Pages

Monday, January 7, 2008

မိုးချစ်သူသို့လက်ဆောင်....

မိုးရွာတိုင်းမှာ သတိရနေမယ့် မိုးချစ်သူရဲ့ နှုတ်ဆက်ခြင်းအတွက် လက်ဆောင်ပေးချင်လို့ ဒီကဗျာလေးကို ရေးဖြစ်တာပါ... ကဗျာမရေးတတ်တော့ ကာရံမညီခဲ့ရင် ခွင့်လွတ်ကြပါနော်... မိုးချစ်သူတယောက် ဘလော့ဂ်အိမ်ယာလေးကို ပြန်လာနိုင်ဖို့ မျှော်လင့်ပါတရ်... ပြန်လာခဲ့ရင်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုကြမှာပါ....
အမှတ်မထင်
ရင်းနှီးကျွမ်းဝင်ကြတဲ့
သူငယ်ချင်းများစွာ...

နက်လှိုင်းပေါ်မှာ
ဟိုဒီလျှောက်သွား
မအားရပါ...

အားငယ်နေက
အားပေးကြဖို့ အသင့်ရှိကြတဲ့
သူငယ်ချင်းများစွာ...

တဦးကိုတဦး
လက်တွဲကူလို့
ခင်မင်ကြတာ...

ကံကြမ္မာက
မုန်တိုင်းပမာ
ခွဲရက်လိုက်တာ...

ထိုကာလများ
ပြန်ရချင်ငြား
မရတော့ပါ....

တယောက်သွားသော်
တယောက်ပေါ်
ပေါ်ပြန်သော်ငြား
မေ့မရပါ
သူငယ်ချင်းများစွာ...

တွေ့ဆုံခြင်းက
ခွဲခွာဖို့ဆို
မဆုံပါနဲ့လား ကံကြမ္မာ...

ပြန်လည်ဆုံဆည်းဖို့ရာ
မျှော်လင့်လျက်ပါ
သူငယ်ချင်းရာ...

နွေးထွေးလက်များ
လက်ကမ်းကြိုမှာ
မင်းယုံပါ...

4 comments:

MCT said...

သူငယ်ချင်းရေ.............အခုလို မှတ်မှတ်ရရ ကဗျာလေး နဲ့ မိုးကို နှုတ်ဆက်တဲ့ အတွက် ပြောမပြတတ်အောင်ကို ခံစားရပါတယ်။ ဘလော့ဂ်တွေနဲ့ ဝေးရာကို ထွက်သွားချင်ခဲ့သူမို့ အခုမှ လာဖတ်မိလို့ နောက်ကျသွားတာကိုလည်း ခွင့်လွှတ်ပါ။ မိုး ဘယ်တော့မှ ပြန်ရေးဖြစ်တော့မှာမဟုတ်ပါဖူး။ ဘာပဲပြောပြော မမြင်နိုင်တဲ့ သံယောဇဉ်တွေကို မိုးအမြဲ အမှတ်ရနေမှာပါ။ မိုးလဲ အရမ်းကို နာကျင်ခဲ့ရပါတယ်။ ဒါပေမယ့် လေ...........
အမြဲသတိယနေမှာပါ။ ကဗျာလေးကိုသိမ်းထားလိုက်တယ်နော်။ ကျေးဇူးတင်တယ် သူငယ်ချင်း.......မီးလေး လဲ ပျော်ရွှင်ပါစေနော်

Winkabar said...

အစ်မရေးတဲ့ကဗျာလေးကတကယ်ကောင်းတာပဲ။ ဒါပေမဲ့အစ်မမိုးချစ်သူကလည်းသူ့အကြောင်းနဲ့သူဆိုတော့... သူပြန်မရေးလည်း သမီးတို့ကအမြဲအမှတ်ရနေမှာပါ ဟုတ်တယ်မလား။

အစ်မမိုးချစ်သူ အမြဲပျော်ရွှင်နိုင်ပါစေ။

မျှားပြာ said...

ပြန်လာစေချင်တယ် အဆင်ပြေပါစေ မီးလေးရေ

Chaos said...

ဘာပဲဖြစ်ဖြစ်
ဒီကဗျာလေးကို
မိုးချစ်သူဖတ်သွားတယ်
အကယ်လို့များ
ပြန်လာမယ်