Pages

Monday, October 22, 2007

မိုးထဲကအမှတ်တရ....... ဇာတ်သိမ်းပိုင်း

သူနဲ့ကျွန်မ ဘေးချင်းကပ်ထိုင်ရင်း နှစ်ဦးသား အကြာကြီး စကားမပြောဖြစ်ကြဘူး။
“မိုး” တိတ်ဆိတ်မှုကို သူက စတင်ဖြိုခွဲလိုက်တယ်။ သူ့အသံနဲ့အတူ ကျွန်မရင်တွေ အရမ်းကိုခုန်နေခဲ့တယ်။

“ဟုတ်ကဲ့” အသံတောင် သိပ်မထွက်ဘူး။ ရင်ခုန်လွန်းလို့ အသံတွေတောင်တုန်နေတယ်။
“မိုး.. ကိုနောက်နေ့တွေ မလာတော့ဘူး။ ကို စေ့စပ်တော့မယ်။” ကျွန်မနားကြားများမှားတာလား။ ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာတော့ ရှက်လည်းရှက်၊ ၀မ်းလည်း ၀မ်းနည်းမိတယ်။ ရင်ထဲမှာ လိမ့်လိမ့်တက်လာတယ် ဘယ်က ဘယ်လိုထွက်ချင်နေမှန်းမသိတဲ့ မျက်ရည်တွေကို သူ့ရှေ့မှာ မကျမိအောင် ထိန်းထားရင်း သူ့မျက်နှာကို လှမ်းကြည့်လိုက်တယ်။ ကြေကွဲဝမ်းနည်းနေတဲ့ မျက်နှာကို မြင်ရတော့ ကျွန်မရင်ထဲပိုပြီး မကောင်းဖြစ်သွားတယ်။

“ကိုသွားတော့မယ် မိုး” ကျွန်မကိုယ်ကျွန်မ ခေါင်းညိတ်မိလား၊ ခေါင်းခါမိလားတောင် မသိတော့ပါဘူး။ သူ့ကျောပြင်ကိုကြည့်ရင် ကျွန်မပါးပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်။ ကျွန်မမျက်ရည်နဲ့အတူ ရုတ်တရက် ရွာချလာတယ်။ တော်ပါသေးရဲ့ ထီးပါလာခဲ့လို့။ မိုးရည်တွေက ကျွန်မမျက်ရည်ကို လှောင်ပြောင်နေသလို ခံစားရတယ်။

“မိုး ဘာဖြစ်လာတာလဲ” သူငယ်ချင်းတွေ ၀ိုင်းမေးကြတော့ ငိုချင်ရဲ့လက်တို့ဆိုသလို အားရပါးရ ငိုချလိုက် မိတယ်။
ကျွန်မ တောင်တွေးမြောက်တွေးတွေးရင်း မိုးစဲသွားတော့ ကျွန်မအတွေးတွေ ပျက်သွားတယ် ။ လွန်ခဲ့တဲ့ နှစ်နှစ်က အဖြစ်အပျက်လေးပါ။ ကျွန်မဘ၀ အတွက်တော့ မနေ့တနေ့ကလိုပဲ ခံစားရတဲ့ မေ့မရတဲ့ အဖြစ်အပျက်လေးပါ။ အင်တာဗျူးကတော့ မမှီတော့ပါဘူး ဒါပေမယ့် စာရေးမကိုပဲ အပူကပ်ရတော့မှာပဲ။ ကံကောင်းချင်တာလားတော့မသိ အင်တာဗျူးက မပြီးသေးဘူး ရှေ့ကလူတွေမှာကြာနေတယ်။ ကျွန်မရှေ့က မိန်းမတစ်ယောက်ဖြတ်သွားတာ သတိထားမိတယ်။ ဘေးကလူတွေပြောတာတော့ မန်နေဂျင်းရဲ့ဇနီးတဲ့။ အခန်းထဲက အင်တာဗျူးဖြေတဲ့လူ ထွက်လာတယ်။ နောက်ထပ်ဗျူးဖို့ စာရေးက နာမည်ခေါ်နေတယ်။ ကျွန်မ အင်တာဗျူးဖြေတဲ့အခန်းထဲကို လှမ်းကြည့်လိုက်မိတယ်။ ကျွန်မမျက်လုံးတွေ ပြာဝေသွားတယ်။ မန်နေဂျင်းနေရာမှာထိုင်နေတာ ကျွန်မချစ်ရတဲ့သူပါလား။ သူ့ဘေးမှာ စောစောက အမျိုးသမီးကို တွေ့လိုက်တယ်။ ကျွန်မဘာလုပ်ရမလဲ။

ကျွန်မကုမ္ပဏီကနေ ကိုယ်ရေးရာဇ၀င်တောင်းပြီး ပြန်ထွက်လာခဲ့တယ်။ စာရေးမက ကြောင်ပြီး ကျွန်မကိုကြည့်ရင်း ကျန်နေခဲ့တယ်။ ကျွန်မဘယ်လိုအင်အားမျိုးနဲ့ အဲဒီမှာ အလုပ်လုပ်နိုင်မှာလဲ။ ကျွန်မရဲ့ အပြန်ခြေလှမ်းတွေ နှေးကွေးပြီး လေးလံနေတယ်။ ဖြစ်နိုင်ရင် အဲနေရာမှာတွင် ပစ်လှဲချင်တဲ့စိတ်ပေါက် လာတယ်။ ကျွန်မချစ်ရတဲ့သူဘေးမှာ ကျွန်မမဟုတ်တဲ့မိန်းမတစ်ယောက်ရှိနေတာ ဘယ်လိုအင်အားမျိုးနဲ့ ရပ်တည်နိုင်ပါ့မလဲ။ ကျွန်မချစ်ရတဲ့သူကို ချစ်တယ်လို့တောင် ပြောခွင့်မရှိတဲ့ ဘ၀ကို နာကျင်နေမိတယ်။ ကျွန်မမှာ နောင်ဘ၀များရှိခဲ့မယ်ဆိုရင်လေ သူ့ကို ချစ်တယ်လို့ပြောနိုင်ပြီး သူနဲ့ထာဝရ လက်တွဲသွားချင် ပါတယ်။

ဘ၀များရှိခဲ့မယ်ဆိုရင် ဒီလိုအချစ်မျိုးနဲ့ မကြုံရအောင် ကျွန်မလို အချစ်မျိုး မကြုံရပါစေနဲ့လို့ ဆုတောင်းရင်း………

ဘ၀ဆိုတဲ့တိုက်ပွဲမှာ ချစ်တဲ့သူတိုင်း ပေါင်းသင်းနိုင်ကြပါစေ။

3 comments:

ပီကေ said...

ကျွန်တော့အတွက်လည်း ဆုတောင်းပေးနော်။
အင်း ...
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေဘုရား ...။

Anonymous said...

မီးလေး ဇာတ်ထဲမှာ မျောပါသွားအောင် ဆွဲဆောင်နိုင်ပါပေတယ်။ ခံစားမှုလည်း အပြည့်ပေးနိုင်ပါတယ် (မျက်ရည်မကျမိအောင်တောင်ထိန်းထားရတယ်)။
မီးလေးရဲ့ ခေန်းစက် ၀တ္တုက ဖာတ်လမ်းထဲကမိုးလိုပဲနော်၊ ၀ုန်းဝုန်းဝုန်းဝန်းနဲ့ ဇာတ်သိမ်းပိုင်းအမြန်ရောက်သွားတယ်နော်။
ကောင်းတော့ကောင်းပါတယ် ကြော်ငြာမပါတော့ စတ်တငန့်ငန့်မဖြစ်ဘူးပေါ့၊
တောင်းထားတဲ့ဆုအတိုင်း ပြည့်နိုင်ပါစေ။
ဆက်ကြိုးစားပါဦး၊ အားပေးနေပါမယိ။

Winkabar said...

ဝတ္ထုကကောင်းတယ်ရှင်။ အားလုံးဖတ်သွားတယ်။