မီးလေးဘလော့ဂ်စရေးတဲ့နေ့ကစပြီး ဘလော့ဂ်အိမ်လေးကို နေ့တိုင်းရောက်ဖြစ်ပါတယ်။ အလုပ်အားပြီဆိုတာနဲ့ ဘလော့ဂ်တွေနဲ့ပဲ မီးလေးရဲ့
အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ ဘလော့ဂ်လေးဟာ မီးလေး စိတ်ညစ်/ရှုပ်၊ စိတ်တိုနေတဲ့ အခါမျိုးမှာ တစ်ဦးတည်းနေတတ်တဲ့ မီးလေးအတွက် အဖော် ဖြစ်ခဲ့ပါတယ်။ တစ်ရက်မှာ အင်တာနက်တွေ မရ တော့ဘူးလဲဆိုရော ဘာအလုပ်မှလုပ်စရာမရှိအောင် ပျင်းခြောက်လာပါတော့တယ်။
အင်တာနက်ရတုန်းကဆို ဒီအချိန်ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေရဲ့ ဘယ်သူ့ ဘလော့ဂ်ကို သွားလည်နေပြီ၊ ဒီအချိန်ဆို ဘယ်သူ့ ဘလော့ဂ်မှာ ဘာဖတ်နေပြီ၊ ဒီအချိန်ဆို မီးလေးဘလော့ဂ်ကို ဘယ်သူတွေ လာလည်နေပြီဆိုပြီး တမ်းတ နေတတ်ပါတယ်။ တကယ်ပါ အင်တာနက် မရလို့ ဘလော့ဂ်ပျောက်တဲ့နေ့ဟာ ဘာမှန်းမသိဘဲ ကုန်ဆုံးသွားတဲ့ နေ့တွေပါပဲ။
အဲလို ဘလော့ဂ်ပျောက်တဲ့နေ့မျိုး နောက်များမှာ မကြုံပါရစေနဲ့လို့ ဆုတောင်းမိပါတယ်။ ၀ိုင်းဆုတောင်းပေးကြပါဦးနော်…..
1 comment:
မှန်လိုက်လေ မီးလေးရယ်
အင်တာနက်သုံးမရတဲ့နေ့တွေကိုခံစားနေရတယ်
ဘလော့လေးကိုလဲအရမ်းလွမ်းတယ်
မပြောပြတတ်ဘူး
ခံစားချက်တူလို့ comment တင်သွားတယ်
အော်ဒါနဲ့ ဘလော့ background လဲတူတယ်ဒို့ဘလော့နဲ့
ကြည့်ရတာ အကြိုက်ချင်းလဲတူမယ့်ပုံပဲ
Post a Comment