Pages

Sunday, November 8, 2009

သို့.....

တစ်ခါတစ်ရံမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတဲ့အခါ ပေးဆပ်ရမှုတွေကလည်း များလွန်းလှပါတယ်...
ပေးဆပ်မှုတွေ ခံနိုင်ရည်ရှိဖို့ ကြိုးစားရင်း ရင့်ကျက်မှုဆိုတာလည်း ဖြစ်လာရပါတယ်...
ရင့်ကျက်ဖို့ ဖြစ်မလာခင်မှာ ခံနိုင်ရည်ရှိဖို့ ကြိုးစားရပါဦးမယ်....

ဖြစ်ချင်တာ မလုပ်နိုင်ပေမယ့် ဖြစ်သင့်တာကို လုပ်ကြရတဲ့အခါ အဲ့အပေါ်မှာ အကောင်းဆုံး လုပ်ဆောင်သွားကြရမှာပါ....
အကောင်းဆုံး ဖြစ်မလာခဲ့ရင်တောင် အဆိုးဆုံး မဖြစ်ဖို့ ကြိုတင် ပြင်ဆင်ရပါဦးမယ်...
ဒါကလည်း လောကရဲ့ နိယာမပဲ ထင်ပါရဲ့....

1 comment:

Anonymous said...

ဒီလိုပဲ တူမရဲ့.. အဲဒါကြောင့်လဲ လူ့အလိုနတ် မလိုက်နိုင်းဘူးလို့ ဆိုထားတယ်လေ။ ပြိးတော့ ဘဝဆိုတာက ပင်လယ်ထဲ သွားနေတဲ့ လှေတစင်းလိုပဲ ဘယ်တော့မှ မတည်ငြိမ်ဘူး၊ အမြဲတမ်း တက်လိုက်၊ ကျလိုက်၊ နိမ့်လိုက်၊ မြင့်လိုက်၊ လူးလိမ့်လိုက်၊ ဖြစ်နေတာပါပဲ၊ အဲ... ... ကိုယ်ဟန်ချက်ညီညီ ထိန်းတတ်ဖို့ လိုတာပေါ့ မထိန်းတတ်ရင်တော့ ဒုက္ခဆိုတဲ့ ပင်လယ်ထဲ ကျမှာပဲ။ အဲလိုကျတဲ့ အခါမှာ ရေကူးတတ်ဖို့ လို့ခေါ်တဲ့ ဒုက္ခကို ကြင်လည်စွာ ဖြေရှင်းတတ်ဖို့နဲ့၊ သက်လုံကောင်းဖို့နဲ့ လှေပေါ်အမြန်ပြန်ရောက်ဖို့ နည်းလမ်းတွေ ရှာရမယ်။ အဲလိုမှ မဟုတ်ရင်တော့ ဒုက္ခပင်လယ်ထဲ စုံးစုံးမြုပ်မှာပါ။ ဒီဒုက္ခတွေ မကြုံချင်ဘူးလား.... အဲဒါဆိုရင်တော့ သတ်သေလိုက်၊ အဲလိုမှ မသေရဲရင်တော့ အသက်ရှင်နေသမျှတော့ ကြုံဆုံနေရဦးမှာပဲ။ ဒီတော့ ကြိုးစား.. အားမလျှော့နဲ့၊