Pages

Friday, October 12, 2007

အားနာတတ်တာ မကောင်းဘူး.....

မီးလေးစဉ်းစားမိတာတစ်ခုကို တင်ပြလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ပြန်သုံးသပ်ရင်းပေါ့။ ပြီးတော့ ဘလော့ဂ်ညီအစ်ကိုမောင်နှမတွေရဲ့ အမြင်လေးတွေလည်း ဆွေးနွေးချင်တာပါတယ်။ လူတိုင်းလူတိုင်းက အားနာတတ်ကြပါတယ်။ အထူးသဖြင့် အားနာတတ်ကြတဲ့လူမျိုးကို ပြပါဆိုရင်တော့ မြန်မာလူမျိုးတွေကိုကို ပြမိကြပါလိမ့်မယ်။ မီးလေးကိုယ်တိုင်ကလည်း အရမ်းအားနာတတ်တယ်။ ဘယ်လောက်ထိအားနာသလည်းဆို ကိုယ်ပြန်ပြောလိုက်ရင် သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမလဲဆိုပြီးတော့ကို အားနာနေတာ။ ဒါပေမယ့် အရမ်းအားနာတတ်တာ မကောင်းဘူးဆိုတာ နားလည်လာတယ်။ လိုက်တော့ မလုပ်နိုင်သေးဘူးပေါ့နော်။ အရမ်းအားနာတတ်တာ မကောင်းသလို၊ အရမ်းအားမနာတတ်တာ လည်း မကောင်းဘူးပေါ့ရှင်။

အားနာတတ်ဆို မီးလေးတို့ အိမ်နားက အန်တီကြီးအကြောင်း ပြောပြဦးမယ် သူ့သားချော်လဲရင်းနဲ့ လက်ကို သံပြားရှသွားတယ်။ ဒါနဲ့အန်တီက အရမ်းစိုးရိမ် ပြီး ဆေးခန်းသွားပြတယ်။ ဆေးခန်းရောက်တော့ ကလေးကလည်း မေးလို့မရဘူး တအားငိုနေတာ လက်ကသွေးကလည်း အိမ်မှာတည်းက တိတ်သလောက်ဖြစ်နေပြီ။ ဆရာဝန်က နှုတ်ခမ်းယောင်နေတာပဲ တခြားအထွေအထူးမရှိပါဘူးတဲ့။ အန်တီကလည်း ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်တာကလက် သားကမွေးကတည်းက နှုတ်ခမ်းက နည်းနည်းထော်ပြီး အပေါ်ကို လန်ချင်သလိုဖြစ်နေတာ။ ပြောရမှာလည်း အားနာ၊ ဆရာဝန်ဆို ပြန်တော့လည်း ရှက်သွားမှာဆိုးလို့ ဒီလိုနဲ့ပဲ ပြန်လာတယ်တဲ့။ ကဲ ဘယ်လို လုပ်ကြမလဲ။ နေရာတိုင်းသာ အားနာနေမယ်ဆိုရင် မဖြစ်ဘူးဆိုတာတော့ သိကြတယ်။ ဒါပေမယ့် လိုက်မလုပ်နိုင်ကြဘူး။ ဘလော့ဂ်ဂါသူငယ်ချင်းများကကော ဘယ်လိုလဲ? မည်သူမဆို ဆွေးနွေးတင်ပြနိုင်ပါတယ်။

2 comments:

အောင်မျိုးဟန် said...

ကျွန်တော်လဲအားနာတတ်တယ်။ဘယ်လောက်တောင်လဲဆို။
အားနာပြီး မိန်းမတောင် ယူမိတော့မလို့။ ဟီး

ပီကေ said...

မီးလေးရေ အားနာတာတကယ် မကောင်းဘူး။ ကျနော်လည်း အတော်အားနာတတ်တယ်။
သူများက တစ်ခုခုကျွေးရင် ငြင်းရမှာ အားနာပြီး စားစားနေရတယ်။
အမျိုးအိမ်သွားလည်ရင် ထမင်းစားသွားလေလို့ ပြောတိုင်း အခုလေးတင်အိမ်မှာ စားခဲ့ပြီးပေမယ့် ငြင်းရမှာအားနာလို့ ထပ်စားရတယ်။ တခါတလေ ညစာကို သုံးလေးခါစားနေရတယ်။ ဘယ်လောက်ဆိုးလဲနော်။