Pages

Friday, January 4, 2008

အငြင်းဝါကျများ...

ဒီဇင်ဘာလထုတ် စရဏမဂ္ဂဇင်းထဲမှာ မောင်ခင်မှိုင်း၊ ချောက် ရေးသားထားတဲ့ ကဗျာလေးပါ.... မီးလေးကြိုက်တယ် ဆိုပါတော့... စာဖတ်သူများလည်း ဖတ်ပြီးရင်ဖတ်ပြီးကြမှာပါ မဖတ်ရသေးတဲ့သူတွေ ဖတ်ဖို့နဲ့ ဖတ်ပြီးသား လူတွေပြန်အမှတ်ရသွားအောင် တင်ပေးလိုက်တယ်နော်... ခေါင်းစဉ်လေးက

“အငြင်းဝါကျများ”

ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...

ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...

မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...

ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...


အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...

ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။


အားလုံးပျော်ရွှင်ကြပါစေ...

4 comments:

Sophie said...

ကဗျာလေးက ကောင်းတယ် မမရေ.....။ ခုလို မမဖတ်ဖူးတာလေးကို ပြန်လည် ဝေမျှတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်

Winkabar said...

သီချင်းလေးလိုပဲနော် ကဗျာက။ ပြန်ဝေမျှပေးတာကျေးဇူးပါနော် အစ်မ။

သဇင်ဏီ said...

ပိုက်ဆံပေးပြီးမစားဘူး
အကြွေးမဆပ်ဘူး...
ဟီး ဟီး..ဒါလေးလဲ ဖြည့်ချင်တယ်... ရလားဟင်

Anonymous said...

ညီမလေး မိုးချစ်သူ အတွက် စိတ်မကောင်းပါဘူး။