Pages

Tuesday, October 16, 2007

တရားစွဲမယ်…..

အချိန်မရတဲ့သူတွေ၊ အလုပ်မအားတဲ့သူတွေ အသင့်စားသောက်နိုင်တဲ့ ဆိုင်တန်းတွေရဲ့ ဆိုင်သစ်တစ်ဆိုင်ကို ဧည့်သည်လူကြီးတစ်ဦး လာစားတယ်….
စားပွဲထိုးကောင်မလေးကို ကော်ဖီတစ်ခွက်မှာလိုက်တယ်….
စားပွဲထိုးကောင်မလေးက မှာထားတဲ့ ကော်ဖီယူလာပေးရင်း ဧည့်သည်နဲ့တိုက်မိပြီး ကော်ဖီမှောက်သွားတယ်….
ဆိုင်ရှင်က ပြာပြာသလဲနဲ့ လာပြီး တောင်းပန်ရင်း ကော်ဖီနောက်တစ်ခွက်ဖျော်ပေးပါ့မယ် ခင်ဗျာ ခဏလေးစောင့်ပေးပါလို့ ပြောတယ်….
ဧည့်သည်လူကြီးက ကိစ္စမရှိပါဘူး ရပါတယ် သွားစရာရှိတဲ့အတွက် ကျွန်တော့်ကို ပေသွားတဲ့အကျီ င်္လေးသာ မြန်မြန်ပြန်လျှော်ပေးပါလို့ ပြန်ပြောလိုက်တယ်….
ဆိုင်ရှင်က ကောင်လေးတစ်ယောက်ကိုခေါ်ပြီး ပေသွားတဲ့နေရာ လျှော်ပြီးမီးပူအမြန်တိုက်ဖို့ မှာလိုက်တယ်။
အားလုံးပြီးတော့ ဧည့်သည်လူကြီးပြန်သွားတယ်….
ဆိုင်ရှင်က မကျေနပ်မှာစိုးလို့ ကားပေါ်တက်ခါနီးမှာ ဆိုင်ရဲ့Discountကဒ်လေး လက်ဆောင်ထည့်ပေးလိုက်တယ် …..
ဧည့်သည်ပြန်သွားပြီးနောက်မှာတော့ စားပွဲထိုးကောင်မလေးက သူမဒီနေ့ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကို တရားစွဲမယ်တဲ့
ဘာဖြစ်လို့လည်းသိချင်လား?

ဧည့်သည်သာ ကော်ဖီမမှာခဲ့ရင် သူလည်း ကော်ဖီခွက်မှောက်မှာ မဟုတ်ဘူးတဲ့…
တွေးပြီးမှပြုံးပါ

ဘာသာပြန်ဆိုသည်

No comments: