Pages

Wednesday, October 24, 2007

မီးလေးနှင့် ပတ်ဝန်းကျင် ....

ဒီနေ့ ကော်နက်ရှင်က ကောင်းကောင်းမရတာနဲ့ ဘလော့ဂ်မောင်နှမများဆီ လျှောက်လည်ရင်း မိုးရေထဲက ကောင်မလေးတစ်ယောက်ရဲ့ ကြောင်ပုံကိုရေးထားတာကို ကြည့်ပြီး ငယ်ငယ်ကအကြောင်း သွားသတိရမိတယ် ....
မီးလေးငယ်ငယ်တုန်းက အိမ်ရှေ့မှာ အိုးတိုက်ဖွဲပြာဆိုပြီး ဈေးသည်တသည် လာအော်ရောင်းတယ်။ ငယ်ကလည်း ငယ်သေးတော့ မေမေ့ကို အဲဒါစားမယ် ၀ယ်ပေးဆိုပြီး အတင်းပူဆာတယ်။ မ၀ယ်ကျွေးရကောင်း လားဆိုပြီး ငိုပါလေရောတဲ့လေ။ အဲဒါနဲ့မေမေက ဈေးသည်ခေါ်ပြီး ၀ယ်ပေးတယ်။ တွေ့လည်းတွေ့ရော စားလို့မရမှန်းသိလို့ အဲဒါဆို စားဘူးဆိုပြီးတော့ အငိုတိတ်သွားရော ....
အရင်ကပါ ခုတော့အဲလိုမဟုတ်တော့ဘူး။ ဈေးသည်တွေကိုက ပီအောင်မအော်နိုင်ကြတာ မီးလေးက နိုးနိုးချင်းအိပ်ယာမထတတ်ဘူး။ ထလိုက်ရင် ခေါင်းမူးပြီး တနေကုန် ခေါင်းမကြည်တော့ဘူးလေ။ အဲလိုအချိန်ဆို အိမ်ရှေ့မှာ ဈေးသည်တွေ တသည်ပြီး တသည်အော်ပြီး ဖြတ်သွားတတ်တယ်။ အမြဲအော်နေကြ အသံဆို ဒါဘာသည် ဆိုတာသိနေပြီ။ ခုတလော လာမရောင်းဘူးတဲ့ ဈေးသည်ထင်ပါတယ်။ “အိမ်မြှောင်” စာဖတ်တဲ့သူ တွေကော ဘာသည်လို့ထင်လဲ ....
မီးလေးက ခုဏဖြတ်သွားတာ ဘာသည်လဲ အမေလို့ မေးတော့ မသိပါဘူးဟယ်လို့ ပြန်ပြောတယ်။ နောက်နေ့လည်း ဒီလိုပဲသူ့အသံကို သေသေချာချာနားထောင်တယ် တလုံးချင်းစီ ဘာသံပြန်တယ် ဘယ်လိုမှ အဖြေထွက်မလာဘူး။ နောက်တော့မှ ပဲပြုတ်သည်မှန်းသိရတယ်။ ခုတစ်ပတ်လောက်ရှိသွားပြီဆိုတော့ သူအော်တာ “ပဲပြုတ်”ပါလားလို့ ....
ခုချိန်မှာ ပြန်စဉ်းစားရင် ရီစရာကောင်းတဲ့အဖြစ်အပျက်လေးတွေကို ဘလော့ဂ်မောင်နှမတွေကို tag လိုက်ပါတယ် ...

3 comments:

အောင်မျိုးဟန် said...

ကျွန်တော်တို့ ဘက်မှာလဲ ရှိတယ် ။ ညည ဆို အဖွားကြီး တယောက် အော်တာလေ နားထဲမှာကြားတာတော့ သူဘယ်လိုအော်အော် “လူမှားနေတယ်” ပဲကြားတယ်။
နောက်သေချာစောင့်ကြည့်တော့မှပဲ သူ့လက်ထဲမှာ
စံပယ်ပန်းတွေ ကိုင်လို့ဗျ။

နောက် အလုပ်ကိစ္စနဲ့ ဘုရင့်နောင်ဈေး ရောက်တော့ လူတယောက်လဲ အဲဒီလိုပဲ “ဇစ်” လို့ ရင်ခေါင်းသံနဲ့အော်တာ။အော် ဒီဈေးမှာက Zip လဲလိုက်ရောင်းတယ်မှတ်တာ
ဘယ်ဟုတ်မလဲဗျ သူ က ဆီစစ် တို့ အင်ဂျင်ဝိုင် စစ် တို့ရောင်းတာကိုး
ကျွန်တော်ပြောတာက ရသ မမြောက်ဘူးဗျ။ ဖြစ်နိုင်ရင် ဘုရင့်နောင်ဈေး ကိုတခေါက်လောက်သွားလည်လိုက် အဲဒီလူကိုမြင်ပြီး အော်တာကြားရင် သဘောကြသွားလိမ့် မယ်။

ပီကေ said...

ဒီလို ..... ဒီလို ဖြေထားတယ်။ လာဖတ်ပါဦး။

MELODYMAUNG said...

အဟီး အဲဒါ နာနဲ့ အတူတူပဲ နာလဲ တံမြက်စည်းသည်ကို သပြက်သီး(စပျစ်သီး) မှတ်လို့ ၀ယ်မကျွေးရကောင်းလားဆိုပြီး ဆိုဖာခုံအောက် မုံ့ပုံးဖွက်စားပြီး တနေကုန်ပုန်းလို့ စိတ်ကောက်ဖူးသကွ :P