Pages

Wednesday, October 10, 2007

ကြွားချင်ဦးဟဲ့ …

တခါက အကြွားသန်တဲ့ ကြက်တူရွေးသုံးကောင်သည် သစ်ကိုင်းတစ်ကိုင်းတွင် နားနေစဉ်-
ပထမကြက်တူရွေး -“ ငါ့မှာ နောက်ဆုံးပေါ် ဒီဂျစ်တယ်နာရီတစ်လုံးဝယ်ထားတယ်” လို့ စပြောလိုက်တယ်။
ဒုတိယကြက်တူရွေး-“ငါ့ကတော့ မနေ့က နွားမနှစ်ကောင် ၀ယ်လိုက်တယ် နို့ထွက်အရမ်းသန်တာပဲ” လို့ ပြန်ပြောလိုက်တယ်။
တတိယကြက်တူရွေးခင်ဗျာမှာ ဘာမှပြန်မပြောနိုင်ဘဲ ငိုင်နေတယ်။
နောက်တစ်နေ့မှာတော့
ပထမကြက်တူရွေး-“ငါ့နာရီလေး ဘယ်နားမှာကျပျောက်သွားလည်း မသိပါဘူးကွာ” ဆိုပြီး မျက်နှာရှုံ့မဲ့ပြီး ပြောတယ်။
ဒုတိယကြက်တူရွေး-“ငါ့နွားနှစ်ကောင်လည်း ဘယ်သူခိုးသွားလည်း မသိဘူး၊ ရှာလို့မတွေ့တော့ဘူး” ဆိုပြီး ငိုကြီးချက်မှနဲ့ ပြောတယ်။
တတိယကြက်တူရွေး-“အင်း… သုံးနာရီတောင်ထိုးပြီပဲ ငါနွားမနှစ်ကောင် နို့သွားညှစ်လိုက်ဦးမယ်”

No comments: