Pages

Wednesday, October 10, 2007

သူလည်း မတုံးပါ

ရွာတစ်ရွာတွင် အလွန်ရိုးပြီး နာမည်နဲ့လိုက်အောင် ထုံသော ဦးထုံဆိုသူနေထိုင်လေသည်။
သူ့အကြောင်းသိသော ရွာသားများက မြို့သွားရန်ပြင်သော ဦးထုံကို သိသမျှ တတ်သမျှ ၀ိုင်းမှာကြလေသည်။
ရွာသားများ - ဘကြီးထုံ မြို့ရောက်ရင် မျဉ်းကြားကကူးသိလား။ မျဉ်းကြားက မကူးရင် ဒဏ်ငွေဆောင်ရလိမ့်မယ်။
ဘကြီးထုံ - အေးပါကွ၊ သိပါတယ်။
ရွာသားများ - ဘကြီးထုံ မြို့ရောက်လို့ ဘတ်စ်ကားစီးရင် သတိထားစီး ခါးပိုက်နှိုက်ရှိတယ်။
ပြီးတော့ တစ်နေရာထဲကို ပတ်မောင်းပြီး ပိုက်ဆံပိုတောင်းတတ်တယ်။ ကျွန်တော်တုံးက အ၀ိုင်းလေးကနေကျောက်ကုန်းကို ၅ကျပ်ပဲပေးရတယ်။ အဲဒါ သုံးမှတ်တိုင်လောက်ရှိတယ်
ဘကြီးထုံ - အေးပါကွ၊ ငါမတုံးပါဘူး။

ဒီလိုနဲ့ မြို့ကိုလည်းရောက်ရော ကားဂိတ်ကနေ တည်းမည့် ဘုန်းကြီးကျောင်းကို ဘတ်စ်ကားစီးပြီး သွားတယ်။ စပါယ်ယာက ကားခတောင်းတယ်။ ဘကြီးထုံက “ဘယ်လောက်လဲ” “ဟိုနားဒီနားငါးကျပ်” “အေး… ဆင်းတဲ့မှတ်တိုက်ကျရင်ပေးမယ်” ဒီလိုနဲ့ ဘကြီးထုံတစ်ယောက် မှတ်တိုင်တွေကို ကြည့်သွားတယ်။
ဆင်းရမယ့်မှတ်တိုင်လည်းကျရော သူ့ကို မြို့သားတွေ အထင်သေးမှာစိုးလို့ ဟန်နဲ့ပန်နဲ့ စပယ်ယာကို ပိုက်ဆံပေးလိုက်တာကတော့ “ဟေ့-ဒီမှာ ကားခ သုံးမှတ်တိုင်အတွက် ငါးကျပ်တစ်ခါ၊ ငါးကျပ်နှစ်ခါ၊ ငါးကျပ်သုံးခါ၊ ငါးကျပ်လေးခါ၊ ငါးကျပ်ငါးခါ၊ ငါးမှတ်တိုင်စာ” ပေးပြီး သူ့ကိုယ်သူ လည်လှပြီဆိုတဲ့ ပုံစံနဲ့ ဆင်းသွားပါတော့သည်။

No comments: