Pages

Saturday, February 2, 2008

စကားနှစ်ခွန်းမပြောတတ်ပါ...

ရုံးတရုံး၌ ၀န်ထမ်းသစ်တဦးအား ၀န်ထမ်းဟောင်းမှ မှာကြားနေသည်မှာ -
ဝန်ထမ်းဟောင်း - ငါတို့အထက်အရိရှာ ဂျာကြီးက အပေါက်လည်း စိုးတရ်။ တအားလည်း ဆူတရ် ကြည့်သာနေ မင်းက လူသစ်မို့ပြောပြတာ သူ့မျက်စိကျအောင် နေရင်နေ မနေလို့ကတော့ မင်းဒီအလုပ်မှာ မြဲလိမ့်မယ် မထင်နဲ့
ဝန်ထမ်းသစ် - ခုလိုပြောပြတာ ကျေးဇူးတင်တယ်ဗျာ နို့မဟုတ်ရင် ခက်ခက်ခဲခဲရထားတဲ့အလုပ် ပြုတ်သွားရင် ဒုက္ခရောက်မှာဗျ..
တီ…တောင်…
ဝန်ထမ်းဟောင်း - ဂျာကြီးအခန်းကခေါ်နေပြီ မြန်မြန်လာကွ

မန်နေဂျာ - ငါပြောထားတဲ့ လုပ်ငန်းစဉ်အကြောင်းတွေ ပြောထားပြီးပြီလား
ဝန်ထမ်းဟောင်း - ဟုတ်ကဲ့ ပြောပြီးပါပြီ ဂျာကြီး… ဂျာကြီး ဘယ်လိုတော်ကြောင်း၊ သဘောကောင်းကြောင်း၊ စိတ် စိတ်
မန်နေဂျာ - တော်..တော်..တော် မင်းတို့လုပ်စရာရှိတာ သွားလုပ်တော့
“ဟုတ်ကဲ့ ဂျာကြီး”
ဝန်ထမ်းသစ် - ခုနက ပြောတုန်းကနဲ့ ဂျာကြီးရှေ့မှာ ပြောတာနဲ့ တူလည်း မတူဘူး…
ဝန်ထမ်းဟောင်း - ငါက စကားတခွန်းကို နှစ်ခါထပ်မပြောတတ်ဘူးကွ

No comments: