Pages

Wednesday, January 16, 2008

မီးလေးနဲ့ ကောင်ဆယ်လာသင်တန်း

မီးလေးခုတလော MSIMကနေ ဦးစီးပြီး စီစဉ်တဲ့ Basic Counselling Training ကို Summit Parkview Hotelမှာ တက်ရောက်ခဲ့ပါတရ်... ကိုစိုးထက်ပြောသလို အမဲဆီတွေ မပေ,ပေမဲ့ ချွတ်မရတဲ့ အစွန်းတော့ ပေလာတရ်ဗျို့... အဲဒါကတော့ သံယောဇဉ်ပါပဲ... ငါးရက်တာ သင်တန်းတက်ခဲ့ရပေမဲ့ ပြည်နယ်နှင့်တိုင်း အသီးသီးက လာကြတဲ့သူတွေနဲ့ ရင်းနှီးခင်မင်ခွင့်ရတာ ၀မ်းသာမဆုံးပါဘူး... ခင်မင်ခြင်းအစ ခွဲခွာခြင်းက,ဆိုတဲ့အတိုင်း နောက်ဆုံးရက် ပြန်လာတဲ့ ခြေလှမ်းတွေက လေးလံလို့ နေပါတော့တယ်... အရင်ရက်ကဆို နောက်နေ့တွေ့ရမှာပဲဆိုတဲ့ အသိနဲ့ တက်ကြွနေခဲ့ပါတရ်...



သူငယ်ချင်းတွေအများစုက အင်တာဗျူးအဆင့်ဆင့်ဖြေပီးမှ Counsellorလုပ်ဖို့ အရွေးခံရပြီး တက်ရောက်ခွင့် ရခဲ့ကြတာပါ... စာရေးသူတို့ကတော့ လုပ်ငန်းအရ လိုအပ်လို့ သွားရောက်တက်ခွင့်ကြုံခဲ့ရပါတရ်... MSIM ဆိုတာ NGOအဖွဲ့တခုပါပဲ... မန္တလေးက ၅ဦး၊ သထုံက ၂ဦး၊ မြင်းခြံ ၁ဦး၊ ပြည် ၁ဦး၊ မွန်အမျိုးသမီးရေးရာမှ ၃ဦး၊ မော်လမြိုင် ၁ဦး၊ ပဲခူး ၁ဦး၊ ရန်ကုန်မှ စာရေးသူတို့အပါအ၀င် ၇ဦး စသည့်ဖြင့် သင်တန်းသား/သူ ၂၈ဦး တက်ရောက်ခဲ့ကြပါတရ်... သင်တန်းပြီးလို့ပြန်ရင် ဒေသအသီးသီးမှာရှိတဲ့ MSIM စင်တာတွေမှာ ဆရာ/မတွေ ဖြစ်ကြတော့မရ်...


တကယ်လက်တွေ့လုပ်ကြည့်မှ ကောင်ဆယ်လာတဦးမှာ ထားရမယ့်စံတွေ၊ နှုတ်လုံဖို့တွေ အဓိကက စိတ်ရင်း စေတနာကောင်းမှသာ ကောင်ဆယ်လာတယောက် ဖြစ်နိုင်တရ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတရ်... ကောင်ဆယ်လင်းနဲ့ ပတ်သက်လို့လည်း ဗဟုသုတတွေ အများကြီးလည်းရခဲ့ပါတရ်... သင်တန်းရဲ့ အဓိက ကောင်ဆယ်လင်းက HIV/AIDS ဝေဒနာသည်တွေ သူ့ပတ်ဝန်းကျင်မှာ ဘယ်လိုပြုမူနေထိုင်သင့်တရ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်မရ်ဆိုရင် သက်တန်းစေ့နေနိုင်မယ်စတဲ့ အသိပညာ အတွေးအခေါ်တွေနဲ့ ကိုယ်တိုင်ဆုံးဖြတ်သုံးသပ်ပြီး ဘ၀ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်အောင် နှစ်သိမ့်ဆွေးနွေးပေးဖို့ပဲ ဖြစ်ပါတရ်...

စာဖတ်သူတွေအနေနဲ့လည်း မိမိတို့ ပတ်ဝန်းကျင်မှာ HIVနဲ့ပတ်သက်လို့ အကူအညီလိုအပ်နေတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ပိုးရှိ/ မရှိ သံသယရှိနေတဲ့သူတွေ သွေးစစ်ချင်တရ်ဆိုရင် မာရီစတုပ်(စ်)အင်တာနေရှင်နယ် (MSIM)မှာ သွေးစစ်လို့ရပါတရ် ဆိုတဲ့အကြောင်း လက်ဆင့်ကမ်းပေးကြပါနော်... သူကဘာအားသာလဲဆိုရင် သွေးမစစ်ခင် ကောင်ဆယ်လာနဲ့တွေ့ပြီး နှစ်သိမ့်ဆွေးနွေးမှုတွေ အရင်လုပ်ပေးတရ်... ပြီးမှ သွေးစစ်တရ်... သွေးစစ်လို့ ရလာတဲ့ရလဒ်ပေါ်မှာ ခံနိုင်ရည်ရှိအောင် ကောင်ဆယ်လာနဲ့ပြန်တွေ့ပြီး ကာယကံရှင်က ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပြီးပြီဆိုမှ အဖြေကို ဖောက်ကြည့်ရပါတရ်... ကောင်ဆယ်လာနဲ့ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုလည်း ကောင်ဆယ်လာဘက်က လုံးဝမပေါက်ကြားစေရပါဘူး... ပြီးတော့ ကာယကံရှင် စိတ်ချယုံကြည်မှုရှိအောင် နံမည်၊ အသက်၊ နေရပ်လိပ်စာယူထားခြင်းမရှိဘဲ ကုဒ်နဲ့သာ မှတ်ထားပေးပါတရ်...

မာရီစတုပ်(စ်)အင်တာနေရှင်နယ် (MSIM)က VCCT Project အနေနဲ့ ဂျူလိုင်လ ၃၀ရက်နေ့မှာ ပြီးမှာ ဖြစ်ပါတရ်... သွေးစစ်တဲ့အခါ သွေးစစ်ခကိုလည်း အပြင်မှာ လေးငါးခြောက်ထောင်ပေးမှ စစ်ရတာကို အလှူငွေ ထည့်ရုံနဲ့ HIVပိုးစစ်လို့ရတရ်... အလှူငွေကောက်ခံရခြင်း အကြောင်းကလည်း NGOအဖွဲ့အစည်း တော်တော်များများဟာ Forgeinerတွေများပါတရ်... MSIMရဲ့ ထူးခြားချက်က မြန်မာစစ်စစ်ပဲဖြစ်ပါတရ်... ခုချိန်မှာ ထောက်ပံ့ပေးတဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေရှိကြပေမဲ့ နောင်တချိန် အလှူရှင်တွေ မရှိတော့ရင် အသင်းကြီး ဆက်လက်ရပ်တည်နိုင်အောင် ကောက်ခံရခြင်းပဲဖြစ်ပါတရ်...

၅ရက်အတွင်း ပီပီပြင်ပြင်နဲ့ ပုံဖော်ပေးတဲ့ သင်တန်းဆရာမ ဒေါက်တာ အေးမြတ်လွင်ကို၎င်း၊ မာရီစတုပ် Programming Director ဒေါက်တာ စစ်နိုင်ကို၎င်း၊ သင်တန်းတက်ရောက်နိုင်အောင် တိုက်တွန်းပေးတဲ့ မာရီစတုပ်မှ စီမံခန့်ခွဲမှုမန်နေဂျာ ဒေါက်တာ ခင်ခင်စိုးကို၎င်း၊ မီးလေးတို့ကို တက်ရောက်ခွင့်ပေးတဲ့ မီးလေးတို့ရဲ့ အလုပ်ရှင်ကို၎င်း ကျေးဇူးအထူးတင်ရှိပါတရ်...

မာရီစတုပ်(စ်)အင်တာနေရှင်နယ် (MSIM)စင်တာတွေက-
ရန်ကုန်တိုင်း
- ရုံးချုပ် - အမှတ် ၅၂၄/၁၀၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဆရာစံရပ်ကွက်၊ ဗဟန်း။
၅၄၄၄၂၃၊ ၇၀၅၆၅၇၊ ၄၄၁၂၄၀၉
- သာကေတ - အမှတ် ၃၇၊ ဇမ္ဗူသီရိ ၂လမ်း၊ ၆ အနောက်ရပ်ကွက်၊ သာကေတ။
၅၅၃၂၉၅
- သင်္ဃန်းကျွန်း - အမှတ် ၁၁၉၊ ပြည်တော်အေးလမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်း။
၇၀၇၃၂၁

မန္တလေးတိုင်း
- ပြည်ကြီးတံခွန် - အကွက်အမှတ် ၅၉၄၊ ဈေးတန်းရပ်၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်။
၀၂-၅၄၇၈၃၊ ၅၄၆၅၀
- မဟာအောင်မြေ - ဆ/၄၀၊ ၈၁လမ်းနှင့် ၈၂လမ်းကြား၊ ၃၈လမ်း၊ မဟာအောင်မြေမြို့နယ်။
တဆင့် ၀၂-၇၁၂၁၇
- ချမ်းမြသာစည် - အခန်းအမှတ် ၇၊ အကွက် ဈ-၇၊ လမ်း၆၀နှင့် မနော်ဟရီလမ်းထောင့်၊ နဒီပန်းခြံရပ်၊ ချမ်းမြသာစည်မြို့နယ်။
တဆင့် ၀၂-၈၀၉၀၄၊ ၈၀၈၇၂
- ချမ်းအေးသာစံ - အခန်းအမှတ် ၂၀၊ အောက်ကမ်းနားပတ်လမ်း၊ နေ၀င်းဆောက်လုပ်ရေး၊ ၂၆-၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်။
၀၉ ၂၀၂၀၉၇၀
- အောင်မြေသာဇံ - အမှတ် ၁၉၇/၁၉၊ ၂၄လမ်းနှင့် ၈၉လမ်းထောင့်၊ အောင်မြေသာဇံမြို့နယ်။
တဆင့် ၀၂-၇၂၁၀၀၊ ၃၃၆၆၃
- မြင်းခြံ - အမှတ် ၂၃၇(က)၊ ၂လမ်း၊ ၂ရပ်ကွက်၊ မြင်းခြံမြို့။
၀၆၆-၂၁၂၂၈

ဧရာဝတီတိုင်း
- ပုသိမ် - အမှတ် ၁၂၈၈၊ မဟာစေတီလမ်း၊ ရ-ယ-က ၅၊ ပုသိမ်မြို့။
တဆင့် ၀၄၂-၂၄၅၃၁၊ ၂၅၅၃၂

ပဲခူးတိုင်း
- ပဲခူး - အမှတ် ၁၂၁၊ တပင်ရွှေထီးလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့နယ်။
၀၅၂-၂၃၉၂၉
- ပြည် - အမှတ် ၂၈၊ ဗိုလ်ချူပ်လမ်းနှင့် ဦးဝင်းမြစက်လမ်းထောင့်၊ ရွာဘဲရပ်၊ ပြည်မြို့။
၀၅၃-၂၄၄၉၅

မွန်ပြည်နယ်
- သထုံ - အမှတ် ၁၁၊ မင်းလမ်း၊ မင်းတန်းမူလတန်းကျောင်းရှေ့၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့။
တဆင့် ၀၅၇-၄၀၃၁၀

- မော်လမြိုင် - အမှတ် ၂၅၊ တရုတ်တန်းလမ်း၊ အောက်ကျင်းရပ်ကွက်၊ မော်လမြိုင်မြို့။
တဆင့် ၀၅၇-၂၅၅၆၈

No comments: