Pages

Friday, January 25, 2008

Hello...Mielay

“ကလင်... ကလင်... ကလင်...”
သူများတွေ အိပ်နေတဲ့ဟာကို တော်တော်အနှောင့်အယှက်ပေးတဲ့ဖုန်း... ဟွန့်
“ဟဲလို”
“မီးလေးရှိလား”
“ရှိဘူး... ဘာပြောပေးရမလဲ”
“မီးလေးနဲ့တိုင်ပင်စရာရှိလို့.. ရတယ် နောက်မှ ထပ်ဆက်လိုက်မယ်”
“ပြောစရာရှိရင် ပြောလေ မီးလေးက တို့အကြံပေးတာ လိုက်လုပ်နေတာ”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello...Mielay”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello...Mielayပါဆို၊ ပြောမှာလား မပြောဘူးလား၊ မပြောရင် ဖုန်းချလိုက်တော့မယ်”
“ပြောမယ်...ပြောမယ်...ဖုန်းတော့မချလိုက်ပါနဲ့ Hello...Mielayရယ်”
“ကဲ...ဒါဆိုလဲပြော”


“ကျွန်မက မေလေးပါ... ရည်းစားနဲ့ ခုကွဲမလိုဖြစ်နေကြပြီ။ ဟင့် ဟင့်... ခုတောင် မီးလေးက ဖြေရှင်း ပေးနိုင်တယ်ပြောလို့ ဆက်လိုက်တာပါ”
“လုပ်ပြန်ပြီ Hello...Mielay ပါဆို မပူစမ်းပါနဲ့... Hello...Mielay နဲ့တွေ့လို့က ပြဿနာအားလုံး..”
“ပြေလည်သွားရောလားဟင်”
“စကားကို ဆုံးအောင်နားမထောင်ဘူး... ပြဿနာအားလုံးလျှော်(အသက်... ဟီ...ဟိ)လို့ ပြောမလို့”
“ရှင်...”
“သြော်... အကုန်လုံး လျှောခနဲဆို ပျောက်သွားတာကိုပြောတာ”
“အော်...အော်”
“ဆက်ပေါ..အဲလေ ဆက်ပြော”
“သူကလေ နောက်တယောက်နဲ့တွေ့နေတယ် ဘယ်လိုလုပ်ရမလဲ ပြောပါဦး”
“ဒါများ လွယ်လွယ်လေး”
“လုပ်ပါဦး ကျေးဇူးရှင်လေးရယ်”
“သူက တယောက်နဲ့တွဲရင် ကိုယ်က နှစ်ယောက်နဲ့ပြန်တွဲပြလိုက်ပေါ့”
“သူနဲ့ကျွန်မ ပြန်အဆင်ပြေသွားရောလား ဟင်”
“ဟင့်အင်း... တခါတည်း ပြတ်ရော”
“အန်င်”
“ဒါများမပူနဲ့ နှစ်ယောက်တောင်တွဲတာ တယောက်ယူလိုက်ပေါ့... ဆိုရိုးတောင်ရှိသေး ရည်းစားတထောင် လင်ကောင်းတယောက်တဲ့”
“တော်ပါသေးရဲ့ ယူပြီးမှ ဖောက်ပြန်နေရင် ဘယ်လိုလုပ်မလဲ စောစောသိလိုက်ရတာလည်း ကောင်းပါတယ်”
“အိမ်ထောင်ကျပြီးမှသိလည်း နောက်မကျပါဘူး ဟိုဆိုရိုးလေ ဘာလဲ တပင်လဲမူ တပင်ထူတဲ့ နောက်တော့ One go Two comeလေ မယုံရင် ကျွန်တော့်ရဲ့ထွက်ပေါက်က
အကိုတော်ကိုမေးကြည့်”
“အော် ဟုတ်ကဲ့... ဟုတ်ကဲ့”
“ဘာသိချင်သေးလဲ”
“သူပြန်လာရင်ဘယ်လိုလုပ်ရမလဲ ဆက်ပြီးလက်တွဲသင့်/မသင့်လား ဖြေပေးပါဦး Hello...Mielay (မီးခဏခဏပျက်လို့ မီးခြစ် ခြစ်နေကျ) ဟွန့်”
“အင်းပေါ့လေ... ဒါဆိုလည်း Hello...Mielayပြောသလို ရည်းစားသစ်ပဲထပ်ရှာတော့မယ်”

နောက်တပတ်အကြာမှာတော့
ကလင်...ကလင်...ကလင်
“ဟဲလို”
“Hello...Mielayရှိလား”
“ပြောနေပါတရ်”
“တို့က ဟိုတပတ်က ဖုန်းဆက်ပြီး အကူအညီတောင်းတဲ့ မေလေးပါ”
“အော် သိပြီ... ဒါနဲ့ ဘာကိစ္စတုန်း”
“ခုကျွန်မသိသွားပြီ”
“ဘာသိသွားတာလဲ ရှင်းရှင်းလင်းလင်းပြောစမ်းပါ”
“ခုမေလေးမှာ Hello...Mielayပြောလို့ ချစ်သူသစ်ရသွားပြီ... ခုမှပဲ ဟိုသေနာကောင်ကို တကယ်မချစ်ဖူး ဆိုတာ သိတော့တယ်... ခုမေလေးအသစ်ရထားတဲ့ကောင်လေးကိုမှ တကယ်ချစ်သွားတာ... Hello...Mielay ကျေးဇူးနော်”
ခွပ်
“ဟိုက်... ရှာလကာရည်(ဂုရုကြီးလေသံအတုခိုးထားတာ ဟိ) လောက... လောက တော်တော် မလွယ်တာပဲ လွန်ခဲ့တဲ့ ရက်ကပဲ သူ့ကောင်လေးမှ မချစ်တော့ရင်ပဲ သေတော့မလိုလို ခုများကြတော့.... တော်သေးတယ် လောကဆိုပြီး နှစ်လုံးထဲရှိပေလို့ လူတွေများ လောလောပြီး ကနေလိုက်တာ နှစ်လုံးထက်များသာ ပိုရင်တော့ မတွေးဝံ့စရာပါလား”
စာဖတ်သူတို့လည်း ပြဿနာဖြစ်ရင် Hello...Mielayဆီ ဆက်သွယ်လိုက်နော်... ပြဿနာအားလုံး လျှောသွားမယ်.... အရောက်ပို့ပေးမှာ(ရေဝေးသို့မဟုတ်ထိန်ပင်) အဲလေ... ပြဿနာရှင်းသွားသည်အထိ ပြောတာပါ တမျိုးမထင်ပါနဲ့ ဟီ ဟိ

ပြုံးပျော်နိုင်ကြပါစေ...

3 comments:

ထွန်း said...

အခုနောက်ပိုင်းတော့ ငိုတာ မတွေ့ ဘူးပါဘူး (လုပ်ဖော်ကိုင်ဖက်ဆိုရင်)ကောင်မလေးတွေ လည်း ရီးစား၂ယောက်၃ယောက် တပြိုင်တည်းထားတာ တွေ့ တယ်။ တကယ်ကိုတွဲတာ တွေ့ ရင်ဘယ်နယ်လုပ်မလဲ မေးတော့ မသိဘူး ကံဘဲတဲ့ ဟတ်ဟတ်

သဇင်ဏီ said...

ဟဲလို..မီးလေးက လွယ်ဘူးဂျ.. :D

Chaos said...

အမယ်လေး
တတ်လဲတတ်နိုင်တဲ့ မီးလေးရယ်
ဟတ်ဟတ်