Pages

Saturday, October 20, 2007

စိတ်အေးအေးထားပါ

ဆန်ဖရန်စစ္စကိုသို့သွားတဲ့ လေယာဉ်တစ်စင်းပေါ်တွင် ရုတ်တရက် စက်ချို့ယွင်းသွားသဖြင့် ခရီးသည်များ ပျာယာခတ်ပြီး ကြောက်ရွံ့ထိတ်လန့်နေကြသည်။ အော်ဟစ်သူကအော်ပြီး လေယာဉ်တစ်စင်းလုံး ဆူညံသွားသည်။ ထိုအချိန်တွင် လေယာဉ်မယ်တစ်ဦး ရေးကြီးသုတ်ပျာဝင်လာပြီး -
“ခရီးသည်များရှင့် အားလုံးစိတ်အေးအေးထားပြီး နားထောင်ကြပါ… ခုဆိုရင် လေယာဉ်စက်ချို့ယွင်းသွားတဲ့အတွက် ခုဆိုရင် အောက်ကို ထိုးဆင်းနေပါပြီ…
ခရီးသည်များအနေဖြင့် မိမိတို့၏ ပတ်စပို့စ်များကို ပါးစပ်တွင် သေသေချာချာကိုက်ထားကြပါရန် မေတ္တရပ်ခံအပ်ပါသည်ရှင့်… ထိုမှသာ အလောင်းများအား မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်မည် ဖြစ်ပါသည် … ကျေးဇူးတင်ပါတယ်ရှင်…” ဟု ပြောလိုက်သည်။
လေယာဉ်မယ်၏စကားအဆုံး အပ်ကျသံပင်မကြားရတော့ပေ။

No comments: