Pages

Thursday, October 18, 2007

စိတ်ညစ်ရသောနေ့များ.....

မီးလေး စိတ်ညစ်နေတာ ဘလော့ဂ်တွေ ဘန်းခံရထဲက သုံးပတ်လောက်ရှိပြီ ...
ကိုယ့်ဘလော့ဂ်ကို သွားချင်ရင်တောင် ဟိုကကျော်ဝင် ဒီကကျော်ဝင်နဲ့ တော်တော်ကို သည်းခံပြီးသွားရတယ် ...
မီးလေးကိုယ်၌ကလည်း ကိုယ့်ဘလော့ဂ်ကိုသွားချင်တာကိုး သွားချင်ကြဦးဟဲ့ မှတ်ပြီလားလို့တော် လှောင်နေသယောင် ....
မီးလေးကလည်း ဘယ်ရမလဲ မမှတ်သေးလို့ဟေ့ဆိုပြီး ဟိုကခွ ဒီကကျော်နဲ့ မနေ့ကတော်တော်စိတ်ညစ်သွားတယ် ....
တကယ်ပါ အရူးကျနေတာပဲ ပို့စ်တင်ဖို့နာ Account ထဲဝင်လို့မရလို့ တော်တော်လေးလဲ စိတ်ဓာတ်ကျမိတယ် ....
မီးလေးကလည်း ကိုယ့်ကို မသွားနဲ့ဆိုသွားချင်၊ မလာနဲ့ဆိုလည်း လာချင်တာကိုး ....
နောက်ဆုံးမှလက်လျော့ပြီး Chat နဲ့ Gmail စစ်ပြီး ကျန်တဲ့ သူငယ်ချင်းတွေဆီ ပတ်လည်ပစ်လိုက်တာပေါ့ ....
ဒီနေ့တော့ ကံကောင်းထောက်မစွာနဲ့ ရလို့ ပို့စ်တင်ထားလိုက်တယ် ...

၁၈ အောက်တိုဘာလ ၂၀၀၇ - မီးလေးရဲ့ ဒိုင်ယာရီထဲက စိတ်ညစ်ရသောနေ့များအောက်မှာ မှင်နီနဲ့ကို မှတ်ထားလိုက်တာ ....

မီးလေး ၀တ္ထုရှည်ရေးနေပါတယ် ...
စာရေးဆရာမ မဟုတ်တော့ အဆင်မပြေတာလေးတွေရှိရင် သီးခံပြီးစောင့်ပေးဖတ်ပေးပါလို့ ....
part 1, part 2 နဲ့တင်ဖြစ်ခဲ့ရင်လည်း သည်းခံကြပါလို့ ...
ကိုယ်ချင်းစာလို့ပါ မြ၀တီက ကိုရီးယားကားတွေကြည့်ရင် ကောင်းခန်းရောက်မှ ဖြတ်ဖြတ်သွားတတ်လို့ ....

1 comment:

အောင်မျိုးဟန် said...

မီလေးရေ Blogger ကိုဝင်ရတာ ခက်တယ်နော်။ ဒါပေမဲ့
http://www.wujie.net/downloads/ultrasurf/u.zip
ကနေ Software ယူပြီးဝင်ရင်တော့ လွယ်တယ်။
ဒါပေမဲ့ Internet Explorer သုံးပြီးဝင်ရတယ်။
Software name က U တဲ့။
သုံးကြည့်လိုက်ပါ။