဲထားတဲ့ MyTheme.exe ကို Install လုပ်ပေးရပါမယ်...

အဆင့်-၃
Install လုပ်ပြီးတဲ့နောက် GTalk ကို ဖွင့်ပါ.... GTalk ထဲမှ Setting ကို ကလစ်နှိပ်ပြီး ၀င်ပါ... ထို့နောက် Appearance ကို ကလစ်နှိပ်ပါ... Chat Theme Box တစ်ခုကို တွေ့ပါလိမ့်မယ်.... Chat Theme Box ဘေးက Down Arrow ကို ကလစ်နှိပ်ပြီး MyTheme ကို ရှာပါ... တွေ့လျှင် ကလစ်နှိပ်ပြီး ရွေးလိုက်ပါ... အားလုံးပြီးသွားပြီ ဆိုရင်တော့ OK ကို နှိပ်လိုက်ရုံပါပဲ...
အောက်ကပုံလေးအတိုင်း Background လေး ပေါ်လာပါလိမ့်မယ်...



Smileys ပုံလေးတွေ သုံးဖို့အတွက် Code လေးတွေ သိဖို့လိုပါသေးတယ်... Smiileys Code လေးတွေကို  Start ---> All Program ---> Dash ---> MyTheme ---> Help မှာ ကြည့်ပြီး အသုံးပြုနိုင်ပါတယ်...

Background ချိန်းချင်တယ်ဆိုရင် Start ---> All Program ---> Dash --->  Sample Inmages ထဲကို ၀င်ပြီး ကိုယ်ထည့်ချင်တဲ့ပုံကို အရင်ကူးထည့်ပါ... ပြီးလျှင် Start ---> All Program ---> Dash ---> Change Background ထဲဝင်ပြီး ပြောင်းလိုသောပုံပေါ် ကလစ်နှိပ်ပြီး Open လုပ်လိုက်ရင် နောက်ခံပြောင်းသွားပြီပေါ့...

Smileys ပုံလေးတွေနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

2 comments:

လင်းလက်ကြယ်စင် said...

smileys လေးတွေက ချစ်ဖို့ကောင်းတယ် :)

Welcome said...

ချက်တင် သိပ်မတက်ဖြစ်ပေမယ့် သဘောကျ စရာကောင်းတဲ့ smileys theme တွေကိုတော့ နှစ်သက်တယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

လှပတဲ့ ဒီဇင်ဘာနေ့တွေ ပိုင်ဆိုင်နိုင်ပါစေ။