Pages

Thursday, October 22, 2009

နင်ရက်စက်တယ်

ကျောင်းဝင်းထဲမှာ ငါတို့နှစ်ဦး ပျော်ဖူးခဲ့တဲ့ နေ့တွေလဲ...
အတန်းသွားတက်ရင် အတူတူပဲ ငါလိုက်ပို့တဲ့အခါ နင်ပျော်တယ်...
ကျောင်းဆင်းတဲ့အချိန် ငါတို့နှစ်ဦး အတူစားခဲ့တဲ့ ထမင်းဆိုင်လဲ...
ခုတော့လဲလေ အိပ်မက်လား နင်က မေ့လို့ သွားပီထင်ပါတယ်...

(နင် ပုံပြင်လေးတွေ ပြောတယ်...
ငါ အိပ်မက်လေးရယ် ပျောက်ကွယ် ...
အချစ်ရယ် နင်ရက်စက်တယ်...
ရိုမီယို ဂျူးလိယက် မမှီနိုင်ဘူးဆို...
အာဒံ ဧ၀ထက် တို့ချစ်မယ်ဆို...
ခုတော့လဲလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရေ...
ငါနဲ့ဝေးပြီးတော့ မနေနိုင်ဘူးဆို...
ငါတစ်ယောက်တည်းပဲ သိပ်ချစ်တယ်ဆို ...
ခုတော့လည်းလေ ငါနဲ့ အဝေးကို ထွက်သွားခဲ့သူရယ် ...
နင်ရက်စက်တယ်...)

လျှောက်ခဲ့ဘူးတဲ့ တောင်ပေါ်လမ်း ငါအရမ်းလွမ်းဆွတ်မိနေတယ် ...
ပခုံးလေးထက်မှာ နင်မှီရင်း ကျေနပ်ချော့ခဲ့ရတဲ့ အချိန်တွေရယ် ...
ငါ့လက်သည်းတွေ ရှည်လာတိုင်း နင်အမြဲဂရုစိုက်ခဲ့တော့လဲ...
ခုတော့လဲလေ အိပ်မက်လား နင်က မေ့လို့ သွားပီထင်ပါတယ်...

CHO2:
(နင် ပုံပြင်လေးတွေ ပြောတယ်...
ငါ အိပ်မက်လေးရယ် ပျောက်ကွယ် ...
အချစ်ရယ် နင်ရက်စက်တယ်...
ရိုမီယို ဂျူးလိယက် မမှီနိုင်ဘူးဆို...
အာဒံ ဧ၀ထက် တို့ချစ်မယ်ဆို...
ခုတော့လဲလေ ပုံပြင်ထဲမှာ ချန်ထားခဲ့သူရေ...
နင်ငါနဲ့ဝေးပြီးတော့ မနေနိုင်ဘူးဆို...
ငါတစ်ယောက်တည်းပဲ သိပ်ချစ်တယ်ဆို ...
ခုတော့လည်းလေ ငါနဲ့ အဝေးကို ထွက်သွားခဲ့သူရယ် ...
နင်ရက်စက်တယ်...)2

သီချင်းလေးကို နားထောင်ချင်တယ်ဆိုရင် ဒီမှာကလစ်နှိပ်ပါ...

(P.S - သီချင်းစာသားကို တောင်းဆိုထားတဲ့ ကိုဂျူဝသန်အတွက် လက်ညောင်းခံပြီး ရေးပေးလိုက်ပါတယ်... သူငယ်ချင်းများလည်း နားထောင်လို့ရအောင် သီချင်းကိုပါ ပြန်ဝေမျှလိုက်ပါတယ်... အဲ ထူးခြားချက်က သီချင်းစာသားစပ်တာရော သီချင်းဆိုတာရော မီးလေးမဟုတ်တာ တစ်ခုတည်း... ဟတ် ဟတ်။ ဈေးဝယ်တိုင်း ပြည်သွားတုန်းက ဈေးဆစ်ခဲ့တာကို အမြဲအမှတ်ရ နေမှာပါဗျာ... :P)

4 comments:

Anonymous said...

သီချင်းကလဲ.. ဘာစကားလုံးဆန်းမှလဲ မပါ၊ နမိတ်ပုံလေးတွေလဲ မပါ.. အဲဒါ သီချင်ဖြစ်သတဲ့လား... အဲဒါဆို ရေးကြည့်ဦးမှပဲ တပုဒ်လောက်တော့..။

မီးလေး said...

ဟာဟ ရေးပြီးရင်တောင် သူ့လို သနားစရာဖြစ်အောင် ဆိုတတ်မှာ မဟုတ်ဘူး... :P

Anonymous said...

အံမာ.. ဒင်းကများ... တွေ့မယ် ရေးပြမယ် ကြည့်နေ.. ကျုပ်ကိုကြွေသွားရင်းတော့ ကိုယ့်ဒေါသနဲ့ ကိုယ်နော်.... ဒါပဲ.. ကျုပ်ကတော့ လှည့်ကို မကြည့်ဘူး..။

Unknown said...

ကောင်းပါတယ်သီချင်းလေးကလေ ။နော်။