Pages

Wednesday, February 6, 2008

မွေးနေ့ပွဲလေး

ခုတလော မီးလေးအလုပ်မအားတာကြောင့် ဘလော့ဂ်အိမ်ယာလေးနဲ့ ခေတ္တဝေးနေခဲ့ပါတရ်... ဘလော့ဂ်လေးနဲ့ ဝေးနေပေမဲ့ စိတ်ထဲတော့ အမြဲမပျက်နေရာယူထားဆဲပါပဲ... ဒီအတောအတွင်းမှာ မွေးနေ့ပွဲလေးလုပ်ပေးဖို့ စိတ်ကူးထားပေမဲ့ မလုပ်ပေးနိုင်ခဲ့ဘူး... ပြန်ရောက်ရောက်ရောက်ချင်းပဲ မွေးနေ့ပွဲလုပ်ဖို့ ချက်ချင်းစီစဉ်ရတာပေါ့.. တယောက်တည်းလုပ်ရတာဆိုတော့ သိပ်အများကြီးလည်း မလုပ် ပေးနိုင်ဘူးလေ... စိတ်ထဲမှာတော့ အများကြီးလုပ်ပေးချင်နေတာ အမှန်ပါ ယုံနော်(မယုံရင်တော့ ပုံပြင်လို့မှတ်)... မွေးနေ့ရှင်လေးက ဘယ်သူဖြစ်မယ်ထင်လဲ....
သူလေးကတော့ ၀က်သားတုတ်ထိုးတွေ ဗန်းလိုက်ကျွေးလိုက်၊ တော်ကြာ တမျိုးလုပ် ကျွေးလိုက်နဲ့... မီးလေးနဲ့သူနဲ့ chattingလုပ်တုန်းက မီးလေးမွေးနေ့ကို ဒီဇင်ဘာလို့ ရိုက်လိုက်မိတာ(မီးလေးကိုယ်တိုင်လည်း မှားမှန်းမသိပါ)... ဒီဇင်ဘာလ ၂၂ရက်နေ့မှာ မီးလေးမွေးနေ့ပွဲလေးကို မှတ်မှတ်ရရ လုပ်ပေးထားလို့ ၀မ်းသာကြည်နူးဖြစ်ခဲ့ရပါတရ်... အဲတော့မှ Chat Mail ပြန်စစ်မှ မှားရိုက်ထားမှန်းသိခဲ့ရတရ်... မီးလေးမွေးလ စက်တင်ဘာလို့ ပြန်ပြောင်းပြောရင်း ရင်ထဲမှာ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရပါသေးတရ်... သူလေးက ခုတလော နိုင်ငံပြောင်းသွားလို့ နေသားမကျသေးတာကြောင့် ပို့စ်လေးတွေ ဝေးနေပေမဲ့ မှန်မှန်ရေးနေတဲ့ ချစ်ညီမလေး အလွမ်းအိမ်ရဲ့ မွေးနေ့ပွဲလေးပဲ ဖြစ်ပါတရ်...

ကဲ စလိုက်ကြရအောင်နော်... အင်ထရိုတွေများနေပီ... မီးလေးနဲ့အတူတူ ၀ိုင်းဆုတောင်းပေးကြရအောင်နော် ... ဒါလေးက ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့ရှင်လေး အလွမ်းအိမ်အတွက် မွေးနေ့ကိတ်


ဒါကတော့ မွေးနေ့လက်ဆောင်ဘာပေးရင် ကောင်းမလဲ... ၀က်ဝံရုပ်လေးပဲ ပေးတော့မယ်နော်...


နောက်လက်ဆောင်တခုက ခုတယောက်တည်းဖြစ်နေတဲ့ အလွမ်းအိမ်လေး အဖော်ရအောင်လို့ စီစဉ်ထားတာ...


မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး စိတ်နှင့် ဆန္ဒတထပ်တည်းကျ၍ ကျန်းမာပျောရွှင်စွာဖြင့် လိုရာပန်းတိုင်သို့ ရောက်လှမ်းနိုင်ပါစေ...

5 comments:

စိုးထက် - Soe Htet ! said...

အလွမ်းအိမ်ရေ ... အဆင်ပြေ ပျော်ရွှင်သော မွေးနေ့ များစွာ ဖြတ်သန်းနိုင်ပါစေ ခင်ဗျာ ...

လင်း said...

အလွမ်းအိမ်ရေ happy birthday ပါနော်။ ပျော်ရွှင်
ဖွယ်ကောင်းသော ဘ၀လေးကို ပိုင်ဆိုင်သူ ဖြစ်ပါစေ
လို့  ဆုတောင်းပေးပါတယ်

Anonymous said...

အလွမ်းအိမ်အတွက် ဆုတောင်းပေးသွားပါတယ်။
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာ၍ အောင်မြင်၊ပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ...။

lwansay said...

ဆုတောင်းပေးပါတယ်ဗျ။ မွေးနေ့ရှင်ရော မွေးနေ့နေရာပိုင်ရှင်ရော အားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။မွေးနေ့မှသည်
နောင်နှစ်ပေါင်း ဘယ်လောက်ထိဆုတောင်းပေးရမလည်းဟင်
(နှစ်ပေါင်း 100 ဆိုတော်ရောပေါ့နော :P)ပျော်ရွှင်ပါစေနော..။

This is about... said...

ချစ်မရေ ကျေးဇူးတင်ပါတယ်။ ကျွန်မ ပျော်လွန်းလို. ပြုံးနေတာ ပါးနဲ. နားနဲ.ချိတ်မိတော့ မယ်။