Pages

Monday, January 21, 2008

တလွဲတချော်အလွဲများ

အမျိုးသမီးတဦး ကလေးနေမကောင်းလို့ စိတ်သောကရောက်နေပုံပဲ... ကလေးကလည်း နေမကောင်းတာ သုံးရက်ရှိပြီ... ညဘက်ဆိုလည်း အဖျားတွေတက်ပြီး ကယောင်ကတမ်းဖြစ်နေတော့ မိခင်ခင်ဗျာ အတော်စိတ်ပူ နေရှာတာပေါ့...

ထိုအချိန်မှာပဲ “မေမေရေ မေမေ... ဟိုမယ် ကြောင်အိမ်ကြီး ကြောင်အိမ်ကြီး ထမင်းတွေစားနေပြီ” လက်ညှိုးထိုးပြီး ပြောနေတဲ့ ကလေးကိုကြည့်ပြီး မိခင်မှာ တော်တော်စိုးရိမ်သွားတရ်... မျက်လုံးတွေမှာ ဘာတွေမကောင်းတာ မြင်နေလို့ ခုလိုလျှောက်အော်နေတာလည်းပေါ့...

“မေမေ ဟိုမယ် ကြောင်အိမ်ထမင်းစားနေတယ် ဘာလို့ မမောင်းတာလဲ”ထပ်ပြောပြန်တော့ မိခင်လည်း သူလက်ညှိုးညွှန်ရာ ဘုရားစင်ကို မကြည့်ရဲ ကြည့်ရဲနှင့် ကြည့်လိုက်ပါတော့တယ်... စာဖတ်သူတို့ ဘာတွေ့မယ် ထင်လဲ? စာဖတ်သူတို့ထင်တာနဲ့တူမယ်ထင်ပါတရ်... မှန်းကြည့်ပြီးရင်ဆက်ဖတ်နော်...

ဘုရားစင်မှာ ဆွမ်းတော်တင်ထားတဲ့ ထမင်းကို စားနေတာကတော့ ကိုအိမ်မြှောင်ပါပဲ... အပီအပြင်ကို ဆွဲနေတော့တာပဲ... “ဘယ်မှာလဲ ကြောင်အိမ်”လို့ မိခင်က ရှက်ဒေါသနဲ့ မေးလိုက်တော့ “အော် မေမေကလည်း အဲမှာလေ ကြောင်အိမ်”တဲ့ ကောင်းရော...

ရီမောခြင်းဖြင့် အသက်ရှည်ကြပါစေ...

1 comment:

သဇင်ဏီ said...

အယ်..ဒီကလေးတော်တော်ဆိုး...ထုမိတော့မယ်..
အိမ်မြှောင်ကိုများ ကြောင်အိမ်တဲ့. လန့်သွားတာပဲ.. ခွိခွိ